• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ့ပျားရည် အီးယူသို့ တင်ပို့ရန် ဆောင်ရွက်နေ

by ဒီလှိုင်းဝင်း
17 July 2018
in စီးပွားရေး
A A
၂၀၁၇-၂၈ ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံများသို့ မြန်မာ့ပျားရည် တန်ချိန် ၂၄၀၉ တန် တင်ပို့နိုင်ခဲ့သည်

၂၀၁၇-၂၈ ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံများသို့ မြန်မာ့ပျားရည် တန်ချိန် ၂၄၀၉ တန် တင်ပို့နိုင်ခဲ့သည်

12.6k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ပျားရည်များကို အီးယူဈေးကွက်သို့ တိုက်ရိုက်တင်ပို့နိုင်ရန် ဆောင်ရွက်နေလျက်ရှိပြီး အီးယူသို့ တင်ပို့လာနိုင်မည် ဆိုပါက ကမ္ဘာ့ဈေးကွက်ဝင်အဖြစ် အသိအမှတ်ပြုလာမည့် အခြေအနေရှိနေသည်ဟု ပျားမွေးမြူရေး ဦးစီးဌာနမှ သိရသည်။

“အီးယူကို ပို့နိုင်မယ်ဆိုရင် မြန်မာ့ပျားရည်ဈေးကွက်ကို ကမ္ဘာသိဖြစ်လာပြီးတော့ ဈေးကွက်ကျယ်ပြန့်လာမှာဖြစ်သလို ဈေးကောင်းရလာမယ်၊ မြန်မာ့ပျားရည်ကို food safety ဖြစ်အောင် လုပ်ပေးနိုင်မယ်ဆိုရင် အီးယူက ဈေးကောင်းပေးတယ်၊ ဈေးကောင်းရလာမယ်ဆိုရင် မွေးမြူသူတွေလည်း များလာမှာဖြစ်သလို ပျားမွေးမြူရေးလုပ်သူတွေဘ၀ ဖွံ့ဖြိုးတိုးတက် လာမယ်၊ လက်ရှိက မြန်မာ့ပျားရည်ကို တဆင့်အနေနဲ့ ရောင်းချနေရတာဆိုတော့ ဈေးအနေနဲ့ နည်းနေတယ်”ဟု ပျားမွေးမြူရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းက ပြောသည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
89
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
94

အီးယူဈေးကွက်သို့ မြန်မာ့ပျားရည် တိုက်ရိုက်တင်ပို့နိုင်ရန်အတွက် အီးယူအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ရာ အီးယူဈေးကွက် ဝင်ရောက်နိုင်ရေးအတွက် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ၊ နမူနာကောက်ခြင်းများ၊ သင်တန်းပို့ချခြင်း များကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ဆောင်ခြင်း ပထမတနှစ်ကုန်ကျစရိတ်များအား အီးယူဘက်မှ ကျခံပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းကုန်ကျစရိတ်များကို တင်ပို့မည့်လုပ်ငန်းရှင်များက ကျခံရမည်ဟု သိရသည်။

“မြန်မာ့ပျားရည်ကို အီးယူစံချိန်စံညွှန်းမီ ပျားရည်အဖြစ် ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုရင် ရရှိလာမယ့်အကျိုးကျေးဇူးက များတယ်၊ အီးယူကိုတင်ပို့နိုင်ဖို့ ဒီဘက်က်လည်း ပြုပြင်သင့်တာကိုပြုပြင်ရမယ်၊ ပြောင်းလဲသင့်တာကို ပြောင်းလဲရမယ်၊ လက်ရှိဘယ်လောက်ယူမယ်လို့ ပြောထားတာမရှိသေးဘူးဆိုပေမယ့် သူတို့ ရဲ့ certificate ထုတ်ပေးနိုင်တာနဲ့ ပထမအကြိမ်မှာ တန်ချိန် ၈၀ဝ ဝယ်မယ်လို့ပြောထားပါတယ်”ဟု ဦးအောင်မင်းက ဆက်လက်ပြောသည်။

အီးယူဈေးကွက်သည် quality ထက် food safety ကို အဓိကဦးစားပေးရာ အီးယူစံချိန်စံညွှန်းမီ ပျားရည်များ ရရှိလာနိုင်ရေး အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို စတင်လုပ်ကိုင်နေလျက်ရှိပြီး food safety ပျားရည်များ ထုတ်လုပ်ပေးနိုင်ရေး အတွက် သန့်စင်သည့် စက်များအသုံးပြုနိုင်ရေး၊ မွေးမြူသူအနေဖြင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်၊ ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ်များနှင့်အညီ ပြုပြင်ပြောင်းလဲပေးနေလျက်ရှိကြောင်း သိရသည်။

“ပြုပြင်ပြောင်းလဲရေး အပိုင်းက ကောင်းမွန်တဲ့ ပျားမွေးမြူရေးကျင့်စဉ်နဲ့ အညီ မွေးမြူတဲ့ ပျားမွေးသူဆီကနေ သူတို့က ပျားရည်ကို လက်ခံမယ်၊ဒါကြောင့် ကောင်းမွန်တဲ့ ပျားမွေးရေးကျင့်စဉ်ကိုလည်း သတ်မှတ်ပြီးသားပါ၊ နောက် GSP စနစ်နဲ့အညီ စက်ရုံတွေ ထူထောင်ပြီး ပျားရည်ရဲ့ အရည်အသွေး ကျမသွားအောင် စစ်ဆေးနိုင်တဲ့ စက်ရုံမျိုးက ပျားရည်မှ လည်း အီးယူကယူမယ်၊ ဒီလိုစိန်ခေါ်မှုမျိုးတော့ ရှိတယ်”ဟု ဦးအောင်မင်းက ဆက်လက်ပြောသည်။

နိုင်ငံအတွင်းရှိ ပျားမွေးမြူသူများအနက် ပျားကို မွေးမြူရေးကျင့်စဉ်များအတိုင်း ကျွမ်းကျွမ်းကျင်ကျင်မွေးမြူနိုင်သူမှာ ၅၀ရာခိုင်နှုန်းခန့်သာရှိပြီး ၂၀၁၇-၂၈ ဘဏ္ဍာနှစ် ပျားရည်ထွက်ရှိမှာ မက်ထရစ်တန်ချိန် ၃၉၀၇ ဒသမ ၈၁ ထွက်ရှိခဲ့ကြောင်း ပျားမွေးမြူရေး ဦးစီးဌာနမှတ်တမ်းများအရ သိရသည်။

ယခုအခါ မြန်မာ့ပျားရည်ကို ပြည်ပနိုင်ငံများသို့ တင်ပို့မှုများရှိပြီး အမေရိကန်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ ကနေဒါ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်ဝမ်နိုင်ငံများသို့ ပုံမှန်လမ်းကြောင်းများမှ တဆင့် တင်ပို့နေသလို ထိုင်းနှင့်တရုတ်နိုင်ငံများသို့ နယ်စပ်များမှ တဆင့် တင်ပို့မှုများလည်းရှိကြောင်း သိရသည်။

၂၀၁၇-၂၈ ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံများသို့ မြန်မာ့ပျားရည် တန်ချိန် ၂၄၀၉ တန် တင်ပို့နိုင်ခဲ့ပြီး ပုံမှန်လမ်းကြောင်းမှ တန်ချိန် ၁၉၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး နယ်စပ်မှတင်ပို့မှုမှာ တန်ချိန် ၅၀ဝ ခန့်သာရှိကြောင်း သိရသည်။

“လက်ရှိမှာ ဂျပန်၊ ကနေဒါ၊ အမေရိကန်နိုင်ငံတွေက ဈေးနှုန်း အများဆုံးပေးတယ်၊ ကျန်တဲ့နိုင်ငံတွေကို ဆက်ပြီးပို့နေပေမယ့် ဒီနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ကို မပို့ရဘူး၊ ဒါပေမယ့် အီးယူဈေးကွက်သာရမယ်ဆိုရင်တော့ အမေရိကန်လည်း ပြန်ရလာနိုင်တယ်၊ ပျားရည်ကို ပြည်ပပို့တာက အောက်တိုဘာလလောက်မှာ တင်ပို့ကြတာ များတယ်”ဟု ဦးအောင်မင်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ပျားရည်ထွက်ရှိမှုနှင့် ပျားမွေးမြူရေးလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးမွေးမြူကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်မှ ပျားရည်ထွက်ရှိမှု အများဆုံးဖြစ်ကာ နိုင်ငံတဝှမ်းလုံးမှ ထွက်ရှိသော ပျားရည်၏ ၅၀ ရာခိုင်နှုန်းသည် ယင်းမာပင်ခရိုင်မှထွက်ရှိသည့် ပျားရည်များဟု သိရသည်။

ပျားရည်ဈေးနှုန်းသတ်မှတ်ချက်အနေဖြင့် ပြည်တွင်းဈေးကွက်တွင် ပျားရည်အတွင်း ရေပါဝင်နှုန်း ၂၄ နှင့်အထက်ကို တပိသာ ကျပ် ၂၇၀၀ ခန့်၊ ရေပါဝင်နှုန်း ၂၄ နှင့်အောက် ကျပ် ၃၅၀၀ ခန့်ရှိကြောင်း သိရသည်။

ပျားမွေးမြူရေး ဦးစီးဌာနအနေဖြင့် ယခုနှစ်အတွက် ပြည်ပတင်ပို့ခွင့်ကို တန်ချိန် ၁၂၀ဝ ကျော် ထောက်ခံချက် ထုတ်ပေးထားပြီး ယခုအခါ ကမ္ဘာ့ပျားရည်ဈေးကွက်ဈေးနှုန်းများအရ Export ပေါက်ဈေးအနေဖြင့် တတန် အမေရိကန်ဒေါ်လာ ၁၈၀ဝ ခန့်ရှိကြောင်း သိရသည်။

ပျားမွေးမြူရေးလုပ်ငန်းသည် ပျားရည်နှင့် ပျားထွက်ပစ္စည်း ထွက်ရှိသည်သာမက စိုက်ပျိုးရေးလုပ်ငန်းမှ သီးနှံများ ဝတ်မှုန်ကူးပေးနိုင်မှုကြောင့် အထွက်နှုန်းတိုးပြီး မျိုးကောင်းမျိုးသန့်များကို ရရှိစေနိုင်ကြောင်း၊ ထို့အပြင် ပျားမွေးမြူရေးလုပ်ငန်းသည် ကျေးလက်နေပြည်သူများနှင့်တောင်သူများ အဓိကထား၍ မွေးမြုသင့်သည့်လုပ်ငန်းတခုဖြစ်ကြောင်း သိရသည်။

ယခုအခါ ပျားမွေးမြူရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများနှင့်တောင်သူများက ပျားမွေးမြူရေးလုပ်ငန်းကို မိရိုးဖလာ ကြက်၊ ဝက်၊ ကျွဲ၊ နွား မွေးမြူကြသလို မိရိုးဖလာ ပျားမွေးမြူရေးတရပ် ဖြစ်လာစေရန် လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

Your Thoughts …
Tags: မြန်မာ့ပျားရည် အီးယူသို့ တင်ပို့ရန် ဆောင်ရွက်နေ
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

No Content Available
Next Post
ကျောင်းသားလေးရဲ့မိဘများကို ထောက်ပံ့ကြေးပေးခဲ့တဲ့ အနုပညာရှင်များ  / Aung Phone Kyaw's Facebook

ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ ကျောင်းသားလေးရဲ့ မိသားစုကို လှူဒါန်းခဲ့တဲ့ အနုပညာရှင်များ

လက်ရှိ အခြေအနေကနေ သာလွန်ချင်တယ်ဆိုရင် ပြောင်းလဲမှုတွေ ပြုလုပ်ရမှာပါ

သင့်အောင်မြင်မှုကို မြှင့်တင်ပေးနိုင်မယ့် အခြေခံအချက် ၃ ချက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate