စီးပွားရေး

စုမဲ ကိစ္စများ ဥပဒေ အရ အရေးယူပိုင်ခွင့် မရှိဟု ဆို

Want create site? Find Free WordPress Themes and plugins.

တရားဝင် သတ်မှတ်ထားခြင်း မရှိသော စုမဲကိစ္စများနှင့် ပတ်သက်၍ တားမြစ် ပြဋ္ဌာန်းချက်များ မရှိသည့် အတွက် တည်ဆဲ ဥပဒေအရ အရေးယူ ဆောင်ရွက်ပိုင်ခွင့် မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။

စက်တင်ဘာလ ၂၆ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ် ဦးကျော်ဇေယျက လူကိုယ်တိုင်နှင့် အင်တာနက်ပေါ်တွင် ကျယ်ပြန့်စွာ ဆောင်ရွက်နေကြသည့် စုမဲကိစ္စများ သည် တရားဝင် ဆောင်ရွက်ခွင့် ရှိ၊ မရှိနှင့် စုမဲများ ကျယ်ပြန့်စွာ လုပ်ဆောင်နေခြင်း အပေါ် တားဆီးနိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ စီမံချက်ချ အရေးယူ လုပ်ဆောင်မည်ကို သိရှိလိုကြောင်း မေးမြန်း ရာတွင် ဖြေကြားခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး အောင်စိုးမိုးက “ရန်ကုန်တိုင်း ဒေသကြီး အတွင်း အင်တာနက် စာမျက်နှာများမှ တဆင့် စုမဲ ကိစ္စရပ်များကို ကျယ်ပြန့်စွာ ဆောင်ရွက်နေခြင်းက သူတို့ရဲ့ အကျိုးစီးပွား ကိစ္စတွေ အတွက် သူတို့ အချင်းချင်း သဘောတူညီမှုတွေနဲ့ ကွန်ရက် သဖွယ် စုစည်း ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ တည်ဆဲဥပဒေအရ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက် ခွင့်မရှိပါဘူး။ တရားမဝင် လုပ်ဆောင် နေခြင်းဖြစ်တဲ့ အတွက် တားမြစ် ပြဋ္ဌာန်းချက်များလည်း မရှိပါဘူး”ဟု ပြော သည်။

အွန်လိုင်းပေါ်၌ အုပ်စုများဖွဲ့၍ စုမဲရောင်းချနေမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေကြပြီး လိမ်လည်မှုများလည်း များစွာ ရှိနေကြောင်း သိရသည်။

ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက“အခုရက်ပိုင်း မြန်မာ့အလင်း၊ ကြေးမုံ သတင်း စာတွေမှာ စုမဲကိစ္စကြောင့် ပြဿနာတက်ပြီးတော့ တဖက်နဲ့တဖက် ဖြေရှင်းလာကြတာလည်း တွေ့မြင် လာရပါတယ်။ တချို့ဆိုရင် ဒီသတင်းစာကိုကြည့်ပြီးတော့ စုမဲကိစ္စက တရားဝင်လားလို့ ဗသုတနည်းပါးပြီးတော့ ထင်ယောင်ထင်မှား ရှိနိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် မေးမြန်းခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ဦးကျော်ဇေယျက“အနေအထားက ဘယ်လောက်ဆိုးလဲ ဆိုတော့ စုမဲ တလတကြိမ် ဖောက်တာ မဟုတ် ဘဲနဲ့ မနက်ပိုင်းလောက်မှာ Wave money နဲ့ ပို့လိုက်တယ် ငွေတသောင်း ညပိုင်းကျတော့ တသောင်းတထောင် ပြန် ရောက်လာတယ်။ ငါးသောင်းလောက် စုတဲ့သူက တနေ့တနေ့ ငါးထောင်လောက် ရောက်မယ်။ ဒါတွေကို လောဘ တက် ပြီးတော့ ပြည်သူတွေကနေ ဆောင်ရွက်လာတဲ့ အတွက် ဘဝပျက်တဲ့ အနေအထားတွေလည်း ကြုံတွေ့လာရ ပါတယ်”ဟု ပြောဆိုသည်။

အဆိုပါ အင်တာနက်ပေါ်တွင် လည်းကောင်း၊ လူကိုယ်တိုင် သော်လည်းကောင်း ငွေကြေး လိမ်လည်မှုနှင့် ပတ်သက်၍ တိုင် ကြား လာပါက ဆက်သွယ်ရေး ဥပဒေ အရနှင့် ရာဇသတ်ကြီး ဥပဒေ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း လုံခြုံရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး က ပြောသည်။

ရန်ကုန်တိုင်းတွင် အင်တာနက်ပေါ်မှ စုမဲ ငွေကြေး လိမ်လည်သည့် ရာဇဝတ်မှု၂၈ မှု၊ တရားခံ ၁၂ ဦး ရှိပြီး ငွေကြေးအား ဖြင့် ကျပ် ၉၃၉၆ သိန်း ရှိပြီး တရားရုံးတွင် တရား ရင်ဆိုင်နေရသည့် တရားမကြီးမှု ၁၃ မှု ၊ တရားပြိုင် ၄ ဦးနှင့် ငွေကြေး ကျပ် ၂၂၈၁ သိန်း ရှိကာ ရဲစခန်းတွင် စစ်ဆေးဆဲ အမှု ၂၂မှု၊ တရားခံ၂၄ ဦး နှင့် ငွေကျပ် ၅၉၉၉ သိန်းကျော် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အချက်အလက်များ အရ သိရသည်။

ထို့ပြင် လူကိုယ်တိုင် စုမဲငွေကြေး ကိစ္စနှင့် ပတ်သက်ပြီး တရားရုံးတွင် ရင်ဆိုင်နေရသည့် အမှု ၁၃မှု၊ တရားခံ ၁၇ ဦး နှင့် ငွေကျပ် ၆၁၅ သိန်း ရှိသည်ဟုလည်း ဆိုသည်။

ပြည်သူများ အနေဖြင့် ငွေရေးကြေးရေး ဆိုင်ရာ ဆောင်ရွက်သည့် အဖွဲ့အစည်းများကို တွေ့ရှိပါက တရားဝင် ခွင့်ပြု ထား သည့် အဖွဲ့အစည်း ဟုတ်မဟုတ်နှင့် လုပ်ပိုင်ခွင့် ရှိမရှိကို စုံစမ်းပြီးမှသာ လုပ်ကိုင်ကြရန် လိုအပ်ကြောင်း ဗိုလ်မှူး ကြီး အောင်စိုးမိုးက ပြောသည်။

ကုမ္ပဏီ ဝန်ထမ်း တဦးဖြစ်သည့် မသိင်္ဂီက “ငွေစုတာတွေက အွန်လိုင်းပေါ်မှ မွနေတာပဲ။ ယုံကြည်ရတဲ့ သူတွေကပဲ လိမ် သွားတာတွေကိုလည်း အများကြီး တွေ့ဖူး တယ်။ အလိမ်ခံလိုက်ရလို့ တိုင်တာက နောက်မှ ပြန်ရမယ် မရဘူးလည်း မသေ ချာဘူး။ ကိုယ့်ပိုက်ဆံတွေက အရင်ပါ သွားတာ။ လိမ်စားတဲ့သူတွေ အတွက်ကတော့ လမ်းတခုလိုကို ဖြစ်နေတာ” ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading