• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရန်ကုန် အများပိုင်မြေ နှစ်ရှည်ငှားရမ်းခ နည်းလွန်းနေကြောင်း စာရင်းစစ်ပြော

by ဧရာဝတီ
5 October 2018
in စီးပွားရေး
A A
Natural World  ကုမ္ပဏီက ငှားရမ်းလည်ပတ်နေသော ရွှေတိဂုံစေတီတော် အနောက်ဘက် စောင်းတန်းအနီးရှိ ၇၆ ဒသမ ၃၆ ဧက ကျယ်ဝန်းသော ပြည်သူ့ဥယျာဉ် / ဧရာဝတီ

Natural World ကုမ္ပဏီက ငှားရမ်းလည်ပတ်နေသော ရွှေတိဂုံစေတီတော် အနောက်ဘက် စောင်းတန်းအနီးရှိ ၇၆ ဒသမ ၃၆ ဧက ကျယ်ဝန်းသော ပြည်သူ့ဥယျာဉ် / ဧရာဝတီ

5.5k
VIEWS
Share on FacebookShare on Twitter

ပုဂ္ဂလိက စီးပွားရေးသမားများ ထံသို့ သဘောတူစာချုပ်ဖြင့် နှစ်ရှည်ငှားရမ်းထားသော အများပြည်သူဆိုင်ရာ နေရာများအတွက် ငှားရမ်းခမှာ နည်းပါးလွန်းသောကြောင့် အစိုးရအနေဖြင့် ကျပ်ငွေဘီလျံများစွာ ဆုံးရှုံးနေကြောင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်စာရင်းစစ်ချုပ်ရုံး အစီရင်ခံက ဖော်ပြနေသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် အများပြည်သူဆိုင်ရာ ပန်းခြံများကို ယခင် အစိုးရလက်ထက်က နှစ်ရှည် သဘောတူစာချုပ်များ ချုပ်၍ ငှားရမ်းလုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း စာရင်းစစ် အစီရင်ခံစာက ဆိုသည်။ ယင်းနေရာများတွင် ငှားရမ်းခ နှုန်းထားမှာ ၁ ပေပတ်လည်လျှင် ၃၂ ကျပ်သာ ရှိပြီး လက်ရှိ ပျမ်းမျှ ငှားရမ်းခပေါက်ဈေး ဖြစ်သည့် ၁၀၀၀ ကျပ်အောက် များစွာ လျော့နည်းနေသည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.4k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k

ရွှေတိဂုံစေတီတော် တောင်ဘက် စောင်းတန်းမှ ခြေလျင် သွားနိုင်သည့်နေရာတွင် တည်ရှိသော ဦးဥတ္တမ ပန်းခြံတွင် မြေဧရိယာ ၁၈၀,၀၀၀ စတုရန်းပေကို ငှားရမ်းထားရာ ယင်းနေရာတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် ၅ ဆိုင်နှင့် အပန်းဖြေ ကစားကွင်းမှာ တပေပတ်လည်လျှင် ၅၆ ဒသမ ၉၁ ကျပ်သာ ရှိသည်။

လက်ရှိ မြေငှားခ ပျမ်းမျှပေါက်ဈေး ၁၀၀၀ ကျပ်ဖြင့် တွက်ကြည့်လျှင် အစိုးရအတွက် တနှစ်လျှင် ကျပ်ငွေ ၂ ဘီလျံ ဆုံးရှုံးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက လွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။

အကယ်၍ ယင်းငွေများကို စနစ်တကျစီမံခန့်ခွဲပါလျှင် အစိုးရ အနေဖြင့် ကောင်းမွန်စွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သူက ဆိုသည်။

“ညဘက်ဆိုရင် ကျနော့်မဲဆန္ဒနယ်ထဲက လူ ၅၀၀ ကျော်လောက် အမှောင်ထဲမှာ နေနေရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဓာတ်အားလိုင်းနဲ့ ပေပေါင်းရာနဲ့ချီပြီး ဝေးတဲ့ရပ်ကွက်မှာ နေရလို့ပါ။ သူတို့အတွက် အင်မတန် ဝမ်းနည်းရပါတယ်” ဟု သူက ဆိုသည်။

ကရဝိက် ဥယျာဉ်ရှိ မြေ ၁၉ ဧကကို ဇေကမ္ဘာကုမ္ပဏီသို့ ၂၀၁၀ ပြည့်နှစ်က နှစ် ၃၀ ငှားရမ်းခဲ့ရာ ၁ စတုရန်း ပေလျှင် ၄၇ ဒသမ ၄၇၇ ကျပ် ဖြစ်ရာ လက်ရှိ ဈေးကွက် ပေါက်ဈေး၏ ပျမ်းမျှနှုန်းထက် များစွာ လျော့နည်း နေကြောင်း စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာက ဆိုထားသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် ဇေကမ္ဘာကို လုပ်ငန်းရှင်သူဌေး ဦးခင်ရွှေက လုပ်ကိုင်နေသည်။

အခြားနေရာတခုမှာ ရွှေတိဂုံစေတီတော် အနောက်ဘက် စောင်းတန်းအနီးရှိ ၇၆ ဒသမ ၃၆ ဧက ကျယ်ဝန်းသော ပြည်သူ့ဥယျာဉ်ဖြစ်ပြီး Natural World ကုမ္ပဏီသို့ ၂၀၁၄ ခုနှစ်က ၁ ပေပတ်လည် ၃၂ ကျပ်ဈေးဖြင့် အငှားချထားသည်။

(Audit Says Long-Term Land Leases Costing Yangon Coffers Dearly ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: စာရင်းစစ်နှစ်ရှည်ငှားရမ်းခဘဏ္ဍာငွေရန်ကုန် အများပိုင်မြေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် စစ်သားများ အရှုံးပေးရခြင်း အကြောင်းရင်း

မင်းအောင်လှိုင် စစ်သားများ အရှုံးပေးရခြင်း အကြောင်းရင်း

by ညီလတ်
23 January 2024
11.4k

အရပ်ဖက်ဌာနများတွင် အခွင့်အာဏာကို အသုံးချပြီး စီးပွားရှာခဲ့ကြသော အကျင့်ဆိုးများသည် နောင်အခါ စစ်တပ်အတွင်းသို့ပါ ကူးစက်သွားခဲ့သည်။

စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း

စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း

by ဧရာဝတီ
1 October 2023
4.5k

ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေးများကို ခေတ်ကာလနှင့်လျော်ညီမှုမရှိဟုဆိုကာ လာမည့်နှစ်တွင် လက်ရှိ ကောက်ခံနေသည့် နှုန်းများထက် ၆ ဆကျော် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE)က လုပ်ငန်းရှင်များကို စက်တင်ဘာ ၁၅ ရက်စွဲဖြင့် အကြောင်းကြားထားသည်။

KNDF တနှစ်ပြည့် စစ်ရေးပြပွဲ / KNDF Battalion 5

ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ

by ကိုဦး
11 July 2023
11.8k

နှစ်နှစ်တာကာလပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားသည် လွိုင်ကော်၌သာရှိပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့များတွင် လူသူကင်းမဲ့၍ စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုများသာ ကျန်နေသည်ဟု သိရ၏။

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး အမေရိကန် ကုမ္ပဏီ Chevron ကို မြန်မာစစ်တပ်အား ငွေမပေးရန် ဆန္ဒပြခဲ့ကြစဉ်

Chevron ထွက်ပြီးနောက် MOGE ကိုအရေးယူရန် တောင်းဆိုမှု အားကောင်းလာ

by ဧရာဝတီ
13 February 2023
4.1k

ဓာတ်ငွေ့မှ ရသော ဝင်ငွေသည် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ပေးနေသည်

အပြည်ပြည်ဆိုင်ရာ တရားရုံးမှ နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာသည့် အတိုင်ပင်ခံ ပုဂ္ဂိုလ်  / ထက်ဝေ / ဧရာဝတီ

ICJ အရေး ပြည်သူ့ ဘဏ္ဍာငွေ သုံးစွဲမှု စာရင်း အစစ်ခံနိုင်တယ်လို့ အစိုးရ ပြော

by ထက်နိုင်ဇော်
15 July 2020
16.1k

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဆိုသော စွပ်စွဲချက် များအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံက သွားရောက် ရင်ဆိုင်နေရချိန် ကုန်ကျစရိတ်များရှိရာ ယင်း ဘဏ္ဍာငွေ သုံးစွဲမှုစရိတ်များ မှန်ကန်မှု...

ပြည်ထောင်စုလွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ်များကို မတ်လအတွင်းက တွေ့ရစဉ် / သီဟလွင် / ဧရာဝတီ

ICJ အရေး ဘဏ္ဍာငွေသုံးစွဲခြင်းအပေါ် တပ်ကိုယ်စားလှယ်ဝေဖန်မှု အစိုးရ ပြန်ရှင်း

by သီဟလွင်
27 May 2020
8.9k

ICJ သို့ သွားရောက် ဖြေရှင်းရာတွင် ကျွမ်းကျင်သည့် ပညာရှင်များ ငှားရမ်းခြင်း၊ ဥပေဒအကြံများ ခန့်အပ် ခြင်း၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ ICJ သို့ စေလွှတ်ရန်နှင့် ပြည်တွင်းပြည်ပ ညှိနှိုင်းအစည်းအဝေးများ ကျင်းပရန် စသည့်တို့ အတွက် ကုန်ကျစရိတ်များကို...

Next Post
စက်တင်ဘာ ၂၀ ရက် မြောက်ကိုရီးယားခရီးစဉ်အတွင်း  နေ့လည်စာအတူစားနေသော ကိုရီးယား ၂ နိုင်ငံ ခေါင်းဆောင်များ / Reuters

ယုံကြည်မှု ချို့တဲ့သော ဖရိုဖရဲစနစ်အတွက် တခုတည်းသော အဖြေ

တရုတ်မင်းသမီး Shu Qi နဲ့ Vicky Zhao

အခွန်ရှောင်မှုကြောင့် Vicky Zhao နဲ့ ရှုကြည်တို့ရဲ့အနုပညာကြေး ဒေါ်လာ ၈ သန်း ပြန်ပေးရမည်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.4k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate