• English
Thursday, November 30, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

    စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

    စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

    စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

    စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

    ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

    ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

    လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

    လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

    တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

    တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

    နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

    နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

    ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

    ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

        ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

        စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

        စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

        စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

        စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

        ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

        ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

        လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

        လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

        တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

        တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

        နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

        နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

        ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

        ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

        ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

        ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home စီးပွားရေး

          ရခိုင်တွင် ရင်းနှီးမြှုပ်နှံမှုအားပေးရန် တောင်ကိုရီးသံအမတ် စိတ်အားထက်သန်

          by နန်းလွင်
          21 February 2019
          in စီးပွားရေး
          Reading Time: 1 min read
          A A
          မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး လီစန်းဟွာ / အောင်ကျော်ထက် / ဧရာဝတီ

          မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး လီစန်းဟွာ / အောင်ကျော်ထက် / ဧရာဝတီ

          8.1k
          VIEWS
          Share on FacebookShare on Twitter

          ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ အကျပ်အတည်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လက်ရှောင်နေချိန်တွင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး လီစန်းဟွာက ပြောကြားလိုက်သည်။

          သူ၏ရည်မှန်းချက်သည် တောင်ကိုရီးယားသမ္မတ၏ စီးပွားရေးနယ်ပယ်တွင် အပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်မည့် “တောင်ပိုင်းမူဝါဒသစ်”နှင့် ကိုက်ညီကြောင်းလည်း သူက ပြောသည်။

          RelatedPosts

          နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

          နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

          29 November 2023
          926
          စစ်ပွဲများကြောင့် ပြတ်တောက်လာသည့် နယ်စပ်ကုန်သွယ်ရေး

          စစ်ပွဲများကြောင့် ပြတ်တောက်လာသည့် နယ်စပ်ကုန်သွယ်ရေး

          28 November 2023
          1.9k
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          27 November 2023
          3.1k

          ဆင်းရဲနွမ်းပါးသော ရခိုင်ပြည်နယ်၏ မြို့တမြို့ဖြစ်သည့် ငပလီတွင် ကျင်းပမည့် ပထမဆုံးရင်းနှီးမြှုပ်နှံမှု ပွဲတော်သို့မထွက်ခွာမီ ၂ ရက်အလို ပြီးခဲ့သည့် တနင်္လာနေ့က ရန်ကုန်ရှိ သံရုံးတွင် သံအမတ်ကြီး လီစန်းဟွာက ပြောကြားရာတွင် တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ပြောသည်။

          သူ၏နိုင်ငံသည် မြန်မာနိုင်ငံတွင် ထိပ်တန်း ရင်းနှီးမြှုပ်နှံသော နိုင်ငံများတွင် ပါဝင်သောကြောင့် ကျေနပ်သော်လည်း တိုးချဲ့ရန် နယ်ပယ်များစွာ ရှိနေသေးကြောင်း သူပြောသည်။

          တောင်ကိုရီးယားနိုင်ငံသည် ၂၀၁၂ မှ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီး မြန်မာနိုင်ငံ၏ ဆဋ္ဌမ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသော နိုင်ငံဖြစ်သည်ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေး ဦးစီးဌာန၏ အဆိုအရ သိရသည်။

          အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင် ဗီယက်နမ်နိုင်ငံတွင် တောင်ကိုရီးယား ကုမ္ပဏီ ၂၇၀၀ ကျော်ရှိသော်လည်း မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော တောင်ကိုရီးယား ကုမ္ပဏီမှာ ၂၇၀ ခန့်သာ ရှိသေးကြောင်း သံအမတ်ကြီးက နှိုင်းယှဉ်ပြောကြားသည်။

          “မြန်မာနိုင်ငံမှာကော ဘာလို့ မလုပ်နိုင်ရမှာလဲ။ နေပြည်တော်မှာ ပြီးခဲ့တဲ့လက ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှု ညီလာခံမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ နောက်ဆုံးကျန်တဲ့ အကောင်းဆုံးဈေးကွက်လို့ ပြောသွားတယ်” ဟု သူက ရှင်းပြသည်။

          ရိုဟင်ဂျာ အကျပ်အတည်းနှင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၏ ဂုဏ်သတင်း ထိခိုက်သော်လည်း အစိုးရက စီးပွားရေးတိုးတက်မှုသည် ထိုပြဿနာများ ဖြေရှင်းရာတွင်သော့ချက်ဖြစ်သည်ဟု ယုံကြည်ပြီး ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ကြိုးစားနေသည်။

          ရခိုင်ပြည်နယ်အစိုးရသည် ပြည်နယ်၏ ပထမဆုံးရင်းနှီးမြှုပ်နှံမှုပွဲတော်ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပနေသည်။

          “ရခိုင်ပြည်နယ်သည် စီးပွားရေးအတွက် ကမ္ဘာကို တံခါးဖွင့်ထားသည်” ဟူသော ကြွေးကြော်သံဖြင့် ထိုပွဲတော်သည် ခရီးသွားလုပ်ငန်း၊ အသေးစားအလတ်စားလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းစသည့် အဓိကကဏ္ဍ ၃ ခုတွင် တိုးတက်ရေးကို အာရုံစိုက်မည်ဖြစ်သည်။

          ထိုရင်းနှီးမြှုပ်နှံမှု ပွဲတော်သည် ၂ နှစ်ကြာ ကျဆင်းနေသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို စွဲဆောင်နိုင်ရန် ရည်ရွယ်သောအစိုးရ၏ အရှေ့မျှော်မူဝါဒ ၏ အစိတ်အပိုင်းဖြစ်သည်။

          လီသည် ထိုပွဲတော်သို့ တက်ရောက်သည့် သံအမတ် ၆ ဦးအနက် တဦးဖြစ်သည်။ ရခိုင်ပြည်နယ်အတွက် သူ၏ထောက်ခံမှုကို ပြသရန်နှင့် တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူများ ရခိုင်ပြည်နယ်သို့သွားရောက်ပြီး ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကိုယ်တိုင်ကြည့်ရှုရေးအတွက် အားပေးရန် ရည်ရွယ်သည်ဟု ပြောသည်။

          အချို့သော အထည်ချုပ်စက်ရုံများသည် ရခိုင်ပြည်နယ်သို့ပြောင်းရွှေ့ရန် စိတ်ဝင်စားသောကြောင့် မြန်မာနိုင်ငံရှိ တောင်ကိုရီးယား အထည်ချုပ်စက်ရုံများအသင်း ဥက္ကဌသည် သူနှင့်အတူ ရင်းနှီးမြှုပ်နှံမှု ပွဲတော်သို့ လိုက်ပါသည်။

          ရန်ကုန်တွင် လုပ်ကိုင်နေသော တောင်ကိုရီးယား အထည်ချုပ်စက်ရုံ ၁၀၀ ကျော်ရှိပြီး ပဲခူးတိုင်းတွင်လည်း အချို့ရှိသည်။

          ရခိုင်ပြည်နယ်တိုးတက်ရေးအတွက် တောင်ကိုရီးယားနိုင်ငံက မည်ကဲ့သို့အကျိုးပြုနိုင်သည်ကို လွန်ခဲ့သော နှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အစည်းအဝေးတခုတွင် ဆွေးနွေးခဲ့ကြောင်း လီက ပြောသည်။

          ထိုအစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံက ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှု အဓိကလိုအပ်နေသော နယ်ပယ်နှစ်ခုအဖြစ် စိုက်ပျိုးရေးနှင့်အထည်ချုပ်ကဏ္ဍများကို ဖော်ပြခဲ့သည်ဟု သိရသည်။

          လီသည် မကြာသေးမီက ပြည်နယ်မြို့တော် စစ်တွေသို့ တောင်ကိုရီးယားနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကိုယ်စားလှယ်များနှင့် သွားရောက်ခဲ့သည်။

          ရခိုင်ပြည်နယ်မှ စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦးစသည့် မြို့နယ် ၃ ခုတို့သည် ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် အလားအလာရှိကြောင်း ထိုအေဂျင်စီက သတ်မှတ်ခဲ့သည်။

          ထိုစီမံကိန်းများတွင် လမ်းများအဆင့်မြှင့်တင်ခြင်း၊ ဒေသခံများကို မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပေးခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရေးတို့ ပါဝင်သည်။

          ရခိုင်ပြည်နယ် အစိုးရသည် ပြည်နယ်တခုလုံးအနေဖြင့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ် ၆ ခု သတ်မှတ်ထားသည်။ ထိုခြောက်ခုရှိ စီမံကိန်းများတွင် စစ်တွေမြို့နယ်ရှိ ဆိပ်ကမ်းတခု၊ ကုန်သွယ်ရေးဇုန်တခု၊ လူနေတိုက်ခန်းများ၊ ဈေးဝယ်စင်တာ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းဇုံတို့ပါဝင်သော ကျေးတော်-မင်းဂန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြောက်ဦးတွင် လေဆိပ်သစ်တည်ဆောက်ရေး၊ သံတွဲရှိ ငပလီလေဆိပ် အဆင့်မြှင့်တင်ရေး၊ မြန်အောင်ကျွန်းတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းတခု၊ စစ်တွေရှိ ပုဏ္ဏားကျွန်းတွင် စက်မှုစီမံကိန်းနှင့် မြောက်ဦးမြို့သစ်စီမံကိန်းတို့ပါဝင်သည်။

          ထို့အပြင် “ရေလုပ်ငန်းနှင့် ခရီးသွားကဏ္ဍတွေကိုလည်း စိတ်ဝင်စားမှု ကြီးထွားလာတယ်။ ကျနော့် အမြင်ပြောရရင် ဘယ်လိုထူးခြားအောင်လုပ်မလဲ။ တနည်းအားဖြင့်ပြောရရင် အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ဘယ်လို ဆွဲဆောင်မှုရှိအောင်လုပ်မလဲဆိုတာပဲ” ဟု သံအမတ်ကြီးက ပြောသည်။

          အနိမ့်ဆုံးလုပ်ခလစာ မြင့်တက်လာသောကြောင့် နိုင်ငံတွင် လုပ်အားအလိုအပ်ဆုံး အထည်ချုပ်ကဏ္ဍသည် အခက်အခဲများ ရင်ဆိုင်လာရသည်ကို ထောက်ပြပြီး အစိုးရအနေဖြင့် အခွန်ဆိုင်းငံ့ပေးခြင်းကဲ့သို့သော စေ့ဆော်မှုများ ပေးရန် စဉ်းစားရေးကို သူတိုက်တွန်းသည်။

          လုပ်ငန်းများသည် တရက် ၂၄ နာရီ၊ တပတ် ၇ ရက် ဓာတ်အားလိုအပ်တတ်ကြောင်းလည်း သူထောက်ပြပြီး ရခိုင်ပြည်နယ် အထူးစီးပွားရေးဇုန်များအတွက် သင့်တော်သည့် စီးပွားရေးလုပ်ငန်း လွယ်ကူသောနေရာဖြစ်စေရန် လိုအပ်သော လျှပ်စစ်ဓာတ်အား အပြည့်အဝပေးရန် အစိုးရ၏ စွမ်းရည်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ရှိနေသေးကြောင်းလည်း သူပြောသည်။

          ရခိုင်ပြည်နယ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့စသည့် သယံဇာတကြွယ်ဝသည့် အနောက်ဖက်ကမ်းခြေတွင်တည်ရှိသော်လည်း မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်ဖြစ်နေသည်။

          ရခိုင်ပြည်နယ်မှပြည်သူ ၇၀ ရာခိုင်နှုန်း နီးပါးသည် ဆင်းရဲနွမ်းပါးကြပြီး အများပြည်သူဆိုင်ရာဝန်ဆောင်မှုများလည်း မရရှိကြပါ။ ဒေသခံများသည် အခြေခံအဆောက်အအုံညံ့ဖျင်းခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ နိမ့်ကျသောလူနေမှုဘဝ စသည်တို့ကို ခံစားနေကြရသည်။

          သို့သော် ရခိုင်ပြည်နယ်တွင် အဓိက စီမံကိန်း အများအပြား ရှိနေသည်။ ၂၀၁၆ ခုနှစ်မှ စတင်ပြီး အိန္ဒိယနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်ရှိ စစ်တွေတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်နေသည်။

          ခန့်မှန်းခြေ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကို အိန္ဒိယ နိုင်ငံက ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကန်း၏ အစိတ်အပိုင်းအဖြစ် စိုက်ထုတ်မည်ဖြစ်သည်။ ထိုဘက်စုံစီမံကိန်းသည် မြန်မာနှင့် အရှေ့မြောက်အိန္ဒိယမှ အခြေခံအဆောက်အအုံများ တိုးတက်ရေးအတွက် ဆောင်ရွက်သော နှစ်နိုင်ငံစီမံကိန်းဖြစ်သည်။

          ထို့အပြင် ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်အော်မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို ၂၀၁၀ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းအထိ သယ်ဆောင်သည့် ပိုက်လိုင်း၏ အချက်အခြာနေရာလည်းဖြစ်သည်။

          နိုဝင်ဘာလက မြန်မာနှင့် တရုတ်နိုင်ငံများသည် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရန် မူဘောင် သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးလိုက်သည်။ ထိုဆိပ်ကမ်းသည် တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်ကို အသုံးပြုခွင့်ရစေပြီး တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု လမ်းတခု အစီအစဉ်အရ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးကိုလည်းတိုးတက်စေမည်ဖြစ်သည်။

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ၂၀၁၆ ခုနှစ်တွင် အာဏာရပြီးနောက် စီးပွားရေးပြုပြင်ပြောင်းလဲမှု များစွာပြုလုပ်ခဲ့သည်။

          သို့သော် တိုင်းပြည်ပုံရိပ်ကို လွန်စွာထိခိုက်စေခဲ့သည့် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ အကျပ်အတည်းနောက်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းပြီး အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံအပေါ် ပိုမိုသတိထားလာကြသည်။

          မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၇ ခုနှစ်က ယခင်နှစ်ကထက် ဒေါ်လာ သန်း ၉၀၀ က ကျဆင်းပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အနိမ့်ဆုံးဖြစ်လာသည်။

          မကြာသေးမီ ရက်သတ္တပတ်များက ရန်ကုန်ရှိ ဗြိတိန်၊ သြစတြေးလျှ၊ အမေရိကန်၊ ဥရောပ၊ အီတလီ၊ ဂျာမန်၊ ပြင်သစ် ကုန်သည်ကြီးများအသင်း ၇ သင်းပါအုပ်စုက မြန်မာနိုင်ငံအတွက် FDI ပိုမိုတောင်းဆိုသော အိတ်ဖွင့်ပေးစာ ထုတ်ပြန်သဖြင့် FDI သည် မြန်မာ့အသွင်ကူးပြောင်းရေးတွင် အရေးပါကြောင်း ပြသနေသည်။

          လွန်ခဲ့သောအပတ်ကလည်း ဂျပန်နိုင်ငံသည် ဂျပန်ရင်းနှီးမြှုပ်နှံသူများကို ရခိုင်ပြည်နယ်မှ စီးပွားရေး အခွင့်အလမ်းများကို စဉ်းစားရန်တိုက်တွန်းပြီး ရင်းနှီမြှုပ်နှံမှု မြှင့်တင်မည့်အစီအစဉ်ကို ကြေညာခဲ့သည်။

          ရခိုင်ပြည်နယ်တွင် လက်ရှိလုပ်ကိုင်နေသော တောင်ကိုရီးယားလုပ်ငန်းများသည် စိုက်ပျိုးရေး၊ အိမ်ခြံမြေ၊ မြို့ပြတည်ဆောက်ရေး၊ ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ ဖြစ်သည်။

          ယခုအခါ မြန်မာနိုင်ငံအကြောင်းပြောတိုင်း ရခိုင်အကြောင်းအရာ မလွှဲရှောင်သာပြောရပြီး ရင်းနှီးမြှုပ်နှံမှု ရရှိရေးအတွက် အခက်အခဲဖြစ်နေကြောင်း သံအမတ်ကြီးလီ ပြောသည်။

          “ကျနော်တို့ဖက်ကတော့ ရင်းနှီးမြှုပ်နှံသူတွေ ရခိုင်ပြည်နယ်ကို လာကြည့်အောင် ကူညီဖို့ပဲ။ ရခိုင်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေကို ပေးစရာ အများကြီးရှိတယ်။

          မြင်ခြင်းဟာ ယုံကြည်ခြင်းပဲ။ ကျနော်တို့ သံရုံးရဲ့အမြင်အရ ပြောရရင် အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့က ရခိုင်ပြည်နယ်က ဘာတွေပေးနိုင်တယ်ဆိုတာကို သွားကြည့်ဖို့ အားပေးလိုတယ်” ဟု သူပြောသည်။

          (Nan Lwin ၏ S. Korean Ambassador Eager to Promote Rakhine as Investment Destination ကို ဆီလျော်အောင် ဘာသာပြန်သည်။)

          Your Thoughts …
          Tags: တောင်ကိုရီးသံအမတ်ရခိုင်ရင်းနှီးမြှုပ်နှံမှု
          နန်းလွင်

          နန်းလွင်

          ဧရာဝတီ

          Similar Picks:

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          by မိုးစက်ငြိမ်းချမ်း
          31 October 2023
          36.2k

          စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

          မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

          မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

          by အောင်ဇော်
          1 November 2023
          12.2k

          အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

          တရုတ်က မီးစိမ်းပြလို့ ရှမ်းမြောက်စစ်ပွဲ ဖြစ်သတဲ့လား

          တရုတ်က မီးစိမ်းပြလို့ ရှမ်းမြောက်စစ်ပွဲ ဖြစ်သတဲ့လား

          by ဝတ်ရည်ခိုင်မာ
          14 November 2023
          8.2k

          "တရုတ်က မီးစိမ်းပြလို့ တိုက်တာ၊ တရုတ်က ရပ်ခိုင်းရင် ခဏနှင့် ရပ်သွားမည်" ဆိုသည် သုံးသပ်ချက်များသည် အခြေအနေမှန်နှင့် လွဲချော်သည့် သုံးသပ်ချက်များ ဖြစ်၏။

          MOGE အရေးယူပိတ်ဆို့မှုကြောင့် ထိုင်းနှင့် တရုတ် ငွေချေရန် ခက်

          MOGE အရေးယူပိတ်ဆို့မှုကြောင့် ထိုင်းနှင့် တရုတ် ငွေချေရန် ခက်

          by ဧရာဝတီ
          8 November 2023
          7.4k

          ငွေပေးချေမှု မလုပ်လျှင် မြန်မာက ချက်ခြင်း ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းမည့် အလားအလာ မရှိ

          ၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

          ၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

          by မိုးစက်ငြိမ်းချမ်း
          6 September 2023
          7.1k

          တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

          စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ

          စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ

          by ဧရာဝတီ
          25 August 2023
          5.6k

          တရုတ် ရင်းနှီးမြှုပ်နှံမှုသည် မြန်မာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အများစုသည် လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ဖြစ်ကြောင်း ၎င်းကပြောသည်။

          Next Post
          Samsung Galaxy Fold စမတ်ဖုန်း

          ခေါက်ချိုးအသုံးပြုနိုင်တဲ့ Samsung Galaxy Fold စမတ်ဖုန်း တရားဝင် ထွက်ရှိ

          G7 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့မင်းသမီး Emma Watson

          ပြင်သစ်သမ္မတနဲ့အတူ G7 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့မင်းသမီး Emma Watson

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          2 days ago
          11.1k
          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          5 days ago
          8.1k

          Most Read

          • စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

            စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

            shares
            Share 0 Tweet 0
          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

            shares
            Share 0 Tweet 0
          • ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

            shares
            Share 0 Tweet 0
          • မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

            shares
            Share 0 Tweet 0
          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved