• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

လိမ်လည်၍ ကုမ္ပဏီ မှတ်ပုံတင်လျှင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရမည်

by မျိုးပပစန်း
24 July 2018
in စီးပွားရေး
A A
ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ရုံး  / ရွှေလေး  / ဧရာဝတီ

ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ရုံး / ရွှေလေး / ဧရာဝတီ

6.9k
VIEWS
Share on FacebookShare on Twitter

၂၀၁၇ ခုနှစ် ကုမ္ပဏီများ ဥပဒေအရ သြဂုတ်လ ၁ ရက်မှ စတင်၍ ကုမ္ပဏီများ အွန်လိုင်းမှ မှတ်ပုံတင်ရာတွင် လိမ်လည်၍ မှတ်ပုံတင်သူများကို ဥပဒေအရ ထောင်ဒဏ်အထိ ပြစ်ဒဏ်များ ချမှတ်ခံရမည်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။

ဇူလိုင်လ ၂၃ ရက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI)၌ ပြုလုပ်သည့် ကုမ္ပဏီများ ဥပဒေနှင့် အီလက်ထရွန်နစ် မှတ်ပုံတင်စနစ် (MyCo) ဟောပြောပွဲ၌ ၎င်းက ပြောခြင်း ဖြစ်သည်။

RelatedPosts

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
262
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
345
UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

13 June 2025
587

ဦးအောင်နိုင်ဦးက “လိမ်လည် မှတ်ပုံတင်ရင် ကုမ္ပဏီ ဥပဒေနဲ့ ငြိစွန်းတယ်။ အဲဒီအတွက် ထောင်ဒဏ် ပြစ်ဒဏ်ပါတယ်။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ရုံးကတော့ မှတ်ပုံတင်မယ်ဆိုရင် ကုမ္ပဏီ ဥပဒေ အရ လိုတဲ့ အချက်အလက်တွေ အကုန်တောင်းတယ်။ အထောက်အထားတွေနဲ့ ပတ်သက်တဲ့ ခိုင်မာမှု အားလုံးကို ကုမ္ပဏီ က တာဝန်ရှိရမယ်”ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက “ပြစ်မှုကတော့ သူရဲ့ ပြစ်ဒဏ်ပေါ် မူတည်တယ်။ ပြီးမှ ဥပဒေ ပုဒ်မ သက်သက်ပေးမယ်။ ထောင်ဒဏ် က ပေ့ါရင် ပေါ့သလောက် ကြီးရင် ကြီးသလောက်ပေးမယ်။ ထောင်ဒဏ်က ၇ နှစ် အထိ ရှိတယ်” ဟု ပြောသည်။

ယခင် ၁၉၅၀ ခုနှစ် ဥပဒေတွင် ယခုကဲ့သို့ ပြစ်ဒဏ် ကြီးကြီးမားမား လုပ်ဆောင်ထားခြင်း မရှိကြောင်း၊ ယခုအချိန်တွင် အစိုးရဘက်မှလည်း အာရုံစိုက် လုပ်ဆောင်ထားပြီး လုပ်ငန်းရှင်များ အနေနှင့်လည်း တိတိကျကျ လိုက်နာသင့်ကြောင်း ဦးအောင်နိုင်ဦးက ပြောဆိုသည်။

အွန်လိုင်း မှတ်ပုံတင်စနစ်(MyCo)နှင့် မှတ်ပုံတင်ခြင်းသည် လုပ်ငန်းရှင်များ လုပ်ကိုင်ရ လွယ်ကူစေရန် အတွက် ဦးစားပေး လုပ်ဆောင်ပေးခြင်း ဖြစ်ပြီး လုပ်ငန်းရှင်များ ကုမ္ပဏီထူထောင်၍ လုပ်ကိုင်ရသော မှတ်ပုံတင်ခြင်း ကိစ္စရပ်များသာမက DICA ရုံးနှင့် ဆက်သွယ် ဆောင်ရွက်ရသော ကိစ္စရပ်အားလုံးကို ရုံးသို့ လာစရာမလိုဘဲနှင့် အွန်လိုင်းမှ လုပ်ဆောင်နိုင်ရန် ပြုလုပ် ပေးထားကြောင်း သိရသည်။

ထို့ပြင် လက်ရှိ ဥပဒေ၌ ရှယ်ယာ အတိုးအလျှော့ ပြုလုပ်သည့် ကိစ္စရပ်များကိုပင် အွန်လိုင်းမှတဆင့် လုပ်ဆောင်နိုင်ပြီး ယခင် ဥပဒေတွင် ပါရှိသည့် သတ်မှတ်ရက်တွင်း ကုမ္ပဏီ အစည်းအဝေး မလုပ်ဖြစ်လျှင် တရားရုံးသို့ သွားရသည့် အချက် မှာ ယခု ဥပဒေသစ်၌ မပါရှိတော့ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

ကုမ္ပဏီများ လိမ်လည်ခြင်း ရှိ မရှိကို MyCO စနစ်နှင့် မှတ်ပုံတင်ထားလျှင် ယင်းကုမ္ပဏီက အမှန်တကယ် ကောင်းမွန်စွာ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ဟုတ်မဟုတ်ကို အွန်လိုင်းပေါ်သို့ မိုလ်ဘိုင်းဖုန်းဖြင့် ကြည့်ရုံနှင့်ပင် သိနိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က “ကုမ္ပဏီ ဥပဒေ ၂၀၁၇ ကို ဒီဇင်ဘာ ၆ ရက်က ပြဋ္ဌာန်းလိုက်တယ်။ ကျနော်တို့ ရင်ထဲမှာ စွဲနေတာက ကုမ္ပဏီဆိုတာ အနည်းဆုံး ၂ ဦးကနေ ထောင်တယ်။ အများ ပိုင် ကုမ္ပဏီဆိုရင် အနည်းဆုံး ၇ ဦးအထက်ကနေ ထောင်တယ်လို့ ရည်ရွယ်ထားပြီး အခုရှင်းလင်းတဲ့ နေရာမှာ ဒီစာရွက် စာတမ်းတွေကို DICA အထောက်အထားအနေနဲ့ ထိန်းသိမ်းစရာမလိုဘဲနဲ့ ကျနော်တို့ အွန်လိုင်းက တဆင့် MyCo အနေနဲ့ တင်သွားရမယ် ဆိုတော့ လွယ်ကူ ရှင်းလင်းပါတယ်။ အခုက တဦးတည်းနဲ့ ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်နိုင်တဲ့ အခြေအနေ ဖြစ်သွားပါတယ်” ဟုပြောသည်။

နိုင်ငံခြား ကုမ္ပဏီများက ပြည်တွင်း ကုမ္ပဏီများ၌ ၃၅ ရာခိုင်နှုန်းထိ ပါဝင်လာလျှင် ပြည်တွင်း ကုမ္ပဏီအဖြစ်သာ ဆောင် ရွက်သွားမည် ဖြစ်သောကြောင့်လည်း လုပ်ငန်းများတွင် ပြည်ပ အတွေ့အကြုံ၊ နည်းပညာများ၊ ဈေးကွက်နှင့် အရင်းအနှီး (ငွေကြေး) တို့ကို ပိုမိုပါဝင်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးအောင်နိုင်ဦးက “ဒီကုမ္ပဏီက တကယ် ကောင်းကောင်းမွန်မွန် မှတ်ပုံတင်တဲ့ ကုမ္ပဏီလား။ မှန်လား မမှန်လား သိချင်ရင် အရင်က ကျနော်တို့ရုံးကို လာမေးမှပဲ ရမယ်။ အခုက အွန်လိုင်းပေါ် တက်ကြည့်လိုက်ရင် ဒီကုမ္ပဏီက ဥပဒေကို လိုက်နာ ရဲ့လား မလိုက်နာဘူးလား ဆိုတာ ကြည့်လို့ရတယ်။ ဒီကုမ္ပဏီကို ဘယ်သူတွေပါလည်း၊ ဘယ်သူတွေက ဘယ်လောက် ထည့်ထားသလဲ ဘယ်မှာ ရှိသလဲ။ DICA မှာ ဒဏ်ငွေ ဘယ်လောက်ဆောင် ထားသလဲ အကုန်လုံးက မိုလ်ဘိုင်းနဲ့ ကြည့် လို့ရတယ်” ဟု ဆိုသည်။

ယခင်က ကုမ္ပဏီများ အခွန်ရှောင်ခြင်း၊ လိမ်လည်ခြင်းတို့ ပြုလုပ်လျှင် DICA ရုံးမှာ အမည်ပျက်စာရင်းသွင်း ကြေညာခြင်း တို့ ပြုလုပ်ပြီး ယခု ယင်းသို့ စနစ်များ မရှိတော့သည့် အတွက် အကျိုးအမြတ်ယူပြီး တလွဲသုံးသူများလည်း ရှိလာ နိုင် ကြောင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို စီးပွားရေး အကြံပေး လုပ်ဆောင်နေသည့် Diamond Intelligence ကုမ္ပဏီ လီမိတက်၏ မန်နေဂျင်း ဒါရိုက်တာ ဦးသက်အောင်မင်းလတ်က ဧရာဝတီသို့ ပြောသည်။

“အရင်လို ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာတို့ မလိုလို့ အဲဒီလုပ်ငန်းက လိမ်လည် မှတ်ပုံတင်ပြီး ငွေချေးတာတို့ အစုရှယ် ယာ ကိစ္စတို့ ဆိုရင် စိစစ်ဖို့ ခဲယဉ်းလိမ့်မယ်။ ကြိုးနီစနစ် လျော့အောင်လုပ်တဲ့ ကိစ္စက ကောင်းတယ်။ ကုမ္ပဏီမှာရှိတဲ့ ဒါရိုက် တာတွေရဲ့ ကိုယ်ရေး အချက်အလက်၊ ပြစ်ဒဏ် အကြီး၊ အသေးပဲ ဖြစ်ဖြစ် ကျခံတဲ့ သူက နာမည်ပြောင်းပြီး ကုမ္ပဏီ ပြန် ထောင်ရင်တော့ အဲဒါက စိစစ်ဖို့ ခက်ခဲလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ယခု ဥပဒေသစ်၌ ထောင်ဒဏ် ပြင်းပြင်းထန်ထန်ပေးခြင်းဖြင့် လိမ်လည်မည့် ကုမ္ပဏီများအား အဟန့်အတား ဖြစ်စေနိုင် ကြောင်း ဦးသက်အောင်မင်းလတ်က ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “လိမ်ချင်တဲ့ ကုမ္ပဏီကလည်း အချက်အလက်တွေ အတုလုပ်ဦးမှာပဲ။ DICA က စိစစ်တယ် ဆိုပေ မယ့် လည်း တချို့ကိုလည်း စိစစ်ဖို့ ခဲယဉ်းတာတွေ ရှိပါတယ်။ စီးပွားရေး နယ်ပယ် အသိုင်းအဝန်းမှာလုပ်နေတဲ့ လူတွေက လည်း ဝိုင်းဝန်း ဖော်ထုတ်ရမှာပေါ့။ ကျနော်တို့ နားလည်တာကတော့ အများပြည်သူအနေနဲ့ ကုမ္ပဏီ အကြောင်း သိချင်ရင် မှတ်ပုံတင် နာမည်၊ နံပါတ်သိတာနဲ့ ရှာလို့ရမယ်။ တကယ်လို့ အဲဒီထက် အသေးစိတ် အချက်အလက် သိချင်ရင်တော့ ကုမ္ပဏီ ရဲ့ သတင်း အချက်အလက်ကို ဝယ်ယူ ကြည့်ရှုလို့ ရတယ်လို့ သိတယ်”ဟုလည်း ပြောသည်။

MyCo စနစ်နှင့် မှတ်ပုံလျှင် လက်ရှိ စိန်ခေါ်မှု အချက် ၂ ချက်ရှိပြီး ပထမအချက်မှာ လုပ်ငန်းရှင်များ အနေနှင့် အတွေ့အကြုံ မရှိသေးသည့် စနစ်တခု ဖြစ်ခြင်းနှင့် အင်တာနက် မရရှိနိုင်သည့် ဒေသများတွင် အခက်အခဲရှိနိုင်သည်ဟု ဆိုသည်။

အွန်လိုင်းစနစ်ဖြင့် ကုမ္ပဏီများပြန်လည် မှတ်ပုံတင်ရာ၌ လက်ရှိ ဥပဒေ ဟောင်း အရ ဖျက်သိမ်းပြီးသား ကုမ္ပဏီများက ၂၀၁၇ ခုနှစ် ကုမ္ပဏီ မှတ်ပုံတင်အရ ပြန်လည် တင်ပြရန် မလိုအပ်ကြောင်း သိရသည်။

လက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) သို့ ဥပဒေဟောင်းနှင့် မှတ်ပုံတင်ထားသော မြန်မာနိုင်ငံ သား ကုမ္ပဏီ စုစုပေါင်း ၅ သောင်းကျော်နှင့် နိုင်ငံခြားသား ကုမ္ပဏီ စုစုပေါင်း ၇ ထောင်ကျော် ရှိသည်။

Your Thoughts …
Tags: ကုမ္ပဏီ အွန်လိုင်း မှတ်ပုံတင်စနစ်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
Mi A2 နှင့် Mi A2 Lite စမတ်ဖုန်းများ

Android One စနစ်သုံး Mi A2 နှင့် Mi A2 Lite စမတ်ဖုန်းတို့ကို Xiaomi မိတ်ဆက်

မျိုးသုဉ်းလုနီး ဖြစ်နေသည့် ကြိုးကြာခေါင်းနီငှက်  / WCS

မျိုးသုဉ်းလုနီး ကြိုးကြာ ခေါင်းနီငှက်များ ထိန်းသိမ်းရန် WCS တိုက်တွန်း

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate