စီးပွားရေး

တရားမဝင် ကုန်သွယ်ရေး မြန်မာ အရေးတကြီး တိုက်ဖျက်ရန် လိုအပ်

ကမ္ဘာ့တရားမဝင် ကုန်သွယ်ရေး ညွှန်းကိန်းတွင် အောက်ခြေနားတွင် ရောက်နေခဲ့ပြီးနောက် မြန်မာနိုင်ငံ အနေဖြင့် တရား မဝင် ကုန်သွယ်မှုကို အရေးတကြီး တိုက်ဖျက်ရန် လိုအပ်နေပြီဖြစ်ကြောင်း Transnational Alliance to Combat Illicit Trade (TRACIT) က ပြောသည်။ အထူးသဖြင့် သစ်ထုတ်လုပ်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ လူကုန်ကူးခြင်းနှင့် လူသုံးကုန် ပစ္စည်းဆိုင်ရာ နေရာများတွင် ဖြစ်သည်။

Economist Intelligence Unit (EIU) က ပြုစုသည့် တရားမဝင်ကုန်သွယ်ရေး ဆိုင်ရာ ကမ္ဘာ့အဆင့် ညွှန်းကိန်းတွင် မြန်မာ နိုင်ငံက နိုင်ငံ ၈၄ ခုတွင် အမှတ်စဉ် ၈၂ တွင်ရှိနေပြီး အောက်တွင် အီရတ်နှင့် လစ်ဗျား ၂ နိုင်ငံသာ ရှိသည်။ တရား မဝင်ကုန်သွယ်ရေးက မြန်မာနိုင်ငံတွင် ဆက်လက်ရှင်သန်ကြီးထွားနေပြီး တရားဝင်စီးပွားရေး လုပ်ငန်းများကို ထိခိုက်နစ် နာစေသလို အစိုးရအတွက် ဒေါ်လာ ဘီလီယံနှင့် ချီသော အခွန်ငွေများကို ဆုံးရှုံးစေသည်။

နေပြည်တော်တွင် စက်တင်ဘာလ ၅ ရက်နေ့က EuroCham Myanmar က ဦးဆောင်ပြုလုပ်သည့် Anti-Illicit Trade Forum 2018 ဖိုရမ်သို့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကျွမ်းကျင်သူများ၊ အစိုးရတာဝန် ရှိသူများနှင့် ကုန်သွယ်ရေး လုပ်ငန်းကဏ္ဍမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများက တရားမဝင် ကုန်သွယ်ရေးတိုက်ဖျက်မှုတွင် မြန်မာနိုင်ငံ၏ အားထုတ်မှု များ အင်အားကောင်းစေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသလို လိုအပ်နေသော ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု များနှင့် နယ်စပ်ထိန်းချုပ်မှု လျော့လျဲသည့် ပြဿနာများကို ဆွေးနွေးခဲ့ကြသည်။

TRACIT ၏ ညွှန်ကြားရေးမှူးချုပ် Jeffrey Hardy က ညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏ အားနည်းနေမှုက တရားမဝင်ကုန် သွယ်မှု တိုက်ဖျက်ရေးတွင် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ကာကွယ်မှုများ သင့်လျှော် လုံလောက်မှု မရှိခြင်းကို ညွှန်ပြနေ သည်ဟု ပြောသည်။ တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး ပြဿနာကို ဖြေရှင်းရန် အစိုးရက အိမ်နီးချင်း နိုင်ငံများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ရန် သူက တိုက်တွန်းခဲ့သည်။

EIU ၏ အစီရင်ခံစာအရ တရားမဝင်ကုန်သွယ်ရေးနှင့် ဆိုင်သော သဘောတူစာချုပ်များတွင် မြန်မာနိုင်ငံ၏ ပါဝင်ဆောင် ရွက်မှုက အလွန်နိမ့်ကျနေသည်။ ထို့ပြင် ဒေသတွင်းတွင် တရားဥပဒေစိုးမိုးရေးဖော်ဆောင်မှု ယေဘုယျအားဖြင့် နည်းပါး သလို မြန်မာနိုင်ငံတွင် ဉာဏပစ္စည်းကာကွယ်မှုများ ထိရောက်မှု အားနည်းနေသည်။

မြန်မာနိုင်ငံတွင် ဥရောပ သမဂ္ဂ (EU) မှ ကုမ္ပဏီများ စီးပွားရေးပိုမို လုပ်ကိုင်လာကြသည်နှင့် အမျှ EU ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အများအပြားက တရားမဝင် ကုန်သွယ်မှု ဖြေရှင်းရေးတွင် အလေးအနက် အားထုတ်လုပ်ကိုင်လာကြသည်။ အထူး သဖြင့် လူသုံးကုန်ပစ္စည်း ကဏ္ဍတွင် ဖြစ်သည်။

Brewers Association of Myanmar ၏ အဆိုအရ တရားမဝင် ကုန်သွယ်ရေးသည် ၎င်းတို့၏ လုပ်ငန်းကဏ္ဍ အတွင်း ရင်ဆိုင်နေရသော အကြီးဆုံးစိန်ခေါ်မှုများထဲမှ တခု ဖြစ်သည်။

အစိုးရက မှောင်ခိုကုန်ကူးခြင်းကို တိုက်ဖျက်ရန် အားထုတ်နေသော်လည်း တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး က ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် အထိန်းအကွပ်မဲ့ ရှိနေဆဲ ဖြစ်သည်ဟု အခွန် အရာရှိတဦးက ပြောသည်။

မြန်မာနိုင်ငံသည် သဘာဝတောရိုင်းတိရိစ္ဆာန် တရားမဝင်ကုန်ကူးခြင်းတွင် တတိယ အကြီးဆုံး နေရာဖြစ်သည်။

လန်ဒန် အခြေစိုက် Environment Investigation Agency ၏ အဆိုအရ တရုတ်-မြန်မာ နယ်စပ်တွင် တရားမဝင် သစ်ကုန်ကူး ခြင်းက နှစ်စဉ် ဒေါ်လာသန်း ရာနှင့်ချီ၍ တန်ဘိုးရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၎င်း၏ သစ်တောမြေ ၁၉ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပြီး ဖြစ်သည်ဟု အဆိုပါ အဖွဲ့က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဒုတိယ ဥက္ကဌ ဦးမောင်မောင်လေး က နိုင်ငံတွင် တရားမဝင် ကုန်သွယ်ရေး ထွန်းကားနေဆဲ ဖြစ်သည်ဟု ပြောသည်။ ပြဿနာကို မည်သို့ ဖြေရှင်းရမည် ဆို သည် နှင့် ပတ်သက်၍ UMFCCI က အစိုးရထံ အကြံဉာဏ်များ ပေးပို့ထားသည်ဟု သူက ပြောသည်။

“တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်တဲ့နေရာမှာ အစိုးရအနေနဲ့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရပါတယ်။ အထူး သဖြင့် ကချင်နဲ့ ရှမ်းပြည်နယ် နယ်စပ်တွေမှာ ဖြစ်ပါတယ်” ဟု သူကပြောသည်။

UMFCCI က လတ်တလောပြုလုပ်ခဲ့သည့် စစ်တမ်းတခုတွင် စီးပွားရေး အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များက အစိုးရ၏ တရား မဝင် ကုန်သွယ်ရေးတိုက်ဖျက်မှု အားထုတ်ခြင်းများသည် လုံလောက်မှု မရှိသလို ထိရောက်မှု မရှိကြောင်းပြောကြားခဲ့ကြ သည်။ လက်တွေ့၌ တရားမဝင်ကုန်သွယ်ရေးက အထိန်းအကွပ်မဲ့ ဖြစ်နေချိန်တွင် အခွန်များက ကြောင်းကျိုး မသင့်စွာဖြင့် မြင့်တက်နေသည်ဟု တက်ရောက်လာသည့် စီးပွားရေးသမားများက ပြောကြသည်။

Loading