ပြည်သူများ၏ ဘဝကို တိုးတက်အောင် ဆောင်ရွက်ခြင်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီက ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြေညာခဲ့သော အဓိက မူဝါဒ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။
ထိုမူဝါဒ အောင်မြင်ရေးအတွက် အများပြည်သူ ဘဏ္ဍာငွေ ထောက်ပံ့ရေးကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပြီး အခွန်များကို လျှော့ချကာ စီးပွားရေးပြုပြင်ပြောင်းလဲမှုဖြင့် ငွေကြေးတည်ငြိမ်မှုကို ရယူမည်ဟု NLD က ကတိပြုသည်။
သို့သော် နိုင်ငံတော်အတိုင်ပင်ခံ၏ အစိုးရလက်အောက်တွင် ငွေကြေးဖောင်းပွမှုနှင့် စားသုံးသူ ဈေးနှုန်းအညွှန်းကိန်း (CPI) တို့သည် နှစ်ပေါင်းများစွာအတွင်း အမြန်ဆုံးနှုန်းဖြင့် တက်လာပြီး ငွေကြေး၏ တန်ဖိုးကို လျော့ကျစေကာ နေ့စဉ် အသုံးစရိတ် ပိုမိုလာပြီး အနိမ့်ဆုံးတနေ့တာ လုပ်အားခငွေမှာ ဒေသအတွင်းတွင် အနိမ့်ဆုံးဖြစ်လာသည်။
ထို့အပြင် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် နှစ်စဉ်ဇူလိုင်လတွင် တိုင်းတာသည့် အာစီယံနိုင်ငံများအတွင်း အမြင့်ဆုံး ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း ကြုံတွေ့ရသည်။ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှ ငွေကြေးဖောင်းပွနှုန်းသည် ၆.၈ ရာခိုင်နှုန်းရှိပြီး အာစီယံတွင် အမြင့်ဆုံးဖြစ်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းသည်။ ဒုတိယ အမြင့်မားဆုံးဖြစ်သော ဖိလစ်ပိုင်နိုင်ငံသည်ပင် မြန်မာထက်များစွာ အခြေအနေကောင်းနေပြီး ငွေကြေးဖောင်းပွမှုနှုန်း ၃.၈ ရာခိုင်နှုန်းသာရှိသည်။
လာမည့်နှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၇.၅ ရာခိုင်နှုန်းအထိ ရောက်ပြီး ဗီယက်နမ်သည် ဒုတိယ အမြင့်မားဆုံးဖြစ်ကာ ၃.၈ ရာခိုင်နှုန်းရှိမည်ဟုလည်း ခန့်မှန်းသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှ ဌာနတခုဖြစ်သော မြန်မာစာရင်းအင်း သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်း (MSIS) ၏ အဆိုအရ လွန်ခဲ့သော နှစ်များအတွင်း မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု အလျှင်အမြန် တိုးလာခြင်းသည် ဒေါ်လာနှင့်ယှဉ်လျှင် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ရေလွှမ်းမိုးမှုများနှင့် လောင်စာဆီစရိတ် တက်လာခြင်း စသည့် အဓိကအကြောင်း ၃ ခုကြောင့် ဖြစ်သည်ဟု သိရသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လတွင် NLD အစိုးရ တက်လာသောအခါ မြန်မာနိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှု နှုန်းသည် ၁၀.၅၉ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ဇူလိုင်လတွင် ၄.၉၁ ရာခိုင်နှုန်းသို့ ကျဆင်းလာသည်။ သို့သော် ၂၀၁၈ ခုနှစ်တွင်မူ ကျပ်ငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် တန်ဖိုးအကြီးအကျယ် ကျဆင်းခြင်းကြောင့် မြန်မာ့စီးပွားရေးသည် အလျှင်အမြန် ငွေကြေး ဖောင်းပွခြင်းနှင့် ရင်ဆိုင်ရသည်။
ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ၇ လတာ ကာလအတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် ကျပ်ငွေတန်ဖိုး ဆက်လက် ကျဆင်းခြင်းနှင့် လျှပ်စစ်ဓာတ်အားခများ မြှင့်တင်ခြင်းကြောင့် သိသိသာသာ တိုးတက်လာသည်နှင့် ရင်ဆိုင်ရပြီး ၂၀၁၈ ခုနှစ်တွင် ၅.၀၂ ရာခိုင်နှုန်းရှိရာမှ ၈.၃၅ ရာခိုင်နှုန်းသို့ တက်သွားပြန်သည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရ ကာလအတွင်း လူသုံးကုန်နှင့် ဝန်ဆောင်မှုများ အချိန်အလိုက် ဈေးအပြောင်းအလဲ ပျှမ်းမျှကို တိုင်းတာသည့် CPI အညွှန်းကိန်းသည် သိသိသာသာ မြင့်တက်လာပြီး ပြည်သူများ၏ နှစ်စဉ် အခြေခံအသုံးစရိတ်များ ပိုမိုကုန်ကျလာသည်။
အဓိကလူသုံးကုန် ၈ မျိုးဖြစ်သော အစားအစာနှင့် အဖျော်ယမကာ၊ အိုးအိမ်၊ အဝတ်အထည်၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အပန်းဖြေခြင်း၊ ပညာရေးနှင့် ဆက်သွယ်ရေး စသည်တို့ကို စစ်ဆေးကာ CPI အညွှန်းကိန်းကို တွက်ချက်သည်။
၂၀၁၉ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ CPI အညွှန်းကိန်းမှာ ၁၆၀ နီးပါးရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရခေတ်တွင် အမြင့်မားဆုံး ဖြစ်သည်။
၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အစားအစာ၊ အဝတ်အထည်၊ ဖိနပ်၊ အိုးအိမ်ငှားရန်းခ၊ ပရိဘောဂ၊ ဓာတ်ငွေ့၊ ရေ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အိမ်သုံးပစ္စည်းကိရိယာနှင့် ပြုပြင်ထိန်းသိမ်းမှု၊ အပမ်းဖြေခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ သိသိသာသာ တိုးလာသည်။ စီးကရက်၊ အရက်ပါသော အဖျော်ယမကာနှင့် ဆက်သွယ်ရေး စရိတ်များ သိသိသာသာ ကျဆင်းသည်။
မြင့်မားသော ငွေကြေးဖောင်းပွမှုနှုန်းသည် ပြည်သူများ၏ အခြေခံကုန်စည်များ အတွက် သုံးစွဲနိုင်စွမ်းကို လျှော့ချလိုက်ပြီး အနိမ့်ဆုံးဝင်ငွေရသူများသည် ၎င်းတို့ဝင်ငွေ၏ ၈၅ ရာခိုင်နှုန်းကျော်ကို အစားအသောက်၊ အိမ်ငှားခနှင့် သယ်ယူပို့ဆောင်ရေး အတွက် သုံးစွဲကြရသည်။
ဇွန်လတွင် အစိုးရက ဓာတ်အားခများ ဈေးနှုန်းမြှင့်တင် လိုက်သောကြောင့် အလုပ်သမားများအတွက် စရိတ် ပိုမို ကုန်ကျလာပြီး ဇူလိုင်လတွင် ဈေးနှုန်းများ သိသိသာသာ တက်ကုန်သည်။ အချို့သော သူများအတွက်ဆိုလျှင် အနိမ့်ဆုံး လုပ်အားခသည် အခြေခံလူနေမှု စရိတ်ကိုပင် ပံ့ပိုးနိုင်ခြင်း မရှိတော့ပေ။
နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်း၊ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း၊ စားသုံးသူ ဈေးနှုန်း အညွှန်းကိန်း၊ တိုင်းနှင့်ပြည်နယ် များမှ ငွေကြေးဖောင်းပွမှုနှုန်း စသည်တို့ကို ဖော်ပြရန်၊ အာစီယံနိုင်ငံများအကြား နှိုင်းယှဉ်ရန်နှင့် ငွေကြေးဖေါင်းပွမှုက ကုန်စည် အုပ်စုတစုစီအပေါ် သက်ရောက်မှု နည်းလမ်းများကို ဖော်ပြရန် အောက်ပါ သတင်းအချက်အလက် သရုပ်ပြပုံများတွင် ဧရာဝတီသတင်းဌာနသည် ၂၀၁၆ မှ ၂၀၁၉ အတွင်း MSIS ၏ အစီရင်ခံစာ ၄၂ စောင်မှ အချက်အလက်များကို ခွဲခြား ပြသထားသည်။
Scroll your mouse over the visuals for more.
!function(){“use strict”;window.addEventListener(“message”,function(a){if(void 0!==a.data[“datawrapper-height”])for(var e in a.data[“datawrapper-height”]){var t=document.getElementById(“datawrapper-chart-“+e)||document.querySelector(“iframe[src*='”+e+”‘]”);t&&(t.style.height=a.data[“datawrapper-height”][e]+”px”)}})}();
Hover your mouse over the visuals for more.
!function(){“use strict”;window.addEventListener(“message”,function(a){if(void 0!==a.data[“datawrapper-height”])for(var e in a.data[“datawrapper-height”]){var t=document.getElementById(“datawrapper-chart-“+e)||document.querySelector(“iframe[src*='”+e+”‘]”);t&&(t.style.height=a.data[“datawrapper-height”][e]+”px”)}})}();
Scroll your mouse over the visuals for more.
!function(){“use strict”;window.addEventListener(“message”,function(a){if(void 0!==a.data[“datawrapper-height”])for(var e in a.data[“datawrapper-height”]){var t=document.getElementById(“datawrapper-chart-“+e)||document.querySelector(“iframe[src*='”+e+”‘]”);t&&(t.style.height=a.data[“datawrapper-height”][e]+”px”)}})}();
Hover your mouse over the visuals for more.