အများပြည်သူဆိုင်ရာ အသုံးစရိတ်ကို ပိုမိုထိရောက်အောင် ပြုလုပ်ခြင်းနှင့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု ပွင့်လင်းမြင်သာမှုတိုးတက်ရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရ၏ အချက် ၁၂ ချက်ပါ စီးပွားရေးစီမံကိန်း၏ အဓိက ဦးစားပေးများတွင်ပါဝင်သည်။
အစိုးရအသုံးစရိတ် လျှော့ချရန်အားထုတ်သည့် အနေဖြင့် NLD သည် ဝန်ကြီးဌာန ၂၁ ခုကို စီမံသည့် ဝန်ကြီး ၁၉ ဦးဖြင့် အစိုးရကို ဖွဲ့စည်းခဲ့သည်။
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ နယ်စပ်ရေးရာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ သမ္မတရုံး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနများတွင်လည်း ဒုတိယဝန်ကြီး ၈ ဦးရှိသည်။
သို့သော် နောက်ပိုင်းတွင် အစိုးရအဖွဲ့ကို သိသိသာသာတိုးချဲ့ခဲ့ရသည်။ နောက်ဆုံးတိုးချဲ့သည်မှာ NLD က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို တည်ထောင်ခဲ့သည့် လွန်ခဲ့သော နှစ်ကဖြစ်သည်။ ယခုအခါ အစိုးရအဖွဲ့အတွင်း ပြည်ထောင်စုဝန်ကြီး ၂၄ ဦးနှင့် ဒုတိယဝန်ကြီး ၂၀ ဦးဆောင်သော ဝန်ကြီးဌာန ၂၅ ခုအထိရှိနေပြီဖြစ်သည်။
အသုံးစရိတ် လျှော့ချရန် NLD က ကတိပေးထားသော်လည်း ပြည်ထောင်စုဝန်ကြီးဌာန များအတွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲမှု သိသိသာသာတိုးလာသည်။ သို့သော် အခွန်ဝင်ငွေမှာ အသုံးစရိတ်အောက် လျော့နည်းနေသည်။ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှု လိုငွေသည် နှစ်စဉ်ကျယ်ပြန့်လာနေပြီး လွန်ခဲ့သော ဘဏ္ဍာရေးနှစ်တွင် ကျပ် ၅ ထရီလျံ (အမေရိကန်ဒေါ်လာ ၃.၂၆ ဘီလျံ) အထိရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနများသို့ အသုံးစရိတ် အကြီးအကျယ်ချထားပေးသည်။ ထိုဝန်ကြီးဌာနများသည် ရေရှည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံ၏ အခြေခံအဆောက်အအုံ လိုအပ်ချက် အထူးသဖြင့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းရန် တာဝန်ရှိသော ဝန်ကြီးဌာနများဖြစ်သောကြောင့် ထိုသို့ အသုံးစရိတ် အလုံးအရင်း ပေးခြင်းဖြစ်သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ၂၀၁၇-၁၈ နှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်နှစ်ခုစလုံးတွင် အသုံးစရိတ်အများဆုံးရပြီး လျှပ်စစ်နှင့် စွမ်းအင်သည် ဒုတိယလိုက်သည်။
လွှတ်တော်မှတ်တမ်းများအရ လွှတ်တော်သည် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် အဆိုပြုဘဏ္ဍာငွေ ခွဲဝေချထားခြင်းမှ ကျပ် ၄၀၀ ဘီလျံကျော်ဖြတ်တောက်ခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၃၀၀ ဘီလျံကျော်ဖြတ်တောက်ခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောက် ဘဏ္ဍာရေးနှစ် ၄ ခုစလုံးတွင် ကာကွယ်ရေး ဝန်ကြီးဌာနသည် အသုံးစရိတ် တတိယ အများဆုံးရပြီး စုစုပေါင်းဘဏ္ဍာငွေခွဲဝေမှု၏ ၁၃ မှ ၁၄ ရာခိုင်နှုန်းခန့် ရသည်။
NLD အစိုးရအောက်တွင် ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ် သိသိသာသာ တိုးတက်လာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပညာရေးနှင့် ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် စိတ်အားထက်သန်ကြောင်း မကြာခဏပြောကြားလေ့ရှိသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံသားအသုံးစရိတ်ခွဲဝေမှုအရ ပညာရေး အသုံးစရိတ်မှာ ဦးသိန်းစိန်အစိုးရခေတ် ၂၀၁၁-၁၂ ထက် ၆ ဆနီးပါး တိုးလာပြီး ကျန်းမာရေးအသုံးစရိတ်မှာ ၁၃ ဆနီးပါးတိုးလာကြောင်း သိရသည်။
၂၀၁၁-၁၂ မှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်များအထိ ၈ နှစ်တာအတွင်း စစ်ဖက်သည် ဘဏ္ဍာငွေခွဲဝေမှု စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ အသုံးစရိတ် နှစ်စဉ်ရရှိခဲ့သည်။
ပြည်တွင်းပြည်ပမြီရှင်များသို့ အစိုးရကပေးဆပ်ရမည့် အကြွေးမှာလည်း NLD အစိုးရအောက်တွင် သိသိသာသာ တိုးလာသည်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့နိုင်ငံခြားကြွေးမြီမှာ စုစုပေါင်း ကျပ် ၄ ထရီလျံရှိပြီး ပြည်တွင်း ကြွေးမြီမှာ ကျပ် ၂၁ ထရီလျံရှိသည်။
ထို့အပြင် မြန်မာ့ ကြွေးမြီနှင့် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) အချိုးမှာ လက်ရှိအစိုးရ လက်ထက်တွင် ခုန်တက်သွားသည်။ အစိုးရသည် အခြေခံ အဆောက်အအုံစီမံက်ိန်းများ အကောင်အထည်ဖော်ရန်၊ အစိုးရဌာနများ ပြုပြင်ပြောင်းလဲရန်၊ အဓိက စီးပွားရေးနှင့် အမျိုးသားတိုးတက်ရေး စီမံကိန်းများရေးဆွဲရန် ပြည်တွင်းပြည်ပ မြီရှင်များထံမှ ချေးယူနေရသည်။
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်က ကြွေးမြီနှင့် စုစုပေါင်း အမျိုးသားထုတ်ကုန် အချိုးအစားသည် ၄၀ ရာခိုင်နှုန်းအထိ ရောက်လာပြီး ဘဏ္ဍာရေးနှစ် ၆ ခုအတွင်း အမြင့်ဆုံးဖြစ်လာသည်။ သို့သော် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ထိုအချိုးအစားသည် ၃၈ ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းခဲ့သည်။ ကမ္ဘာဘဏ်၏ အဆိုအရ ကြွေးမြီနှင့် စုစုပေါင်းအမျိုးသားထုတ်ကုန်အချိုးသည် ၇၇ ရာခ်ိုင်နှုန်းကျော်ပါက စီးပွားရေးတိုးတက်မှုကို နှေးကွေးသွားစေနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ခန့်မှန်းခြေ ရသုံးမှန်းခြေငွေစာရင်းကို မကြာသေးမီက အတည်ပြုခဲ့သည်။ ထိုတရားဝင်မှတ်တမ်းများ အရ အကြီးမားဆုံး ဘဏ္ဍာငွေခွဲဝေမှုများသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအင်၊ ကာကွယ်ရေးနှင့် ပညာရေး ဝန်ကြီးဌာနများအတွက်ဖြစ်သည်။
အောက်ပါဂရပ်များတွင် ဧရာဝတီသတင်းဌာနသည် အစိုးရ၏ အသုံးစရိတ်၊ ဝင်ငွေ၊ ပြည်တွင်းပြည်ပကြွေးမြီ၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်များ၊ ကြွေးမြီ၊ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုအချိုးနှင့် အသုံးစရိတ်လိုငွေများကို သိရှိရန် လွန်ခဲ့သော ဘဏ္ဍာရေးနှစ် ၆ ခုအတွင်း အစိုးရ၏ နိုင်ငံသား ရသုံးမှန်းခြေငွေစာရင်းကို ခွဲခြမ်းစိတ်ဖြာပြထားသည်။
(Nan Lwin ၏ Tracking the Myanmar Govt’s Income Sources and Spending ကို ဘာသာပြန်ဆိုသည်။)
Hover your mouse over the visuals for more.
Hover your mouse over the visuals for more.
Hover your mouse over the visuals for more.
Hover your mouse over the visuals for more.
!function(){“use strict”;window.addEventListener(“message”,function(a){if(void 0!==a.data[“datawrapper-height”])for(var e in a.data[“datawrapper-height”]){var t=document.getElementById(“datawrapper-chart-“+e)||document.querySelector(“iframe[src*='”+e+”‘]”);t&&(t.style.height=a.data[“datawrapper-height”][e]+”px”)}})}();
Hover your mouse over the visuals for more.
!function(){“use strict”;window.addEventListener(“message”,function(a){if(void 0!==a.data[“datawrapper-height”])for(var e in a.data[“datawrapper-height”]){var t=document.getElementById(“datawrapper-chart-“+e)||document.querySelector(“iframe[src*='”+e+”‘]”);t&&(t.style.height=a.data[“datawrapper-height”][e]+”px”)}})}();
Hover your mouse over the visuals for more.
!function(){“use strict”;window.addEventListener(“message”,function(a){if(void 0!==a.data[“datawrapper-height”])for(var e in a.data[“datawrapper-height”]){var t=document.getElementById(“datawrapper-chart-“+e)||document.querySelector(“iframe[src*='”+e+”‘]”);t&&(t.style.height=a.data[“datawrapper-height”][e]+”px”)}})}();
You may also like these stories:
တရုတ်က အမေရိကန် ဖို့ဒ်ကားကုမ္ပဏီကို ဒေါ်လာ ၂၄ သန်း ဒဏ်တပ်
ကမ္ဘာ့ကုန်သွယ်ရေးနှင့် ငွေကြေးစစ်ပွဲတွင် မြန်မာ အမြတ်ထွက်မလား
ဆက်သွယ်ရေး၊ စက်မှုနှင့် ဘဏ္ဍာရေးကဏ္ဍများ တိုးတက်ရန် မျှော်မှန်း
၂၀၁၉-၂၀ ကာကွယ်ရေး အသုံးစရိတ် ကျပ် ဘီလီယံ သုံးထောင့်သုံးရာကျော် တောင်းခံ