၂၀၀၁ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံ၏ ကုန်ဈေးနှုန်းအပြောင်းအလဲ အညွှန်းကိန်း CPI သည် နှစ်စဉ်မြင့်တက်လာနေသည်။ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံသည် အာရှနိုင်ငံများကြားတွင် တတိယ အမြင့်ဆုံးအထိ CPI ညွှန်းကိန်း တတ်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ World Bank Open Data အရ သိရသည်။
CPI ညွှန်းကိန်းသည် ကာလတခုအတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုများဈေးနှုန်း အပြောင်းအလဲကို တိုင်းတာခြင်း ရလဒ်ဖြစ်သည်။
CPI ညွှန်းကိန်းကို တိုင်းတာရာတွင် နယ်ပယ် ၈ ခု၏ ဈေးနှုန်းများကို အဓိက တိုင်းတာပြီး ၎င်းတို့မှာ အစားအစာနှင့် အဖျော်ယမကာ၊ အိမ်ရာ၊ အဝတ်အထည်၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အပမ်းဖြေလုပ်ငန်း၊ ပညာရေးနှင့်ဆက်သွယ်ရေး၊ အခြားသော ကုန်စည်နှင့် ဝန်ဆောင်မှုများဖြစ်သည်။
ကောင်းသော အပြောင်းအလဲသာမက ဆိုးသောအပြောင်းအလဲများလည်း ရှိနေကြောင်း ထိုအညွန်းကိန်းက ပြသနေသောကြောင့် တိုင်းပြည်စီးပွားရေးအတွက် အဓိကအရေးပါသော ညွှန်းကိန်းဖြစ်သည်။
CPI တိုးလာခြင်းသည် ငွေကြေးဖောင်းပွမှုကို ပြသပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် စားသုံးသူများ ငွေမည်မျှ ပိုမိုသုံးစွဲနေရသည်ကို ညွှန်ပြသည်။
CPI ကျဆင်းခြင်းသည် ငွေကြေးကျုံ့လာခြင်းကို ပြသပြီး ကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းများ မှန်မှန်ကျဆင်းနေခြင်းကို ညွှန်ပြသည်။
ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့IMF နှင့်နိုင်ငံတကာ ဘဏ္ဍာရေးအချက်အလက် ဘဏ်တို့၏ အချက်အလက်များအရ မြန်မာနိုင်ငံ၏ CPI သည် မည်သည့်အခါကမျှ ကျဆင်းခဲ့ခြင်းမရှိပေ။
တနည်းအားဖြင့်ဆိုရပါက မြန်မာပြည်သူများသည် ၎င်းတို့၏နေ့စဉ်သုံး ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ငွေကို အမြဲလို ပိုမိုသုံးစွဲနေရသည်ဟု ဆိုရမည်။၂၀၀၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ CPI ညွှန်းကိန်းသည် သုံးဆကျော်တိုးလာသည်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ CPI မည်မျှတိုးလာသည်ကို လေ့လာရန် ဧရာဝတီသတင်းဌာန၏ ဇယားကို အောက်တွင် လေ့လာနိုင်သည်။
မြန်မာနိုင်ငံ၏ CPI အညွုန်းကိန်း (၁၉၉၀-၂၀၁၇)
မြန်မာနိုင်ငံ၏ CPI သည် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ထက် မြင့်မားသည်ဟု ကမ္ဘာ့ဘဏ်၏ စာရင်းများအရ သိရသည်။
နိုင်ငံသုံးခုတို့၏CPI များကို ကာလတခုအတွင်း နှိုင်းယှဉ်လေ့လာခြင်းကို အောက်တွင် ကြည့်ရှုနိုင်သည်။
မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ CPI အညွှန်းကိန်းများ (၁၉၉၀ -၂၀၁၇)
မြန်မာ ငွေကြေးဖောင်းပွမှုနှုန်း (၂၀၁၃ – ၂၀၁၇)
(အင်္ဂလိပ်ဘာသာဖြင့် Sixteen Straight Years of Price Increases: the Facts and Figures တွင် ဖတ်ရှုပါ။)