• English
Sunday, December 3, 2023
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home စီးပွားရေး

          အခွန် နှင့် ဘဏ် တိုးနှုန်း လျှော့ချရန် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ

          by ကျော်မျိုး
          28 August 2018
          in စီးပွားရေး
          Reading Time: 1 min read
          A A
          နေပြည်တော်ရှိ MICC-1 ခန်းမ၌ သြဂုတ် ၂၇ ရက်က ပြုလုပ်သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ  / ထက်နိုင်ဇော် / ဧရာဝတီ

          နေပြည်တော်ရှိ MICC-1 ခန်းမ၌ သြဂုတ် ၂၇ ရက်က ပြုလုပ်သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ / ထက်နိုင်ဇော် / ဧရာဝတီ

          31k
          VIEWS
          Share on FacebookShare on Twitter

          နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် အတွက် အခွန်နှင့် ဘဏ်တိုးနှုန်းများ လျှော့ချပေးရန် စီးပွားရေး လုပ်ငန်းရှင်ကြီးများက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြ တောင်းဆိုခဲ့ကြသည်။

          နေပြည်တော်ရှိ MICC-1 ခန်းမ၌ သြဂုတ်လ ၂၇ ရက်က ပြုလုပ်သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် တင်ပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

          RelatedPosts

          အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

          အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

          2 December 2023
          2.6k
          ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

          ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

          1 December 2023
          3.1k
          ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

          ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

          1 December 2023
          3.8k

          စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်သည့် ဦးမောင်ဝိတ်က လက်ရှိ စောင့်ကြည့်နေကြ သည့် အခြေအနေ ဖြစ်သဖြင့် မြန်မာ့ စီးပွားရေး အခြေအနေမှာ နှေးကွေးနေကြောင်း၊ ဘဏ်တိုးနှုန်းနှင့် အခွန်နှုန်းထားများ လျှော့ချခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ ဈေးကွက်ထဲ ဝင်ရောက်လာပြီး လုပ်ငန်းများ ပြန်လည် ကောင်းမွန်လာမည်ဟု ဆောက်လုပ်ရေး ကဏ္ဍအပေါ် တင်ပြ ပြော ဆို သည်။

          “ယနေ့ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ ဘဏ်ချေးငွေ အတိုးနှုန်းပဲ ဖြစ်ပါတယ်။ ဘဏ်ချေးငွေ အတိုး နှုန်းဟာ ၁၃ ကျပ် ဖြစ်နေတဲ့ အတွက် လုပ်ငန်းတွေမှာ တွက်ခြေ မကိုက်တဲ့ အခြေအနေတွေ ရှိလာပါတယ်။ ဒီ ၁၃ ကျပ်ကို ၉ ရာနှုန်း သို့ ၈ ရာနှုန်းကို ယာယီအားဖြင့် လျှော့ချပေးဖို့ လိုအပ်နေတယ်လို့ တင်ပြ လိုပါတယ်။ အဲဒီလို လျှော့ချပေးနိုင် ရင် ရင်းနှီးမြှုပ်နှံသူတွေဟာ ဈေးကွက်ထဲကို အများကြီး ပြန်လည် ရောက်ရှိလာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

          ဆက်လက်၍ ၎င်းက “လုပ်ငန်းတခုကို စတင်တော့မယ်ဆိုရင် အခြေခံပစ္စည်း စတင် ဝယ်ယူရပါတယ်။ ဝယ်ယူတဲ့အခါ ဝယ်ယူသူ အနေနဲ့ အခွန် ၃၀ ရာခိုင်နှုန်း ဆောင်နေရတာ ရှိပါတယ်။ လုပ်ငန်း မစတင်ရသေးဘူး။ ၃၀ ရာခိုင်နှုန်းက စတင် ဆောင်နေရတာ ဖြစ်တဲ့အတွက် ဒီအခွန်ကို ၅ ရာခိုင်နှုန်းကို ၁နှစ် သို့မဟုတ် ၂ နှစ် လျှော့ချပေးဖို့ တင်ပြလိုပါတယ်”ဟု ဆွေးနွေးသွားသည်။

          ထို့ပြင် ဘဏ်ချေးငွေနှင့် အခြေခံပစ္စည်း ဝယ်ယူရာ၌ ၃၀ ရာခိုင်နှုန်း ဆောင်နေရခြင်းကို ကင်းလွတ်ခွင့်ပြုရန်၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ နည်းတူ အခွန်စာရွက် ပြသရန် မလိုဘဲ တပြေးညီ ဖြစ်စေရန် ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းက တင်ပြ သည်။

          အဆိုပါတင်ပြချက်နှင့် ပတ်သက်ပြီး အခွန်လွတ်ကင်းခွင့် များပြားစွာ ပေးခြင်းသည် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုအတွက် အကျိုးမရှိဟု စီးပွားရေး ပညာရှင်များက အကြံပြုထားသည်များလည်း ရှိသည့်အတွက် တင်ပြသည့် အချက်များအပေါ် သေချာ စဉ်းစားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ပြောကြားသည်။

          ဒေါ်အောင်ဆန်းစုကြည်က“ကျမတို့ အစိုးရက အဖက်ဖက်ကို နားထောင်ရပါတယ်။ ချိန်ဆရပါတယ်။ စီးပွားရေး တကွက် တည်းကို ကြည့်လို့ မရပါဘူး။ နှစ်ကွက်၊ သုံးကွက်ကိုလည်း ကြည့်လို့မရဘူး။ တနိုင်ငံလုံးရဲ့ လိုအပ်ချက်ကို ကြည့်ရုံတင် မကဘူး။ ကမ္ဘာရဲ့ ရေစီးကြောင်းကိုလည်း ကြည့်ရပါတယ်။ ဒါပေမယ့် အဲဒီအချက် ၂ ချက်ကို အလေးအနက်ထားပြီးတော့ ကျမတို့ တိုင်ပင် ပေးပါမယ်။ မလုပ်ဘူး၊ လုပ်မယ်ဆိုတာကတော့ ဒီမှာ ပြတ်ပြတ်သားသား အဖြေပေးလို့ မရသေးပါဘူး” ဟု ဖြေကြားသည်။

          အခွန်နှုန်းထားကို လုပ်ငန်းရှင်နှင့် အစိုးရဌာနတာဝန်ရှိသူများ ဆွေးနွေးပြီးမှ သတ်မှတ်သင့်ကြောင်း၊ လက်တွေ့ကျသော အခွန်နှုန်းထားဖြစ်မှသာလျှင် လုပ်ငန်းရှင်များကလည်း လုပ်ကိုင်နိုင်မည်ဖြစ်၍ အခွန်နှုန်းကို လျှော့ချပေးရန်နှင့် ထိုသို့ လျှော့ချပေးခြင်းကြောင့် အခြေပစ္စည်းကရသည့် အခွန်အခ လျော့ကျသွားလျှင် ၎င်းက တာဝန်ယူ လျော်ပေးသွားမည်ဟု ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက တောင်းဆိုသည်။

          “၂၀၁၈ ခုနှစ်မှာ ရမယ့် အခွန်အခငွေကို လိုင်းတားလိုက်ပါ။ အခွန်နှုန်းတွေ Buyer အတွက် လျှော့ပြီးမှ ၂၀၁၉ ခုနှစ်မှာ အကယ်၍များ ၂၀၁၈ ထက် ကျသွားမယ်ဆိုရင် လိုအပ်တဲ့ ဘဏ္ဍာငွေ အားလုံးကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ တယောက်အနေနဲ့ တာဝန်ယူပြီးတော့ ကျနော်တို့ အားလုံး စုပေါင်း ဖြည့်တင်းပြီး လျော်ပါ မယ်။ ဘယ်သူမှ မလျော်ဘူး ဆိုရင် ကျနော် ဥက္ကဋ္ဌ တယောက်အနေနဲ့ အသင်းအတွက် ကျနော့်ရှိတဲ့ စည်းစိမ် တွေကို စိုက်ပြီးတော့ နိုင်ငံတော်ကို ပေးသွင်းမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

          နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံ၏ အသုံးစရိတ် အတွက် လိုအပ်၍ အခွန်ကောက်ခံခြင်းဖြစ်ပြီး သယံဇာတ ရောင်းချပြီး ငွေရှာသည့် အလုပ်မျိုး မလုပ်ချင်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များ အားလုံးကလည်း ကူညီပေးစေ လိုကြောင်း၊ အခွန်ပေးသူအတွက်နှင့် အစိုးရအတွက် မျှမျှတတဖြစ်စေရန် အခွန်နှုန်းထားကို စဉ်းစားလုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

          “အခွန် လျှော့ခြင်းအားဖြင့် လျော့သွားတဲ့ အရှုံးအတွက် တစ်ဖက်ကနေပြီး အခွန်လျှော့ပေးလိုက်လို့ စီးပွားရေးအရ ဖွံဖြိုး တိုးတက်လာလို့ ပိုပြီးတော့ အပေါင်းလက္ခဏာ ပိုများလာမလား။ ဒီ အနှုတ်နဲ့ အပေါင်းကို တစ်ချိန်လုံး ချိန်ဆ နေရတာပါ။ ဘယ်နိုင်ငံမှာမှ အခွန်တွေက အသေသတ်မှတ်ထားတာမရှိပါဘူး။ အချိန်ကာလနဲ့အားလျော်စွာ လိုရင် လိုအပ်သလို ပြောင်းလဲရတာဖြစ်ပါတယ်။ ကျမတို့အနေနဲ့လည်း ဒါကို ခေါင်းထဲမှာ ထားပါမယ်။ အကယ်၍ နိင်ငံတော်က ရှုံးခဲ့လို့ရှိရင် အားလုံး ပြန်ဆပ်ပါမယ် ဆိုတော့လည်း ဒါကို လျှော့လျှော့ပေါ့ပေါ့နဲ့ စဉ်းစားပေးဖို့ ကြိုးစားပါ့မယ်”ဟု ဒေါ်အောင် ဆန်းစု ကြည်က ပြောကြားသည်။

          စီးပွားရေး မကောင်းသည့် အချိန်တွင် အခွန်နှုန်းထားကို လျှော့ချပေးပြီး စီးပွားရေး ကောင်းမွန်သည့် အချိန်တွင်မှ အခွန် နှုန်းထားကို ပြန်လည်မြှင့်တင်သည်မှာ နိုင်ငံတကာတွင် ဆောင်ရွက်လေ့ရှိသည့် ထုံးစံတခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ထိုသို့ ဆောင်ရွက်သင့်ကြောင်း၊ အလားတူ ဘဏ်တိုးနှုန်းလည်း လျှော့ချသင့်သည့် အနေအထားဖြစ်ကြောင်း ကမ္ဘောဇ ဘဏ် ၏ အကြံပေး ဦးသန်းလွင်က ပြောကြားသည်။

          “အခွန်လျှေုာ့လိုက်လို့ အခွန်နည်းသွားမယ်ဆိုတဲ့ အတွေးအခေါ်ထက်ကို အခွန်လျှော့လို့ စီးပွားရေးပြန်ကောင်းပြီး ရေရှည် မှာ အခွန်ပြန်ပြီး ပိုရမယ့်အခြေအနေကို ပြန်စဉ်စားဖို့ကောင်းတယ်။ ဆောင်ရွက်ရင် ပိုကောင်းတာပေါ့။ Tax Incentive ဆိုတာ စီးပွားရေး ပြန်တက်အောင် အခွန်နဲ့ ဆွဲဆောင်တဲ့ နည်းပေါ့။ အမြဲတစေ လျှော့ဖို့ ပြောတာ မဟုတ်ပါဘူး။ အတိုး ဆို တာက လည်း ထိုင်းမှာဆိုရင် ၁ ဒသမ ၅ ပဲရှိတာပဲ။ ဒီမှာက ၁၃ နဲ့ ဘယ်လို သွားပြိုင်မလဲ ။ အတိုးဆိုတာ စရိတ်ပဲလေ။ စရိတ်ကြီး နေရင် မပြိုင်နိုင်ဘူးပေါ့။ အတိုးနှုန်းလျှော့မှပဲ သက်သာမှာ။ ဘဏ်တိုးနှုန်းများရင် အပြင်က အတိုးနှုန်းလည်း များ နေမှာပဲ။ အတိုးနှုန်းကလည်း လျှော့ဖို့ ဆောင်ရွက်သင့်တာပေါ့”ဟု ဦးသန်းလွင်က ပြောသည်။

          အဆိုပါအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင် များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကလည်း ငွေလဲနှုန်း တည်ငြိမ်စေရေး အတွက် ပြည်ပပို့ကုန် မြှင့်တင်နိုင် ရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ သွင်းကုန် အစားထိုးရေးနှင့် ဒေါ်လာ အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ရေး အတွက် လိုအပ် သော မူဝါဒများကိုချမှတ် ဆောင်ရွက်ပေးစေလိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် ပြည်တွင်း ပြည်ပဘဏ်များကို လုပ်ငန်းများ ယခုထက် ပိုမို တိုးချဲ့ခွင့်ပြုသင့်ကြောင်း တင်ပြ သွားသည်။

          Your Thoughts …
          Tags: အခွန် နှင့် ဘဏ်တိုးနှုန်း လျှော့ချရေး
          ကျော်မျိုး

          ကျော်မျိုး

          ဧရာဝတီ

          Similar Picks:

          No Content Available
          Next Post
          တရားရုံးက အမှုကို ရုတ်သိမ်းခဲ့သည်ကို လူထုက ဒေါသထွက် ကန့်ကွက်ခဲ့ကြသည်။ သမ္မတဦးဝင်းမြင့်ပင် ထိုအမှုအပေါ် ဝင်ရောက် ထောက်ပြ ပြောဆိုစေခဲ့သည်။

          အောင်ရဲထွေးအမှု ဘာကြောင့် ရုတ်သိမ်းခဲ့တာလဲ

          ရန်ကုန်မြို့ရှိ SMIDB ဘဏ်  / ဧရာဝတီ

          JICA က ကျပ်သန်း ၈ ထောင် ထုတ်ချေးဦးမည်

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          6 days ago
          16.1k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          5 days ago
          12.8k

          Most Read

          • ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

            shares
            Share 0 Tweet 0
          • အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved