• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကုန်ပစ္စည်းများ မှောင်ခို ဝင်ရောက်မှု အထူးအဖွဲ့ နှင့် တားဆီးမည်

by မျိုးပပစန်း
7 July 2018
in စီးပွားရေး
A A
တရုတ် - မြန်မာနယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ဂိတ် /  The Global New Light of Myanmar

တရုတ် - မြန်မာနယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ဂိတ် / The Global New Light of Myanmar

6.3k
VIEWS
Share on FacebookShare on Twitter

ပြည်ပမှ တရားမဝင် မှောင်ခိုဝင်ရောက်ခြင်းကို အထူးအဖွဲ့ ဖွဲ့စည်းပြီး တားဆီးသွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးချုပ် (UMFCCI) ၌ ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ် များနှင့် ဆွေးနွေးပွဲတွင် ဒုသမ္မတ ဦးမြင့်ဆွေက ပြောသည်။

ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒု သမ္မတ ဦးမြင့်ဆွေက “ပြည်ပက အခွန်မပေးရဘဲနဲ့ ဝင်လာတဲ့ မှောင်ခို ပစ္စည်းတွေက အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းတွေ ထိခိုက်တယ်။ ဒီဘက်က အခွန်ပေးပြီး လုပ်ဆောင်နေရတဲ့ အတွက် အသေးစား စက်မှုလုပ်ငန်းတွေက အများကြီး မယှဉ်နိုင်တဲ့ အနေအထား ရှိပါတယ်” ဟု ပြောသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
891
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

ဆက်လက်၍ ဦးမြင့်ဆွေက “ဒါကြောင့် အခု ရေပူစစ်ဆေးရေး ဂိတ်နဲ့ မရမ်းချောင် စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး တား ဆီးတဲ့ အနေအထားပါ။ ထိုက်သင့်သလောက်လည်း တားဆီးနိုင်ပါတယ်။ သို့သော်လည်း ရှောင်ကွင်းလမ်းတွေ ဘာတွေ ကနေ ပြေးတယ်ဆိုရင် တော်တော်လေး ထိခိုက်တယ်။ SME လုပ်ငန်းတွေ ပိတ်သွားတာမျိုးတွေ ရှိတယ်လို့ သိရတယ်။ ဒါကြောင့် အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ အများဆုံး ဦးစားပေး ဒေသ အလိုက် လုပ်သွားမယ်” ဟုလည်း ပြောဆိုသည်။

ယင်းသို့ ဦးစားပေး ဒေသ အလိုက် တရားမဝင် ကုန်သွယ်မှု တားဆီးရေး အထူးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည့် ဒေသ များမှာ ကချင်၊ မွန်၊ ကရင် ပြည်နယ်တို့နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ ဖြစ်ပြီး လက်ရှိ ရှမ်းပြည်နယ်၌ အထူးအဖွဲ့ ဖွဲ့ စည်း၍ စတင် ဆောင်ရွက်နေကြောင်း ဒု သမ္မတက ပြောသည်။

နိုင်ငံတွင်းရှိ SME လုပ်ငန်းများမှာ တိုင်းပြည်၏ ၉၉ ရာခိုင်နှုန်း ရှိနေသောကြောင့် အလေးထား ဆောင်ရွက်ခြင်း မရှိလျှင် ထိခိုက် နစ်နာနိုင်သည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

ထို့ကြောင့် အများဆုံး ရင်ဆိုင်ကြုံတွေ့နေရသည့် တရားမဝင် ကုန်သွယ်မှုနှင့် ဆက်စပ်သည့် SME လုပ်ငန်းများကို လျစ် လျူရှုထားခြင်း မရှိကြောင်းနှင့်  တရားမဝင် ကုန်သွယ်မှု ကိစ္စရပ်များကို ထိုက်သင့်သည့် အတိုင်းအတာ တခုအထိ တားဆီး ဆောင်ရွက်ပေးနေကြောင်း ဦးမြင့်ဆွေ က ပြောဆိုသည်။

လက်ရှိ ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်အထိ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၇ ဒသမ ၉၈၃ ဘီလီယံ ရရှိထားပြီး ယင်းစာရင်းများ အနက် ပုဂ္ဂလိက ကဏ္ဍအနေနှင့် ဒေါ်လာ ၆ ဒသမ ၉၂၄ ဘီလီယံ ပါဝင်ထားသည် ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။

ထိုသို့ ပုဂ္ဂလိက ကဏ္ဍသည် ကုန်သွယ်မှုတွင် ပါဝင်မှုများသောကြောင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း ဒုသမ္မတက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း)  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က “မှောင်ခိုလုပ်ငန်းကိစ္စ တရားမဝင် လုပ်တာကိုလည်း တတ်နိုင်သမျှ တားဆီးမှု လုပ်နေတာ ရှိပါတယ်။ တရားမဝင်လုပ်တဲ့ လုပ်ငန်းတွေကြောင့် ပြည်တွင်းက SME လုပ်ငန်းတွေကို ထိခိုက်တယ် ဆိုတာ သဘောပေါက်ပါတယ်”ဟု ပြောကြားသည်။

ပြည်ပ နိုင်ငံများမှ ကုန်ပစ္စည်းများ တရားမဝင် ဝင်ရောက်မှုကို တားဆီးနှိမ်နှင်းနိုင်ရန် အတွက် အစိုးရအဖွဲ့ သော်လည်း ကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ သော်လည်းကောင်း၊ UMFCCI သော်လည်းကောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ သော်လည်းကောင်း ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

အသေးစားနှင့် အလတ်စားစက်မှု၊ လက်မှုလုပ်ငန်းများ ဖွံံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက “ဒါမျိုးက တရားမဝင် သွင်းလာတာတဲ့ အတွက် အခွန်အခတွေ မပေးရတာကြောင့် တရားဝင် ပေးပြီးတော့ သွင်းလာတဲ့ လုပ်ငန်းတွေထက် ဈေးနှုန်းအားဖြင့် ယှဉ်ပြိုင် မရောင်းချနိုင်ပါဘူး။ အရည် အသွေးလည်း မတူတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ဈေးနှုန်းခြင်း တန်းတူထား မရောင်းနိုင်ပါဘူး” ဟု ဧရာဝတီ ကို ပြောသည်။

စီးပွား/ကူးသန်းဝန်ကြီးက အဆိုပါ တရားမဝင် မှောင်ခိုလုပ်ငန်းများသည် အထူးသဖြင့် နယ်စပ် ဒေသများ၌ တရားဥပဒေ စိုးမိုးမှု နည်းပါးမှုကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်သကဲ့သို့ အခြားတဖက်တွင်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက် စေရန် လုပ်ခြင်းအားဖြင့် လျော့ကျလာနိုင်မည် ဖြစ်ကြောင်း ရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၅၂ ဘီလီယံ ကုန်သွယ်မှု ပြုလုပ်ခဲ့ ပြီး ပုဂ္ဂလိက ကဏ္ဍမှာ ဒေါ်လာ ၂၇ ဒသမ ၂၄ ဘီလီယံ ပါဝင်ခဲ့ကြောင်း စီးပွား/ကူးသန်း၏ စာရင်းများ အရ သိရသည်။

Your Thoughts …
Tags: တရားမဝင် ကုန်သွယ်မှု
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

by ပပ
6 March 2025
2.8k

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ တရားမဝင် ကုန်ပစ္စည်းများ ပိုမိုဖမ်းဆီးရန် ညွှန်ကြားအပြီး ဘားအံတံတားမှ အစစ်အဆေး တင်းကျပ်နေရာ အခွန်ဆောင်၍ မြဝတီမှ ရန်ကုန်သို့ ဆင်းသော ကုန်တင်ကားများပင် တရက်လျှင် ၂ စီးသာ ဖြတ်ခွင့်ရ သဖြင့် ကုန်စည်ပို့ဆောင်ရေး...

GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။

ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း

by ဘာတီး(လ် )လင့်တနာ
11 January 2023
3.4k

မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများကို လာအိုမှ တဆင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ တဆင့် ဖြတ်သန်းသွားပါသည်။

တရုတ် - မြန်မာနယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ဂိတ် / The Global New Light of Myanmar

တရားမဝင် ကုန်သွယ်မှုကို ဝိုင်းဝန်းတိုက်ဖျက်ပါ

by မေဖြိုးခင်
9 August 2017
7.5k

ထို့အပြင် တရားမဝင် ကုန်သွယ်မှုများမှ ဝင်ရောက်လာသည့် အရည်အသွေး မပြည့်မီသည့် ကုန်ပစ္စည်းများကြောင့် သုံးစွဲသူ ပြည်သူအများ၏ ကျန်းမာရေးကိုလည်း ထောက်ခံချက် မရှိသဖြင့် စိုးရိမ်ဖွယ်ပင် ဖြစ်ပါသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအတွင်းရှိ ကုန်တင်ကားများ /  မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေးတိုင်းအတွင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ ဖွဲ့စည်း

by မြတ်ပြည့်ဖြိုး
27 November 2019
11.4k

မန္တလေးတိုင်းအတွင်း မှောင်ခို ကုန်စည်များ ဝင်ရောက်နေမှုကို စစ်ဆေးနိုင်ရန်အတွက် တိုင်းအဆင့် တရားမဝင် ကုန် သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး၏ အဓိကဖြစ်သော မူဆယ်ရှိ စစ်ရေးဂိတ်တခုတွင် ကုန်ကားများ ရပ်ထားကြစဉ်  / ဇော်ဇော်

စပါးတင်းပေါင်းသောင်းနှင့်ချီ နယ်စပ်သို့တရားမဝင် ထွက်နေဟု ဆန်လုပ်ငန်းရှင်များပြော

by မျိုးပပစန်း
8 October 2018
11.2k

နယ်စပ် ထွက်ပေါက်များမှ စပါးများကို တရားမဝင် မှောင်ခိုကုန်သွယ် နေမှုမှာ နိုင်ငံအတွက် အခွန်ငွေလည်း မရရှိသည့် အပြင် နိုင်ငံ၏ စားနပ် ရိက္ခာ ဖူလုံမှု၊ နှစ်စဉ် တင်ပို့နေသည့် ထုတ်လုပ် မှုနှင့် ကုန် သွယ်...

ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်အတွင်းရှိ ပလတ်စတစ် တံဆိပ်ရိုက် လုပ်ငန်းခွင် တခု / သက်ထွန်းနိုင် / ဧရာဝတီ

တရားမဝင် ကုန်သွယ်မှုကြောင့် ပြည်တွင်း SME လုပ်ငန်းများ ထိခိုက်နေဟု ဆို

by မျိုးပပစန်း
24 February 2018
4k

တရားမဝင် ကုန်သွယ်မှုများကြောင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားစက်မှု၊ လက်မှု (SME) လုပ်ငန်း များစွာ ထိခိုက် မှုများ ရှိနေကြောင်း

Next Post
ဇူလိုင် ၃ ရက်က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသမီးများနေ့ အခမ်းအနား တက်ရောက် လာသော အမျိုးသမီးများ  / ထက်နိုင်ဇော် / ဧရာဝတီ

နိုင်ငံရေးတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးမူ သဘောတူညီမှု ရရှိ

ငရုတ်သီး မှာပါဝင်တဲ့ ဗီတာမင်အေနဲ့စီက နှလုံးကြွက်သားကို သန်မာစေပါတယ်

ပူစပ်စပ်အရသာတွေရဲ့ နောက်ကွယ်က လူသိနည်းသေးတဲ့ ကောင်းကျိုးများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate