• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အစိုးရကို အခွန်၊ သူပုန်ကို ဆက်ကြေးပေးနေရသော်လည်း ကျွဲနွား ကုန်ကားများ လုံခြုံမှု မရှိ

by ဒီလှိုင်းဝင်း
19 August 2019
in စီးပွားရေး
A A
မူဆယ်ရောက် ကျွဲနွားများ / ဒီလှိုင်းဝင်း

မူဆယ်ရောက် ကျွဲနွားများ / ဒီလှိုင်းဝင်း

15.1k
VIEWS
Share on FacebookShare on Twitter

မန္တလေး-မူဆယ် လမ်းကြောင်းပေါ်တွင် တရားဝင် ကျွဲ၊ နွားတင်ပို့နေသည့် ကားများကို လက်နက်ကိုင်အဖွဲ့များက ဆက်ကြေး တောင်းခံနေပြီး မပေးပါက ပြန်ပေးဆွဲ တောင်းခံမှုများ ရှိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျွဲနွား မွေးမြူ တင်ပို့ရောင်းချသူများက ပြောကြသည်။ ပိုဆိုးသည်မှာ ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားနေပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကမှ တာဝန်မခံဟု ဆိုကြသည်။

ထို့အတူ နိုင်ငံတော်ကို အခွန်ပေးဆောင်ပြီး တရားဝင် ကုန်သွယ်နေသူများ ဖြစ်သော်လည်း လုံခြုံရေး တာဝန်ရှိ အဖွဲ့အစည်းများကလည်း အာမမခံပေ။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
933
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

“ကျနော်တို့ နွားကားတွေကို မကြာခဏ ပစ်ခတ်ခံနေရတယ်၊ ဘယ်သူကပစ်နေတာလဲဆိုတာ အခုထိ မသိရဘူး။ ပစ်ခတ်မှုခံနေရတာကို နိုင်ငံတော်ဘက်က ကာကွယ်ပေးတာမျိုး မရှိဘူး။ ကျနာ်တို့က အစိုးရဆီမှာ တရားဝင်အခွန်ဆောင်ပြီး လုပ်နေကြတာ၊ ပစ်ခံရနေရတာနဲ့အတူ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်ခံနေတာတွေကိုလည်း ပေးနေရတယ်။ လက်ရှိအချိန်မှာ နွားဈေးကွက်က ပျက်နေတော့ ကျနော်တို့အတွက် နစ်နာမှုတွေ အများကြီးဖြစ်နေရတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ကျွဲနွား မွေးမြူ တင်ပို့ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးကျော်ခိုင်ဝင်း က ပြောသည်။

မန္တလေး-မူဆယ် လမ်းကြောင်းပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင်စစ်တပ် (AA) နှင့်  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့များ လှုပ်ရှားနေလျက် ရှိသည်။

ပစ်ခတ်ခံရမှုသည် လက်နက်ကိုင်အဖွဲ့များ၏ ငွေကြေးကောက်ခံမှုများနှင့် သက်ဆိုင်နေပြီး  ယခင်ကတည်းက ပစ်ခတ်မှုများရှိကြောင်း ကျွဲနွားတင်ပို့သူများထံက သိရသည်။

“ဆက်ကြေးက နွားတွေကို တရားဝင်ခွင့်ပြုတဲ့အချိန်ကတည်းက တောင်းနေကြတာပဲ။ မပေးလို့လည်း မရဘူး၊ မပေးရင် သူတို့က တာဝန်မခံဘူးလို့ ပြောပြီး သေနတ်နဲ့ပစ်နေကြတာပဲလေ။ အများဆုံးပေးနေရတာက RCSS နဲ့ TNLA ပဲ”ဟု ဒီပဲယင်းနယ်မှ နွားမွေးတောင်သူ ကိုစောက ပြောသည်။

ကျွဲ၊ နွားကားများ ပစ်ခတ်ခံရမှုအနေဖြင့် ၁၆ ကြိမ်ခန့်ရှိပြီဖြစ်ကာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ၂၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့် ကလည်း ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ် တွင်  အမည်မသိလက်နက်ကိုင်တစုက ပစ်ခတ်ခဲ့ခြင်းကြောင့် ယာဉ်မောင်းနှင့် နွားထိန်းအဖြစ် လိုက်ပါလာသူ ၂ ဦး ဒဏ်ရာ ရရှိခဲ့သလို ကားပေါ်ပါ နွား ၁၈ ကောင်တွင် ၄ ကောင်သေဆုံးခဲ့ကြောင်း၊  ယခုနှစ် သြဂုတ်လ ၁၂ နှင့် ၁၃ ရက်နေ့များကလည်း ကျွဲ၊ နွားတင်ပို့သည့် ကားများကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရာ လူ ၃ ဦးသေဆုံးခဲ့သလို ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်။

“ကျနော်တို့အနေနဲ့က မိသားစုဝမ်းရေးအတွက်မို့ သွားလာနေရတဲ့ လမ်းကြောင်းလေးမှာ အလုံးစုံ အဆင်ပြေချောချောမွေ့မွေ့ ဖြစ်ချင်တာပေါ့၊ နိုင်ငံတော်ကိုလည်း တရားဝင် အခွန်ဆောင်စရာရှိတာတွေ ဆောင်ပြီးမှ သွားရတာကို အခုလို လက်နက်ကိုင်တွေကိုပါ ပေးနေရတာကတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ဒါကို သက်ဆိုင်ရာကနေ ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို မျှော်လင့်မိတာပေါ့၊ နောက်ပြီး ကျနော်တို့ သွားနေရတဲ့လမ်းကြောင်းပေါ်မှာ လုံခြုံရေးပိုင်းကအစ နိုင်ငံတော်ပိုင်းကနေ တာဝန်ယူပေးစေချင်ပါတယ်”ဟု လက်နက်ကိုင်အဖွဲ့တခုအား ဆက်ကြေးပေးခဲ့ရသည့် ခင်ဦးမြို့နယ်မှ နွားကုန်သည် ကိုသူက ပြောသည်။

အဆိုပါကဲ့သို့ လက်နက်ကိုင်အဖွဲ့များက ဆက်ကြေးကောက်ခံမှုများနှင့် ပက်သက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး စိုင်းဦးက “မူဆယ်လမ်းပေါ်မှာ ကျနော်တို့ RCSS အဖွဲ့တွေကနေ ဆပ်ကြေးကောက်နေတယ်ဆိုတာမျိုး ကျနော်မသိရပါဘူး၊ တချို့ ကျနော်တို့အဖွဲ့ရဲ့နာမည်ကို အလွဲသုံးစားလုပ်နေတာမျိုးတွေ ရှိပါတယ်၊ အခုလို ဆပ်ကြေးကောက်နေတယ်ဆိုတဲ့သတင်းကို ကျနော်အသေအချာ မသိတဲ့အတွက် ဖြေလို့မရပါဘူး”ဟု ပြောသည်။

အသက် ၅ နှစ်နှင့်အထက် ကျွဲ၊ နွား အထီးများကို သင်းကွပ်၍ ပြည်ပသို့ တရားဝင်တင်ပို့ရောင်းချခွင့်ကို သတ်မှတ်အခွန်များ ပေးဆောင်စေကာ အစိုးရက၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က စတင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ မန္တလေး မူဆယ် လမ်းအတိုင်း သယ်ဆောင်နေခဲ့ကြသည်။

“ကျနော်တို့က ပေးဆောင်ရမယ့်အခွန်တွေ တရားဝင်ပေးဆောင်ပြီးမှ ထွက်လာတယ်၊ အောက်ပိုင်းမှာလည်း နွားပွဲဈေး ကြောင့် အခက်အခဲဖြစ်၊ အပေါ်ရောက်တော့လည်း လက်နက်ကိုင်အဖွဲ့အစည်းက ငွေတောင်းနဲ့ တော်တော်ကို အဆင်မပြေ ဖြစ်နေရတယ်၊ တလောကဆိုရင် နွားကားကို ပစ်တယ်၊ နောက် နွားကားကို တောထဲခေါ်သွားပြီး ငွေပေးမှ ပြန်လွှတ်ပေးတယ်၊ ဒါတွေကို အစိုးရအနေနဲ့ ဝင်ရောက်ပြီး ဖြေရှင်းပေးသင့်ပါပြီ”ဟု ရဲသူဟိန်း နွားမွေးမြူရေးကုမ္ပဏီမှ ဦးသောင်းခိုင်ကလည်း ပြောသည်။

မန္တလေး-မူဆယ် လမ်းကြောင်းပေါ်တွင် တရားဝင် ကျွဲ၊ နွားတင်ပို့နေသည့် ကားများကို လက်နက်ကိုင်အဖွဲ့များက ပစ်ခတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဆက်ကြေးကောက်ခံနေမှုများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက “ကျနော်တို့အနေနဲ့က တိုင်းရင်းသားနယ်မြေတွေမှာတော့ ပြောထားပြီးသားပါ၊ အပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာ ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေဖို့၊ ဆပ်ကြေးငွေ ကောက်ခံမှုနဲ့ လူသစ်စုဆောင်းခြင်း မပြုလုပ်ဖို့ ပြောထားတာ ရှိပါတယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သိရပြီး စည်းကမ်းဖောက်တာတွေ မလုပ်ဖို့ အမြဲပြောနေတာတွေ ရှိပါတယ်၊ ဒါတွေကတော့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ အခွင့်ကောင်းယူပြီးတော့ နယ်မြေတိုးချဲ့တာတွေ၊ အင်အားတိုးချဲ့တာတွေ၊ ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုးဖြစ်အောင် လုပ်တာတွေကိုတော့ မလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်”ဟု ပြောသည်။

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်ကြေးကောက်ခံမှုများ ပြုလုပ်ရာတွင် ယူနီဖောင်းဖြင့် ကောက်ခံခြင်းများ ရှိသလို အရပ်ဝတ်များဖြင့် ကောက်ခံနေခြင်းများလည်း ရှိကြောင်း၊ ယခုအခါ ယူနီဖောင်းအပြည့်အစုံဖြင့် နွားရောင်းဝယ်ရေးကွင်းအတွင်းအထိ လာရောက်ကောက်ခံနေခြင်းများကို ပြုလုပ်နေကြသည်ဟု ကျွဲ၊ နွားတင်ပို့သူများထံက သိရသည်။

“ကျမက ကား ၅ စီးကို ဦးဆောင်ပြီးတော့ မူဆယ်ကို သွားပါတယ်။ အရင်ကဆိုရင် ဂုတ်တွင်းအတက်က နောင်ပိန်မှာ ၁၆ သိန်းကောက်ပါတယ်။ အခု ၂၀ ကောက်တယ်။ သူတို့က သေနတ်နဲ့ပစ်တဲ့အဖွဲ့တွေပါ။ RCSS ကလို့ သိရပါတယ်။ အဲဒီလိုကောက်တာကိုပေးပြီးရင် တယောက်က ကြိုသွားပြီးတော့ သီပေါမရောက်ခင်မှာ ဖုန်းကြိုဆက်ရတယ်။ SSA ကို ထပ်ပြီးတော့ ၁၆ သိန်းပေးရတယ်၊ အဲဒီကနေ  ကွတ်ခိုင်ရောက်တော့ KIA က ၁၀ သိန်းပေးရပါတယ်၊ KIA က ဆွဲရင်လည်း ရှုခင်းသာပေါ်ကနေ ဆွဲတာ၊ ပိုက်ဆံလာယူရင်လည်း ရှုခင်းသာပေါ်မှာပဲ လာယူတာများတယ်။ အဲဒီလို ရှင်းပြီးရင် အရင်ကတော့ ပြီးသွားပြီ၊ ကွင်းထဲကိုရောက်ပြီး အရောင်းအဝယ်လုပ်လို့ရပြီ။ အခုတော့ အဲဒီလိုမဟုတ်တော့ဘူး၊ ကွတ်ခိုင်ပြည်သူ့စစ်က ဆိုပြီးတော့ ကုမ္မဏီတခုရောက်ပြီးဆိုတာနဲ့ ပလောင်ကြေးက ၁၀ သိန်း၊ ပြည်သူ့စစ်က ရန်ပုံငွေ ၂ သိန်း၊ ၁၂ သိန်း တောင်းပါတယ်၊ ပြည်သူ့စစ်ကိုယ်တိုင်က ခေါ်ပြီး တောင်းနေတာပါ”ဟု ရေဦးနယ်မှ နွားကုမ္ပဏီပိုင်ရှင်တဦးက ပြောသည်။

ကျွဲ၊ နွားကုမ္ပဏီများထံမှ ဆက်ကြေးကောက်ခံခြင်းကို မပြုလုပ်ရန် ပလောင်(တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေဖြင့် တားမြစ်ထားပြီး TNLA မှ ဆက်ကြေးကောက်ခံနေသည်ဆိုခြင်းအပေါ် တိတိကျကျ သိရှိမှသာ အရေးယူနိုင်မည်ဟု သိရသည်။

“အဲဒီလို ကောက်ခံနေတယ်ဆိုတာကို အခုအချိန်ထိ ဘယ်နားမှာဖြစ်တယ်၊ ဘယ်နေရာမှာဖြစ်တယ်ဆိုတာ မသိရသေးပါဘူး၊ ကျနော်တို့အဖွဲ့တွေကို အဲဒီလို မလုပ်ဖို့တော့ ညွှန်ကြားထားတာ ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့ဒေသကို လာပြီး အလုပ်လုပ်ကြတဲ့ စီပွားရေး လုပ်ငန်းရှင်တွေဆီကိုတော့ အကူအညီတောင်းတာတော့ ရှိပါတယ်၊ ဒီကိစ္စကို ဘယ်အဖွဲ့၊ ဘယ်အဖွဲ့ဆိုတာ အတိအကျ မသိရသေးပါဘူး၊ သိရှိရတယ်ဆိုရင် ဘာကြောင့် ဘယ်လိုပုံစံနဲ့ကောက်တာလည်းဆိုတာလည်း ရှိသေးတယ်။ တခါတလေ ကျနော်တို့အဖွဲ့ အယောင်ဆောင်ကောက်နေတာမျိုးလည်း ရှိတယ်”ဟု ပလောင်(တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးမိုင်အိုက်ကျော်က ပြောသည်။

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်ကြေးကောက်ခံရန်အတွက်  ကျွဲ၊နွားကားများ တားခြင်းကို အခြားအဆင့်များက လုပ်ဆောင်ပြီး ငွေတောင်းခံခြင်းကိစ္စကို အရာရှိအဆင့်များက ပြုလုပ်နေကြခြင်းဖြစ်ပြီး ၂၀၁၈ ဒီဇင်ဘာလဆန်းပိုင်းကလည်း ခင်ဦးမြို့နယ်မှ နွားကားတစီးကို KIA က တားဆီး၍ ကားသမားအပါအဝင် လူ ၇ ဦးကို ပြန်ပေးဆွဲခေါ်ဆောင်ခဲ့ကြောင်း၊ ထို့အပြင် ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ ရှုခင်းသာကုန်းအတက်တွင် ဒီပဲယင်းမြို့နယ်မှ သဇင်နန်းထိုက် ကုမ္ပဏီမှ နွားကား ၂ စီးကို KIA က တားဆီး၍ ကားသမားအား ပြန်ပေးဆွဲခေါ်ဆောင်ခြင်းများနှင့် အခြားကုမ္ပဏီများကိုလည်း ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခံနေရကြောင်း ကျွဲ၊ နွားတင်ပို့သူများထံက သိရသည်။

“ကချင်အဖွဲ့ကဆိုပြီး လက်နက်ကိုင်အဖွဲ့ကနေ ကွတ်ခိုင်မြို့အထွက်မှာ တားခံခဲ့ရတာပါ၊ သူတို့က ကားသမားတယောက်ကို တောထဲခေါ်သွားပြီး သိန်း၂၀၀ တောင်းတယ်၊ တောင်းတဲ့ငွေက များတော့ မပေးနိုင်လို့ ညှိနှိုင်းတာကို မရခဲ့ဘူး၊ မဖြစ်မနေကို ပေးခဲ့ရတာပါ၊ KIA ကလို့ သူတို့ကိုယ်တိုင်ပြောသွားတာပါ”ဟု သဇင်နန်း ထိုက်ကုမ္ပဏီမှ ဦးရွှေမင်းက ပြောသည်။

ယခုအခါ လက်နက်ကိုင်အဖွဲ့အစည်းများအတွက် ဆက်ကြေးကောက်ခံရာတွင် ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ပြည်သူ့စစ်များလည်း ပါဝင်နေကြောင်း သိရသည်။

“ကျမတို့ သိထားတာက ပြည်သူ့စစ်ဆိုတာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခု၊ အခုဟာက သူကိုယ်တိုင်က တောအဖွဲ့ လက်နက်ကိုင်အတွက်ကို ၁၀ သိန်းကောက်ပေးနေရတယ်ဆိုတာ စဉ်းစားလို့ မရဘူးဖြစ်နေတယ်။ အခုက ဘယ်လိုထိဖြစ်နေသလဲဆိုရင် ကွင်းထဲမှာ နွားတွေချပြီးပြီ စစ်ဆေးစရာရှိတာကို စစ်ဆေးပြီး လက်မှတ်ထုတ်မပေးခင်မှာ ဆိုရင် မွေး/ကုဦးစီးဌာနက ဦးစီးတွေကိုယ်တိုင်က ပြည်သူ့စစ်အဖွဲ့နဲ့မဖြစ်မနေ သွားတွေ့ခိုင်းနေတာပါ၊ မွေး/ကုက ကျနော်တို့နွားသမားတွေကို အကြပ်ရိုက်အောင် ညှပ်ပြီး စီစဉ်နေသလိုပဲ”ဟု ရေဦးနယ်မှ နွားကုမ္ပဏီပိုင်ရှင်တဦးက ပြောသည်။

ခင်ဦးမြို့နယ်မှ ကိုသန့်ဇင်ဝင်းကလည်း “ကွတ်ခိုင်ပြည်သူ့စစ်က တော်တော်ကို ဆိုးပါတယ်၊ သူတို့ကိုယ်တိုင်က တောထဲမှာနေတဲ့ ပလောင်တပ်အတွက်ဆိုပြီး မဖြစ်မနေ ၁၀ သိန်း ပေးနေရတယ်၊ မပေးဘူးဆိုရင် ကွတ်ခိုင် ကွန်နတင်းဇုန်ထဲကနေ အထွက်ကို မခံတာ၊ သူတို့ကို ပေးဆောင်တယ်ဆိုတာကို ဖြတ်ပိုင်းဖြတ်ပေးပြီး တိုးဂိတ်မရောက်ခင်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်မှာပဲ အဲဒီဖြတ်ပိုင်းတွေကို ပြန်ပေးခဲ့ရတာ”ဟု ပြောသည်။

မန္တလေး-မူဆယ် လမ်းကြောင်းပေါ်တွင် လက်နက်ကိုင် တပ်ဖွဲ့များအား ကျွဲနွားတင်ပို့သည့် ကုမ္ပဏီတခုလျှင် ကျပ်သိန်း ၇၀ ခန့် ပေးဆောင်နေရပြီး ပြန်ပေးဆွဲခေါ်ဆောင်ခြင်း ခံရပါက အနည်းဆုံး ကျပ်သိန်း ၁၃၀ ခန့်ကို စာချုပ်ဖြင့် ပေးဆောင်ခိုင်ပြီး ဖမ်းဆီးသည့်အဖွဲ့အား ကျပ် ၁၀ သိန်းခန့် သီးသန့်ပေးဆောင်နေရကြောင်း သိရသည်။

ယခုကဲ့သို့ဖြစ်စဉ်များ ဖြစ်ပွားနေရသော်လည်း နွားကုမ္ပဏီပိုင်ရှင်များ၊ နွားမွေးတောင်သူများ၊ ယာဉ်မောင်းသူများအနေဖြင့် သက်ဆိုင်ရာသို့ အကူအညီတောင်းခံမှုမျိုးကို မပြုလုပ်ရဲကြသလို ပြည်ထောင်စုအဆင့်အား တင်ပြသော်လည်း ဖြေရှင်းပေး၍ မရကြောင်းသာ ဖြေကြောင်း နွားကုန်သည်များထံက သိရသည်။

“အခုလိုဖြစ်နေတဲ့ကိစ္စတွေကို စိုက်ပျိုးရေးနဲ့မွေးမြူရေးကနေလုပ်တဲ့ ပြည်ထောင်စုအဆင့်က လူကြီးတွေနဲ့ ကျနော်တို့နဲ့ တွေ့တဲ့အစည်းအဝေးမှာ တင်ပြပါတယ်၊ သူတို့ပြောတာက တောဘက်နဲ့ အဆင်မပြေရင်၊ မပေးချင်ဘူးဆိုရင် ဒီအလုပ်ကို မလုပ်နဲ့၊ မသွားကြနဲ့လို့ပဲ ပြောနေတာ။ သူတို့လည်း လက်နက်ကိုင်တွေနဲ့ ညှိနေတာ မရဘူးလို့ပဲ ဖြေပါတယ်”ဟု ခင်ဦးမြို့နယ်မှ ကိုသန့်ဇင်ဝင်းက ပြောသည်။

ထို့အပြင် သဇင်နန်းထိုက်ကုမ္ပဏီပိုင်ရှင် ဦးရွှေမင်းကလည်း “ကျနော်တို့အနေနဲ့ အခုလိုဖြစ်စဉ်အပေါ်မှာ သက်ဆိုင်ရာကိုလည်း အကူအညီမတောင်းရဲပါဘူး၊ ကားသမားကို သူတို့ခေါ် ထားတာတယ်၊ ပိုက်ဆံပေးမှ ပြန်လွှတ်ပေးမယ်လို့လည်း ပြောတယ်၊ အဲဒီလိုပြောထားတဲ့အပြင် လက်နက်ကိုင်အဖွဲ့ဖြစ်နေတာကြောင့် ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်း၊ ချိန်ချိန်ဆဆ လုပ်နေရတာကြောင့်လည်း တိုင်ကြားတာမျိုး အသိပေးတာမျိုးတွေ မလုပ်ကြတာပါ”ဟု ပြောသည်။

တရားဝင် ကျွဲ၊ နွားတင်ပို့နေသည့် ကားများကို လက်နက်ကိုင်အဖွဲ့များက ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်ခံနေမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့သို့ သတင်းပေးတိုင်ကြားမှုများ ယနေ့အချိန်ထိ မရှိဘဲ သတင်းပေးတိုင်ကြားလာလျှင် လုပ်ဆောင်ပေးသင့်သည်များကို လုပ်ဆောင်ပေးမည်ဟု သိရသည်။

“အဲဒီကိစ္စတွေကို တိုင်ကြားတယ်ဆိုတာက မကြားမိဘူး၊ သိလည်း မသိရပါဘူး၊ ကျနော်တို့ဆီကို တိုင်ကြားမှုလုပ်ရင်တော့ အတတ်နိုင်ဆုံး ဖြေရှင်းပေးသွားမှာပါ။ အခု ဒီလိုကိစ္စတွေကို ကျနော်တို့ဆီကို ရောက်မလာတော့ မသိဘူးဖြစ်နေရတာပေါ့”ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှုးကြီး တင်မောင်ထွန်းက ပြောသည်။

ပြည်ပသို့ ကျွဲ၊ နွားများ တင်ပို့ရောင်းချခြင်းလုပ်ငန်းကို စစ်ကိုင်းတိုင်ဒေသကြီး ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ တန့်ဆည်၊ ရွှေဘိုနယ်က အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး ယခုအခါ ကျွဲနွားတင်ပို့သည့် ကားများ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်သွား ကားလမ်းပေါ်တွင် မကြာခဏ သေနတ်ဖြင့် ပစ်ခတ်ခံနေရခြင်းနှင့် ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်ခံနေရမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများထံ စာတင်သွားရန်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျွဲနွား မွေးမြူ တင်ပို့ရောင်းချသများအသင်းက သိရသည်။

၂၀၁၈ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွှွက်မှု ကိန်းဂဏန်း အရ မြန်မာနိုင်ငံတွင် ကျွဲ ၁၈ သိန်း၊ နွား ၉၇ သိန်းရှိပြီး အစိုးရက တရားဝင်တင်ပို့ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ထိ ကျွဲ ၂၈၆၃၂ ကောင်နှင့် နွား ၁၈၆၇၀၁ ကောင် တရားဝင်တင်ပို့ခွင့်ပြုခြင်းမှ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်ရရှိထား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

You may also like these stories:

ကျွဲနွား အကောင်ရေ တနှစ်လျှင် ၈ သိန်းခန့် ဝယ်ယူရန် တရုတ် ကမ်းလှမ်း

ကျွဲ၊ နွား ရောင်း/ဝယ်ကဏ္ဍ လုံခြုံရေးနှင့် အုပ်ချုပ်ရေးထံ အာဏာပေးထားမှု ပယ်ဖျက်

Your Thoughts …
Tags: ကျွဲနွား ကုန်ကားဆက်ကြေးမန္တလေး-မူဆယ်အခွန်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး

ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး

by ဧရာဝတီ
4 March 2024
7.6k

ယနေ့ ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA)၏ သတင်းစာရှင်းလင်းပွဲတွင်လည်း ရှမ်းမြောက်ဒေသတွင် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၊ ကျားဖြန့် လုပ်ငန်းများ တိုက်ဖျက်ရေး ၊ နယ်စပ်ဒေသ ထွက်ပေါက်များ တည်ငြိမ်ရေး ကိစ္စရပ်များအပေါ် စစ်ကောင်စီနှင့်...

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

by ဧရာဝတီ
18 October 2023
6.5k

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည်

စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း

စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း

by ဧရာဝတီ
1 October 2023
4.5k

ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေးများကို ခေတ်ကာလနှင့်လျော်ညီမှုမရှိဟုဆိုကာ လာမည့်နှစ်တွင် လက်ရှိ ကောက်ခံနေသည့် နှုန်းများထက် ၆ ဆကျော် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE)က လုပ်ငန်းရှင်များကို စက်တင်ဘာ ၁၅ ရက်စွဲဖြင့် အကြောင်းကြားထားသည်။

သင်္ဘောသားလစာငွေ ပြည်တွင်းဘဏ်တချို့မှ ထုတ်ယူရန် ခက်ခဲနေ

သင်္ဘောသားလစာငွေ ပြည်တွင်းဘဏ်တချို့မှ ထုတ်ယူရန် ခက်ခဲနေ

by ဧရာဝတီ
12 September 2024
1.8k

ဘဏ်သို့ မေးမြန်းရာတွင်လည်း နိုင်ငံခြားမှဝင်ရောက်လာသည့်ငွေများကို စိစစ်နေဆဲဖြစ်သောကြောင့်ဟုသာ ပြန်လည်ဖြေကြားကြောင်း

ဝ ဒေသထုတ် သံဖြူ အခွန်တိုးမြှင့်မှု တရုတ် ထိခိုက်

ဝ ဒေသထုတ် သံဖြူ အခွန်တိုးမြှင့်မှု တရုတ် ထိခိုက်

by ဧရာဝတီ
23 February 2024
1.7k

မြန်မာမှ သံဖြူရရှိနိုင်မှု ကျဆင်းလာသောအခါ တရုတ်သို့ တင်ပို့ခြင်းသည် လာမည့်လမှစတင်ပြီး ပိုမိုကျဆင်းမည် ဖြစ်သည်ဟု Mysteel မှ သုတေသီ ဒင်ဝန်ချောင်က ပြောသည်။

ကိုဗစ်ချေးငွေအကျေပြန်မဆပ်ပါက အရေးယူမည်ဟု စစ်ကောင်စီ ပြော

ကိုဗစ်ချေးငွေအကျေပြန်မဆပ်ပါက အရေးယူမည်ဟု စစ်ကောင်စီ ပြော

by ဧရာဝတီ
13 August 2024
1.6k

လက်ရှိအခြေအနေအရ လုပ်ငန်းများအနေဖြင့် ပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများရှိသလို မြင့်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် ယခင်က စားသောက်ဆိုင် တဆိုင်တွင် ပုံမှန် ၁လလျှင် လူ ၂၀၀ ဝင်ပါက ယခု လူ ၁၀၀ ခန့်သာ ဝင်ရောက် စားသောက်နိုင်သည့်အခြေအနေမျိုးဖြစ်ကြောင်း

Next Post
အသစ် မိတ်ဆက်ခဲ့တဲ့ လျှပ်စစ်စကူတာ "KickScooter T60"

အားသွင်းတဲ့ နေရာဆီ အလိုအလျောက် ပြန်သွားနိုင်တဲ့ လျှပ်စစ်စကူတာကို ပြသ

အသစ်ခန့်အပ်လိုက်သော စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းကို ဇန်နဝါရီလအတွင်း ကျင်းပခဲ့သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစည်းအဝေးတွင် မြင်ရစဉ် / Invest Myanmar Summit 2019

အသစ်ခန့် ဒုဝန်ကြီး အသက်အငယ်ဆုံး အစိုးရအဖွဲ့ဝင် ဖြစ်လာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate