• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်

by ဧရာဝတီ
25 September 2018
in စီးပွားရေး
A A
တရုတ်နိုင်ငံက အမေရိကန် ကုန်သွယ်ရေးမူဝါဒကို ရှုတ်ချသည့် စက္ကူဖြူစာတမ်းကို ထုတ်ပြန်လိုက်ပြီး အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်သည် / Reuters

တရုတ်နိုင်ငံက အမေရိကန် ကုန်သွယ်ရေးမူဝါဒကို ရှုတ်ချသည့် စက္ကူဖြူစာတမ်းကို ထုတ်ပြန်လိုက်ပြီး အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်သည် / Reuters

6k
VIEWS
Share on FacebookShare on Twitter

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲသည် စက်တင်ဘာလ ၂၄ ရက်နေ့က ရုတ်တရက် အရှိန်ပြင်းထန်လာပြီး တဖက်နှင့်တဖက် အခွန်သစ်များချမှတ်ကာ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်ခုတို့၏ ကုန်သွယ်ရေးစစ်သည် နယ်ပယ်သစ်သို့တိုးချဲ့လာသည်။

တရုတ်နိုင်ငံက အမေရိကန် ကုန်သွယ်ရေးမူဝါဒကို ရှုတ်ချသည့် စက္ကူဖြူစာတမ်းကို ထုတ်ပြန်လိုက်ပြီး အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ပြီးနောက် ထိုသို့အရှိန်မြင့်လာခြင်းဖြစ်သည်။

RelatedPosts

တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ရဖို့ စစ်ကောင်စီ ကြိုးစား

တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ရဖို့ စစ်ကောင်စီ ကြိုးစား

25 June 2025
3
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
1.6k
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
1k

စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံက တရုတ်သွင်းကုန် ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးကို အခွန် ၁၀ ရာခိုင်နှုန်း ချမှတ်လိုက်ပြီး တရုတ်နိုင်ငံကလည်း အမေရိကန်သွင်းကုန် ဘီလီယံ ၆၀ ဖိုးကို လက်စားချေသော အခွန်များ ချမှတ်ခဲ့သည်။

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှ သွင်းကုန် ၅၀ ဘီလီယံဖိုးကို ယခင်က အခွန် ၂၅ ရာခိုင်နှုန်းချမှတ်ခဲ့ပြီး ထပ်မံအခွန်ချမှတ်ခြင်း ဖြစ်သည်။ ယခုထပ်မံချမှတ်သော အခွန်သည် ပဲငံပြာရည်နှင့် ဆန် စသည့် အစားအသောက်များမှသည် လက်ကိုင်အိတ်နှင့် ရေခဲသေတ္တာအထိ ထုတ်ကုန် ၅၇၄၅ မျိုးအပေါ် သက်ရောက်သည်။

၂၀၁၉ ခုနှစ်ဇန်နဝါရီလတွင် အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်မည်ဖြစ်ပြီး တရုတ်နိုင်ငံက လက်စားချေလျှင် တရုတ်နိုင်ငံမှ သွင်းကုန် နောက်ထပ် ၂၆၇ ဘီလီယံဖိုးကို အခွန် ၂၅ ရာခိုင်နှုန်း ချမှတ်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားသည်။ ထိုအခါ ၂၀၁၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုက တရုတ်နိုင်ငံမှ သွင်းကုန်ပမာဏ ဒေါ်လာ ၅၀၅ ဘီလီယံဖိုးနှင့် ညီမျှသောကုန်များကို အခွန်စည်းကျပ်ခြင်းနှင့် အလားတူ လာမည်ဖြစ်သည်။

တရုတ်နိုင်ငံကလည်း အလျှော့မပေးဘဲ အမေရိကန်မှ သွင်းကုန်များဖြစ်သည့် သဘာဝဓါတ်ငွေ့ရည်နှင့် အေးခဲဟင်းသီးဟင်ရွက်များကို အခွန်စည်းကျပ်လိုက်သည်။ တရုတ်နိုင်ငံသည် ယခင်ကပင် အမေရိကန်မှသွင်းကုန် ဒေါ်လာ ၅၀ ဘီလျှံဖိုးကို လက်စားချေ အခွန်စည်းကျပ်ထားပြီး ဖြစ်သည်။

တချိန်တည်းတွင် လွန်ခဲ့သောအပတ်က ထရမ့်၏ အခွန်းစည်းကျပ်မှုသစ် ကြေညာချက်အပြီးတွင် တရုတ်နိုင်ငံက အမေရိကန်နှင့်ကျင်းပမည့် ကုန်သွယ်ရေးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်သည်ဟု သတင်းများက ဆိုသည်။ ထိုဆုံးဖြတ်ချက်ကြောင့် ကုန်သွယ်ရေးစစ်ပွဲကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အလားအလာ မှေးမှိန်သွားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံသည် အမေရိကန်ကုန်သွယ်ရေးမူဝါဒများကို ဝေဖန်သော စက္ကူဖြူစာတမ်းကို ထုတ်ပြန်ပြီး ထိုမူဝါဒများသည် အနိုင်အထက်ပြုလိုသော မူဝါဒများဖြစ်သည်ဟု ကြေညာသော်လည်း ကုန်သွယ်မှုဆက်ဆံရေးကို ကျိုးကြောင်းဆီလျှော်စွာဖြေရှင်းရန် နှစ်ဖက်လုံးကို တောင်းဆိုသည်ဟု တရားဝင် ဆင်ဟွာ သတင်းဌာနကဖေါ်ပြသည်။ ထရမ့်အစိုးရသည် နိုင်ငံတကာဆက်ဆံရေးလမ်းညွှန်ဖြစ်သော အပြန်အလှန်လေးစားမှုနှင့် တန်းတူညှိနှိုင်းမှု အခြေခံစံနှုန်းများကို မျက်ကွယ်ပြုသည်ဟု ထို စက္ကူဖြူစာတမ်းတွင်ဖေါ်ပြကြောင်း သတင်းက ဆိုသည်။

အမေရိကန်အစိုးရသည် ၎င်းတို၏ မူဝါဒများကို ၎င်းတို့ဆန့်ကျင်ပြီး တရုတ်နိုင်ငံကို အဆက်မပြတ် စိန်ခေါ်နေသောကြောင့် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးများကို ထိခိုက်စေသည်ဟု ထိုစက္ကူဖြူစာတမ်းက စွပ်စွဲသည်။ အမေရိကန်၏ အခွန်ချမှတ်မှုများသည် ဘက်စုံ ကုန်သွယ်ရေးစနစ်နှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတရားများကို အပြင်းအထန် ခြိမ်းခြောက်မှုဖြစ်သည်ဟု ဆိုသည်။

အမေရိကန်ဉာဏ ပစ္စည်းများကို တရုတ်နိုင်ငံက ခိုးယူမှုဟု သူ ယူဆသောလုပ်ရပ်များကို လက်စားချေရန် အခွန်သစ်များ စည်းကျပ်ခြင်းဖြစ်သည်ဟု ထရမ့်ကပြောပြီး တရုတ်နိုင်ငံအနေဖြင့် မမျှတသော အလေ့အထများကို ပြင်ဆင်ရန် တောင်းဆိုသည်။ သို့သော် နှစ်ဖက်ညှိနှိုင်းမှုများသည် တိုးတက်သော လက္ခဏာ မရှိသောကြောင့် ကုန်သွယ်ရေးစစ်ပွဲသည် ပြင်းထန်လာသည်။

ကုန်သွယ်ရေးစစ်သည် ဈေးနှုန်းကြီးမြင့်လာခြင်းဖြင့် စားသုံးသူများကို ထိခိုက်စေမည်ဟု စီးပွားရေးပညာရှင်နှင့် လုပ်ငန်းရှင်ကြီးများက သတိပေးနေသည်။

တရုတ်နိုင်ငံသည် ပို့ကုန်အားပေးရန် ၎င်း၏ငွေကြေးကို တန်ဖိုးချမည်မဟုတ်ဘဲ အခွန်များလျှော့ချပေးကာ ပြည်တွင်းပြည်ပလုပ်ငန်းများကို တန်းတူဆက်ဆံမည်ဟု တရုတ်ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိန်းသိမ်းရန် အားထုတ်သည့်အနေဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့တွင်ပြောသည်။

စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများကမူ ဆုံးရှုံးနိုင်ခြေများကို ဂရုမစိုက်ကျပေ။ အမေရိကန်စတော့ဈေးကွက် စံအညွှန်းကိန်း S&P 500 index သည် ခိုင်မာသော စီးပွားရေးတိုးတက်မှုနှင့် လုပ်ငန်းများဝင်ငွေ တိုးတက်မှုကို အကောင်းမြင်ခြင်းများကြောင့် လုပ်ခလစာ တိုးတက်လာခြင်းနှင့်အတူ စက်တင်ဘာလ ၂၀ ရက်နေ့က စံချိန်တင် တက်လာသည်။ အာရှနှင့် အခြားနေရာများမှ ထွန်းသစ်စဈေးကွက်များတွင်လည်း မကြာသေးမီ ရက်သတ္တပတ်များက စတော့ရှယ်ယာ ထုတ်ရောင်းမှုများအပြီးတွင် အခြေအနေ ပြန်လည်ကောင်းမွန်လာသည်။

နောက်ဆုံးချမှတ်သည့် အခွန်စည်းကျပ်မှုများ အသက်ဝင်လာပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဟောင်ကောင် စတော့ဈေးကွက် စံအညွုန်းကိန်း Hang Seng Index သည် ၁.၆ ရာခိုင်နှုန်းကျဆင်းသည်။ တရုတ်နှင့်ဂျပန် စတော့ဈေးကွက်များမှာ အစိုးရရုံးပိတ်ရက်ဖြစ်သောကြောင့် ပိတ်ထားသည်။

ကိုးကား။ ။ Nikkei Asian Review

Your Thoughts …
Tags: တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သမ္မတထရန့် အာဏာရလာချိန်မှစပြီး ကမ္ဘာ့ကုန်သွယ်ရေးသည် မတည်မငြိမ်ဖြစ်လာခဲ့သည်။ သူ၏ အဓိက ပစ်မှတ်မှာ တရုတ်နိုင်ငံဖြစ်သည် / Reuters

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူနိုင်မလဲ

by ခိုင်ဝင်း
17 May 2019
32.5k

အပြန်အလှန် သွင်းကုန်များအပေါ် အခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံမည်ဟု ကြေငြာလိုက်သည်။

Next Post
အဆိုတော် Celine Dion

Las Vegas မှာ အခြေစိုက်ဖျော်ဖြေပွဲတွေကို အဆုံးသတ်တော့မယ့် အဆိုတော် Celine Dion

ရန်ကုန်မြို့ ဒေါ်လာဈေးကွက်  / ဧရာဝတီ

ရွှေနှင့် ဒေါ်လာ ဝယ်ရောင်းတချို့ စသုံးလုံး ခေါ်ယူ စစ်ဆေးမှု ခံနေရ

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate