ကမ္ဘာ့ဘဏ်၏ ၂၀၂၀ ခုနှစ်အတွက် နောက်ဆုံး ထုတ်ပြန်သော စီးပွားရေး လုပ်ရန်လွယ်ကူမှု အဆင့်သတ်မှတ်ချက် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ခြောက်နေရာ တက်လာပြီး ၁၆၅ နေရာသို့ရောက်လာသည်။
ထိုအစီရင်ခံစာက စီးပွားရေးလုပ်ငန်းတခု စတင်ရန်ပိုမိုလွယ်ကူသော ပတ်ဝန်းကျင်ဖန်တီးပေးခြင်းနှင့် အနည်းစု ရင်းနှီးမြှုပ်နှံသူများအား ပိုမို အကာအကွယ် ပေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှု အများအပြားကို ကိုးကားဖော်ပြထားသည်။
ကြာသပတေးနေ့က ထုတ်ပြန်သော ထိုစီးပွားရေးလုပ်ရန်လွယ်ကူမှု အစီရင်ခံစာသည် ထိရောက်မှုကို အားပေးပြီး စီးပွားရေးလွတ်လပ်မှုကို အထောက်အကူပြုသော စီးပွားရေး ၁၉၀ မှ စီပွားရေးလုပ်ငန်းနယ်ပယ် ၁၂ ခုတွင် မှတ်တမ်းတင်နိုင်သော လုပ်ထုံးလုပ်နည်း အပြောင်းအလဲများကို အဆင့်သတ်မှတ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် စီပွားရေးလုပ်ငန်း စတင်ခြင်း၊ ဆောက်လုပ်ရေး ပါမစ်များကို ကိုင်တွယ်ခြင်း၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း၊ အနည်းစု ရင်နှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်းနှင့် ကန်ထရိုက်စာချုပ်များအား လိုက်နာစေခြင်း စသည့် စီးပွားရေးလုပ်ငန်း နယ်ပယ် ငါးခုတွင် ကြီးမားသော တိုးတက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
ရည်မှန်းချက်ကြီးမားသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကြောင့် မြန်မာနိုင်ငံသည် အောက်ဆုံး အဆင့် ၂၀ မှ လွတ်မြောက်ကာ အဆင့် ၁၆၅ သို့ရောက်လာသည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြသည်။
၂၀၁၉ ခုနှစ် စီးပွားရေးလုပ်ရန်လွယ်ကူမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်က အဆင့်အတိုင်း အမှတ် ၁၇၁ နေရာကိုသာ ပြန်လည်ရရှိခဲ့ပြီး ASEAN နိုင်ငံများတွင် အနိမ့်ဆုံးအဆင့်ဖြစ်ခဲ့သည်။
စီးပွားရေးလုပ်ငန်း စတင်ရန် ပိုမိုလွယ်ကူစေရန်အတွက် မြန်မာနိုင်ငံသည် ကုမ္ပဏီမှတ်ပုံတင်သည့် အွန်လိုင်းစနစ်ကိုစတင်အသုံးပြုခြင်းနှင့် လုပ်ငန်းထူထောင်ခ လျှော့ချခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟုကမ္ဘာ့ဘဏ်က ဆိုသည်။ ထို့အပြင်မြန်မာနိုင်ငံသည် အင်ဂျင်နီယာများနှင့် ဗိသုကာများအတွက် ပိုမိုတင်းကျပ်သော အရည်အသွေးဆိုင်ရာ စည်းကမ်းချက်များ ချမှတ်ခြင်းနှင့် အဆောက်အအုံ တည်ဆောက်ခွင့် ပါမစ်ကို အွန်လိုင်းမှ ရယူခွင့်ပေးခြင်းတို့ဖြင့် ဆောက်လုပ်ရေး အရည်အသွေး ထိန်းချုပ်မှုကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ခဲ့သည်။
အလားတူစွာပင် မြန်မာနိုင်ငံသည် ၎င်း၏ ရေနှင့် သန့်ရှင်းရေးဆိုင်ရာ အခြေခံ အဆောက်အအုံများကိုလည်း တိုးတက်အောင်လုပ်ဆောင်ခဲ့ပြီး ဝန်ဆောင်မှုအရည်အသွေး စံနှုန်းများ စတင်ကျင့်သုံးခြင်းဖြင့် အဆောက်အအုံ ပါမစ်ရရှိရေးလုပ်ငန်း အဆင့်ဆင့်ကို ပိုမိုထိရောက်အောင် ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံသည် စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းနှင့် တန်ဖိုး ဖြတ်ခြင်းကို ချောမွေ့အောင်လုပ်ဆောင်ပြီး ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းကိုလည် ပိုမိုလျှင်မြန်အောင် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် မြန်မာ့မြေယာစီမံခန့်ခွဲမှု စနစ်၏ အရည်အသွေးသည်လည်း အခကြေးငွေဆိုင်ရာ အစီအစဉ်၊ တရားဝင် ဝန်ဆောင်မှု စံနှုန်းများ၊ လွန်ခဲ့သော ပြက္ခဒိန်နှစ်အတွက် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းဆိုင်ရာ စာရင်းဇယားများ တို့ကြောင့် ပိုမိုတိုးတက်ကောင်းမွန်လာသည်။
မြန်မာနိုင်ငံသည် ဒါရိုက်တာများ၏ တာဝန်ကို တိုးမြှင့်ခြင်း၊ ပိုမိုကျယ်ပြန့်သော ကော်ပိုရိတ်လုပ်ငန်း ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်စေခြင်းတို့ဖြင့် အကျိုးစီးပွားအုပ်စုများနှင့် အရောင်းအဝယ်များကို ပိုမိုပွင့်လင်းမြင်သာအောင်လုပ်စေကာ အနည်းရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်းကိုလည်း ပိုမိုတောင့်တင်းကြံ့ခိုင်အောင် ဆောင်ရွက်ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံသည် လုပ်ဆောင်မှုတိုင်းတာသည့် အစီရင်ခံစာများ ထုတ်ပြန်ခြင်းဖြင့် ကန်ထရိုက်စာချုပ်များအား လိုက်နာခြင်းကို ပိုမိုလွယ်ကူအောင် ဆောင်ရွက်ခဲ့သည်ဟု ကမ္ဘာ့ ဘဏ်ကဆိုသည်။
ကမ္ဘာ့ဘဏ်သည် စီးပွားရေးလုပ်ထုံးလုပ်နည်း နယ်ပယ် ၁၂ ခုကို စောင့်ကြည့်လေ့လာခဲ့သည်။ ထိုနယ်ပယ်များအနက် ၁၀ ခုဖြစ်သော စီးပွားရေးလုပ်ငန်း စတင်ထူထောင်ခြင်း၊ ဆောက်လုပ်ရေးပါမစ်များကို ကိုင်တွယ်ခြင်း၊ လျှပ်စစ်ဓာတ်အား ရရှိမှု၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း၊ ချေးငွေရရှိခြင်း၊ အနည်းစု ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ အခွန်ပေးဆောင်ခြင်း၊ နယ်စပ်ကုန်သွယ်ခြင်း၊ ကန်ထရိုက်စာချုပ်များကို လိုက်နာစေခြင်းနှင့် ကြွေးမြီမပေးဆပ်နိုင်ခြင်းကို ဖြေရှင်းခြင်း တို့ကို စီးပွားရေးလုပ်ရန်လွယ်ကူမှု အမှတ်ပေးခြင်းနှင့် အဆင့်သတ်မှတ်ခြင်းတွင် ပါဝင်သည်။
မကြာသေးမီက ကမ္ဘာ့ဘဏ်သည် ၎င်း၏ စီးပွားရေးလုပ်ရန်လွယ်ကူမှု အစီရင်ခံစာ ၂၀၂၀ တွင် မြန်မာနိုင်ငံကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့နှင့်အတူ ထိပ်တန်းတိုးတက်သော နိုင်ငံ ၂၀ စာရင်းတွင် ထည့်သွင်းခဲ့သည်။ မြန်မာနိုင်ငံသည် နယ်ပယ် ၁၀ ခုအနက် ၃ ခုနှင့်အထက်တိုတက်မှုရှိသော နိုင်ငံများစာရင်းတွင်လည်းပါဝင်ခဲ့သည်။
လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၏ ထိုအညွှန်းကိန်းတွင် တိုးတက်ခဲ့နေပြီးနောက် မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသည် လုပ်ဆောင်မှုတိုးတက်ရန်အတွက် အထူးလုပ်ငန်းအဖွဲ့ကို ထူထောင်ခဲ့သည်။
မြန်မာအစိုးရသည် ၂၀၂၀ တွင် ထိုအညွှန်းကိန်း၏ ထိပ်ဆုံး ၁၀၀ အတွင်းပါဝင်ရန်အထိ ရည်မှန်းချက် မြင့်မားခဲ့သည်။
၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ယူပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်ခြင်း၊ မြန်မာကုမ္ပဏီများဥပဒေကို ပြဋ္ဌာန်းခြင်းတို့ အပါအဝင် စီးပွားရေးပြုပြင်ပြောင်းလဲမှု အများအပြားကိုလုပ်ဆောင်ခဲ့သည်။ ဝန်ကြီးဌာနသစ်တခုကို တည်ထောင်ပြီး လူမှုနှင့်စီးပွားရေးကဏ္ဍများအကြား ညီမျှသော တိုးတက်မှုကို အားပေးရေးအတွက် မြန်မာရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) ကိုရေးဆွဲခဲ့သည်။
အစိုးရသည် ကြိုးနီစနစ်ကို ဖယ်ရှားရန်အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများအတွက် အွန်လိုင်းမှတ်ပုံတင်စနစ်ကိုလည်း စတင်ကျင့်သုံးသည်။ ထို့အပြင် မြန်မာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (MIPP) ကိုလည်း စတင်လုပ်ကိုင်ပြီး ထိုစီမံကိန်းသည် လာမည့် နှစ် ၂၀ အတွင်း စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ (ကျပ် ၃၀၅.၇ ထရီလျံ) ကျော် ရရှိရန်ရည်မှန်းထားသည်။
MIPP သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ အတွင်း အမေရိကန်ဒေါ်လာ ၈.၅ ဘီလျံ၊ ၂၀၂၆ ခုနှစ်မှ ၂၀၃၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂.၃ ဘီလျံနှင့် ၂၀၃၁ ခုနှစ်မှ ၂၀၃၆ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇.၆ ဘီလျံ ရရှိရန် မျှော်မှန်းသည်။
မြန်မာနိုင်ငံသည် အစိုးရအနေဖြင့် ဝန်ကြီးဌာနများနှင့် ဌာနများနှင့် ညှိနှိုင်းနိုင်စေရန်နှင့် MSDP နှင့်ကိုက်ညီသောအဆိုပြုချက်များကို ဦးစားပေးနိုင်ရေးအတွက် ဗဟိုကချုပ်ကိုင်ပြီး အများပြည်သူသိရှိနိုင်သည့် အချက်အလက်ဘဏ်တခု တည်ထောင်ရန်ရည်ရွယသော စီမံကိန်းဘဏ်စနစ်ကိုလည်း ထူထောင်ခဲ့သည်။
အစိုးရသည် အဓိကကျသော စီးပွားရေးကဏ္ဍ အမျိုးမျိုးတွင် ပိုမိုလွတ်လပ်ခွင့်ပေးရန် အပြင်းအထန်နှင့် သေနင်္ဂဗျူဟာကျကျ လုပ်ဆောင်နေကြောင်း တနင်္လာနေ့က တိုကျိုတွင်ကျင်းပသည့် မြန်မာရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် အာမခံကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံခြားသားရာနှုန်းပြည့်ပိုင် အသက်အာမခံ ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ပေးခဲ့သည်ကိုလည်း သူက ကိုးကားပြောဆိုသည်။
အစိုးရသည် မြေနှင့် အိုးအိမ် ပိုင်ဆိုင်မှု ဘဏ်သစ်ကို စတင်လုပ်ကိုင်ရန်စီစဉ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ ထိုဘဏ်သည် နိုင်ငံပိုင်မြေများနှင့် အိုးအိမ်အဆောက်အအုံများကို ဗဟိုချုပ်ကိုင် အီလက်ထရွန်းနစ်စနစ်ဖြင့် ငှားရန်းခြင်းပါဝင်သော လုပ်ငန်းများကို စူးစမ်းလေ့လာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ပွင့်လင်းမြင်သာမှုကင်းမဲ့၊ ယှဉ်ပြိုင်မှုကင်းမဲ့၊ အဆက်အသွယ် အခြေပြုစီးပွားရေးကို ပိုမိုကျယ်ပြန့် ပွင့်လင်းမြင်သာ ယှဉ်ပြိုင်မှုရှိပြီး စည်းမျဉ်းအခြေပြုသော စီးပွားရေးအဖြစ်ပြောင်းလဲရန် လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
(Nan Lwin ၏ Myanmar Climbs Six Spots in World Bank Ease of Doing Business Ranking ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ပြည်တွင်းအလုပ်သမားပြဿနာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအပေါ် စိန်ခေါ်မှုဖြစ်နေ
ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအစီရင်ခံစာမှ တိုးတက်မှုနှင့် အန္တရာယ်ဆိုင်ရာ မှတ်သားစရာ ၅ ခု
အစိုးရ၏ ဝင်ငွေရင်းမြစ်နှင့် အသုံးစရိတ်ကို ခြေရာခံခြင်