• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

FMI လေကြောင်းလိုင်း ယာယီရပ်ဆိုင်း

by မျိုးပပစန်း
21 July 2018
in စီးပွားရေး
A A
FMI လေကြောင်းလိုင်းရပ်နားမှုကို ဇူလှိုင်လ ၂၁ ရက်မှ စတင် ရပ်နားသွားမည်

FMI လေကြောင်းလိုင်းရပ်နားမှုကို ဇူလှိုင်လ ၂၁ ရက်မှ စတင် ရပ်နားသွားမည်

14.1k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းခရီးစဉ် ပြေးဆွဲမှုများနှင့် လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုများကို လုပ်ကိုင်လျက်ရှိသော FMI လေကြောင်းလိုင်းသည် လေကြောင်းလိုင်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းသွားမည်ဟု ဇူလှိုင်လ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

FMI လေကြောင်းလိုင်း၏ ဥက္ကဌဖြစ်သူ ဦးသိမ်းေ၀ (ခေါ်) Mr. Serge Punက “အခုလို ရပ်လိုက်တာက ကျနော်တို့ လေကြောင်းလိုင်းအတွက် လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ ပြန်လည်ဖွဲ့စည်းမှုနဲ့ အနာဂတ် အတွက် လိုအပ်မယ့် လုပ်ငန်း လည်ပတ်မှု ပုံစံတရပ် ဖန်တီးဖို့ ဖြစ်တယ်”ဟု ပြောသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
874
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

မြန်မာ့လေကြောင်းလိုင်းကဏ္ဍတွင် စီးပွားရေး စိန်ခေါ်မှုများစွာ ရှိနေပြီး “အဖန်ဖန် ဆင်ခြင်သုံးသပ်”မှုများ ပြုလုပ်ပြီးနောက် FMI လေကြောင်းလိုင်း၏ အကျိုးစီးပွားကို ရှေးရှု၍ လုပ်ငန်းလည်ပတ်မှုများကို ခေတ္တရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောထားသည်။

အဆိုပါ လေကြောင်းလိုင်းရပ်နားမှုကို ဇူလှိုင်လ ၂၁ ရက်မှ စတင် ရပ်နားသွားမည် ဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နောက်ပိုင်းတွင် FMI လေကြောင်းလိုင်းနှင့် ပျံသန်းရန် ကြိုတင်လက်မှတ်ဝယ်ယူ ထားသော ခရီးသည်များကိုလည်း လေယာဉ်လက်မှတ်ခများ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

သို့သော် စင်းလုံးဌားလေယာဉ် ပျံသန်းမှုအနေနှင့် ဇူလိုင်လ ၂၃ ရက်တွင် ခရီးစဉ်တခု ပျံသန်းပြေးဆွဲရန်ရှိပြီး ထိုခရီးစဉ်အပြီး လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုကိုလည်း ယာယီရပ်ဆိုင်းသွားမည်ဖြစ်သည်။

လုပ်ငန်းလည်ပတ်မှုကို ခေတ္တရပ်ဆိုင်းရသည့် အတွက် လေကြောင်းလိုင်းတွင် ဝန်ထမ်းပေါင်း ၁၃၄ ယောက်မှာလည်း အလုပ်မှ ရပ်နားရမည်ဖြစ်သည်။

ထိုဝန်ထမ်းများအတွက် FMI လုပ်ငန်းစုအတွင်းရှိ အခြားလုပ်ငန်းဌာနများတွင် ပြောင်းရွှေ့လုပ်ကိုင်နိုင်ရန် စီစဉ်ပေးသွားမည့်အပြင် မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ ကြိုတင်အသိပေးမှုများနှင့် လျော်ကြေး များလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ်တွင် လေယာဉ်စင်းလုံးငှားရမ်းခြင်းဖြင့် FMI လေကြောင်းလိုင်းကို ပထမဦးဆုံး ဝန်ဆောင်မှုအနေနှင့် စတင်ခဲ့ပြီး ရန်ကုန်-နေပြည်တော် ပျံသန်းမှုကို စတင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် FMI လေကြောင်းလိုင်းမှ ရန်ကုန်-နေပြည်တော်ခရီးစဉ်အပြင် ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် သံတွဲ အစရှိသည့် ခရီးစဉ်များကိုပါ ပြေးဆွဲခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းလေကြောင်းလိုင်း ၁၁ ခု ရှိပြီး မကြာသေးမီ ရက်ပိုင်းအတွင်း Air Bagan နှင့် APEX လေကြောင်းလိုင်းများက ၎င်းတို့၏ လေကြောင်းလိုင်း တည်ထောင် ပျံသန်းခွင့် လိုင်စင်များ ပြန်အပ်ခဲ့သည်။

Your Thoughts …
Tags: FMI လေကြောင်းလိုင်းစီးပွားရေး စိန်ခေါ်မှု
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

သြဂုတ် ၈ ရက်ပြုလုပ်သည့် FMI ၏ နှစ်ပတ်လည်ပွဲ

FMI လေကြောင်းလိုင်းအရှုံးပြ၊ FMI အုပ်စု၏ ဝင်ငွေအများစုကို ရိုးမဘဏ်က ရရှိ

by သစ်နေမိုး
8 August 2016
383

နည်းတယ်။ ကျနော်တို့ ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ပြီးတော့ ၄၀ ရာခိုင်နှုန်း ရောင်းချဖို့ ဆုံးဖြတ်လိုက်တယ်။ ၁၀ ရာခိုင်နှုန်း ချန်ထားလိုက်တယ်။ ဘာဖြစ်လို့ဆို တချိန်ကျရင် FMI ကုမ္ပဏီအနေနဲ့ အဲလိုင်း လုပ်ငန်းကောင်းတဲ့ အချိန်မှာ ပြန်ဝယ်ဖို့အတွက် ရည်မှန်းပြီးတော့...

Next Post
အဆိုတော် မိစန္ဒီနဲ့ “Empty Pocket” (မွဲနေပြီ) သီချင်း

“Empty Pocket” (မွဲနေပြီ) ဆိုတဲ့ သီချင်းခေါင်းစဉ်နဲ့ ပတ်သက်ပြီး မိစန္ဒီ ပြန်တောင်းပန်

"Nokia X5" စမတ်ဖုန်း

ဈေးသက်သာပေမယ့် အမိုက်စား ဒီဇိုင်းနဲ့ ထွက်ရှိလာတဲ့ "Nokia X5" စမတ်ဖုန်း

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate