• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဆင်းကတ်များ အခမဲ့ဝေငှမှုဖြင့် Mytel ကို ဒဏ်ငွေ ကျပ်သန်း ၃၀၀ ချ

by စမ်းယမင်းအောင်
23 July 2019
in စီးပွားရေး
A A
၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက်က ရန်ကုန်တွင် ကျင်းပသည့် တရားဝင် လုပ်ငန်းစတင်သည့် အခမ်းအနား / Snr-Gen Min Aung Hlaing  / Facebook

၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက်က ရန်ကုန်တွင် ကျင်းပသည့် တရားဝင် လုပ်ငန်းစတင်သည့် အခမ်းအနား / Snr-Gen Min Aung Hlaing / Facebook

176.3k
VIEWS
Share on FacebookShare on Twitter

တယ်လီကွန်အော်ပရေတာ တဦးဖြစ်သည့် Mytel သည် ဆင်းကတ် (SIM card) များကို အခမဲ့ဝေငှခြင်းအားဖြင့် နှုန်းထားနှင့် အခွန်စည်းကြပ်မှု ထိန်းသိမ်းရေး မူဘောင် (Pricing and Tariff Regulatory Framework) ကို ချိုးဖောက်ရာရောက်သောကြောင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (PTD) က ဒဏ်ငွေ ကျပ်သန်း ၃၀၀ ချမှတ်ခဲ့သည်။

ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည့် PTD ၏ ထုတ်ပြန်ချက်တွင် တယ်လီကွန် အော်ပရေတာ ၃ ဦးဖြစ်သော Mytel, Telenor နှင့် Amara ဆက်သွယ်ရေး လုပ်ငန်းတို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ကတည်းက စည်းမျဉ်း စည်းကမ်းများ ချိုးဖောက်မှုရှိခြင်းကြောင့် သတိပေးခြင်း အများစုအပါအဝင် အရေးယူမှု ၅ ခု ချမှတ် ခဲ့ကြောင်း ဖော်ပြပါရှိသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
875
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

အရေးယူမှု ၅ ခုတွင် ၃ ခုမှာ Mytel အပေါ် ချမှတ်ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းသည် MPT, Telenor နှင့် Ooredoo တို့ပြီးလျှင် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး တယ်လီကွန် အော်ပရေတာ ဖြစ်ကာ ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပိုင်ဆိုင်သော ဗီယက်တဲ (Viettel) ဆက်သွယ်ရေးလုပ်ငန်းက ဆက်စပ် လုပ်ကိုင်ပေးလျက်ရှိသည်။

အမရာနှင့် တယ်လီနောတို့ကို မေလနှင့်ဇွန်လအတွင်းက ခွင့်ပြုချက်မရှိဘဲ မိုက္ကရိုဝေ့ဗ် link သုံးစွဲခြင်း၊ နှုန်းထားနှင့် အခွန်စည်းကြပ်မှု ထိန်းသိမ်းရေး မူဘောင်ပါ ညွှန်ကြားချက်နှင့် စည်းမျဉ်း စည်းကမ်းများ ဖောက်ဖျက်ခြင်းတို့ကြောင့် သတိပေးခဲ့သည်။

Mytel ၏ ၄၉ ရာခိုင်နှုန်းကို ဗီယက်တဲက ပိုင်ဆိုင်ခြင်းဖြစ်ပြီး ၂၈ ရာခိုင်နှုန်းကို မြန်မာစစ်တပ်၏ စီးပွားရေး ဦးပိုင် လီမိတက် လုပ်ငန်းခွဲဖြစ်သော Star High ကုမ္ပဏီက ပိုင်ဆိုင်ထားသည်။ ယင်းလုပ်ငန်းစု၏ ကျန်ရှိသော အစိတ်အပိုင်းများကို ပြည်တွင်းကုမ္ပဏီ ၁၁ ခုတို့က ပိုင်ဆိုင်ကြသည်။

ယခုထုတ်ပြန်ချက်အရ ကျပ်ငွေသန်း ၃၀၀ ဒဏ်ငွေသည် ယခုနှစ် မတ်လတွင် ချမှတ်ခြင်းဖြစ်သည်။ ယင်းပမာဏသည် အော်ပရေတာဝင်ငွေ၏ ၅ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု ယုံကြည်ရပြီး လိုင်စင် ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၄၁ (က) အရ ဖြစ်ကြောင်း၊ ယင်းနည်းဥပဒေတွင် သတိပေးခြင်းနှင့် ၎င်းတို့ လုပ်ငန်းလိုင်စင် ဆိုင်းငံ့ခြင်းတို့ကဲ့သို့ အခြား အရေးယူမှု ပုံစံများအကြား ချိုးဖောက်သူအား ၎င်းအခွန်တော်၏ ၅ ရာခိုင်နှုန်း ဒဏ်ငွေချမှတ်ရန် ပြဋ္ဌာန်းထားသည်။

Mytel ကို ယခုနှစ်အတွင်း မေလနှင့် ဇွန်လတို့က နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့ရာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၅၇ (က) အရ နှုန်းထားနှင့် အခွန်စည်းကြပ်မှု ထိန်းသိမ်းရေး မူဘောင်ပါ ညွှန်ကြားချက်နှင့်စည်းမျဉ်းများကို ဖောက်ဖျက်ခြင်း လုပ်ငန်းလိုင်စင်ပါ စည်းကမ်းချက်တရပ်ကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ ဖြစ်သည်။ ယင်းပုဒ်မ ချိုးဖောက်သူများကို ၎င်းတို့လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း (သို့မဟုတ်) ဆိုင်းငံ့ခြင်း (သို့မဟုတ်) သတိပေးခြင်းတို့ ပြုလုပ်ရမည်ဟု ဆိုထားသည်။

Mytel ကုမ္ပဏီ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက မတ်လက ဒဏ်ငွေ ကျပ်သန်း ၃၀၀ နှင့် ဇွန်လက သတိပေးခံရကြောင်း၊ အကြောင်းမှာ မိမိတို့လုပ်ငန်းက ဈေးကွက်ထဲ စဝင်သည့်အခါ စားသုံးသူများကို ဆွဲဆောင်နိုင်ရန်အတွက် ဆင်းကတ်များ အခမဲ့ဝေငှခဲ့၍ ဖြစ်ကြောင်း ရှင်းပြသည်။

Mytel ၏အရောင်းသမားများ၊ အထူးသဖြင့် ရန်ကုန်ပြင်ပရှိ အရောင်းသမားများမှာ ပုံမှန်ဈေးကွက်အတွင်း ရောင်းနေကျ နှုန်းထား ၁၅၀၀ ကျပ်ရှိ ဆင်းကတ်များကို ရောင်းအား တက်လာစေရန်အတွက် အခမဲ့ဝေငှ ခဲ့ကြောင်း ၎င်းက ပြောသည်။ ထိုကာလက အရောင်းသမားများသည် သတ်မှတ်ထားသည့် စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“သူတို့က ရောင်းအားတက်ဖို့ ဆင်းကတ်တွေ အခမဲ့လိုက်ဝေခဲ့တယ်။ လူတွေကလည်း ဆင်းကတ်တွေ ရှိပြီးသား ဆိုတော့ သူတို့ကို ကျနော်တို့က ရောင်းရင် မဝယ်ကြဘူး။ အဲဒါနဲ့ သူတို့ကို အလကားပေးလိုက်တာပါ” ဟု ၎င်းက ဆိုသည်။

စည်းမျဉ်းစည်းကမ်းအရ ဆင်းကတ်များကို အခမဲ့ဝေငှခွင့် မပြုကြောင်း Mytel ပြောခွင့်ရသူက ရှင်းပြသည်။

“ဒဏ်ငွေကျပ် သန်း ၃၀၀ (အဆိုပြု) ဟာ ဥပဒေ ချိုးဖောက်တာကြောင့်လို့ လူတွေက ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

မေလကထုတ်ခဲ့သည့် တခြား သတိပေးချက်မှာ လုပ်ငန်းအနေဖြင့် Database သတင်းအချက်အလက် အမှားများ ပေးမိခြင်းကြောင့် ဖြစ်ကြောင်း သူက ဆိုသည်။

အကယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အော်ပရေတာများအကြား လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုလျှင် ယင်းကဲ့သို့ ဖြစ်စဉ်များ ပေါ်ပေါက်လာမည် မဟုတ်ကြောင်း ဦးဇော်မင်းဦးက ဖြည့်စွက် ပြောသည်။

Mytel ကုမ္ပဏီသည် ယမန်နှစ်၊ ဇွန်လက လုပ်ငန်းစတင်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက်က ရန်ကုန်တွင် ကျင်းပသည့် တရားဝင် လုပ်ငန်းစတင်သည့် အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗီယက်နမ် ဒုတိယကာကွယ်ရေးဝန်ကြီး Senior Lieutenant General Tran Don တို့နှင့် နှစ်နိုင်ငံစလုံးမှ စစ်ဗိုလ်ချုပ်များ ဆယ်ဂဏန်းမျှ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်း စတင်သည့်အခမ်းအနားတွင် ကုမ္ပဏီက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

သို့ရာတွင် အစမှာပင် Mytel သည် အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ဆင်းကတ်များ စတင်ဖြန့်ချိပြီး တလအကြာ ၎င်း၏ Shake Mytel အစီအစဉ်ကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက တားမြစ်ခဲ့သည်။ ယင်းအစီအစဉ်တွင် ၎င်းသုံးစွဲသူများထံ အခမဲ့ဝန်ဆောင်မှု ပေးထားခြင်းကို မျှတသော ပြိုင်ဆိုင်မှု စည်းမျဉ်း ချိုးဖောက်သည်ဟုဆို၍ တားမြစ်ခံရခြင်းဖြစ်သည်။

ယခုနှစ် မေလတွင် ၎င်းဆက်သွယ်ရေး အော်ပရေတာ ဝန်ထမ်းများက ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်တွင် လုပ်ခလစာ အငြင်းပွားမှုဖြင့် Mytel ကုမ္ပဏီအပေါ် ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲခြင်းထိုးဖောက်ရာတွင် ၂၀၁၄ ခုနှစ်က တယ်လီနောနှင့် ကာတာနိုင်ငံမှ အော်ရီဒူးတို့က ၎င်းတို့ ကွန်ရက်ကိုယ်စီဖြင့် တရှိန်ထိုး ဝင်ရောက်လာခဲ့ကြသဖြင့် အစိုးရပိုင် မြန်မာ့ ဆက်သွယ်ရေး (MPT) ၏ တဦးတည်း လက်ဝါးကြီးအုပ်မှုကို ချုပ်ငြိမ်းသွားခဲ့သည်။ MPT သည် ဆင်းကတ် နှုန်းထားများကို လူတိုင်း လက်လှမ်းမမီအောင် နှစ်ပေါင်းများစွာ ထားရှိခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက အမ်ပီတီ၊ တယ်လီနောနှင့် အော်ရီဒူးတို့က ပူးတွဲကြေညာချက် တစောင် ထုတ်ပြန်ခဲ့ရာ ၎င်းတို့တွင် သုံးစွဲသူပေါင်း ၅၃ သန်း ရှိနေပြီဟု ဆိုခဲ့သည်။ ဂျပန်နိုင်ငံမှ KDDI နှင့် ၂၀၁၄ ခုနှစ်က မိတ်ဖက် လုပ်ကိုင်ခဲ့သော အမ်ပီတီသည် သုံးစွဲသူပေါင်း ၂၅ သန်းဖြင့် ဦးဆောင်နေပြီး ယင်းနောက်တွင် တယ်လီနောက ၁၉ သန်း၊ အော်ရီဒူးက ၉ ဒသမ ၅ သန်းတို့ဖြင့် အသီးသီး လုပ်ကိုင်နေသည်။

Mytel အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်အကုန်ပိုင်းက သုံးစွဲသူ ၅ သန်းရရှိထားကြောင်း ဗီယက်တဲက ဆိုသည်။

(San Yamin Aung ၏ Army-Backed Mytel Fined Nearly $200,000 for Giving Away Free SIM Cards ကို ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

UK က Myanmar Net ကုမ္ပဏီတွင် ဒေါ်လာသန်း ၃၀ ခန့် ရင်းနှီးမြှုပ်နှံ

Huawei ရဲ့ ပထမဆုံး 5G ဖုန်းကို ယခုလ စတင် ရောင်းချမည် 

FaceApp အသုံးပြုသူများနှင့် လုံခြုံရေး ပြဿနာ 

Your Thoughts …
Tags: Mytelဆင်းကတ်များ အခမဲ့ဝေငှမှုဒဏ်ငွေ
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.2k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
10.7k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

စစ်ကောင်စီကို လောင်စာထောက်ပံ့သည့် ခရိုနီလုပ်ငန်းခွဲအား စာရင်းရှင်းဖျက်သိမ်း

စစ်ကောင်စီကို လောင်စာထောက်ပံ့သည့် ခရိုနီလုပ်ငန်းခွဲအား စာရင်းရှင်းဖျက်သိမ်း

by ဧရာဝတီ
17 August 2023
5.5k

စစ်ကောင်စီအာဘော် မြဝတီသတင်းစာ တခုတည်းသာ ရွှေဗျိုင်းဖြူရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်း စာရင်းရှင်းလင်း ဖျက်သိမ်းကြောင်း ဖော်ပြပြီး ကျန် စစ်ကောင်စီမီဒီယာများ ဖော်ပြခြင်း မရှိပေ။

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

by အောင်သစ်
26 October 2024
3.1k

ဧရာဝတီက စုံစမ်းရရှိသည့် အချက်အလက်များထဲတွင်လည်း ဦးမြဟန်၏ ကုမ္ပဏီက စစ်ထောက်ချုပ်ရုံးပိုင်မြေ ၅ ဒသမ ၆၅ ဧကအား ဟိုတယ် ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကို ၂၀၁၅ ခုနှစ်တွင် ရရှိထားသည်ကို တွေ့ရသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် Mytel ဆက်သွယ်ရေး လုပ်ငန်းမှ ဘဏ္ဍာရေးမှူးချုပ် ဦးသိန်းအောင်

Mytel မှ ဘဏ္ဍာရေးမှူးချုပ် ပစ်ခတ်ခံရ၍ သေဆုံး

by ဧရာဝတီ
4 November 2021
10.1k

ဦးသိန်းအောင်သည် ပစ်ခတ်ခံရသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာလည်း ခါးနှင့် ခြေထောက်တို့တွင် ကျည်ထိဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Next Post
လိမ္မော်သီး (Tangerine) နဲ့ ကဗ္ဗလာသီး (Orange)

လိမ္မော်သီး (Tangerine) နဲ့ ကဗ္ဗလာသီး (Orange) တို့ရဲ့ ခြားနားချက် 

ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် မနီလာသိန်းအပါအဝင် ၅ ဦး ကို ယနေ့တွင် စတင် တရားစွဲဆို  / အောင်ကျော်ထက် / ဧရာဝတီ

တရားစွဲခံရသည့် နိုင်ငံရေး လှုပ်ရှားသူ ၅ ဦး ကျပ် သိန်း ၁၀၀ ဖြင့် အာမခံရ

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate