စီးပွားရေး

အမေရိကန် ပိတ်ဆို့မှု ဟွာဝေး၏ လေကြောင်း ဆက်သွယ်ရေး ဝန်ဆောင်မှု ကို ထိခိုက်မှုမရှိ

Want create site? Find Free WordPress Themes and plugins.

ဟွာဝေးအပေါ် အမေရိကန်ပိတ်ဆို့မှုအရွေ့သည် ၎င်းကုမ္ပဏီ၏ လေကြောင်း ပို့ဆောင်ရေးနှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်းများ အပေါ် ထိခိုက်မှုမရှိကြောင်း ကုမ္ပဏီ ထိပ်တန်းအမှုဆောင်တဦးက တနင်္လာနေ့တွင် ပြောသည်။

ဟွာဝေးသည် ကမ္ဘာတလွှား လေဆိပ်ပေါင်း ၅၀ ကျော်နှင့် လေကြောင်းလိုင်း ၁၅ လိုင်းတို့တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖြေရှင်းချက် ပံ့ပိုးပေးလျက်ရှိရာ ဒူဘိုင်းလေဆိပ်နှင့် စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်အုပ်စုလည်း အပါအဝင်ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နှင့် ကုန်သွယ်ရေး စစ်ပြင်းထန်လာချိန် ဟွာဝေးကို နာမည်ပျက် စာရင်း သွင်းခဲ့ သည်။

သို့သော် ဟွာဝေး၏ ကမ္ဘာ့ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ယူနစ် ဥက္ကဋ္ဌ အီမန်လျူ က “ကုမ္ပဏီ၏ လေကြောင်းလုပ်ငန်းအပေါ် ယခုအချိန်ထိ (အမေရိကန်ပိတ်ဆို့မှု) သက်ရောက်ခြင်း မရှိသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းတို့ ဝန်ဆောင်မှုများတွင် ဗီဒီယိုဖြင့် ထောက်လှမ်းခြင်း၊ လေဆိပ်သုံး Cloud စနစ်၊ wifi လွှင့်ပေးခြင်းနှင့် အချက်အလက်သိုမှီးရာ server ဝန်ဆောင်မှုများလည်း ပါဝင်သည်။

“အခု အချိန် အထိတော့ ဘာမ ှထိခိုက်မှု မရှိသေးပါဘူး” ဟု ဆိုးလ်မြို့တွင် ကျင်းပသည့် နိုင်ငံတကာလေကြောင်း ပို့ဆောင်ရေး အသင်း(IATA) နှစ်စဉ် ညီလာခ ံပြင်ပတွင် အီမန်လျူ က AFP သတင်းဌာနသို့ ပြောသည်။

ယင်း ညီလာခံသို့ တက်ရောက် နေသော ဟွာဝေး၏ လေကြောင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် နည်းပညာ သုံးစွဲသူ များက “ဝါရှင်တန်၏ စွပ်စွဲချက်ရှိ နေသော်လည်း ယင်းလုပ်ငန်းနှင့် ဆက်လက်ပူးပေါင်းသွားကြမည်ဖြစ်ကြောင်း” ကတိပြုခဲ့ကြ သည်ဟု သိရသည်။

“ကမ္ဘာပေါ်က ကျန်တဲ့နေရာ အားလုံးအတွက် ဆယ်နှစ်ကျော်အထိ သူတို့နဲ့အတူ ကျနော်တို့ လုပ်ငန်းကို ဆက်သွားမှာပါ၊ ဘာကြောင့်လဲ ဆိုတော့ ဒီယုံကြည်ချက်ဟာ တရက်တည်းအတွက် ယုံကြည်ချက်မဟုတ်လို့ပါပဲ။ ပြီးခဲ့တဲ့ ၁၅ နှစ်လောက် သက်တမ်းရှိပြီဖြစ်တဲ့ ယုံကြည်ချက်ပါ” အီမန်လျူက ပြောသည်။

တယ်လီကွန်း ကွန်ရက်ပစ္စည်းများတွင် ကမ္ဘာ့ ဦးဆောင်သူအဖြစ် ဟွာဝေးထွက်ပေါ်လာခဲ့ပြီး ဆမ်ဆောင်းနှင့် Apple တို့ကဲ့သို့ ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူအဖြစ် ရပ်တည်နိုင်လာခဲ့သည်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခင်လတွင် အမျိုးသားလုံခြုံရေးအတွက် (စိုးရိမ်ဖွယ်ရာ) “သီးခြား စာရင်း” ထဲသို့ ဟွာဝေးကုမ္ပဏီကို ထည့်ခဲ့ပြီး အမေရိကန်လုပ် အီလက်ထရောနစ် ပံ့ပိုးပစ္စည်းများတွင် ဟွာဝေးပစ္စည်းကို တားမြစ်ခဲ့သည်။ ယင်းအမိန့်ထုတ်ပြီး သက်ရောက်မှုကို ရက် ၉၀ ဆိုင်းငံ့ကာလ အဖြစ် နောက်ပိုင်းတွင် ထပ်မံသတ်မှတ်ပေးခဲ့သည်။

နိုင်ငံအများအပြားက အမေရိကန်တားမြစ်အမိန့်ကို လိုက်နာလျက် ၎င်းတို့ မိုဘိုင်းလ်ကွန်ရက်နှင့် ကုမ္ပဏီများအနေဖြင့် ဟွာဝေးနှင့် လုပ်ကိုင်ခြင်းကို ဥပဒေကြောင်းအရ လိုအပ်ချက်များကို ကိုးကားလျက် ပိတ်ဆို့ခဲ့ကြသည်။

အကယ်၍ အမေရိကန်က ၎င်း အရွေ့အတိုင်း ဆက်ရှိနေမည်ဆိုပါက မိမိတို့ကို Plan B (နောက်တနည်း) သုံးရန် တွန်းအားပေး လိမ့်မည်ဖြစ်ကြောင်း၊ နည်းပညာသစ်အတွက် ဟွာဝေး၏ Chip များအပါအဝင် ရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားရှိခြင်းကို ကိုးကား လျက် ဟွာဝေး၏ ကမ္ဘာ့ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ယူနစ် ဥက္ကဋ္ဌ အီမန်လျူ က ပြောသည်။

ဟွာဝေးအနေဖြင့် တရုတ်အစိုးရ ထိန်းချုပ်မှု အောက်တွင် ရှိနေ၍ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ဝါရှင်တန်က ၎င်း၏ သံသယကို ကျယ်ကျယ်လောင်လောင် ပြောနေခဲ့သော်လည်း ဟွာဝေးနှင့်ဘေဂျင်းအစိုးရတို့က အတိအလင်း ငြင်းဆန်ခဲ့ကြ သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့တွင် ပြောကြားရာ၌ “ဟွာဝေး တည်ထောင်သူ ရန်ကျင့်ဖေသည် ယခင်က တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်တွင် အမှုထမ်းခဲ့ဖူးသူ ဖြစ်သော်လည်း ဟွာဝေးသည် စစ်တပ်ပိုင်ကုမ္ပဏီ မဟုတ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

You may also like these stories:

ကုန်သွယ်ရေးစစ်ပွဲ တိုက်ရန် အသင့်ဟု တရုတ် ကာကွယ်ရေး ဝန်ကြီး ပြော

အမေရိကန်က ပိတ်သော်လည်း ဟွာဝေးကို မြန်မာ ကြိုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading