• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကားမူဝါဒ အပြောင်းအလဲကြောင့် သွင်းကုန်တင်သွင်းမှု လျော့ကျလာ ဟုဆို

by မျိုးပပစန်း
15 July 2019
in စီးပွားရေး
A A
ရန်ကုန်မြို့ရှိ ကား အရောင်းပြပွဲ တခု  / ဧရာဝတီ

ရန်ကုန်မြို့ရှိ ကား အရောင်းပြပွဲ တခု / ဧရာဝတီ

6.6k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်း၌ ကားမူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲများကြောင့် သွင်းကုန် ကဏ္ဍ လျော့ကျလာပြီး ယခင် ဘဏ္ဍာနှစ်နှင့် ယှဉ်လျှင် ယခုဘဏ္ဍာနှစ်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ၂ ဘီလီယံခန့် လျော့ကျလာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ပြော သည်။

“အရင်၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တုန်းက ၃ ဘီလီယံ ဖြစ်တယ်။ လက်ရှိက ၁ ဘီလီယံလောက်ပဲ ရှိသေးတယ် ဆိုတော့ ကုန်သွယ်ရေး လိုငွေပြမှုကတော့ အများကြီး လျော့ကျသွားတယ်။ အဓိကတော့ ပို့ကုန် ပိုပြီး တင်ပို့နိုင်တယ် ဆိုတာ ကလည်း ပါတယ်။ သွင်းကုန်အနေနဲ့ကတော့ မော်တော်ကားလိုဟာမျိုးတွေ နှစ်အလိုက် မော်ဒယ် သတ်မှတ်တဲ့အတွက် ကြောင့် (model year) သွင်းကုန်မှာလည်း လျော့နေတဲ့ အနေအထား ရှိပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
1.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k

ထို့ပြင် ယခု ဘဏ္ဍာနှစ် ကုန်သွယ်မှုမှာ ပို့ကုန် အနေဖြင့် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် အထိ ဆောင် ရွက်နိုင်ခဲ့ပြီး တင်ပို့မှု အနေဖြင့် လယ်ယာ ထွက်ကုန်များ၊ ရေထွက်ကုန် ပစ္စည်းများ၊ CMP ကဲ့သို့သော အထည်ချုပ် ပို့ကုန်များက တင်ပို့ မှု တိုးတက်နေကြောင်း လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

ပြီးခဲ့သည့်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရှိရာမှ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁ ဘီလီယံသာ ရှိသောကြောင့် ယခုနှစ်တွင် ကုန်သွယ်မှု လိုငွေ ဒေါ်လာ ၂ ဘီလီယံကျော် အထိ အများဆုံး လျော့ကျနေခြင်း ဖြစ်ကြောင်း စီးပွား/ကူးသန်း စာရင်းများ အရ သိရသည်။

မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးမျိုးကိုကိုက “အခုက ကားက သွင်းလို့ မလွယ်တော့ တော်ရုံတန်ရုံ မသွင်းကြတော့ဘူးပေါ့။ အဓိကတော့ မော်ဒယ်မြှင့်လိုက်တာ။ အရင်တုန်းက မော်ဒယ်နိမ့်တွေ သွင်းတယ်။ ကင်းလွတ်ခွင့်ပြုတာတွေ များတယ်။ အဲဒီတော့ အရင်က အစီး ၁၀၀ လောက်သွင်းရင် အခုက ၁၀ စီး တောင် မရှိတော့ဘူး။ ၉၅ ရာခိုင်နှုန်းလောက် ကျသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ကားဈေးကွက်မှာ ကားသစ်များ တင်သွင်းခွင့် မရသောကြောင့် ကားဟောင်းများသာ အရောင်း အဝယ် ဖြစ်နေပြီး Brand New ကားများမှာ ဈေးကွက် အတွင်း ဦးဆောင်နေကြောင်း၊ ယခု ကားတင်သွင်းမည်ဆိုလျှင် အနည်းဆုံး ၁ စီးလျှင် ကျပ်သိန်း ထောင်ချီမှသာ တင်သွင်းခွင့်ရှိမည် ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ဦးမျိုးကိုကိုက “သတ်မှတ်တဲ့မော်ဒယ်နဲ့ဆိုရင် အရင်းအနှီးက ကျပ်သိန်းထောင်ချီမှပဲ သွင်းလို့ရမယ်။ အဲဒီတော့ တော်ရုံ လူက မသွင်းနိုင်ကြတော့ဘူး။ မသွင်းနိုင်တော့ အရောင်းအဝယ် ရပ်သွားတာပေါ့။ သွင်းကုန်သမားလည်း လုပ်ငန်းတွေ ရပ်သွားတယ်။ အရင်ကတော့ အများကြီး ကောင်းတာပေါ့။ အခုတော့ ခက်ခဲသွားတယ်” ပြောဆိုသည်။

သွင်းကုန် တင်သွင်းမှု ကဏ္ဍတွင် လူသုံးပစ္စည်းဖြစ်သော ကားတင်သွင်းမှု လျော့ကျနေသည့် အပြင် ရင်းနှီ းမြှုပ်နှံမှု လုပ်ငန်း သုံးကုန်ပစ္စည်းများ တင်သွင်းရာတွင် ယခင်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ဒေါ်လာသန်းပေါင်း ၅၀၀၀ ကျော် ရရှိခဲ့ပြီး ယခု ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်းပေါင်း ၄၀၀၀ ကျော် တင်သွင်းထားသောကြောင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ သန်းပေါင်း ၅၆၀ ကျော် အများဆုံး လျော့ကျနေကြောင်း စာရင်းများအရ သိရသည်။

ယခုတပတ်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ လှိုင်မြို့ နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “ကုန်သွယ်မှု လိုငွေလျော့တာက သွင်းကုန် လျော့ကျလို့လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ပို့ကုန် တိုးလာမယ်ဆိုရင် ပိုကောင်းတာပေါ့။ ကုန်သွယ်လိုငွေ လျော့ကျတာဟာ ကျနော်တို့ ပြည် တွင်းသုံး ငွေကြေး ပိုပြီး ခိုင်မာလာတာပေါ့၊ စီးပွားရေးကလည်း အကောင်းဘက်ကို ဦးတည်လာတာပေါ့” ဟု ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်၊ သွင်းကုန် စုစုပေါင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလီယံ လျာထားပြီး လက်ရှိအချိန်တွင် ဒေါ်လာ၂၆ ဒသမ၂၅ ဘီလီယံ ကုန်သွယ်မှု ပြုလုပ်ထားသည်။

You May Also Like These Stories:

ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သည့် ကားဈေးကွက် ပိုကျယ်ပြန့်လာနိုင်ဟု ဆို

ကိုယ်ပိုင်ကား အသုံးပြုမှု လျော့ချ၍ ရန်ကုန် ယာဉ်ကြောကျပ်မှု ဖြေရှင်းနိုင် ဟုဆို

တိုယိုတာက အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ရင်းနှီးမြှုပ်နှံမည်

Your Thoughts …
Tags: ကုန်သွယ်မှုလိုငွေစီးကူး/ကူးသန်းပို့ကုန်မော်တော်ယာဉ်မူဝါဒသွင်းကုန်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

သွင်းကုန်အပေါ်  စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

သွင်းကုန်အပေါ် စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

by ဧရာဝတီ
12 August 2024
4.3k

ရည်ညွှန်းဈေး သတ်မှတ်၍ တင်သွင်း ရောင်းချစေခြင်းသည် ရေရှည်အတွက် အဆင်မပြေနိုင်ဘဲ လက်ရှိ ဈေးနှုန်းသတ်မှတ်လုပ်ဆောင်နေသော စက်သုံးဆီ၊ ဒေါ်လာ၊ ရွှေ၊ အခြေခံစားသောက်ကုန်တို့ကဲ့သို့ပင် ပစ္စည်းပြတ်လပ်ခြင်းနှင့် မှောင်ခိုဈေးကွက်သို့သာ ဦးတည်နိုင်ကြောင်း

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

by ဧရာဝတီ
19 October 2023
2.6k

ယခုဘဏ္ဍာနှစ်၏ ကျန်ရှိသော ၆ လတာကာတွင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ (၁၆ဒသမ ၅) ဘီလီယံ၊ သွင်းကုန်ကို (၁၆) ဘီလီယံ ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၂ဒသမ ၅)ဘီလီယံ အထိ ရရှိရန် လျာထားပြီး သွင်းကုန်ထက်...

စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းဈေးများ အလုပ်မဖြစ်ပါ

စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းဈေးများ အလုပ်မဖြစ်ပါ

by ဧရာဝတီ
17 December 2023
2.3k

ပဋိပက္ခအခြေအနေများနှင့်အတူ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ အတားအဆီးများ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှု စသည့် အခြေအနေပေါင်းစုံ ရိုက်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ်သာရှိမည်ဖြစ်ပြီး စီးပွားရေးမှာ နလံမထူဖြစ်နေမည်

ဆိုလာသွင်းကုန်များ၍ ဒေါ်လာဈေးတက် အဖမ်းအဆီးရှိလာ

ဆိုလာသွင်းကုန်များ၍ ဒေါ်လာဈေးတက် အဖမ်းအဆီးရှိလာ

by ဧရာဝတီ
16 January 2025
2.2k

တရက်လျှင် ၈ နာရီသာပေးနိုင်မည်ဟု စစ်ကောင်စီကြေညာထားသော်လည်း မီးလာရမည့် အချိန်မှာ ပင် မီးမမှန်သောကြောင့် အများစုမှာ မီးစက်၊ ဆိုလာနှင့် အားသွင်းအသုံးပြုရသည့် လျှပ်စစ်ပစ္စည်းတို့ကိုသုံးစွဲလာရပြီး ယင်းပစ္စည်းများလည်း ပြည်ပမှသွင်းရ၍ ဒေါ်လာငွေလိုအပ်ချက်ရှိလာ

ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းသော်လည်း အလုပ်မဖြစ်နိုင်ဟုဆို

ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းသော်လည်း အလုပ်မဖြစ်နိုင်ဟုဆို

by ဧရာဝတီ
11 January 2024
2.2k

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဖြစ်သည့် မြဝတီကုန်သွယ်ရေးသို့သွားရာ အာရှလမ်းမကြီးသည် တိုက်ပွဲများကြောင့် ပိတ်ထားရသဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို မြဝတီဂိတ်အစား တခြားလမ်းကြောင်းများမှ ပြောင်းလဲတင်ပို့ရန် စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း အလုပ်မဖြစ်နိုင်ကြောင်း ကုန်သည်များက ပြောသည်။

သွင်းကုန်ပစ္စည်းဈေးမြင့် ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်

သွင်းကုန်ပစ္စည်းဈေးမြင့် ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်

by ဧရာဝတီ
10 August 2023
1.4k

တင်ဒါလုပ်ကိုင်သည့်သူများမှာလည်း အောင်မြင်ထားသည့် တင်ဒါ ငွေကြေးပမာဏနှင့် တက်လာသည့် ကုန်ဈေးနှုန်းနှင့် မညီမျှသည့်အခါ အခက်အခဲများဖြစ်၍ လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ရပ်တန့် ထားရ

Next Post
သရုပ်ဆောင် နွေဦး / Nway Oo's Facebook

“ရဲတိုက်က စိတ်ခံစားချက်ကို ဦးစားပေးတဲ့ သရုပ်ဆောင်ပါ”လို့ ပြောတဲ့ နွေဦး

တရားစွဲ ခံထားရသူ သားအတွက် ဖခင်၏ တောင်းဆိုမှု (ရုပ်/သံ)

တရားစွဲ ခံထားရသူ သားအတွက် ဖခင်၏ တောင်းဆိုမှု (ရုပ်/သံ)

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

19 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate