စီးပွားရေး

ရန်ကုန် မိုးပျံလမ်း ဆောက်လုပ်ရေး ဆန်ကာတင် စာရင်း ယခုလကုန် ကြေညာမည်

Want create site? Find Free WordPress Themes and plugins.

မြို့တော်ယာဉ်ကြောပိတ်ဆို့မှု အခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း တည်ဆောက်ခွင့် ရသည့် ကုမ္ပဏီများ ဆန်ကာတင်စာရင်းကို ယခုလကုန်ပိုင်းတွင် ကြေညာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့က အသိပေး ကြေညာလိုက်သည်။

ပြည်တွင်းပြည်ပကုမ္ပဏီ ၁၂ ခုတို့က ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းမှ ယခုသီတင်းပတ် အင်္ဂါနေ့အထိ အဆိုပါ စီမံကိန်းပထမအဆင့်အတွက် ဆန်ခါတင် အရည်အသွေးပြည့်မီမှု လျှောက်လွှာများ တင်ခဲ့ကြသည်။ ယင်း ကုမ္ပဏီများထဲတွင် မြန်မာ-တရုတ် အကျိုးတူလုပ်ငန်း ၂ ခု၊ ထိုင်း-ဂျပန်-မြန်မာ အကျိုးတူလုပ်ငန်း ၁ ခု၊ ထိုင်း-တရုတ် အကျိုးတူလုပ်ငန်း ၁ ခု၊ တရုတ်နိုင်ငံမှ ကုမ္ပဏီ ၄ ခု၊ ပြင်သစ်၊ ကိုရီးယား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ ကုမ္ပဏီ ၁ ခုစီ ပါဝင်သည်။

စီမံကိန်းအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီပေါင်း ၅၃ ခုတို့က အကျိုးတူ လုပ်ငန်းများအဖြစ် ပူးပေါင်း၍ လျှောက်လွှာများ အတူတကွ တင်ခဲ့ကြကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။

အရည်အသွေး ပြည့်မီသော လျှောက်လွှာရှင်များ စာရင်းကို ယခုလကုန်ပိုင်းတွင် ဝန်ကြီးဌာနက ထုတ်ပြန်မည်ဟု ၎င်းက ပြောသည်။

စီစဉ်ထားသည့် ပတ်လမ်း ၄ လမ်းမှာ ရန်ကုန်မြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းတို့ကို ချိတ်ဆက်ထားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို အများပိုင်နှင့်ပုဂ္ဂလိကပိုင် မိတ်ဖက်လုပ်ငန်းအနေဖြင့် အကောင်အထည် ဖော်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့ တနံတလျား လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်ထွန်းလာစေရန် ရည်သန်ထားသည်။

စီမံကိန်းအပိုင်း ၁ မှာ ဒေါပုံတံတား၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို ချိတ်ဆက်ရန်ဖြစ်ကြောင်း ဦးကြည်ဇော်မြင့်က ပြောသည်။

အမြန်လမ်း တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများပါဝင်သည့် ဦးဆောင် ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။

ကမ္ဘာ့ဘဏ် အုပ်စု၏ ပုဂ္ဂလိက ငွေချေးလုပ်ငန်းခွဲဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းကို အဆိုပါ စီမံကိန်း၏ သီးသန့် ဦးဆောင်အကြံပေးအဖြစ် ခန့်အပ်ပြီး ဖြစ်သည်။

လေလံအောင်မြင်မှုကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ကြေညာပေးမည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများ အတွက် ကြာမြင့်ချိန်မှာ ၂ နှစ်ခွဲဖြစ်ကြောင်း ဦးကြည်ဇော်မြင့်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading