• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ယခုနှစ်အတွင်း အထည်ချုပ်နှင့် ဖိနပ် စက်ရုံများ ပိတ်သိမ်းရန် ရှိနေဟု လုပ်ငန်းရှင်များ ပြော

by မျိုးပပစန်း
6 July 2018
in စီးပွားရေး
A A
ရန်ကုန်တိုင်း အတွင်းရှိ အထည်ချုပ် လုပ်ငန်းခွင်တခု  / ဧရာဝတီ

ရန်ကုန်တိုင်း အတွင်းရှိ အထည်ချုပ် လုပ်ငန်းခွင်တခု / ဧရာဝတီ

13.7k
VIEWS
Share on FacebookShare on Twitter

၂၀၁၈ ခုနှစ် အတွင်း အထည်ချုပ်နှင့် ဖိနပ်ချုပ် စက်ရုံများ ပိတ်သိမ်းရန် ရှိနေကြောင်း စက်မှုဇုန် လုပ်ငန်းရှင်များက ပြော သည်။

လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ အလုပ်သမား ၅၀၀ ကျော်နှင့် လည်ပတ်နေသည့် Seduno အထည်ချုပ် စက်ရုံသည် စက်ရုံ ရပ်တည်ရန် ခက်ခဲလာခြင်းကြောင့် အလုပ်သမားများကို ဥပဒေ အတိုင်း လျော်ကြေးပေး ပိတ်သိမ်းမည်ဟု မကြာ သေးခင်က ကြေညာချက် ထုတ်ပြန်ထားသည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
1.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.2k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k

ရွှေလင်ပန်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက“စက်ရုံက ချက်ချင်း မပိတ်သေးပါဘူး။ ဘယ်တော့ ပိတ်မယ် ဥပဒေအတိုင်း ဘယ်လို လျော်ပေးမယ် ဆိုတာကို ပြောသွားတာပါ။ စက်ရုံ ပိတ်သိမ်းတယ် ဆိုတာ လုပ်ငန်းရှင် တွေ မလုပ်ချင်ဆုံး အလုပ်ပါ။ မလုပ်ချင်ပေမယ့်လည်း မသက်သာတဲ့ အဆုံး လုပ်ရတဲ့ အလုပ်ပါ။ အခုက အထည်ချုပ် စက်ရုံ တွေ၊ နောက်ပိုင်းမှာ ဖိနပ်ချုပ် လုပ်ငန်းတွေ ပိတ်ဖို့ လာပါဦးမယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ထိုသို့ စက်ရုံလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲနေခြင်းသည် မြန်မာနိုင်ငံ၏ မူဝါဒများ မငြိမ်သက်ခြင်း၊ ကုန်ထုတ်လုပ်မှု အထွက် နည်းခြင်း၊ ပြည်ပမှ အော်ဒါ မှာယူမှုများ ယခင်ထက် လျော့ကျလာခြင်း တို့ကြောင့် ဖြစ်ကြောင်း စက်မှုဇုန် လုပ်ငန်းရှင် များက ပြောဆိုသည်။

ဦးအေးသောင်းက ဆက်လက်၍ “အခုနှစ် အတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားသထက် ရှားလာတာ တွေ့ရပါ တယ်။ ပြည်တွင်းက လုပ်ငန်းရှင်တွေရော ပြည်ပကလာတဲ့ ရင်းနှီးမြှုပ်နှံမှု (FDI ) တွေရော အလုပ်လုပ်ရတာ အင်မတန် ခက်ခဲလာတဲ့ အတွက်ကြောင့် စက်ရုံအသစ်မပေါ်တဲ့ အပြင် စက်ရုံအဟောင်းတွေက ပိတ်ဖို့ လူတွေလျှော့လာတာကြောင့် နောက်ပိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားသထက် ရှားလာလိမ့်မယ် လို့ မြင်ပါတယ်”ဟုလည်း ပြောသည်၊။

ဖိနပ်ချုပ် လုပ်ငန်းများ ပိတ်သိမ်းရန် ပြင်ဆင်လာခြင်းသည် ကမ္ဘာ့ဈေးကွက်၌ ဈေးကွက်ဝေစု ရရှိမှု နည်းသွားခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဖိနပ်ချုပ် လုပ်ငန်းကျတော့ Shoe ဖိနပ်စက်ရုံ တွေပါ။ အခုက အားကစား ဖိနပ် ပုံစံ Shoes ဖိနပ်များကို များသောအားဖြင့် ချုပ်ကြတယ်။ အဲဒီတော့ ဒီသရေနဲ့ ချုပ်တဲ့ စက်ရုံတွေက ရပ်တည်ဖို့ နည်းနည်းခက်သွားတယ်။ အဓိကတော့ နိုင်ငံတကာ က အော်ဒါတွေ သိပ်မရတဲ့ အခါကျတော့ လူတွေလျှော့လာတယ် လို့ ဒီရက်ပိုင်းမှာ ကြားရပါတယ်”ဟုလည်း ဦးအေးသောင်း က ပြောသည်။

မြန်မာနိုင်ငံမှ သားရေနှင့် ဖိနပ်ချုပ်သည့် လုပ်ငန်းများသည် အနောက် နိုင်ငံများနှင့် အရှေ့တောင်အာရှ နိုင်ငံများ ဖြစ်သည့် ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံများသို့ တင်ပို့ နေကြောင်း၊ လက်ရှိ အော်ဒါမှာယူမှုမှာ လျော့နည်း လာခြင်းကြောင့် ပြည် တွင်း၌ စက်ရုံများ ရပ်တည်ရန် ခက်ခဲလာခြင်း ဖြစ်ကြောင်း စက်ရုံ လုပ်ငန်းရှင်များက ပြောပြကြသည်။

“အခုက Free style ဖြစ်တဲ့ လွတ်လွတ် လပ်လပ် ဝတ်ဆင်လာကြတဲ့အခါ ဝေါ့ကင်းရှူး ကိုပဲ အသုံးများတာပေါ့။ အဲဒီတော့ သရေနဲ့ ချုပ်တဲ့ ရှူးဖိနပ် စက်ရုံ နည်းသွားတယ်။ ဝေါ့ကင်းရှူး စက်ရုံတွေ ပေါ်လာတယ်”ဟု ဖိနပ်စက်ရုံ ပိုင်ရှင်လည်း ဖြစ်သူ ဦးအေးသောင်း က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ရှူးဖိနပ် စက်ရုံ ၁၅ ရုံခန့် ရှိပြီး တဝက်နီးပါးခန့်မှာ၂၀၁၈ ခုနှစ် နှစ်ကုန်လျှင် ပိတ်ရမည့် အနေအထား၌ ရှိနေကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဦးအေးသောင်းက “Adidas ဆိုရင် လှိုင်သာယာမှာ လုပ်သား ၁ သိန်း ခန့်မယ့် စက်ရုံကြီးကို တည်ဆောက်ပြီးပြီ။ ဒါပေမယ့် သူဆက်မတိုးရဲဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်ရဲ့ ပေါ်လစီ မငြိမ်ဘူး။ အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေနဲ့ အလုပ်သမား ဝင်လိုက်ထွက်လိုက် မငြိမ်မှုတွေကြောင့် ဖြစ်တယ်”ဟု ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “သူတို့ကျတော့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှု အကြီးကြီးတွေ လုပ်တဲ့အခါ အခုဝယ် အခုထုတ် မရ ဘူး၊ ရေရှည် စီမံကိန်းနဲ့ သွားတယ်။ ဒါကြောင့် ရေရှည် မရမချင်း လုပ်ဦးမှာ မဟုတ်ဘူး။ ကျနော်က ဒီလို မြင်ပါတယ်” ဟု လည်း ပြောသည်။

ပြောင်းလဲလာသော ခေတ်နှင့် အညီ အားကစားဖိနပ် စက်ရုံများ၊ လေဒီရှူး ထုတ်လုပ်သော စက်ရုံများသာ ရှိပြီး သား လုပ်ငန်းများကို အနည်းငယ် တိုးချဲ့ လာမှုများ ရှိနေသည်ဟုလည်း လုပ်ငန်းရှင်များထံမှ သိရသည်။

လှိုင်သာယာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “စက်ရုံပိတ်တယ်လို့ ကြားရတာက အင်မတန်မှ ကျနော်တို့ တိုင်းပြည် အတွက် စိုးရိမ်စရာပါ၊ စက်ရုံတွေကို ပိတ်ပြီး ပြန်သွားမယ် ဆိုရင် ကျနော်တို့ အတွက် မကောင်းပါဘူး။ ဒါမျိုးတွေ မဖြစ်ဖို့ အလုပ်ရှင်ဘက်ကရော အလုပ်သမားဘက်ကရော ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ပေးဖို့ မေတ္တာ ရပ်ခံပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅၊ ၂၀၁၆ ခုနှစ်များ၌ လုပ်ငန်းများစွာ လုပ်ကိုင်ရ ကောင်းမွန်ကြောင်းနှင့် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် တို့၌မူ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်မှု မရှိခြင်း၊ တချို့စက်ရုံ များသည်လည်း ရုန်းကန်နေရသည့် ဖြစ်ရပ်တို့ ရင်ဆိုင်နေရသည်ဟု ရွှေလင်ပန်း စက်မှုဇုန်ရှိ Excel lnt’l Trading ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးနေလင်းဇင် က ပြောသည်။

“ဒီလထဲမှာ စက်ရုံ ၂ ရုံလောက်က ပိတ်လိုက်ရတယ်။ လုပ်ခလစာ မြင့်တက်လာတာရယ်။ တခြား စာရွက်စာတမ်းနဲ့ လုပ်ငန်းပိုင်း ဆိုင်ရာ အခက်အခဲကြောင့် ပိတ်သိမ်းတယ် ဆိုပြီး တရားဝင် ကြေညာ ပိတ်သိမ်းတာ ရှိတယ်။ တချို့လည်း ရသလောက် ရပ်တည် နေကြတယ်။ တချို့လည်း ပိတ်သိမ်းတော့မယ့် လက္ခဏာတွေ ရှိနေတယ်။ ဒါကကျနော်တို့ စက်မှုဇုန် တွေ အတွက် ကောင်းတဲ့အချက် မဟုတ်ဘူး”ဟု ၎င်းက ပြောဆိုသည်။

ရွှေလင်ပန်းစက်မှုဇုန်ကို ၂၀၀၂ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး အမျိုးသမီး ဝန်ထမ်း ၁ သိန်းခန့်နှင့် အမျိုးသား ဝန်ထမ်း ၂ သောင်းခန့် အလုပ်လုပ်ကိုင်လျက် ရှိသည်ဟုလည်း ဆိုသည်။

လုပ်ငန်းရှင်များ အနေနှင့် စက်မှုဇုန်များ၌ မြေရရှိမှု ခက်ခဲခြင်း၊ ပိုင်ဆိုင်မှု စာရွက်စာတမ်း လျှောက်ထားရာ၌ ရရှိမှု ခက်ခဲ ခြင်း၊ လျှပ်စစ်မီး ရရှိမှု ခက်ခဲခြင်း၊ ကျူးကျော် ပြဿနာများ ရှိနေခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင် နေရကြောင်း လည်း သိရသည်။

Your Thoughts …
Tags: အထည်ချုပ် စက်ရုံများ ပိတ်သိမ်းရန်ရှိ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ပြန်လည် ဝင်ရောက်လာသူများ အတွက် ဖွင့်လှစ်ထားသော မောင်တော ငခူရ စခန်း / မင်းအောင်ခိုင် / ဧရာဝတီ

ကုထုံးမဲ့နေဆဲ မောင်တော

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်က ရန်ကုန် မိုးပျံလမ်း စီမံကိန်းအတွက် ဘဏ္ဍာရေးအကြံပေး ဝန်ဆောင်မှု သဘောတူ စာချုပ် ချုပ်ဆို နေစဉ်  / MOI

ရန်ကုန် မိုးပျံလမ်း ဒုတိယ အဆင့် တင်ဒါ သြဂုတ်လတွင် ခေါ်မည်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.8k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate