• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စီးပွားရေးလုပ်ငန်းရှင်များအသံ အစိုးရ အသိအမှတ်ပြုရန် လိုအပ်နေ

by မျိုးပပစန်း
3 October 2018
in စီးပွားရေး
A A
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ နေပြည်တော်တွင် သြဂုတ်လအတွင်းက တွေ့ဆုံစဉ်  / Myanmar State Counsellor Office / Facebook

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ နေပြည်တော်တွင် သြဂုတ်လအတွင်းက တွေ့ဆုံစဉ် / Myanmar State Counsellor Office / Facebook

16.4k
VIEWS
Share on FacebookShare on Twitter

နိုင်ငံစီးပွားရေး အရွေ့၌ လုပ်ငန်းရှင်များ၏ အသံကို အသိအမှတ် မပြုပါက စိုးရိမ်စရာ အခြေအနေ တရပ် ဖြစ်လာနိုင် ကြောင်း ပြည်တွင်း လုပ်ငန်းရှင် တချို့က ထောက်ပြ ပြောဆိုကြသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံး၌ စက်တင်ဘာလ ၂၉ ရက်က ပြုလုပ်သည် “မြန်မာ့ စီးပွာရေး ဘာလဲ ဘယ်လဲ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များက ပြောခြင်းဖြစ်သည်။

RelatedPosts

ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

20 June 2025
430
ကရင်နီ၌ စက်သုံးဆီပြတ်လာ

ကရင်နီ၌ စက်သုံးဆီပြတ်လာ

20 June 2025
164
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
1.4k

အခွန်ကိစ္စ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များဘက်မှ ပြောဆိုနေကြသော အသံများကို ဆုံးဖြတ် ချက်ချသည့် အစိုးရပိုင်း အနေဖြင့် အသိအမှတ်ပြုသင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်း ဖွံဖြိုး တိုးတက်ရေး အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။

“ဆုံးဖြတ်ချက် ချတဲ့သူတွေ အနေနဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေရဲ့ အသံတွေလည်း နားထောင်ပေးပါဦး။ လုပ်ငန်းရှင် တွေရဲ့ အသံက တကယ့် ရင်တွင် းက ခံစားချက်တွေပါ။ လိမ်ပြီး ငိုပြနေတာ မဟုတ်ပါဘူး။ အားလုံးက တကယ် ခံစားနေရ လို့ တသံတည်း ထွက်နေတာပါ။ ဒီအသံကို အသိအမှတ်မပြုဘူး ဆိုရင် မပြောင်းလဲဘူး ဆိုရင်တော့ ကျနော်တို့ နိုင်ငံ ရဲ့ အရွေ့က တော်တော် စိုးရိမ်စရာ အခြေအနေ တရပ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ အိမ်ခြံမြေ အရောင်း အဝယ် ကဏ္ဍ၌ လေးနှစ်တာ ကာလ အတွင်း တနှစ်ထက် တနှစ် ပိုမို ဆိုးရွားလာသည့် အခြေ အနေကိုသာ တွေ့ရှိနေရပြီး အစိုးရ အနေဖြင့် အခွန်လျှော့ပေါ့ရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် နိုင်ငံခြားသား အရောင် းအဝယ် ဆောင်ရွက်နိုင် ရေး ကိစ္စရပ်များကို အလျင်အမြန် အကောင်ထည်ဖော်ပေးရန် လိုအပ်မည်ဟု ဦးစိုင်းခွန်နောင်က ဆွေးနွေး ပြောဆိုသည်။

လက်ရှိ အိမ်ခြံမြေ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု ရှိသော်လည်း အရောင်းအဝယ် အေးစက်နေပြီး ဝါကျွတ် ကာလ နီးသောကြောင့် အိမ်ငှား ဈေးကွက်မှာ အနည်းငယ် ကောင်းမွန်လာနိုင်သော်လည်း နိုင်ငံခြားသားများ ပြည်တွင်း လာရောက်မှု နည်းခြင်း၊ စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု လျှော့နည်းလာခြင်းကြောင့် ရုံးခန်း အငှားများမှာလည်း လျှော့နည်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးမျိုးမြင့်က “စီးပွားရေး တိုးတက်ဖို့က ကျနော်တို့က ပြောတာပဲ ရှိပါတယ်။ ပြောရုံနဲ့ မရပါဘူး။ ကျနော်တို့ ပြည်သူမှာ တာဝန်ရှိသလို ရှေ့ကနေ ဦးဆောင်တဲ့သူ၊ လမ်းပြတဲ့သူက အစိုးရက ဆောင်ရွက်မှ ဖြစ်မယ်။ အခုဆိုရင် ဒေါ်လာဈေးတောင်မှ ဝင်ပြီး ဆင်းစစ်လိုက်တာနဲ့ ချက်ချင်း ကျတာပဲ။ နိုင်ငံ တော်ရဲ့ အာဏာစက်၊ လျှာစက်က အင်မတန် ပြင်းပါတယ်။ ဒါကို အသုံးပြုပြီးတော့ စီးပွားရေးကို ဆွဲတင်မယ် ဆိုရင် အစိုး ရရဲ့ ပုံရိပ်လည်း တက်ပါတယ်” ဟု ပြောသည်။

လတ်တလော၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းသလောက် ဝင်ရောက်လာမှု မရှိခြင်း၊ ဝင်ရောက် ပြီးသား ပြည်ပ ရင်းနှီးမြှုပ်နှံမှု အချို့ ပြန်ထွက်သွားခြင်း၊ ပြည်ပ ပို့ကုန် လျော့ကျခြင်း၊ စက်ရုံအချို့ ရပ်နားသွားပြီး ကုမ္ပဏီ ကြီးများပင် ရပ်တည်ရန် ခက်ခဲနေခြင်း၊ ဒေါ်လာဈေးနှင့် ရွှေဈေး စံချိန်တင် မြင့်တက်ခြင်း၊ စက်သုံးဆီနှင့် အခြေခံ စားသောက် ကုန်ဈေးနှုန်းများ ကြီးမြင့်နေခြင်း၊ သောက်ရေသန့်၊ ဆေးဝါး ပစ္စည်း၊ အဝေးပြေးလိုင်းခများ စသည်တို့မှာ စီးပွားရေး လော ကတွင် ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများ ဖြစ် ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိ ဖြစ်ပေါ်နေသော အခက်အခဲများ အရ သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဥပဒေ၊ နည်းဥပဒေများ မြန်မြန်ဆန်ဆန် ထွက်ပေါ်ပြီး အသုံးပြုနိုင်စေရန် လုပ်ဆောင်သင့်ခြင်း၊ ကြိုးနီစနစ်များ လျှော့ချသင့်ခြင်း၊ မူဝါဒများ ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ကြောင်း လုပ်ငန်းရှင်များက ထောက်ပြခဲ့ကြသည်။

ဦးမျိုးမြင့်က “နောက်တခုက အခွန်အခကို လျှော့ချရင် အခွန်နည်းမယ် ဆိုတဲ့ အယူအဆက မှားပါတယ်။ အခွန်လျှော့ပေး ပြီးတော့ ပြည်သူတွေကို အခွန် ယဉ်ကျေးမှု ထွန်းကားလာအောင် လုပ်ရပါမယ်။ တချို့တွေက ငွေရှိတယ်။ ဒါပေမယ့် အခွန် ဆောင်တဲ့ ယဉ်ကျေးမှု မရှိတော့ ဒီတကြိမ်မှာ ကျနော်တို့က အခွန် ယဉ်ကျေးမှုနဲ့ သက်ဝင်သွားအောင် အခွန်နည်းနည်းနဲ့ ပေးဆောင်စေချင် ပါတယ်” ဟု ဆိုသည်။

Smart Group of Company ၏ ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က “ငွေကြေး ဒေါ်လာဈေး တက်သွားတယ်။ အားလုံးကို ထိ ခိုက်ပါတယ်။ ဒါရဲ့ အကျိုးဆက်ကို နောက် ၂ လ၊ ၃လမှာ အများကြီး ခင်ဗျားတို့ တွေ့ရပါလိမ့်မယ်။ ကျနော်တို့ ဘာလို့ တက်လဲ တချို့ပညာရှင်ကလည်း ပြောကြတယ်။ တရုတ်နဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေး စစ်ပွဲဖြစ်တာ လာပြီး ထိတယ်။ ဒါလည်း အကြောင်းတခု ဆိုတာ လက်ခံပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ဘာနဲ့တူလဲ ဆိုတော့ ကျနော်တို့ မြို့နယ်မှာ တုပ်ကွေးနဲ့ တူပါတယ်။ ကိုယ်အားမကောင်းတဲ့သူက အများဆုံး ခံရမှာပဲ။ ထိုင်းနိုင်ငံကို ကြည့်လိုက်ပါ။ သူတို့လည်း ထိပါတယ်။ ဒါပေမယ့် မပြောပလောက်ပါဘူး။ ဘာလို့လဲ ဆိုတော့ ထိုင်းနိုင်ငံမှာ ကုန်သွယ်ရေး ပိုငွေပြတာက တနှစ်ကို ၂၀ ဘီလီယံ ရှိတယ်။ အိမ်နီးချင်းနိုင်ငံတွေ ထက်စာရင် စီးပွားရေးက အများကြီး ကျသွားခဲ့ပါပြီ။ အဲဒီတော့ ဒီထက်ပိုပြီး ကျမသွားဖို့ အစိုးရ လုပ်ရမယ့် အပိုင်းတွေ ရှိသလို ပြည် သူတွေ လုပ်ရမယ့် အပိုင်းတွေ ရှိပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
အစိုးရ အနေဖြင့် ဒေါ်လာများ ပြည်တွင်းသို့ ဝင်ရောက်လာစေရန် လုပ်သည့် အနေနှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ စေရန် ဆွဲဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင်ရှုံးနေသည့် စီးပွားရေး လုပ်ငန်းများ ပေါင်းမည် ဆိုပါက တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အရှုံး ရှိနေသည်ဟု နိုင်ငံပိုင် သတင်းစာများ၏ ဖော်ပြချက် အရ သိရကြောင်း ဦးကျော်ကျော်လှိုင်က ပြောသည်။

ယင်းသို့ အရှုံးပေါ်နေသည့် နိုင်ငံပိုင် လုပ်ငန်းများကို ကော်ပိုရိတ် အသွင်ပြောင်းသင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံ အတွက် အရေးကြီးသော အိမ်ခြံမြေ ကဏ္ဍ၊ ခရီးသွား ကဏ္ဍ၊ မော်တော်ယာဉ် လုပ်ငန်း ကဏ္ဍ စသည်တို့မှာ အမှန်တကယ် အရေးပါသည့်အတွက် ဦးစားပေး အနေဖြင့် အကောင်အထည် ဖော်ပေးမည်ဆိုပါက တိုင်းပြည်၏ စီးပွား ရေးများစွာ ကောင်းမွန်လာမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။

ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းရှင်များနှင့်နိုင်ငံတော် အတိုင်ပက်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု တခု ပြီးခဲ့သည့် သြဂုတ်လ အတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သေးသည်။

ကုန်သွယ်မှု လိုငွေလျှော့ချနိုင်ရေးနှင့် ပြည်တွင်း စီးပွားရေး ဖွဲ့စည်း တည်ဆောက်မှု မှန်ကန်ခိုင်မာပြီး သက်ရောက်မှု အမျိုး မျိုးကို ခံနိုင်ရည် ရှိစေရန်အတွက် နိုင်ငံတော် အစိုးရ အနေနှင့် ပုဂ္ဂလိက ကဏ္ဍက သက်ဆိုင်သူများနှင့် ထိတွေ့ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နေကြောင်းကို ပြီးခဲ့သည့် လက ပြည်ထောင်စု လွှတ်တော်၌ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ က နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်နှင့် စပ်လျဉ်းသည့် ရှင်းလင်း တင်ပြ ချက်တွင် ထည့်သွင်း ပြောဆိုသွားသည်။

Your Thoughts …
Tags: မြန်မာ့စီးပွားရေး
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

by ဧရာဝတီ
12 December 2023
1.7k

အရှေ့အာရှဒေသတွင်း ကိုဗစ် ၁၉ ကပ်ရောဂါ မတိုင်မီက ရှိခဲ့သော စီးပွားရေးအခြေအနေသို့ ပြန်၍ မရောက်နိုင်သည့် တခုတည်းသော နိုင်ငံအဖြစ် နောက်ကျကျန်နေခဲ့ပြီဖြစ်ကြောင်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

by ဧရာဝတီ
12 June 2025
487

ငလျင်ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

စစ်အသုံးစရိတ်တွေ ပြည်သူကို မချပြတော့ (ရုပ်/သံ)

စစ်အသုံးစရိတ်တွေ ပြည်သူကို မချပြတော့ (ရုပ်/သံ)

by ဘုန်းအောင်
5 June 2024
385

အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှာ စစ်အသုံးစရိတ် ဘက်ဂျက်ကို စံချိန်တင် တိုးသုံးပြီးနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာအသုံးပြုမယ့် စစ်အသုံးစရိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိတော့ဘဲ ပြည်သူလူထုကို အသိမခံတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်းဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီး...

မှောင်ခိုတွေ ကြီးထွားပြီး လာဘ်စားမှုတွေ ဖြစ်လာမယ် (ရုပ်/သံ)

မှောင်ခိုတွေ ကြီးထွားပြီး လာဘ်စားမှုတွေ ဖြစ်လာမယ် (ရုပ်/သံ)

by ဧရာဝတီ
11 November 2024
182

စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအကြာမှာ ကုန်ဈေးနှုန်းဟာ အတက်ဖက်ကိုသာ ဦးတည်နေပြီး ရွှေဈေးနဲ့ ဒေါ်လာဈေးတွေဟာ ထိန်းချုပ်လို့မရတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

ရန်ကုန်မြို့လယ်ရှိ မီးရထားရုံးချုပ်ဟောင်း နေရာက ဆောက်လုပ်လက်စ ရိုးမစင်ထရယ် (Yoma Central) ဟိုတယ်နှင့် အထပ်မြင့်အိမ်ရာ စီမံကိန်း /  Nikkei Asia

မြန်မာ့စီးပွားရေး ထိုးရပ်တော့မည်

by အောင်ခမ်း
19 July 2022
49.7k

ဗဟိုဘဏ်၏ နောက်ဆုံး ထုတ်ထားသော ညွှန်ကြားချက်များကြောင့် စီးပွားရေးလုပ်ငန်းများ ထိုးရပ်ရတော့မည့် အနေအထားကြုံနေရပြီဖြစ်သည်။

မြန်မာ့စီးပွားရေးသည် ကိုဗစ်နိုင်တင်း မတိုင်မီက အခြေအနေသို့ ၂၀၂၇ ခုနှစ် သို့မဟုတ် ၂၀၂၈ ခုနှစ်မတိုင်မီတွင် ရောက်ရှိမည်မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည် / Getty Images

မြန်မာ့စီးပွားရေးနာလန်ထရန် နှစ်ပေါင်းများစွာကြာမည်ဟု ကမ္ဘာ့ဘဏ်ပြော

by ဧရာဝတီ
27 June 2023
8.8k

မျှော်လင့်ချက်ရှိသော လက္ခဏာအချို့ရှိသော်လည်း ကိုဗစ်နိုင်တင်းမတိုင်မီ အခြေအနေပြန်ရောက်ရန် ၂၀၂၇ သို့မဟုတ် ၂၀၂၈ ခုနှစ်မတိုင်မီ မဖြစ်နိုင်။

Next Post
ကာယိန္ဒြေ ထိပါးနှောင့်ယှက် ခံရမှုအတွက် တရားမျှတမှုရရေး ကြိုးပမ်းနေသည့် အမျိုးသမီးငယ် တဦး / ဧရာဝတီ

ထိပါး၊ စော်ကား၊ နှောင့်ယှက်မှု ဆိုတာ လက်ခံနိုင်စရာလား

ကိုညီညီအောင်က မြန်မာ့လှိုဏ်ဂူမှတ်တမ်း သုတေသနအဖွဲ့ Myanmar Cave Documentation Project (MCDP) ၏ အဓိက ညှိနှိုင်းရေးမှူး တဦး ဖြစ်သည် / Nyi Nyi Aung / supplied

ဂူတွေကို ဘာသာရေးထက် ပိုစေလိုသူ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.4k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate