• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရန်ကုန် မိုးပျံလမ်း ဒုတိယ အဆင့် တင်ဒါ သြဂုတ်လတွင် ခေါ်မည်

by မျိုးပပစန်း
6 July 2018
in စီးပွားရေး
A A
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်က ရန်ကုန် မိုးပျံလမ်း စီမံကိန်းအတွက် ဘဏ္ဍာရေးအကြံပေး ဝန်ဆောင်မှု သဘောတူ စာချုပ် ချုပ်ဆို နေစဉ်  / MOI

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်က ရန်ကုန် မိုးပျံလမ်း စီမံကိန်းအတွက် ဘဏ္ဍာရေးအကြံပေး ဝန်ဆောင်မှု သဘောတူ စာချုပ် ချုပ်ဆို နေစဉ် / MOI

4.9k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့၌ တည်ဆောက်မည့် မိုးပျံ အမြန်လမ်းမကြီး (Yangon Elevated Expressway) စီမံကိန်း အတွက် လာမည့် သြဂုတ်လတွင် Request for Qualifications (RFQ) တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး ဒု ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က “အခုကတော့ စိတ်ဝင်စားတဲ့ ကုမ္ပဏီ တွေကို ခေါ်လိုက်တာ ၅၃ ခု လာတင်တယ်။ ကျနော်တို့ တောင်းဆိုထားတဲ့ အချက်အလက်တွေ ရှိတယ်။ ဒီထဲမှာ ဘယ် ကုမ္ပဏီက ဘယ်လိုမျိုး အတွေ့အကြုံရှိတယ် ဆိုတာ လုပ်မယ်။ ဒီလိုခေါ်ရင် ဘာစည်းကမ်း သတ်မှတ်ချက်တွေ လုပ်ရမယ် ဆိုတာ ဆန်းစစ်ချင်လို့ EOI ခေါ်လိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောပြသည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.7k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k

စီမံကိန်းကို စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ပြီးခဲ့သည့် မေလ ၁၈ ရက်က စိတ်ဝင်စားမှု လျှောက် လွှာများ (EOI) များကို ခေါ်ယူခဲ့ပြီး ဇွန်လ ၂၉ ရက်တွင် လျှောက်လွှာ ခေါ်ယူမှု ပိတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ EOI တင်သွင်းသည့် ကုမ္ပဏီများမှာ ပြည်တွင်း ကုမ္ပဏီ ၁၆ ခုနှင့် ပြင်သစ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ တူရကီ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ မလေးရှားနှင့် မြန်မာ ကုမ္ပဏီတို့က လျှောက်လွှာများ တင်သွင်း ခဲ့ပြီး တရုတ်နိုင်ငံမှ EOI ၁၆ ခုနှင့် အများဆုံး တင်သွင်းထားကြောင်း ဇူလိုင်လ ၄ ရက်၌ ဆောက်လုပ်ရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကုမ္ပဏီ ရွေးချယ်ဖို့က ဘယ်နှခုဆိုတာ သေချာ မသတ်မှတ်ရသေးဘူး။ အရင်ဆုံး အရည်အချင်း သတ်မှတ်ချက်ကို ဆန်း စစ် လိုက်တာ ဖြစ်တယ်။ RFQ အဆင့်ကို ကျော်သွားတဲ့ ကုမ္ပဏီကိုမှ နောက်တဆင့် ခေါ်ယူသွားမှာ ဖြစ်တယ်” ဟု မိုးပျံ လမ်း၏ စီမံကိန်း ဒါရိုက်တာလည်း ဖြစ်သူ ဦးကြည်ဇော်မြင့်က ပြောသည်။

မိုးပျံလမ်း စီမံကိန်းနှင့် ပတ်သက်၍ လက်ရှိ၌ အသေးစိတ် တိုင်းတာခြင်းများ လုပ်ဆောင်နေသောကြောင့် နောက်ဆုံး အဆင့် တင်ဒါ အောင်မြင်သော ကုမ္ပဏီ (ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ) ကို အဆိုပြုလွှာ (Request for Proposals –RFP) ယခုနှစ်ကုန်ပိုင်း ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် ခေါ်ဆိုသွားမည်ဟုလည်း ၎င်းက ဆိုသည်။

အစိုးရ အနေဖြင့် ယင်းရန်ကုန် မိုးပျံအမြန်လမ်းမ စီမံကိန်းကို ရန်ကုန်မြို့၌ ကြုံတွေ့နေရသော ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချနိုင်ရန်၊ ရန်ကုန်မြို့ပြ ဧရိယာအတွင်း စက်မှုလုပ်ငန်းများ တိုးတက်ရန်နှင့် လူနေမှုအဆင့် ပိုမိုမြင့်မားလာစေရန်အတွက် ဦးစားပေး အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးကြည်ဇော်မြင့်က “မိုးပျံလမ်းကို ကျနော်တို့က ရန်ကုန် အတွင်းပတ်လမ်းလို့ ခေါ်တာပေါ့နော်။ “ဂ”ပုံစံရှိတယ်။ ကမ်းနား လမ်းမှာတော့ မိုးပျံလမ်း မဆောက်ဘူး။ ဘာလို့လဲဆိုတော့ မြို့ရဲ့ အလှအပကို ပိတ်သွားမှာစိုးလို့။ မိုးပျံလမ်း အရှည်က ကီ လိုမီတာ ၄၇ ဒသမ ၅ လို့ အကြမ်းဖျင်း တွက်ထားတယ်” ဟု ရှင်းပြသည်။

မိုးပျံလမ်း တည်ဆောက်ရာတွင် အပိုင်း ၁ အနေနှင့် ဗိုလ်တထောင် ဘုရားလမ်းမှ မင်္ဂလာဒုံ စက်မှုဇုန်ရှေ့အထိ ဖောက်လုပ် မည်ဖြစ်ကာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် ချိတ်ဆက်သွားမည် ဖြစ်ပြီး တည်ဆောက်ခွင့် ရရှိသော ကုမ္ပဏီ သည် လမ်းအသုံးပြုခ ကောက်ခံခွင့် ရရှိမည်ဟု ဦးကြည်ဇော်မြင့်က ပြောသည်။

စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် (PPP) အစီအစဉ်ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့ တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်း တို့ကို ဆက်သွယ်ပေးသွားမည်ဟုလည်း ဆိုသည်။

EIO အဆိုပြု လျှောက်လွှာ တင်သွင်းသည့် ကုမ္ပဏီ ၅၃ ခုမှာ ပြည်တွင်း ကုမ္ပဏီ စုစုပေါင်း ၁၆ ခုရှိပြီး ပြည်ပ ကုမ္ပဏီများထဲ တွင် တရုတ်နိုင်ငံမှ ၁၃ ခု ၊ ဂျပန် ၇ ခု၊ ကိုရီးယား ၄ ခု၊ အိန္ဒိယ ၃ ခု၊ ထိုင်း ၂ ခု၊ တူရကီ ၂ ခု၊ မလေးရှား ၁ ခု၊ အင်ဒိုနီးရှား ၁ ခု၊ ဖိလစ်ပိုင် ၁ ခု၊ ဗီယက်နမ် ၁ ခု၊ ပြင်သစ် ၁ ခုနှင့် မလေးရှား နှင့် မြန်မာ ဖက်စပ် ကုမ္ပဏီ ၁ ခုဟူ၍ စုစုပေါင်း ကုမ္ပဏီ ၅၃ ခု က တင်သွင်းခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

Your Thoughts …
Tags: ရန်ကုန် မိုးပျံလမ်း
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု ပြေလည်ရေးအတွက် ဆောက်လုပ်ထားသော ခုံးကျော် တံတား တခု  / ဧရာဝတီ

ရန်ကုန် မိုးပျံလမ်းအပိုင်း ၁ ယခုနှစ်အတွင်း စမည်

by မျိုးပပစန်း
24 January 2020
6.2k

စီမံကိန်း ပထမအဆင့် တည်ဆောက်ရေးကို ၃ နှစ် အပြီး တည်ဆောက်ရန် သတ်မှတ်ထားသော်လည်း ယခု အချိန်တွင် ခရေပင်လမ်းပိုင်းတွင် လမ်းမီတာ အနည်းငယ် တိုးလိုက်သောကြောင့် စီမံကိန်းကို ၆ လခန့် တည်ဆောက်ရေး ကာလ တိုးမည်...

Next Post
၂၀၁၄ ခုနှစ် က ပြုလုပ်ခဲ့သည့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲ

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ဒီဇင်ဘာတွင် ကျင်းပရန် မျှော်မှန်း

Reuters သတင်းထောက်နှစ်ဦးကို စွဲချက်တင်သင့်၊ မတင်သင့် ဇူလိုင်လ ၉ ရက်နေ့တွင် ဆုံးဖြတ်မည် / မျိုးမင်းစိုး

ဖမ်းဆီးခံ သတင်းထောက်များ၏ မိသားစုတွေ မျှော်လင့်ချက်ဖြင့် ရုန်းကန်နေရ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.5k

Most Read

  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate