• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရေမိုင်တိုးချဲ့ ငါးဖမ်းခွင့် ရရှိရန် ပင်လယ်ကူး ငါးဖမ်းလုပ်ငန်း အသင်း စီစဉ်နေ

by မျိုးပပစန်း
11 November 2018
in စီးပွားရေး
A A
ရခိုင် ကမ်းလွန်ပြင်သို့ ငါးဖမ်းထွက်ရန် သွားနေသည့် ကမ်းဝေး ငါးဖမ်းသင်္ဘောများ  / ဧရာဝတီ

ရခိုင် ကမ်းလွန်ပြင်သို့ ငါးဖမ်းထွက်ရန် သွားနေသည့် ကမ်းဝေး ငါးဖမ်းသင်္ဘောများ / ဧရာဝတီ

11.2k
VIEWS
Share on FacebookShare on Twitter

ပင်လယ်ကူး ငါးဖမ်း သင်္ဘောများအား ငါးဖမ်းခွင့် သတ်မှတ်ရေမိုင်ထက် ရေနက်ပိုင်းသို့ တိုး၍ ဖမ်းခွင့်ပြုရန် အစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး ငါးဖမ်းလုပ်ငန်းရှင်များ အသင်း ထံမှ သိရသည်။

၂၀၁၇ ခုနှစ် ဇွန်လက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး လက်အောက်ရှိ ငါးလုပ်ငန်း ဦးစီးဌာနသို့ တင်ပြ ထားပြီး တစုံတရာ အကြောင်းပြန်ခြင်း မရှိ၍ ယခုလကုန်တွင် ဒုတိယအကြိမ် ထပ်မံတင်ပြရန် လုပ်ဆောင်ခြင်း လည်း ဖြစ်သည်ဟု ဆိုသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
555
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.6k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.6k

မြန်မာနိုင်ငံ ပင်လယ်ကူး ငါးဖမ်းလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက“လှေအစီးရေ ၂၀၀နဲ့ လုပ်ကိုင်ခွင့် ပြုဖို့ တင်ပြထားတာ။ အခုချိန်ထိ ဘာမှ အကြောင်းမပြန်သေးဘူး။ အခု နိုဝင်ဘာလ ၈ ရက်နေ့က စာထပ်တင်ဖို့ ခေါ် ပြော တယ်။ ဒါကြောင့် အခုလကုန်ပိုင်းမှာ ပြင်ဆင် ဆောင်ရွက်ပြီးတော့ စာထပ်တင်မှာ ဖြစ်တယ်။ ဒါကို လုပ်ကိုင်ခွင့် ပေးဖို့အတွက် ပြည်ပကနေ သင်္ဘောတွေ တင်သွင်းခွင့်ပေးရင်တော့ လုပ်ငန်းစမှာ မြန်တယ်။ မပေးဘဲ ပြည်တွင်းမှာပဲ ဆောက်ရမယ် ဆိုရင်တော့ ကြာနိုင်တယ်”ဟု ပြောသည်။

အစိုးရက ကမ်းဝေးငါးဖမ်းလုပ်ငန်းများအတွက် ကမ်းခြေနှင့် ၁၀ မိုင်အကွာမှ မိုင် ၅၀ အထိသာ ငါးဖမ်းခွင့် နယ်မြေ အဖြစ် သတ်မှတ်ထားသည့် အတွက် ရေမိုင် ၁၀၀ အထိ တိုးချဲ့ ဖမ်းခွင့်ပြုရန် စာတင်ပြ တောင်းဆိုသွားမည်ဟု သိရ သည်။

လက်ရှိတွင် မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းအသင်း လက်အောက်တွင် ငါးဖမ်း သင်္ဘောပေါင်း ၃,၀၀၀ ကျော်ရှိ သည့် အနက် ရန်ကုန်တိုင်းအတွင်းရှိ ငါးဖမ်းသင်္ဘော အစီး ၁၀၀ နှင့် တနင်္သာရီတိုင်းရှိ ငါးဖမ်းသင်္ဘော အစီး ၁၀၀ တို့ အတွက် ရေမိုင်တိုးချဲ့ ဖမ်းခွင့်ပြုရန် ဝန်ကြီးဌာနထံ တင်ပြသွားမည်ဟု မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များ အသင်း ထံမှ စုံစမ်းသိရှိရသည်။

ဦးမောင်မောင်စိုးက“ဘာလို့လဲဆိုတော့ ကမ်းနီးမှာရှိတဲ့ ငါးက အမျိုးအစား တမျိုး၊ ဟိုရေနက်ထဲမှာ ရှိတဲ့ ငါးက တမျိုး၊ ငါး အမျိုးအစားချင်းက မတူဘူး။ ရေတိမ်မှာဖမ်းတဲ့ ငါးတွေကတော့ ငါးဖယ်ဝါလိုမျိုး ငါးတွေပေါ့နော်။ ငါးတံခွန်ပေါ့။ ဒါတွေ ကတော့ တရုတ်ပြည်ကို အများဆုံး တင်ပို့ရတာပေါ့။ ရေနက်ပိုင်းမှာသာ ဖမ်းလို့ရမယ်ဆိုရင် ပိုပြီးတော့ ကြီး ထွား တဲ့ ငါးတွေ ရလာမယ်။ Export (ပြည်ပပို့ကုန်) တန်းဝင်တဲ့ ငါးတွေ ဖြစ်တဲ့အတွက် တရုတ်အပြင် EU (ဥရောပသမဂ္ဂ) ဈေးကွက်ကိုပါ တင်ပို့နိုင်မယ့် အခြေအနေ ဖြစ်လာမယ်”ဟု ပြောသည်။

ယင်းသို့ တင်ပို့ရာတွင် ကုန်ချောအဖြစ် မထုတ်လုပ်နိုင်သည့်အတွက် ငါးအကောင်အတိုင်းသာ တင်ပို့နေရပြီး Export တန်းဝင်ငါး ဖမ်းဆီးနိုင်ပါက စက်ရုံများ၊ အအေးခန်းစက်ရုံများပါ ရှိလာနိုင်သည့်အတွက် ပြည်တွင်းအလုပ်အကိုင် အခွင့် အလမ်းများ ပေါ်လာနိုင်မည် ဟုလည်း သုံးသပ်မှုများ ရှိသည်။

လက်ရှိ ပြည်ပပို့ကုန် ငါးဈေးကွက်မှာ တရုတ်နိုင်ငံသို့ ၇၀ ရာခိုင်နှုန်းဖြင့် အများဆုံး တင်ပို့နေရပြီး ကျန် ၃၀ ရာခိုင်နှုန်း EU, စင်ကာပူနှင့် ထိုင်းနိုင်ငံသို့ တင်ပို့နေရကာ ပုဇွန်ကိုမူ ဂျပန်၊ တရုတ်နှင့် EU နိုင်ငံများသို့ တင်ပို့လျက် ရှိသည်ဟု မြန်မာ နိုင်ငံ ပင်လယ်ကူး ငါးဖမ်းလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး (ဖွံ့ဖြိုးရေးနှင့် သုသေတန ဌာန တာဝန်ခံ) ဦးထွန်းဝင်းမြင့်က“ဆရာတို့ဆီမှာတော့ လောလောဆယ် ရေနက်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခွင့်နဲ့ ပတ် သက်ပြီး တင်ထားတာ မရှိသေးဘူး။ လုပ်မလို့ပဲ ရှိသေးတာ။ ဆရာတို့ဆီ မရောက်သေးဘူး။ ရေနက် ငါးဖမ်းလုပ်ငန်း ကို ခွင့်ပြုပေးတာ မရှိသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ရေနက်ပိုင်း အတွင်း ငါးဖမ်းခွင့်ကို ဝန်ကြီးဌာနက ခွင့်ပြုပေးပါကလည်း တိုးချဲ့ဖမ်းဆီးမှု လုပ်နိုင်ရန်အတွက် သင်္ဘော တည်ဆောက်ခွင့်၊ လိုအပ်သည့် စက်ပစ္စည်းကိရိယာများကို တရုတ်၊ ကိုရီးယားနိုင်ငံ စသည်တို့မှ ဝယ်ယူတင်သွင်းရန် ထပ်ဆင့် လိုအပ်နေသေးကြောင်း ငါးဖမ်းလုပ်ငန်းရှင်များဘက်မှ သိရသည်။

ပြည်တွင်းငါးဖမ်းလုပ်ငန်းရှင် ဦးမြင့်လွင်က“ပြည်ပကနေ လှေကြီးတွေ တင်သွင်းခွင့်ရဖို့က အခုက ပြည်တွင်းမှာ သစ် သား လှေတွေပဲ ရှိတယ်။ သစ်သားကလည်း ရှားလာပြီ။ သံထည်တွေ ဘာတွေတော့ ဝယ်ရတာ လွယ်တယ်။ သင်္ဘော အကြီးကို ပြည်ပကနေ တင်သွင်းခွင့်ပေးမယ် ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေတယ်”ဟု ဆိုသည်။

ကမ်းဝေး ငါးဖမ်းသင်္ဘောတစီး၏ တလ ကုန်ကျစရိတ်မှာ ယခင်က အလုပ်သမားခ၊ စက်သုံးဆီ အပါအဝင် စုစုပေါင်း ကျပ်သိန်း ၃၀၀ ခန့်ရှိပြီး လက်ရှိတွင် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ကျပ်သိန်း ၄၀၀ မှ ၄၅၀ အထိ ကုန်ကျစရိတ် ရှိနေကြောင်း ငါးဖမ်း လုပ်ငန်းရှင်များထံမှ သိရသည်။

Your Thoughts …
Tags: ကမ်းဝေး ငါးဖမ်းလုပ်ငန်း
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဘန်ကောက်မြို့၌ သိမ်းဆည်းရမိသည့် မက်သာဖက်တမင်းများကို ပြသထားစဉ်  / Bangkok Post

ရွှေတြိဂံဒေသ၌ မူးယစ်ဆေးထုတ်လုပ်မှု ပိုမို ကျယ်ပြန့်လာ

၁၂ လရာသီအလိုက် ခရီးသွားသင့်တဲ့ နိုင်ငံများ

၁၂ လရာသီအလိုက် ကမ္ဘာလှည့် ခရီးသွားသင့်တဲ့ နိုင်ငံများ (အပိုင်း ၁)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate