• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တိုယိုတာက အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ရင်းနှီးမြှုပ်နှံမည်

by အောင်သီဟ
30 May 2019
in စီးပွားရေး
A A
တိုယိုတာ၏ ကားတပ်ဆင်ထုတ်လုပ်မည့် စက်ရုံတွင် အလုပ်အကိုင်ပေါင်း ၁၃၀  ကျော်ခန့်အပ်ပြီး လုပ်ငန်းဆောင်ရွက်သွားမည် / Reuters

တိုယိုတာ၏ ကားတပ်ဆင်ထုတ်လုပ်မည့် စက်ရုံတွင် အလုပ်အကိုင်ပေါင်း ၁၃၀  ကျော်ခန့်အပ်ပြီး လုပ်ငန်းဆောင်ရွက်သွားမည် / Reuters

9.5k
VIEWS
Share on FacebookShare on Twitter

ဂျပန်နိုင်ငံအခြေစိုက် တိုယိုတာ ကားကုမ္ပဏီက ရန်ကုန်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် ကားစက်ရုံအတွက် အမေရိကန် ဒေါ်လာ သန်း ၅၂ ဒသမ ၆ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

လာမည့် ဇွန်လအတွင်းတွင် မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် တိုယိုတာမြန်မာကုမ္ပဏီ  (TMY) ကို တည် ထောင်ပြီး ၂၀၂၁ ခုနှစ် ကားထုတ်လုပ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်သည့် အချိန်မှ စတင်ကာ တနှစ်လျှင် Toyaota Hilux အစီးရေ ၂၅၀၀ ကို SKD ( Semi Knock Down) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

RelatedPosts

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
1.7k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
2.4k

တိုယိုတာ၏ ကားတပ်ဆင်ထုတ်လုပ်မည့် စက်ရုံတွင် အလုပ်အကိုင်ပေါင်း ၁၃၀  ကျော်ခန့်အပ်ပြီး လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အညီ ပြည်တွင်းဈေးကွက်အတွင်း မော်တော်ယာဉ်အသစ် ဝယ်လိုအားမှာ မကြာသေးမီနှစ်များအတွင်း တိုးတက်လာလျက်ရှိပြီး ၂၀၁၈ ခုနှစ် ဈေးကွက်အချက်အလက်များအရ ကားအစီရေး ၁၈၀၀၀ ခန့် (ယင်းပမာဏသည် ယခင်နှစ်ထက် ၂ ဆကျော်မြင့်တက်) အရောင်းအဝယ်ဖြစ်ခဲ့ကာ မြန်မာနိုင်ငံရှိ တိုယိုတာမော်တော်ယာဉ် အသုံးပြုသူများအတွက် ပိုမိုရွေးချယ်နိုင်ခွင့်ရစေရန် ယခုလို လုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်ခြင်းဖြစ်ကြောင်း တိုယိုတာကုမ္ပဏီထံမှ သိရသည်။

သီလဝါအထူးစီးပွားရေးစီမံခန့်ခွဲမှု ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်က  “တိုယိုတာလို ကား ကုမ္ပဏီကြီးက ကျမတို့ဆီမှာ လာပြီး ရင်းနှီးမြှုပ်နှံတာက နိုင်ငံရဲ့ ပုံရိပ်အပေါ် သက်ရောက်စေပါတယ်။ အခြားရင်းနှီးမြှုပ်နှံသူတွေကလည်း တိုယိုတာလို ကုမ္ပဏီတောင်ရှိနေပြီဖြစ်တဲ့အတွက် ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ယုံကြည်မှု ပိုရှိစေတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်၌ ဂျပန်ကားကုမ္ပဏီတခုဖြစ်သည့် ဆူဇူကီးကုမ္ပဏီက ကားတပ်ဆင်ထု တ်လုပ်သည့် စက်ရုံ တခု ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ကားအစိတ်အပိုင်းများ ထုတ်လုပ်နေသည့် ဂျပန်ကုမ္ပဏီတခုလည်း ရင်းနှီးမြှုုပ်နှံလျက်ရှိကြောင်း ၎င်းက ဆိုသည်။

အစိုးရ၏  ကားအဟောင်းများ (Used) တင်သွင်းမှုလျှော့ချနေသည့် ကားမူဝါဒအရ နှင့် ရန်ကုန်လိုင်စင်ကို ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သောကားများ (SKD စနစ်ဖြင့်) ကိုသာ ထုတ်ပေးနေခြင်းကြောင့် အများပြည်သူများက ပြည်ပမှ တင်သွင်းသည့် ကားများထက် SKD စနစ်ဖြင့် ကားများကို စိတ်ဝင်စားမှုမြင့်တက်လျက်ရှိနေကြောင့် ကားလုပ်ငန်း ရှင်များက ပြောဆိုကြသည်။

“ ဟိုအရင် မူဝါဒတွေကတည်းက နှစ်အလိုက်နှစ်အလိုက်မှာ Used ကားကို တင်သွင်းတာလျှော့ချဖို့အတွက်ကို မူက ချမှတ်ထားတာ နောက်ပိုင်းကျရင် Brand New ဘက်ကို သွားကြမှာပေါ့။ ဒီလိုမျိုးကားကုမ္ပဏီတွေ ဝင်လာတာ ပြည်သူ  တွေ ကားအသစ်တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ခွင့်ရလာမယ်” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ် ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း MAMDA ၏ အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ဆိုသည်။

တိုယိုတာသည် ပြည်တွင်း၌ Hilux ယာဉ်အမျိုးအစားများကို ဦးစွာထုတ်လုပ်ခြင်း နှင့် လုပ်ငန်းစတင်မှုများသည် အချိန် ၂ နှစ်ခန့် ကြာမြင့်အုန်းမည်ဖြစ်ခြင်းကြောင့် လတ်တလော ကားဈေးကွက်အပေါ်သို့ များစွာ သက်ရောက်မှုမရှိနိုင်သေး  ကြောင်း ကားလုပ်ငန်းရှင်များက ဆိုကြသည်။

လတ်တလောတွင် ပြည်တွင်း၌ SKD စနစ်ဖြင့် ကားထုတ်လုပ်နေသည့် နာမည်ကြီးကားကုမ္ပဏီ တချို့မှာ ဂျပန်ကားကုမ္ပဏီ Suzuki ၊ Nissan ၊ ကီုရီးယား ကားကုမ္ပဏီ KIA ၊ Hyundai ၊ အမေရိကန်ကားကုမ္ပဏီ FORD ဖြစ်ပြီး တရုတ်ကားကုမ္ပဏီ များ အပါအဝင် ပြည်တွင်း ကုမ္ပဏီပေါင်း ၁၇ ခုခန့်က ကားထုတ်လုပ်သည့် လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံလျက်ရှိသည်။

ဆက်စပ်ဖတ်ရှုရန် – တိုယိုတာ စက်ရုံတည်ခြင်းက ပြည်တွင်းကားဈေးကွက် အပြောင်းအလဲကို သယ်ဆောင်လာမည်

Your Thoughts …
Tags: တိုယိုတာသီလဝါအထူးစီးပွားရေးဇုန်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

BMW က ပထမဆုံး ဟိုက်ဒရိုဂျင် ကားကို ၂၀၂၈ မှာ ဈေးကွက်ထဲ ပို့ဖို့ စီစဉ်နေပြီတဲ့

BMW က ပထမဆုံး ဟိုက်ဒရိုဂျင် ကားကို ၂၀၂၈ မှာ ဈေးကွက်ထဲ ပို့ဖို့ စီစဉ်နေပြီတဲ့

by ဧရာဝတီ
8 September 2024
2.6k

ထုတ်လုပ်ပြီးသား ကားမော်ဒယ်ကိုမှ ဟိုက်ဒရိုဂျင် လောင်စာဆဲလ် အသုံးပြုတဲ့ အမျိုးအစား အဖြစ် ထွက်လာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကားအရောင်းအဝယ် ပြုလုပ်နေသည့် ရန်ကုန်မြို့ရှိ ဘာတာ ကားပွဲစားတန်း မြင်ကွင်း  / ဘာတာကားပွဲစားတန်း

ကားဈေးကျပြီး အရောင်းအဝယ် အေးနေ

by ဧရာဝတီ
17 October 2022
5.5k

ကားဈေးနှုန်းများသည် ကားအမျိုးအစားပေါ်မူတည်ပြီး ကျပ် သိန်း ၂၀၀ မှ ၃၀၀ ကျော် ထိုးတက်သွားခဲ့ သော်လည်း လတ်တလောတွင် ဒေါ်လာဈေးသည် ကျပ် ၂၈၀၀ မှ ၃၀၀၀ ဝန်းကျင်တွင်သာ ရှိတော့သည့်အတွက် ကားဈေးနှုန်းများ သည်လည်း...

သီလဝါအထူးစီးပွားဇုန်  / ဧရာဝတီ

မြန်မာမှ နိုင်ငံခြားကုမ္ပဏီများ ရေရှည်အခွင့်အလမ်း စောင့်နေကြ

by ဧရာဝတီ
25 November 2022
3.8k

နိုဝင်ဘာလ ၁ ရက်နေ့အထိ သီလဝါမှ ကုမ္ပဏီ ၁၀၀ ခန့်အနက် ထက်ဝက်သည် စက်ရုံများ၏စွမ်းရည် ထက်ဝက်သာ လည်ပတ်နေကြသည်။

တိုယိုတာသည် မြန်မာနိုင်ငံတွင် ကားတပ်ဆင်စက်ရုံကို ပထမဆုံး တည်ဆောက်တော့မည်။ မြန်မာ၏ ကားသစ် ဈေးကွက်မှာလည်း အလျင်အမြန် တိုးတက်လာနေသည် / Reuters

တိုယိုတာ စက်ရုံတည်ခြင်းက ပြည်တွင်းကားဈေးကွက် အပြောင်းအလဲကို သယ်ဆောင်လာမည်

by ဧရာဝတီ
27 May 2019
20.7k

တိုယိုတာသည် မြန်မာနိုင်ငံတွင် ကားတပ်ဆင်စက်ရုံကို ပထမဆုံး တည်ဆောက်တော့မည်။ မြန်မာ၏ ကားသစ် ဈေးကွက်မှာလည်း အလျင်အမြန် တိုးတက်လာနေသည်။

၂၀၁၆ ခုနှစ်အတွင်း ရဲတပ်ဖွဲ့သို့တိုင်ကြားသည့် ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၉၀၀ ခန့်ရှိသည် / ဧရာဝတီ

ရန်ကုန် ယာဉ်အန္တရာယ် ကင်းရှင်းလုံခြုံရေး တိုယိုတာ ကူညီမည်

by ဧရာဝတီ
6 January 2018
5.3k

ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ မြင့်မားလာသည့် ရန်ကုန်မြို့တွင် တိုယိုတာ ကုမ္ပဏီသည် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေး အစီအစဉ်တခုကို စတင်လုပ်ဆောင်နေကြောင်း သတင်းတပုဒ်အရ သိရသည်။

Next Post
ပုသိမ်မြို့ရှိ Mytel ကုမ္ပဏီရုံးရှေ့တွင် ဆန္ဒပြနေသည့် အလုပ်သမားများ / ဆလိုင်းသန့်စင် / ဧရာဝတီ

ပုသိမ်တွင် Mytel ကုမ္ပဏီကို ဆန္ဒပြမှု ဖြစ်ပွား

USDP မှ ဦးနေမျိုးအောင်နှင့် NLD မှ ဦးသန်းထိုက်အောင်  / ဧရာဝတီ

ဆိပ်ကမ်း မဲဆန္ဒနယ် အငြင်းပွားမှု NLD အနိုင်ရ

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate