• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မူဆယ် ကုန်သွယ်ရေးဇုန်မှ တရုတ်သို့ ကျောက်စိမ်းတင်ပို့မှု နှစ်ဆ တက်လာ

by မြတ်ပြည့်ဖြိုး
1 June 2019
in စီးပွားရေး
A A
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် စီးပွားရေးဇုန်  / ဇော်ဇော်  / ဧရာဝတီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် စီးပွားရေးဇုန် / ဇော်ဇော် / ဧရာဝတီ

4.8k
VIEWS
Share on FacebookShare on Twitter

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်ဘက်သို့ တရားဝင် ကျောက်စိမ်းတင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် နှစ်ဆ တက်လာကြောင်း မူဆယ် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

“ဒီဘက်(မူဆယ်)ကကျ လမ်းခရီးလည်း မြန်သလို ဈေးကွက်အနေအထားနဲ့နီးတာကြောင့် တင်ပို့မှု များလာတာပါ”ဟု မူဆယ် နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၏ ဒု ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ဧရာဝတီကို ရှင်းပြသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
204
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.6k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.6k

၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် မေလလယ်အထိ မူဆယ် ကုန်သွယ်ရေးဇုန်မှ တင်ပို့ခဲ့သော ကျောက်စိမ်း စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၃၀ ကျော်ရှိရာ ယခင်နှစ် ကာလတူပို့ကုန် နှိုင်းယှဉ်မှုအရ နှစ်ဆ တက်လာသည်ကို တွေ့ရသည်။

အဆိုပါ ၇ လကျော် ကာလအတွင်း ကျောက်စိမ်းတင်ပို့မှုသည် အလေးချိန် ကီလို ၂ သန်းကျော် မူဆယ် နယ်စပ် ကုန်သွယ်ရေး ဇုန်မှ တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ကြောင်းလည်း သိရသည်။
ယခင် ဘဏ္ဏာရေးနှစ် ကာလတူတွင် ကျောက်စိမ်း တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၃၀ ကျော်နှင့် အလေး ချိန် အားဖြင့် ကီလို ၁ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မူဆယ် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၏ မှတ်တမ်းတွင် ဖော်ပြ ပါရှိသည်။

ထိုသို့ တင်ပို့ရာတွင် နေပြည်တော်ပြပွဲမှ လေလံအောင် ကျောက်တင်ပို့မှု အများဆုံးဖြစ်ပြီး ပြင်ပဈေးကွက်မှ ကျောက် မှာ အနည်းစု ဖြစ်သည်ဟု ဆိုသည်။

ယခင်က ကျောက်စိမ်းပုတီး၊ လက်ကောက်၊ လက်စွပ်အစရှိသော အချောထည် လက်ရာများအား မန္တလေး၊ စစ်ကိုင်းမှ တဆင့် One Stop Service ဖြင့် တရုတ်နိုင်ငံသို့ မူဆယ်ကုန်သွယ်ရေးဇုန်မှ တဆင့်တင်ပို့ ခွင့်ပြုခဲ့သော်လည်း ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ကျောက်စိမ်း အရိုင်းထည်များကိုလည်း တင်ပို့ခွင့်ပြုခဲ့သည်ဟု သိရသည်။

“မြန်မာ့ကျောက်စိမ်း အဓိက ဈေးကွက်ကလည်း ယူနန်ပြည်နယ်မှာပဲ ရှိတာဆိုတော့ မူဆယ်ဘက်က ပို့တဲ့ ကုန်သည် တွေ အတွက် ပိုအဆင်ပြေတယ်”ဟု မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ဒေါ်ခင်လေးမြင့် က ဧရာဝတီကို ပြောသည်။

ထိုသို့ တင်ပို့ခွင့်ရသော ကျောက်စိမ်း အရိုင်းထည်အများစုမှာ နေပြည်တော် ကျောက်မျက်ပြပွဲမှ လေလံအောင် ကျောက် များကိုသာ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းမှ ခွင့်ပြုချက်ဖြင့် သယ်ယူကြကြောင်း၊ ယခု နောက်ပိုင်းတွင် မန္တလေး ကျောက်စိမ်း ဈေးကွက်အတွင်းမှ ရောင်းချလိုက်သော ကျောက်များအား One Stop Service တွင် သတ်မှတ် ရာဖြတ် အခွန်နှုန်း ပေးဆောင်၊ ချိတ်ပိတ်ပြီး တင်ပို့မှုများရှိလာကြောင်း သိရသည်။

“အရင်က ကုန်းလမ်းကသွားတဲ့ ကျောက်အများစုက မှောင်ခိုသွားကြတယ်။ အဲဒါကြောင့် နိုင်ငံတော်လည်း အခွန်ရ၊ ကုန်သည်ဘက်မှာလည်း တရားဝင် သွားခွင့်ရအောင် ဖြေလျှော့ပြီး ဒီလိုသွားခွင့်ပြုခဲ့တာ”ဟု ဒေါ်ခင်လေးမြင့်က ရှင်းပြ သည်။

၂၀၁၁ ခုနှစ်မတိုင်ခင်က နေပြည်တော် ကျောက်မျက်ပြပွဲမှ နိုင်ငံခြားသား ကုန်သည်များကို ရောင်းချရရှိသော လေလံ အောင် ကျောက်များအား လေကြောင်းလိုင်း နှင့် ပင်လယ်ရေကြောင်း တို့မှ ချိတ်ပိတ် တင်ပို့ခွင့်ပြုခဲ့သည်ဟုလည်း ဆို သည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၏ အဓိက ပို့ကုန်အမယ် အမျိုး ၂၀ ရှိသည့်အနက် ယခု ဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်း သည် တင်ပို့မှု အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့၊ ဆန် အပါအဝင် ကုန်စည်အများစု တင်ပို့မှုသည် အနှုတ် လက္ခဏာဘက် ရောက်လျက်ရှိကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၏ ယခင်နှစ်နှင့် ကာလတူ ပို့ကုန် နှိုင်းယှဉ်ချက်များတွင် တွေ့ရှိရသည်။

မြန်မာ့ ကျောက်စိမ်းကို တရုတ်နိုင်ငံဘက်သို့ ကုန်းလမ်းဖြင့်ဆိုပါက ရှမ်းပြည်နယ် မူဆယ် နယ်စပ်၊ ချင်းရွှေဟော် နယ်စပ်နှင့် ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တင်ပို့ကြပြီး အဆိုပါ လမ်းကြောင်းများ အနီးရှိ ရှောင်ကွင်း လမ်းများဖြင့်လည်း တရားမဝင် တင်ပို့မှုများ ရှိနေကြောင်း ကျောက်ကုန်သည်များထံမှ သိရသည်။

Your Thoughts …
Tags: ကျောက်စိမ်းတရုတ်
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
၂၀၁၈ ဇူလိုင်တွင် ကျင်းပသော ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံသို့  တိုင်းရင်းသား အမျိုးသမီး ကိုယ်စားလှယ်များ ဆိုက်ရောက်စဉ် / ဧရာဝတီ

အမျိုးသမီများ နိုင်ငံရေးတွင် ပါဝင်မှု NLD အစိုးရလက်ထက် အားနည်းလာ

မေလ ၁၇ ရက်က စစ်တွေမြို့နယ် တရားရုံးသို့ ချုပ်ရမန် ယူလာသော လက္ကာ ရွာသားများ  / မင်းအောင်ခိုင် / ဧရာဝတီ

ဖမ်းဆီးခံ မြောက်ဦး ဒေသခံ ၂၀ ကျော်ကို အကြမ်းဖက် ဥပဒေ၊ လက်နက် ဥပဒေများဖြင့် တရားစွဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate