စီးပွားရေး

ကမ္ဘာပေါ်တွင် ဟွာဝေးသည် မရှိမဖြစ်ဟု တည်ထောင်သူပြော

Want create site? Find Free WordPress Themes and plugins.

အမေရိကန်က တရုတ်ဆက်သွယ်ရေးလုပ်ငန်းကြီး ဟွာဝေး ကို နာမည်ပျက် စာရင်းသွင်းရန် အား ထုတ်မှုနှင့် ပတ်သက်၍ ယင်းလုပ်ငန်းကို တည်ထောင်သူ ရန်ကျင်းဖေက တန်ပြန် တိုက်ခိုက်လိုက်ပြီး၊ ကမ္ဘာကြီးအနေဖြင့် ဟွာဝေးနှင့် ၎င်း၏ ပိုမို အဆင့်မြင့်သော နည်းပညာမရှိလျှင် ကမ္ဘာကြီး ဆက်လက် မရှင်သန်နိုင်ကြောင်း အာခံပြောကြားလိုက်သည်။

ပုံမှန်အားဖြင့် မီဒီယာများကို ရှောင်လေ့ရှိသော ဟွာဝေးတည်ထောင်သူ ရန်ကျင်းဖေသည် မကြာသေး မီ လများအတွင်း အများပြည်သူ မြင်ကွင်းသို့ ထွက်လာခဲ့ပြီး “အမေရိကန် အနေဖြင့် ကျနော်တို့ကို ခြေမှုန်းဖို့ နည်းလမ်းမရှိဘူး”ဟု BBC သတင်းနှင့် တွေ့ဆုံခန်းတွင် ပြောသည်။

“ကျနော်တို့က ပိုမို တိုးတက်တော့ ကမ္ဘာကြီးက ကျနော်တို့ကို ချန်ထားခဲ့လို့ မရဘူး” ဟု သူပြော သည်။

အသက် ၇၄ နှစ်ရှိပြီဖြစ်သော ရန်ကျင်းဖေသည် သူ၏ သမီး ဟွာဝေး ဘာဏ္ဍာရေးအရာရှိချုပ် မုန်ဝန် ကျိုဝူ ကို လွန်ခဲ့သော ဒီဇင်ဘာလက နိုင်ငံရေး ပရောဂ မကင်းသည့် ဖမ်းဆီးမှု ပြုလုပ်ခဲ့ခြင်းကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

“ကျနော်တို့ ကန့်ကွက်တယ်၊ ဒါပေမယ့် အခုတော့ ကျနော်တို့ ဒီလမ်းကြောင်းကို လိုက်ပြီး တရားရုံးက ဆုံးဖြတ်စေမယ်” ဟုသူပြောကသည်။

ဟွာဝေး ကုမ္ပဏီသည် နည်းပညာသူလျှို လုပ်မှုနှင့် လုံခြုံရေးအရ ပူပန်မှုများကြောင့် ဖိအား ပေးခံရမှု ကြီးမားလာခြင်းနှင့် ၎င်း၏ နည်းပညာကို ပိတ်ပင်ရန် အမေရိကန် ဦးဆောင်သော လှုပ်ရှားမှုများ ကြောင့် ပုံမှန်အားဖြင့် မီဒီယာကို ရှောင်ရှား တတ်သော ဟွာဝေးကို တည်ထောင်သူသည် လွန်ခဲ့သော လများက စ၍ အများပြည်သူရှေ့သို့ ထွက်လာခဲ့ရသည်။

သြစတြေးလျနိုင်ငံသည် လုံခြုံရေး ပူပန်မှုများကြောင့် အနာဂါတ် 5G ကွန်ရက်များတွင် ဟွာဝေး စက်ပစ္စည်းကိရိယာများ မသုံးရန် လွန်ခဲ့သော နှစ်က ဆုံးဖြတ်ခဲ့သည်။

နယူးဇီလန် သည်လည်း ဟွာဝေး၏ နောက်မျိုးဆက် စက်ပစ္စည်းများ မသုံးရန် နိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေး လုပ်ငန်းကို ပိတ်ပင်ခဲ့ပြီး ချက်သမ္မတနိုင်ငံ သည်လည်း အခွန်ကောက်ခံရေး စနစ် တည်ဆောက်မည့်ဒေါ်လာ ၂၂ သန်း တန်စီမံကိန်း အတွက် တင်ဒါခေါ်ရာတွင် ဟွာဝေးကို ဖယ်ထုတ် ထားခဲ့သည်ဟု သတင်းများကဆိုသည်။

အမေရိကန် အစိုးရရှေ့နေများက ဟွာဝေးသည် ပြိုင်ဖက်များထံမှ နည်းပညာ ခိုးယူရန် ဝန်ထမ်းများကို ဆုကြေးများပေး သည် ဟုဆိုကာ ကုန်သွယ်ရေးလှို့ဝှက်ချက် ခိုးယူခြင်းဖြင့် စွဲဆိုထားသည်။

သို့သော် ဟွာဝေး တည်ထောင်သူ ရန်ကျင်းဖေက ကြီးထွား လာနေသည့် ဖိအားများကို ပယ်ချလိုက် သည်။

“အနောက်တိုင်းမှာ အလင်းရောင်တွေထွက်လည်း အရှေ့တိုင်းက ဆက်လက်တောက်ပနေဦးမှာပါ။ အမေရိကန်က တကမ္ဘာလုံးကို ကိုယ်စားမပြုပါဘူး” ဟုလည်း သူပြောသည်။

“ကျနော်တို့ကို ယာယီ မသုံးဖို့ သူတို့ နောက်ထပ် နိုင်ငံတွေကို စည်းရုံးနိုင်ရင် ကျနော်တို့ အရွယ်အစား လျှော့ချရပြီး သေးငယ်သွားမယ်” ဟု သူပြောသည်။

ဟွာဝေး နည်းပညာကို ရှောင်ရှားရေးအတွက် မဟာမိတ်နိုင်ငံများကို စည်းရုံးသည့် အမေရိကန်နိုင်ငံ၏ အားထုတ်မှု မှာ ကျဆုံးသွားနိုင်သော လက္ခဏာများလည်း ကြီးထွားလာနေသည်။

ဟွာဝေး၏ 5G စက်ပစ္စည်းကိရိယာများ၏ လုံခြုံရေးအန္တရာယ်ကို စီမံခန့်ခွဲနိုင်သည်ဟု ဗြိတိန်ထောက် လှမ်းရေးက ကောက်ချက်ချခဲ့ကြောင်း Financial Times သတင်းစာက ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ဖေါ်ပြခဲ့သည်။

သို့သော် “ဗြိတိန်နိုင်ငံက အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုကို လျှော့ချနိုင်မယ်လို့ယုံကြည်ရင် သူတို့ ဟာ ဆက်သွယ် ရေးဝန်ဆောင်မှုပေးသူတွေအနေနဲ့ တရုတ်ပစ္စည်းတွေသုံးဖို့ စဉ်းစဉ်းစားစား ချင့်ချင့် ချိန်ချိန် လုပ်ဆောင်ကြောင်း သူ တို့ပြည်သူလူထုနဲ့ အမေရိကန်အစိုးရကို အာမခံနိုင်တယ်” ဟု အမည် မဖေါ်သောသတင်းရင်းမြစ်က အထက်ပါ သတင်းစာသို့ပြောသည်။

နယူဇီလန်သည်လည်း ဟွာဝေးပစ္စည်းများကို လုံးဝပစ်ပယ်ခြင်းထက် လုံခြုံရေးအန္တရာယ်လျှော့ချရန် ကြိုးစားခြင်းကို ဆွေးနွေးနေသည်။

နယူးဇီလန် လုံခြုံရေးဌာနသည် ဟွာဝေးနှင့် ပတ်သက်သည့် လုံခြုံရေး ဆိုင်ရာ ပူပန်မှုများကို ပြည်တွင်းဆက်သွယ် ရေးလုပ်ငန်း Spark နှင့် ဆွေးနွေးနေကြောင်း ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်း က ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ပြောသည်။

Spark သည် ဟွာဝေး မှထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများ မသုံးရန် လွန်ခဲ့သော နှစ်က ပိတ်ပင်ခံခဲ့ရသည်။

နိုင်ငံတွင် 5G စနစ်ဖြန့်ကျက်ရာတွင် အလားအလာရှိသော ပါဝင်ဆောင်ရွက်မှုအလားအလာအတွက် ဟွာဝေးကို မည်သည့်အခါကမျှ ဖယ်ထုတ်ထားခြင်းမရှိကြောင်းလည်း ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်း က ဆက်ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading