စီးပွားရေး

ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ စီမံကိန်း ၁၉ ခု သဘောတူ လက်မှတ် ရေးထိုး

Want create site? Find Free WordPress Themes and plugins.

ဒုတိယ အကြိမ်မြောက် ကျင်းပသည့် ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် စက်မှုဇုန် အသစ်များ အပါအဝင် စီမံကိန်း ၁၉ ခု အထိ သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ရန်ကုန်မြို့ Lotte ဟိုတယ်၌ မေလ ၁၀ ရက်မှ ၁၁ ရက် အထိ ကျင်းပမည် ဖြစ်ပြီး ယင်း ဖို ရမ်တွင် ဝန်ကြီး ဌာနများ၏ စီမံကိန်းများနှင့် တိုင်းဒေသကြီးများရှိ စီမံကိန်းပေါင်း ၈၀ ကျော်တွင် ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံသူများကို ဝင်ရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ စီမံကိန်းများကို ရန်ကုန် တိုင်းဒေသကြီး အပြင် တိုင်းနှင့် ပြည်နယ် ၅ ခုတွင် အကောင်အထည် ဖော်ဆောင်မည် ဖြစ်ပြီး ထိုစီမံကိန်းများကို နိုင်ငံခြား ကုမ္ပဏီများနှင့် ပြည်တွင်း ကုမ္ပဏီများကြား လည်းကောင်း၊ အစိုးရနှင့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကြားလည်းကောင်း MOU ရေးထိုးခဲ့ကြောင်း ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီက ထုတ်ပြန်ထားသည်။

ယင်း စီမံကိန်းများမှာ ထန်းတပင် နည်းပညာ ဆိုင်ရာ စက်မှုဇုန်၊ ဇရပ်ကွင်း စက်မှုဇုန်၊ New City Light စက်မှုဇုန်၊ ထိုင်း နိုင်ငံ အခြေစိုက် Centara International ကုမ္ပဏီနှင့် ပြည်တွင်း KMA ကုမ္ပဏီ အုပ်စုတို့ အကောင်အထည် ဖော်မည့် ဟို တယ် လုပ်ငန်းများ၊ စိုက်ပျိုး မွေးမြူးရေး လုပ်ငန်းများ၊ ကားပစ္စည်း စက်ရုံ၊ ဆေးရုံ လုပ်ငန်းများနှင့် အိမ်ရာ စီမံကိန်း အပါ အဝင် အခြား လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး “ဒါတွေက MOU အဆင့်ပဲ ရှိသေးတာ ဆိုတော့ တကယ် အကောင်အထည် ဖော်လာတဲ့ အဆင့်ထိ ရောက်လာဖို့ လိုတယ်။ ပြီးတော့ လျှပ်စစ်မီး ရရှိမှုကို ဒီထက် ပိုကောင်းအောင် လုပ်နိုင်ပေးနိုင်ရင် ရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်း ဒေသကြီး အနေနှင့် လျှပ်စစ်မီး အပါအဝင် အခြေခံ ဆောက်အအုံ များစွာ လိုအပ်ချက် ရှိနေပြီး ယင်း လိုအပ်ချက်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖြစ်ကြောင်း ပြောသည်။

ဝန်ကြီးချုပ်က“လျှပ်စစ်မီး ဆိုရင် ဒီမှာ ခဏခဏ ပျက်နေလို့ အဲဒီ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတာလေ။ လိုအပ်ချက် မရှိရင် ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူးလေ။ ဒါတွေက ရင်းနှီးမြှုပ်နှံသူတွေ အတွက်လည်း အကျိုးရှိမယ်၊ ကျနော်တို့ နိုင်ငံကို ဖွံ့ဖြိုး တိုးတက်စေမယ်” ဟု ပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင် စက်မှုဇုန်ပေါင်း ၂၉ ဇုန် အထိ ရှိပြီး လမ်းပန်း ဆက်သွယ်ရေး မကောင်းမွန်ခြင်းနှင့် လျှပ်စစ်မီး အလုံအလောက် မရရှိခြင်းကြောင့် စက်မှုဇုန် တော်တော်များများရှိ အခက်အခဲများ ရှိနေကြကာ လုပ်ငန်းလည်ပတ်မှု မရှိ သည့် စက်မှုဇုန်များလည်း ရှိနေသည်။

ဆက်စပ်ဖတ်ရှုရန်မီးပျက်ပြီး CNG မရလို့ YBS ရာခိုင်နှုန်းပြည့် မပြေးဆွဲနိုင်

ဓာတ်အားပေး သင်္ဘောများနှင့် ၂၄ နာရီ မီးပေးနိုင်ရေး အစိုးရ စီစဉ်

Did you find apk for android? You can find new Free Android Games and apps.
Loading