• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရန်ကုန် ကုန်းတွင်းဆိပ်ကမ်း သယ်ယူစရိတ် လျှော့ချနိုင်ဟု ဆို

by မျိုးပပစန်း
12 November 2018
in စီးပွားရေး
A A
ရန်ကုန်မြို့ ရွာသာကြီးတွင် နိုဝင်ဘာလ ၁၁ ရက်က ဖွင့်လှစ်ခဲ့သည့် ကုန်းတွင်းဆိပ်ကမ်း (Dry Port) / အောင်ကျော်ထက် / ဧရာဝတီ

ရန်ကုန်မြို့ ရွာသာကြီးတွင် နိုဝင်ဘာလ ၁၁ ရက်က ဖွင့်လှစ်ခဲ့သည့် ကုန်းတွင်းဆိပ်ကမ်း (Dry Port) / အောင်ကျော်ထက် / ဧရာဝတီ

5.8k
VIEWS
Share on FacebookShare on Twitter

ဒေသတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကုန်ကျစရိတ် သက်သာစွာဖြင့် လုပ်ဆာင်နိုင်ရန်အတွက် ရန်ကုန် ကုန်းတွင်းဆိပ်ကမ်း (Yangon Dry Port) ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ဆိပ်ကမ်းလုပ်ပိုင်ခွင့်ရ KM Terminal Logistic ကုမ္ပဏီ ဒါရိုက်အဖွဲ့ဝင် ဦးညီထွဋ်က ပြောသည်။

ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်း (Doing Business) အညွှန်းကိန်း တိုင်းတာရာတွင် ထောက်ပံ့ပို့ဆောင်မှု ကဏ္ဍတွင် ကုန်ကျစရိတ် သက်သာခြင်း ဖြစ်စေရန်အတွက် အစိုးရက ရည်ရွယ်ဖွင့်လှစ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
585
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
67
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1.5k

KM Terminal Logistic ကုမ္ပဏီ ဒါရိုက်အဖွဲ့ဝင် ဦးညီထွဋ် “ကျနော်တို့နိုင်ငံက ကမ္ဘာ့ဘဏ်ရဲ့ စာရင်းအရ ဒေသတွင်းနိုင်ငံတွေထက် အနည်းဆုံး ဖြစ်ပါတယ်။ ကျနော်တို့က ဘင်္ဂလားဒေရှ့်၊ လာအိုနိုင်ငံတွေရဲ့ နောက်မှာလည်း ရှိနေတယ်။ ဒါကြောင့် ဒီကုန်းတွင်းဆိပ်ကမ်းတွေ ဖော်ဆောင်ခြင်းက ထောက်ပံ့ပို့ဆောင်မှု အညွှန်းကိန်း တက်ပြီးတော့ ကုန်ဈေးနှုန်းတွေကို ကျဆင်းဖို့ အစိုးရက ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ်။ ဒါကို ကျနော်တို့က ရင်းနှီးမြှုပ်နှံ လုပ်ဆောင်တာပါ” ဟု ပြောသည်။

အဆိုပါ ကုန်းတွင်းဆိပ်ကမ်းကို ရန်ကုန်တိုင်း၊ ရွာသာကြီးတွင် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် အကုန်အကျခံ တည်ဆောက်ကာ ဆောက်လုပ်/လည်ပတ်/လွှဲပြောင်း (BOT) စနစ်ဖြင့် KM Terminal Logistic ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်က စတင်ဖွင့်လှစ်ခြင်း ဖြစ်သည်။

ကုန်ထုတ်လုပ်သည့် စက်ရုံ၊ လုပ်ငန်းများအနေဖြင့် ထုတ်ကုန်ပစ္စည်းများအတွက် ဒေသတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ကိုယ်တိုင် မလုပ်ဆောင်လိုပါက ကြားခံအနေဖြင့် ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်ထားသည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ ယင်းဝန်ဆောင်မှုကို ရယူနိုင်မည် ဖြစ်သည်။

“ဥပမာ လွယ်ဟိန်းကုမ္ပဏီဆိုပါဆို့ အချိုရည်တွေ ထုတ်တယ်။ သူတို့ စက်ရုံက ထောက်ပံ့သယ်ယူတာတွေ မလုပ်ချင်ဘူး။ အဲဒီအတွက် ကျနော်တို့ကို စာချုပ် ချုပ်ပြီး လွဲလိုက်တယ်။ ဒါကို ကျနော်တို့က ကားတွေနဲ့ စက်ရုံမှာ သွားယူတယ်။ မန္တလေးမှာရှိတဲ့ ဂိုဒေါင်တွေကို ပို့ပေးတယ်။ ဒီအတွက် ကျနော်တို့က အကျိုးအမြတ်တချို့ကို ခွဲဝေခံစားရတယ်။ ကျနော်တို့ အဲဒီလို ခေါက်တိုကားနဲ့ သယ်တာလည်းရှိတယ်။ မန္တလေးနဲ့ ရန်ကုန်ကျတော့ ကျနော်တို့က ရထားနဲ့ သယ်တယ်။ ရထားနဲ့ သယ်ခြင်းက ကားနဲ့ သယ်တာထက် ဈေးနှုန်းသက်သာတယ်။ ဒါကြောင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်တယ်” ဟု ဦးညီထွဋ်က ရှင်းပြသည်။

ရွာသာကြီးရှိ ကုန်းတွင်းဆိပ်ကမ်းကို မန္တလေးမြို့ရှိ မြစ်ငယ် ကုန်းတွင်းဆိပ်ကမ်းနှင့် ချိတ်ဆက်မည်ဖြစ်ကာ ယင်းဆိပ်ကမ်း နှစ်ခုအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ရင်းနှီးမြှုုပ်နှံထားသည်ဟု သိရသည်။

ဆိပ်ကမ်း လုပ်ပိုင်ခွင့် သက်တမ်းမှာ နှစ် ၅၀ သတ်မှတ်ထားပြီး ၁၀ နှစ် နှစ်ကြိမ် ထပ်မံ သက်တမ်းတိုး လုပ်ပိုင်ခွင့်ရှိပြီး ယင်းသက်တမ်း ပြည့်ပါက အစိုးရထံ လွှဲပြောင်းပေးရမည် ဖြစ်သည်။

ဦးညီထွဋ်က“ရင်းနှီးမြှုပ်နှံမှုက ကျနော်တို့က ၁၀၀ ရာခိုင်နှုန်းအပြည့် ရင်းနှီးမြှုပ်နှံရပါတယ်။ ဒါပေမယ့် အစိုးရကို ကနဦး ပေးသွင်းငွေ ၂ ဒသမ ၁၇ သန်းကို လက်မှတ်ထိုးတာနဲ့ ပေးရပါတယ်။ နောက်ပြီးတော့ ၁ ဧကကို အမေရိကန်ဒေါ်လာ ၅၅၀၀ နဲ့ နှစ်စဉ် မြေဌားရမ်းခ ပေးရပါတယ်” ဟု ပြောသည်။

ကုန်ပစ္စည်းများကို ရွာသာကြီး ကုန်တွင်းဆိပ်ကမ်းနှင့် မန္တလေးမြို့ မြစ်ငယ်ရှိ ကုန်းတွင်းဆိပ်ကမ်းတို့ ချိတ်ဆက်ကာ အပတ်စဉ် စနေနှင့် တနင်္ဂနွေတို့တွင် တရက်လျှင် ရထား တစင်းနှုန်း ပြေးဆွဲမည်ဖြစ်ကာ ရထား တတွဲလျှင် ကုန်တန်ချိန် ၃၃ တန်နှုန်းဖြင့် ရထားတွဲ ၁၅ တွဲမှ ၂၇ တွဲအထိ ပါဝင်မည်ဟု သိရသည်။

သယ်ယူပို့ဆောင်မှု စရိတ်အဖြစ် မြန်မာ့မီးရထားက ကုန်တတန်လျှင် ခရီးမိုင် ၁ မိုင်အတွက် အတက် (အဆန်) ၃၀ ကျပ်နှင့် အဆင်း (အစုန်) ၂၀ ကျပ် ကောက်ခံမည်ဖြစ်ကာ KM Terminal Logistic ကုမ္ပဏီအနေဖြင့် စက်ရုံမှ ကုန်ပစ္စည်း သယ်ယူခ၊ ဂိုထောင်ငှားရမ်းခ၊ ကွန်တိန်နာ အတင်အကျ ကျသင့်ခများကို ရရှိမည် ဖြစ်သည်။

သယ်ယူပို့ဆောင်နိုင်မှု စွမ်းရည် နောက်ကျခြင်းမှာ စီးပွားရေး တိုးတက်မှုအတွက် အဟန့်အတား တခုဖြစ်ပြီး တိုင်းနှင့် ပြည်နယ်ဒေသများ ဖွံ့ဖြိုးရန်အတွက် ယင်းကဏ္ဍ ကောင်းမွန်ရန် လိုအပ်သည်ဟုလည်း အစိုးရဘက်က ပြောဆိုထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က “ဘာပဲပြောပြော ကျနော်တို့ရဲ့ ဒီကုန်းတွင်းဆိပ်ကမ်းက ပြီးဆုံးသွားခဲ့တာ မဟုတ်ဘူး။ အောင်မြင်သွားခဲ့တာ မဟုတ်ဘူး။ တကယ့်အောင်မြင်ခြင်းက အများကြီးလုပ်စရာ ကျန်သေးတယ်။ အခုက ကျနော်တို့က ရန်ကုန်- မန္တလေးလမ်းပိုင်းကို Update (အဆင့်မြှင့်) လုပ်ဖို့ လိုတယ်။ အဓိကကျတာတော့ ဒီနေ့ ကျနော်တို့ သယ်ရမှာ ကွန်တိန်နာတွေပဲ ဖြစ်တယ် ကမ္ဘာကြီးတခုလုံးကလည်း ကွန်တိန်နာနဲ့ လုပ်နေတာ ကြာပြီ။ ကျနော်တို့က နှစ်ပေါင်း ၂၀၊ ၃၀ နောက်ကျနေတာ။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့ဘူး” ဟု ပြောသည်။

ကုမ္ပဏီဘက်မှ ကုန်းတွင်းဆိပ်ကမ်း အရင်းကျေ ကာလကို ၆ နှစ် သတ်မှတ်ထားပြီး လက်ရှိတွင် ဆိပ်ကမ်း ဧရိယာ ၄၀ ခန့်အနက် ၂၆ ဧကကိုသာ အသုံးပြုသေးပြီး ကျန် ၁၄ ဧကကို အရင်းကျေကာလပြီးမှ ဆက်လက် ဆောင်ရွက်မည် ဖြစ်သည်ဟု သိရသည်။

စီမံကိန်း အပြည့် အကောင်အထည် ဖော်ပြီးပါက ကုန်းတွင်းဆိပ်တခုလျှင် ကွန်တိန်နာ အလုံးရေ ၂ သိန်းခန့် သိုလှောင်ထားနိုင်မည်ဖြစ်ကာ ၂၀၁၉ ခုနှစ်မှစကာ တရက်လျှင် ရထား ၁ စီးနှုန်းမှ ၂ စင်းအထိ တိုးမြှင့် ပြေးဆွဲနိုင်ရန်လည်း ကုမ္ပဏီဘက်က စီစဉ်ထားသည်။

Your Thoughts …
Tags: ကုန်းတွင်း ဆိပ်ကမ်းရွာသာကြီး
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ  / CJ

ဝက်လက်မြို့နယ် ရွာသာကြီးရွာ စီးနင်းခံရမှု ရွာသား ၅ ဦးသေဆုံး

by ဧရာဝတီ
26 September 2022
6.9k

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ရက် နံနက်က တပ်မ ၃၃ လက်အောက်ခံ ရွှေဘိုမြို့အခြေစိုက် အမှတ် ၄၂ ခြေလျင်တပ်ရင်း မှ အင်အား ၅၀ခန့်ပါ တပ်ဖွဲ့က ထရပ်ကား နှစ်စီးဖြင့် ရောက်လာပြီး ရွာသာကြီး လမ်းဆုံမှနေ၍...

မေလ အတွင်းက တွေ့ရသော တည်ဆောက်ဆဲ ရွာသာကြီး Dry Port / Global New Light of Myanmar

ရွာသာကြီး ကုန်းတွင်း ဆိပ်ကမ်း ယခု နှစ်ကုန်တွင် ဖွင့်လှစ်မည်

by မျိုးပပစန်း
5 June 2018
3.5k

Dry Port တည်ဆောက်မှု ပြီးစီးလျှင် ဆိပ်ကမ်းများ၌ ကျပ်နေသော ကုန်စည်များကို တဖက်တလမ်းမှ ကုန်စည်စီးဆင်း မှု ချောမွေ့စေရန် လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

Next Post
နာမည်ကျော် တောင်ကိုရီးယားအဆိုတော်အဖွဲ့ EXO

၂၀၀၀ ပြည့် နှောင်းပိုင်း Album ချပ်ရေ ၁၀ သန်းကျော် ရောင်းရတဲ့ ပထမဆုံး Kpop အဖွဲ့

"The Grinch" ခရစ်စမတ်ကာတွန်း

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ "The Grinch" ကာတွန်းရုပ်ရှင်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate