• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကမ္ဘာ့ဘဏ် ညွှန်းကိန်းတွင် စီးပွားရေးလုပ်ရန် တိုးတက်မှု အရှိဆုံး နိုင်ငံ ၂၀ ၌ မြန်မာပါဝင်

by အောင်သီဟ
30 September 2019
in စီးပွားရေး
A A
စီးပွားရေးမြို့တော်အဖြစ် လူသိများသော ရန်ကုန်မြို့  / ကျော်ခ / ဧရာဝတီ

စီးပွားရေးမြို့တော်အဖြစ် လူသိများသော ရန်ကုန်မြို့ / ကျော်ခ / ဧရာဝတီ

13.5k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုညွှန်းကိန်း (Ease of Doing Business) တွင် လာမည့် ၂၀၂၀ ခုနှစ်အ တွက် တိုးတက်မှုအရှိဆုံး နိုင်ငံ ၂၀ စာရင်း တွင် မြန်မာနိုင်ငံပါဝင်ကြောင်း ကမ္ဘာ့ဘဏ်က စက်တင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့ဘဏ်အနေဖြင့် အဆိုပါနိုင်ငံများ၏ ပြုပြင်ပြောင်းလဲရေးများနှင့် စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူသည့် အမှတ်တိုး တက်မှုများကို အခြေခံကာ အဆိုပါနိုင်ငံများကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အညွှန်းကိန်းတွင် အမှတ်ပေးသည့် ကဏ္ဍ ၁၀ ခုတွင် သုံးခုနှင့် အထက်တွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အခြားနိုင်ငံများ နှင့် အတူ မြန်မာနိုင်ငံ ကိုလည်း  ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
91
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
82
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
894

စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှု အကဲဖြတ်ခြင်းကို နိုင်ငံများ၏ ယခင်နှစ်က ပြုလုပ်သည့် ပြုပြင်ပြောင်းလဲရေးကြောင့် စီးပွားရေး လုပ်ရန် လွယ်ကူမှု တိုးတက်ခြင်းအပေါ်တွင်သာ ရွေးချယ်ပြီး တဦးချင်းဝင်ငွေတိုးတက်မှုနှင့် ငွေထုတ်ချေးသော အတိုးနှုန်းကြောင့် ဖြစ်သော သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားထားခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၎င်း၏ စီးပွားရေးပတ်ဝန်းကျင် တိုးတက်ရန်အတွင် အစီအစဉ် ၅ ခုအထိ အကောင်အထည်ဖော်ဆော င်ရွက်ခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ဗိသုကာများနှင့် အင်ဂျင်နီယာများ အရည်အချင်းဆိုင်ရာများ ပိုမိုတင်း ကျပ်သော စည်းမျဉ်းများ ချမှတ်ခြင်း၊ ရေ နှင့် ရေဆိုးစွန့်ထုတ်မှု အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း စနစ်လုပ်ဆောင်နိုင်ခဲ့ခြင်း ရှိလာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

ယင်းအပြင် မြေယာပိုင်ဆိုင်မှု မှတ်ပုံတင်ရာတွင် ပိုမိုလျှင်မြန်လာစေခြင်း၊ မြန်မာကုမ္ပဏီဥပဒေသစ်သည့် ရှယ်ယာနည်း ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်းနှင့် ကုမ္ပဏီ၏ ဒါရိုက်များကို ပိုမိုတာဝန်ခံလာခြင်းနှင့် ပိုမိုပွင့်လင်းသော  ကော်ပိုရိတ် စီမံခန့်ခွဲမှုများ ရှိလာစေခဲ့ကြောင်း ဆိုသည်။

အဆိုပါ စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှု အညွှန်းကိန်းတွင် တိုးတက်မှု အရှိဆုံး နိုင်ငံ ၂၀ စာရင်းထဲတွင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရု်၊ ပါကစ္စတန်၊ ကတာ၊ ကူဝိတ် အစရှိသည့် နိုင်ငံများအပါအဝင် မြန်မာနိုင်ငံလည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။

စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က “စီးပွားရေးပြုပြင်ပြောင်းလဲလာမှု လုပ်လာတာမှန်တယ် အရမ်းကြီး တက်သွားအောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့တာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တနှစ်ထဲနဲ့တော့ ဝုန်းကနဲကြီး တက်သွားမှာ မဟုတ်ဘူး နှစ်တိုင်းပြုပြင်ပြောင်းလဲလုပ်မယ် တဖက်ကလည်း အမှတ်ပေးနေတော့ ဖြည်းဖြည်းချင်းတော့ တက်လာမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “ သူတို့က ကုမ္ပဏီဥပဒေ နဲ့ အွန်လိုင်းမှတ်ပုံတင်တဲ့ ကိစ္စတွေကို အသိအမှတ်ပြုလာတာပေါ့ ဒါပေမဲ့ လည်း ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့ လိုနေသေးတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်တွင် နိုင်ငံပေါင်း ၁၉၀ တွင် အဆင့် ၁၇၁ ဖြင့် ရပ်တည်လျက်ရှိသည်။

ယခု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထွက်ရှိမည့် ၂၀၂၀ ခုနှစ် စီးပွားရေးလုပ်ရန် လွယ်ကူမှုအညွှန်းကိန်း အစီအရင်ခံစာ မထွက်ခင် ကြိုတင်ထွက်ရှိလာခဲ့သည့် ရှေ့ပြေးအစီအရင်ခံစာ တခုဖြစ်သည်။

 

Your Thoughts …
Tags: ကမ္ဘာ့ဘဏ်စီးပွားရေးမြန်မာ
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.6k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.6k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
19.7k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
အသက်မပြည့်သူများ တပ်မတော်က လက်မခံကြောင်း ပညာပေး ပိုစတာတခု / ဧရာဝတီ

ကလေးစစ်သား အသုံးမပြုရေး ကွန်ဗင်းရှင်းစာချုပ်ကို မြန်မာ လက်မှတ်ထိုး

တိုင်ပတ်ချိန်တိုင်ပြီ

တိုင်ပတ်ချိန်တိုင်ပြီ

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate