မြန်မာ- တရုတ်နယ်စပ်မှ တဆင့် တရုတ်နိုင်ငံဘက်သို့ နေ့စဉ် စပါးတင်းပေါင်း သောင်းနှင့်ချီ၍ တရားမဝင် ထွက်နေကြောင်း မြန် မာနိုင် ငံ ဆန် စက် လုပ်ငန်းရှင်များ အသင်းအထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင် က ပြောသည်။
“ပဲခူးတိုင်း တခုတည်းမှာတင် တွဲကားတွေနဲ့ တင်နေတာ တရက်ကို စပါးတင်း ၃ သောင်း ၊ ၄ သောင်းလောက် ရှိတယ် လို့ ဆန်စက် လုပ်ငန်းတွေက တဆင့် သိရပါတယ်။ ဒါတောင် မြို့နယ် တခုရဲ့ စာရင်းပဲ ရှိသေးတယ်။ မြို့နယ် ပေါင်းစုံ ဆိုရင် ဘယ်လောက် ဆိုတာ မသိနိုင်ဘူး။ နောက်ပြီး ဧရာဝတီ၊ ရန်ကုန်တိုင်း ခရမ်းမြို့နယ်တို့ကလည်း စပါးတွေ လာဝယ်တာရှိတယ်” ဟု ၎င်းက ပြောသည်။
ယင်းသို့ တရားမဝင် ထွက်ရှိနေသည့် ကိစ္စကို သမ္မတရုံးကလည်း သိရှိပြီး စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း၊ အောက်ခြေတွင် အကောင်အထည် မဖော်နိုင်သေးသည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။
“မန္တလေး-ဗန်းမော် လမ်းကြောင်းကနေမှ လွယ်ကျယ် အဲဒီကနေ တရုတ်ဘက်ကို ထွက်တယ်။ ဒီပမာဏက အများကြီး ဖြစ်သွားတယ် ဆိုရင် တကယ် စာရင်းချုပ် လိုက်တဲ့ အခါ တွက်ကြည့်လို့ မရတဲ့ ကိန်းဂဏန်း ဖြစ်သွားမယ်။ ဒီကိန်းဂဏန်းက စိုးရိမ် ရပါတယ် ” ဟု ဦးနေလင်းဇင်က ရှင်းပြသည်။
နိုင်ငံတော် အနေနှင့် စပါးများ တင်ပို့ခြင်းကို တိကျသည့် မူဝါဒ ချမှတ်ပြီး ယခုနှစ်တွင် တန် ချိန် မည်သည့် ပမာဏ ကို ခွင့်ပြုပေးမည်ကို စာရင်းဇယား ထုတ်သင့်ကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ တရားမဝင် ကုန်သွယ်မှု လုပ်ငန်းကို တားဆီးရန် အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန လက်အောက်ရှိ အကောက်ခွန် ဦးစီးဌာန အနေနှင့် ပြည်နယ်နှင့် တိုင်းအလိုက် တရားမဝင် တားဆီး ထိန်းချုပ်ရေး စီမံချက် ရေးဆွဲ ဆောင် ရွက်မည် ဖြစ်ကြောင်း ဝန် ကြီးဌာန ပြည်ထောင် စု ဝန် ကြီး ဦးစိုးဝင်းက အောက်တိုဘာလ ၆ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံး၌် ပြုလုပ်သော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ပွဲတွင် ပြောကြားသည် ။
“နယ်စပ် ဝင်ပေါက် ထွက်ပေါက် က တရားဝင် တခုသာ ရှိတယ်။ တရားမဝင် နယ်စပ် ဝင်ပေါက် ထွက်ပေါက် တွေက အလွန် များပြားနေတယ်။ နယ်မြေ စိုးမိုးရေး အခြေအနေအရ ထိန်းချုပ် နိုင် ခြင်းမရှိ၊ ဝန်ထမ်းများစွမ်းဆောင်ရည် အားနည်း၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု ဆောင်ရွက်နေသည့် အဖွဲ့အစည်းတွေကလည်း လေးစားလိုက် နာမှု အားနည်းတာတို့ကြောင့် တရားမဝင် ကုန် သွယ် မှု ပပျောက်ရေးကို ဌာန တခုတည်းနဲ့ ဆောင် ရွက် လို့ မရဘူး” ဟု ဝန်ကြီးက ပြော သည်။
တရားမဝင် ကုန်သွယ်မှုကို ကြည့်မည် ဆိုပါက တင် သွင်းသူ၊ တင်ပို့သူများသည် အခွန် ရှောင် တိမ်းလိုခြင်း၊ တင်ပို့ခြင်းဆိုင်ရာ ခွင့်ပြုချက် များနှင့် ပတ်သက်ပြီး ကန့်သတ် ချက် များ ရှိနေခြင်း၊ နိုင်ငံတကာ ကုန်သွယ်မှု လုပ်ထုံး လုပ်နည်းများကို လိုက်နာရန် အားနည်းခြင်းနှင့် အကျိုးစီးပွား တခုတည်း ကြည့်ကာ ဆောင် ရွက်လိုခြင်း တို့ကြောင့် တရားမဝင် နယ် စပ် ဝင် ပေါက် ထွက် ပေါက် များ များပြားနေခြင်း ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားသည်။
အဆိုပါ နယ်စပ် ထွက်ပေါက်များမှ စပါးများကို တရားမဝင် မှောင်ခိုကုန်သွယ် နေမှုမှာ နိုင်ငံအတွက် အခွန်ငွေလည်း မရရှိသည့် အပြင် နိုင်ငံ၏ စားနပ် ရိက္ခာ ဖူလုံမှု၊ နှစ်စဉ် တင်ပို့နေသည့် ထုတ် လုပ် မှုနှင့် ကုန် သွယ် မှု ပမာဏ အားလုံးကို ထိခိုက် မှု ရှိသည် ဟု လုပ်ငန်းရှင်များက ဝေဖန်လျက်ရှိသည်။
မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်း ဒုက္ကဋ္ဌ ဦးတင့်အောင်ကလည်း “ပြည်ပ ထွက် လို့ရတယ် လိုင်စင် နဲ့ ခွင့်ပြုမယ် အခွန် နဲ့ စည် းကြပ်မယ် ဆိုရင် အခွန် လည်း ရမယ် ကိန်းဂဏန်းလည်း ရမယ် ။ ဒါမျိုးတွေ လုပ် ရပါမယ် ။ အခုက အစိုးရက တရားဝင် ခွင့်မပြုထားဘူး။ ထွက် လည်း ထွက်နေတယ် ဆိုရင် ဒါဟာ မညီမျှမှုပေါ့။ ဒါကိုထိန်းညှိဖို့ အတွက် အစိုးရကို ဒီနှစ် ဇွန်လ ၁၆ ရက်က တင်ပြထားတယ်” ဟု ပြောသည်။
ယင်းအခြေအနေကို အချိန်မီ မတားဆီးနိုင် ပါက ရေရှည်တွင် စိုးရိမ် စရာ ဖြစ် လာမည် ဟု ၎င်းက သုံးသပ်သည်။
၂၀၁၇ ခုနှစ် တွင် ဆန်တန်ချိန် ၁၄ သန်းထုတ် လုပ် နိုင် ခဲ့ပြီး ပြည်တွင်းစားသုံးမှုမှာ ဆန် ကုန် သည် အသင်းက တွက်ချက် ထားသည့် စာရင် းဇယား အရ လူတဦးချင်း စားသုံးမှုသည်
၁၅၅ ကီလိုဂရမ် ရှိကာ တနိုင် ငံလုံး လူဦးရေနှင့် တွက် ရှိပါက စားသုံးမှုသည် ၁ နှစ်လျှင် ဆန် တန် ချိန် ၈ သန် းခွဲ ရှိကြောင်း သိရသည် ။
ထို့ပြင် ပြည်တွင်းတွင် အရက်ချက် ၊တိရိစ္ဆာန် အစာ ၊စက်မှုကုန် ကြမ် း၊ မုန့်ထုတ်သည့် ကုန်ကြမ်းနေရာတွင် အသုံးပြုခြင်းမှာ ဆန်တန်ချိန် ၂ သန်းခန့် ရှိပြီး စုစုပေါင်း ပြည်တွင်း စားသုံးမှု ပမာဏသည် တန်ချိန် ၁၀ ဒသမ ၅ သန်းခန့် ရှိသည် ဟု ဆိုသ ည် ။
အသင်းအနေဖြင့် စပါးပေါ်ချိန် တွင် အခွင့်ကောင်းယူ၍ တရားမဝင် စပါး တင် ပို့နေသည့် ကိစ္စတွင် စက်ပိုင်များ အနေဖြင့်မိမိတို့ ကိုယ်ကျိုးစီးပွား တခုတည်း အတွက် ကိုယ်တိုင် သော်လည်းကောင်း၊ ပြည်ပ ဝယ်သူများနှင့် ပူးပေါင်း၍သော် လည်းကောင်း ဆောင်ရွက်ခြင်း မပြုကြရန် ညွှန် ကြားထားကြောင်း၊
အိမ်နီးချင်း နိုင်ငံများကို တရားမဝင် နယ်စပ် ဖြတ် ကျာ်ပြီး ရောင်းဝယ်နေမှုကို သိရှိပါက ရောင်းဝယ် နေသည့်ပုဂ္ဂိုလ် ၊ ဒေသ၊ နေ့စွဲ၊ အချိန် ၊ ပမာဏ၊ သယ် ယူပို့ဆောင် နေ သည့် လမ်းကြောင်းတို့ကို အထောက် အထား ခိုင်ခိုင် မာမာနှင့် အကြောင်းကြားပေးရန် ဆက်လက်၍ စာထုတ် သွားမည် ဟု သိရသည်။
ယခင် နှစ် ကလည်း တရုတ် ကုန်သည်များ အနေဖြင့်ဧရာဝတီတိုင်း ၊ မန္တလေးတိုင်းဒေသကြီးတို့တွင် စပါးများကို တိုက်ရိုက် ဆင်းဝယ် ယူနေခြင်း ဖြစ်ပြီး ယခုနှစ်တွင်လည်းပဲခူးတိုင်း ဒေသကြီး အနောက် ဘက် ခြမ်းနှင့် အရှေ့ဘက်ခြမ်း တို့တွင် မိုးကြို စပါးများကို တိုက် ရိုက် ဆင်း၍ ဝယ် ယူနေကြကြောင်း သိရသည် ။
စီမံဘဏ္ဏာ ဝန်ကြီး ဦးစိုးဝင်းက ယင်း အခြေအနေများကြောင့် တရားမဝင် ကုန်သွယ်မှု ထိန်းချုပ် ရေးကို စီမံ/ဘဏ္ဍာ ဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန် ဦးစီးဌာန အနေဖြင့်သက်ဆိုင်ရာ ပြည် နယ် နှင့် တိုင်း အလိုက် ယခင် ကထက် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ယင် းစီမံချက် ကို ရေးဆွဲ၍ အကောင် အထည် ဖော် ဆောင် ရွက်ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
တရားမဝင် ကုန်သွယ်မှုမှာ ပို့ကုန်သာမက ပြည်တွင်းသို့ ကုန်ပစ္စည်းများစွာလည်း တင်သွင်းလျက်ရှိနေပြီး ယင်းသို့ တရားမဝင်သွင်းကုန်များအတွက် အခွန်ငွေ မရရှိသည့် အပြင် စံချိန်စံညွှန်းပိုင်းတွင်လည်း အာမခံချက် တစုံတရာ မရှိကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ ရှောင်ကွင်းလမ်းမှ အရက်နှင့် ဘီယာ၊ စားသောက် ကုန် အမျိုးမျိုး၊ ဘိလပ်မြေ၊ စက်သုံးဆီ၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေး ပစ္စည်း၊ သကြား၊ အပင်နှင့် အပင်ထွက် ပစ္စည်းများ တင်သွင်းနေကြကာ ယင်းကုန်စည်များ၏ အရည်အသွေးပိုင်းကို မစစ်ဆေးနိုင်သည့် အတွက် သုံးစွဲသူများအတွက် ဘေး အန္တရာယ် ဖြစ်စေနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ကုန်သွယ်မှု လွယ် ကူ ချောမွေ့စေရေးနှင့် အခွန် ဘဏ္ဍာ ရရှိစေရေး အတွက် အကောက် ခွန် ဦးစီးဌာန အနေ ဖြင့် ပြင် ပမှ တင် သွင်း တင် ပို့သည့် ပစ္စည်းများ အပေါ် ကုန် ပစ္စည်း အမျိုးအစားများ ခွဲခြား၍ အခွန် အကောက် တန် ဖိုးသတ်မှတ်ခြင်းနှင့် အခွန် စည်းကြပ်ခြင်း စသည့် အဓိက လုပ်ငန်း ၃ ရပ် ကို ဆောင်ရွက် လျက် ရှိပြီး နောက်ပိုင်းတွင် အခွန်ထမ်းများ အနေနှင့် လိုက်နာ ဆောင်ရွက်မှု အားကောင်းလာပါက ဖြေလျော့မှုများ ထပ်မံ ပြုလုပ် သွားမည် စီမံ/ဘဏ္ဍာဌာနက သိရသည်။