• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရင်းနှီးမြှုပ်နှံသူများကို ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည် ဆွဲဆောင်

by နန်းလွင်
22 February 2019
in စီးပွားရေး
A A
ဒေါ်အောင်ဆန်းစုကြည် ငပလီတွင် ကျင်းပသည့် ရင်းနှီးမြုပ်နှံမှု ပွဲတော်သို့ ယနေ့ ရောက်ရှိလာစဉ် / Reuters

ဒေါ်အောင်ဆန်းစုကြည် ငပလီတွင် ကျင်းပသည့် ရင်းနှီးမြုပ်နှံမှု ပွဲတော်သို့ ယနေ့ ရောက်ရှိလာစဉ် / Reuters

9.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်မှ စီမံကိန်းများကို ထောက်ကူကြရန်နှင့် မြန်မာနိုင်ငံအတွင် အဆင်းရဲဆုံးနှင့် ဒုက္ခ အရောက်ဆုံး ပြည်နယ်ကို အလှည့်အပြောင်း ဖြစ်စေရာတွင် ကူညီကြရန် ပြည်တွင်း ပြည်ပမှ တာဝန် သိသော ရေရှည် ရင်းနှီး မြှုပ်နှံသူများကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ဖိတ်ခေါ်လိုက်သည်။

ရခိုင်ပြည်နယ်သည် ရင်းနှီးမြှုပ်နှံမှုအတွက် တကမ္ဘာလုံးကို တံခါးဖွင့်ထားသည် ဟူသော ဆောင်ပုဒ် ဖြင့် အပန်းဖြေကမ်းခြေ ငပလီတွင် ကျင်းပသည့် ရခိုင်ပြည်နယ်၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ပွဲတော် တွင် မိန့် ခွန်းပြောကြားရာ၌ သူနှင့် သူ့ အစိုးရ သည် ရင်းနှီးမြှုပ်နှံသူများ ရင်ဆိုင်နေရသည့် ခက်ခဲ သော စိန်ခေါ်မှုများကို အသိအမှတ်ပြုကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
1.9k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.3k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k

ဒေသ၏ လုံခြုံရေးနှင့် လူသားချင်းစာနာမှုလိုအပ်ချက်မျာကို ဖြည့်ဆည်းနိုင်ရန် အစိုးရသည် ကွယ်လွန် သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် များနှင့် အညီ အတတ်နိုင်ဆုံး လုပ်ဆောင်နေ ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ပြောသည်။

ထိုသို့လုပ်ဆောင်ရာတွင် “ကျမတို့အနေနဲ့ တည်ငြိမ်မှုနဲ့ ကြွယ်၀ ချမ်းသာမှုကို ရရှိဖို့လိုတဲ့ တိုးတက်မှု တွေကို ကျမတို့ ရနိုင်အောင်လို့ရခိုင်ပြည်နယ်က စီးပွားရေးပြဿနာတွေကို ဖြေရှင်းဖို့လိုတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည် ပြော သည်။

အစိုးရသည် ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် တိုးတက်ရေးကို ကနဦးကပင် ဦးစားပေး ခဲ့ကြောင်း၊ ပြည်နယ်၏ အလားအလာအများစုကို အသုံးမပြုရသေးကြောင်းလည်း ၎င်းက ဆက် ပြောသည်

“နိုင်ငံတကာ အသိုင်းအဝန်းဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးနဲ့ တိုးတက် ရေးအတွက် ပြည်နယ်ရဲ့ ကြီးမားတဲ့ အလားအလာ တွေဖြစ်တဲ့ ပိုမိုကြီးမားတဲ့ မြင်ကွင်းကို မကြည့်ဘဲ အဆိုးတွေကိုပဲ ကျဉ်းမြောင်းစွာ အာရုံစိုက် နေတာ တော်တော်လေး ကြာပါပြီ” ဟု ဒေါ်အောင်ဆန်း စုကြည်ပြောသည်။

“အစိုးရက သုံးတဲ့ ငွေတကျပ်တိုင်း၊ ကျမတို့ရဲ့ ဖွံ့ဖြိုး တိုးတက်ရေး မိတ်ဖက်တွေက ထုတ်ပေးတဲ့ ငွေ တဒေါ်လာတိုင်း၊ ပုဂ္ဂလိက ကဏ္ဍက ရင်းနှီးမြှုပ်နှံတဲ့ ငွေ တဒေါ်လာတိုင်းဟာ ရခိုင်ပြည်နယ်နဲ့ ပြည်နယ်သူပြည်နယ်သားတွေရဲ့ ပြန်လည် နိုးကြား ရှင်သန်မှု အလားအလာအတွက် ယုံကြည်မှု မဲတမဲပဲ ဖြစ်ပါတယ်” ဟု သူပြောသည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းခဲ့ပြီးနောက် ထိုအခြေအနေကို ပြောင်းလဲရန် အစိုးရ၏ ပထမဆုံး အားထုတ်မှု ဖြစ်သည် မြန်မာ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးညီလာခံကို့ နေပြည်တော်တွင် ဇန်နဝါရီလက ကျင်းပပြီးနောက် ယခု ရခိုင်ပြည်နယ် ရင်းနှီး မြှုပ်နှံမှုပွဲတော်ကိုကျင်းပခြင်းဖြစ်သည်။

ပြည်တွင်းစစ်ကို ရင်ဆိုင်နေရပြီး ရခိုင်ပြည်နယ် အကျပ်အတည်းကြောင့် နိုင်ငံတကာတွင် ပုံရိပ်ထိခိုက် နေပြီး အစိုးရသည် စီးပွားရေး တိုးတက်မှုမှ တဆင့် ငြိမ်းချမ်းရေး ရယူရန် မျှော်မှန်းပြီး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေ လျှက်ရှိ သည်။

အစိုးရသည် ထို ရင်းနှီးမြှုပ်နှံမှု ပွဲတော်ကို ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ ဂျပန်ပြည်ပ ကုန်သွယ်ရေး အဖွဲ့တို့နှင့် ပူးပေါင်းကျင်းပနေခြင်းဖြစ်သည်။

ထိုပွဲတော် မတိုင်မီက မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး လီဆန်းဟွာ ကလည်း ထိုပွဲတော်ကို တောင်ကိုရီးယားနိုင်ငံက ထောက်ခံကြောင်း အထူးသဖြင့် ငါးလုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းကို စိတ်ဝင်စားကြောင်း ပြောခဲ့သည်။

အထူးသဖြင့် ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်းအပါအဝင် နိုင်ငံပေါင်းဆယ်နိုင်ငံနှင့် ပြည်တွင်းမှ လူ ၂၀၀ ကျော် ထို ပွဲတော်သို့ တက်ရောက်ကြသည်။

ရင်းနှီးမြှုပ်နှံမှု ပွဲတော်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်၊ ခရီးသွား လုပ်ငန်းနှင့် အသေးစား၊ အလတ်စား စီးပွား ရေး လုပ်ငန်းများ စသည့် အဓိကနယ်ပယ် ၃ ခုကို အာရုံစိုက်သည်။

ရခိုင်ပြည်နယ် အစိုးရသည် ပြည်နယ် တခုလုံးအနေဖြင့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ် ၆ ခု သတ်မှတ် ထားသည်။

ထိုစီမံကိန်းများတွင် စစ်တွေမြို့နယ်ရှိ ဆိပ်ကမ်းတခု၊ ကုန်သွယ်ရေးဇုန်တခု၊ လူနေတိုက်ခန်းများ၊ ဈေးဝယ်စင်တာ၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းဇုန် တို့ပါဝင်သော ကျေးတော်-မင်းဂန် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၊ မြောက်ဦးတွင် လေဆိပ်သစ် တည်ဆောက်ရေး၊ သံတွဲရှိ ငပလီလေဆိပ် အဆင့်မြှင့်တင်ရေး၊ မာန်အာင်ကျွန်းတွင် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း တခု၊ စစ်တွေရှိ ပုဏ္ဏား ကျွန်းတွင် စက်မှုစီမံကိန်းနှင့် မြောက်ဦးမြို့သစ်စီမံကိန်း တို့ပါဝင်သည်။

စွမ်းရည်ရှိရှိ ရိုးသားဖြူစင်မှုဖြင့် စီမံသော အထူးစီးပွားရေးဇုန် များသည် စီးပွားရေး တိုးတက်မှုကို အားပေးပြီး အလုပ်အကိုင် များ ဖန်တီးကာ ဆက်စပ်လုပ်ငန်းများကို အားရှိစေပြီ လူအသိုင်းအဝန်း များ အတွက် မျှော်လင့်ချက်များကို အသစ်တဖန် ပြန်လည်ရှင်သန် စေသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောသည်။

ထိုကဲ့သို့သော စီမံကိန်းများသည် ပြည်တွင်း ရခိုင်ဒေသ လုပ်ငန်းများနှင့် အသေးစား အလတ်စား လုပ်ငန်းများကို လမ်းဖွင့် ပေးခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံသူများကို အာမခံသည်။

“အားလုံးထဲမှာ အရေးအကြီးဆုံး ကတော့ ဒီလုပ်ငန်းတွေနဲ့ တခြားကရလာတဲ့ အကျိုးအမြတ်တွေကို အသိုင်းအဝန်း တွေ ကြားမှာ မျှမျှတတ ခွဲဝေနိုင်ရေးအတွက် အာမခံနိုင်အောင်ကျမတို့ လုပ်ဆောင်ရ မယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ပြော သည်။

ရခိုင်ပြည်နယ်သည် ရေနံနှင့် သဘာဝဓါတ်ငွေ့စသည့် သယံဇာတကြွယ်ဝသည့် အနောက်ဖက်ကမ်း ခြေတွင် တည်ရှိသော်လည်း မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်များအနက်တခု ဖြစ်နေသည်။

ရခိုင်ပြည်နယ်မှ ပြည်သူ ၆၉ ရာခိုင်နှုန်း နီးပါးသည် ဆင်းရဲနွမ်းပါးကြပြီး အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ လည်း မရရှိ ကြပေ။

ဒေသခံများသည် အခြေခံ အဆောက်အအုံ ညံ့ဖျင်းခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ နိမ့်ကျသော လူနေမှု ဘဝ စသည်တို့ကို ခံစားနေကြရသည်။ ဥပဒေပိုင်း ဆိုင်ရာအထောက်အကူများလည်းမရရှိကြပေ။

စိတ်ကူး စိတ်သန်း ကောင်းကောင်းနဲ့ ရေရှည်ကို မျှော်ကြည့်ပြီး တာဝန်သိမှု၊ မြှုပ်နှံ လုပ်ကိုင်မှုနဲ့ ပြုလုပ်တဲ့ ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှုကို ကျမတို့ အာရုံစိုက်ချင်တယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုဟာ ရခိုင်ပြည်နယ်ကို တိုးတက်မှုလမ်းကြောင်းကို ပို့ပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောသည်။

မြန်မာနိုင်ငံ ဘင်္ဂလားပင်လယ်အော် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ ပို့ဆောင်သည့် ရေနံနှင့် သဘာ၀ ဓါတ်ငွေ့ ပိုက်လိုင်းများသည် ရခိုင်ပြည်နယ်မှ စတင်သည်။

ရခိုင်အကျပ်အတည်းကို ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ပြစ်တင် ဝေဖန် ကြသော်လည်း တရုတ်နိုင်ငံသည် လွန်ခဲ့သော နိုဝင်ဘာလက ကျောက်ဖြူရေနက် ဆိပ်ကမ်း တည်ဆောက်ရေး မူဘောင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုဆိပ်ကမ်းကြောင့် တရုတ်နိုင်ငံအတွက် ဘင်္ဂလား ပင်လယ်အော်သို့ လမ်းပွင့်သွားစေပြီး ရပ်ဝန်း တခု၊လမ်းတခုအစီအစဉ် အရ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးကိုလည်း တိုးတက်စေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ၂၀၁၆ ခုနှစ်တွင် အာဏာရပြီးနောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စွာပြုလုပ်ခဲ့သည်။

သို့သော် တိုင်းပြည်ပုံရိပ်ကို လွန်စွာထိခိုက်စေသော ၂၀၁၇ ရိုဟင်ဂျာ အကျပ်အတည်းနောက်ပိုင်းတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု သိသိသာသာ ကျဆင်းပြီး အထူးသဖြင့် အနောက်တိုင်း ရင်းနှီးမြှုပ်နှံမှု ကျဆင်းသည်။

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုသည် လွန်ခဲ့သောနှစ်က သိသိသာသာကျဆင်းပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အနိမ့်ဆုံး ဖြစ်လာသည်။ ရခိုင်ပြည်နယ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရာတွင် ခက်ခဲသောပြည်နယ်ဖြစ်လာသည်။

လွန်ခဲ့သောလက နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပါ ထိပ်သီး ဆွေးနွေးပွဲ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက ရင်းနှီးမြှုပ်နှံသူ များ အနေဖြင့် အပြစ်တင် အရှက်ခွဲနေမည့်အစား ရခိုပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် အပြင်းအထန် တိုက်တွန်းသည်။

ရခိုင်ပြည်နယ်ပြဿနာသည် မြို့နယ် ၁၇ ခုအနက် ၃ ခုတွင်သာဖြစ်နေပြီး ကျန်နေရာများသည် ရင်းနှီး မြှုပ်နှံရန် လုံခြုံသည် ဟုပြောသည်။

ရခိုင်ပြည်နယ် အစိုးရသည်လည်း ပဋိပက္ခ မရှိသော ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် အားထုတ် နေသည်ဟု ရခိုင်ပြည်နယ်ဘာဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဦးကျော်အေးသိန်းပြောသည်။

ရင်းနှီးမြှုပ်နှံသူများ အတွက် ဖွင့်ထားသည့် ကဏ္ဍအများအပြားကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့သည်။

ထိုကဏ္ဍများ တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးပုဇွန်မွေးမြူရေး နှင့် သစ်တော၊ ထုတ်လုပ်ရေး၊ အထည် ချုပ် လုပ်ငန်း၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး၊ ဖြန့်ချိရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံအဆောက် အအုံ၊ အိမ်ခြံမြေနှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများပါဝင်သည်။

“သဘာဝဘေး အန္တရာယ်တွေ ရာသီဥတု ပြောင်းလဲမှု တွေကြောင့် ထိခိုက်လွယ်ဖြစ်နေတဲ့ သဘာဝ ပတ်ဝန်းကျင် အခြေ အနေကို ပိုမို မဆိုးရွားစေဖို့ လိုအပ်တယ်ဆိုတာကို အားလုံးကောင်းကောင်း နားလည်ပြီး ဖြစ်မယ်လို့ ကျမမျှော်လင့်ပါ တယ်” ဟု လည်း အောင်ဆန်းစုကြည် သတိပေးသည်။

“ရခိုင်ပြည်နယ်မှာ ငါးပုဇွန် မွေးမြူရေး အလားအလာ တွေရှိတယ်လို့ စောစောက ကျမပြော လိုက် တယ်။ ဒါပေမယ့် အဖိုး တန် ဒီရေတောတွေကို ထိခိုက်စေတဲ့ စီးပွားဖြစ် ငါးဖမ်းတဲ့ စီမံကိန်းတွေ အတားအဆီးမရှိတိုးချဲ့နေတာကိုတော့ ရှောင်ရှား ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောသည်။

မြန်မာ့ စီးပွားရေးသည် ၂၀၁၈-၁၉ ခုနှစ်တွင် ၆.၂ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းရကြောင်း နှင့် တိုးတက်မှုသည် ကဏ္ဍအားလုံးသို့ ပျံ့နှံ့သော်လည်း အဓိကအားဖြင့် စွမ်းအင်နှင့် ပုဂ္ဂလိက ကဏ္ဍတို့က တွန်းအားပေးသော တိုးတက်မှု ဖြစ်ကြောင်းလည်း သူပြောသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ နန်းလွင်ရေးသည့် Daw Aung San Suu Kyi Pitches Investors on Rakhine State ကို ဘာသာပြန်သည်။

Your Thoughts …
Tags: ရင်းနှီးမြုပ်နှံမှု
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

ကျောက်ဖြူခရီး ဒိုင်ယာရီ

ကျောက်ဖြူခရီး ဒိုင်ယာရီ

by ကိုစိုး
5 January 2013
11.4k

ရခိုင်ဒေသကို နှစ်ကုန်ပိုင်းမှာခရီးသွားခွင့် ရခဲ့ပါတယ်။ အဓိက ကတော့ ကျောက်ဖြူ မြို့နဲ့ မဒေးကျွန်း မှာရှိတဲ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ ရေ နက် ဆိပ်ကမ်း စီမံကိန်းတွေရှိတဲ့ နေရာကိုပါ

တရုတ်ဘက်ခြမ်းမှ ရွှေလီမြို့ကို မြန်မာဘက်ခြမ်းမှ မြင်တွေ့ရစဉ် / ဧရာဝတီ

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်

by ဧရာဝတီ
20 May 2021
22.2k

CMEC ကို ရှေ့ဆက်ဆောင်ရွက်ရန် တွန်းအားပေးသည့် အနေဖြင့် အာဏာသိမ်း စစ်ကောင်စီက အရေးပါသော ကော်မတီ ၃ ခု ကိုပြန်လည် ဖွဲ့စည်းလိုက်သည်။

လက်ကျန် နိုင်ငံခြားငွေမာကို စစ်တပ်နှင့် ပြည်သူအကြား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝေမျှသုံးစွဲရတော့မည်ဟု စီးပွားရေးပညာရှင်များက ဆိုလာနေသည်

စစ်ကောင်စီ နိုင်ငံခြားငွေမာ ဆက်ပြီး မရနိုင်လျှင်

by ဧရာဝတီ
4 May 2021
138.7k

ထိုစာတမ်းတွင် သဘာဝဓါတ်ငွေ့နှင့်ကျောက်မျက်ကဏ္ဍကဲ့သို့သော ကဏ္ဍများမှ ဝင်ငွေကိုဖြတ်တောက်လျှင် ဖြစ်နိုင်သည့် စစ်ကောင်စီ၏ အားနည်းချက်များကို ဖေါ်ပြထားသည်။

စိုက်ပျိုးရေးနှင့် ရေဆိုးစွန့်ပစ်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန် နယ်သာလန်လုပ်ငန်းရှင်များ စိတ်ဝင်စား

စိုက်ပျိုးရေးနှင့် ရေဆိုးစွန့်ပစ်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန် နယ်သာလန်လုပ်ငန်းရှင်များ စိတ်ဝင်စား

by မျိုးပပစန်း
8 June 2017
4.8k

ကျနော်တို့က မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး နဲ့ ရေဆိုးစွန့်ပစ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားပါတယ်။ အခုက ကျနော်တို့နိုင်ငံကနေ စိုက်ပျိုးရေး လုပ်ငန်းရှင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေ ပါတယ်။ ရင်းနှီးမြုပ်နှံဖို့အတွက် သံရုံးကနေတဆင့် နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်တွေ ဆွေးနွေးတာ ဖြစ်ပါတယ်’

နေပြည်တော်တွင် ကျင်းပသည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၇ / ထက်နိုင်ဇော် / ဧရာဝတီ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၆ ဘီလီယံ အထိ မျှော်မှန်း

by ထက်နိုင်ဇော်
12 September 2017
5.9k

မြန်မာနိုင်ငံကို သူတို့ စိတ်ဝင်စားတယ်။ အစိုးရကိုလည်း နိုင်ငံတကာက အကူအညီတွေ ပေးချင်ကြတယ်။ အစိုးရသစ်က ဘာတွေ လုပ်ပေးမှာလဲ။ စီးပွားရေး မူဝါဒတွေက ဘာတွေလဲဆိုတာ စိတ်ဝင်စားနေကြတာပေါ့

စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း / ဧရာဝတီ

မြန်မာ့ စီးပွားရေး ဂျက်ပါဝါနှင့် လေထဲပြေးမည့်နှစ်ဟု စီမံ/ဘဏ္ဍာဝန်ကြီး ကြုံးဝါး

by ထက်နိုင်ဇော်
6 June 2017
43.9k

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြန်မာ့ စီးပွားရေး မူဝါဒ ၁၂ ချက်ကို ချမှတ်ရန် အကောင်အထည်ဖော်မည်ဟု ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့တွင် စီးပွာရေး တိုးတက်မှု မရှိခဲ့ခြင်းကြောင်း ပြည်သူများ၏ ဝေဖန်မှုကို ခံနေရသည်။

Next Post
SSPP နှင့် NRPC တို့ ငြိမ်းချမ်းရေးအတွက် နေပြည်တော်တွင် တွေ့ဆုံ

SSPP နှင့် NRPC တို့ ငြိမ်းချမ်းရေးအတွက် နေပြည်တော်တွင် တွေ့ဆုံ

ရသေ့တောင်မြို့  / မင်းအောင်ခိုင်  /  ဧရာဝတီ

ရသေ့တောင် ပစ်ခတ်မှုအတွင်း ကျေးရွာသူ ၁ ဦး သေဆုံးမှု အရေးယူပေးရန် တောင်းဆို

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate