• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အိန္ဒိယ၏ ပဲအဝယ် မတည်ငြိမ်မှု မြန်မာ စိုးရိမ်

by မျိုးပပစန်း
24 December 2019
in စီးပွားရေး
A A
မန္တလေးပဲနှမ်းကုန်စည်ဒိုင် / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေးပဲနှမ်းကုန်စည်ဒိုင် / မြတ်ပြည့်ဖြိုး / ဧရာဝတီ

8.2k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယနိုင်ငံသည်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် မတ်ပဲတင်သွင်းခွင့် ခွဲတမ်း သတ်မှတ်ချက်ကို တိုးမြှင့်တင်သွင်း ခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်မှု ညွှန်ကြားရေး ဦးစီးဌာန (DGFT) က ဒီဇင်ဘာလ ၁၉ ရက် ညပိုင်းက အသိပေး ထုတ်ပြန်ခဲ့ အပြီး မြန်မာပြည်တွင်း ပဲဈေးကွက်တွင် ဈေးနှုန်းများ ထိုးတက်သွားသည်။ ထို့သို့ ပဲဈေးမြင့်တက်သွားခြင်းကို ယာယီ အကောင်းမြင်ကြသော်လည်း အလှုပ်အရမ်းများလွန်းသော ဈေးကွက်ကို ဈေးကွက်အတွင်းရှိ သက်ဆိုင်သူများက စိုးရိမ်ကြသည်။

အိန္ဒိယနိုင်ငံက မူလက တန်ချိန် ၁ ဒသမ ၅ သိန်း သတ်မှတ်ထားရာမှ တန်ချိန် ၂ ဒသမ ၅ သိန်း အထိ တိုးမြှင့်တင်သွင်း ခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၂၀ ရက်တွင် မတ်ပဲဈေးမှာ ၁ တန်လျှင် ကျပ် ၁၁ သိန်း ၃ သောင်း ရှိနေရာမှ ကျပ် ၁၂ သိန်း ၇ သောင်းအထိ ၁ ရက်အတွင်း ကျပ် ၁ သိန်းကျော် တဟုန်ထိုး မြင့်တက်သွားခဲ့သည်။

RelatedPosts

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
81
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
703
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

10 July 2025
89

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း အကြံပေး ဦးစိုးဝင်းမောင်က “ကျနော်တို့နိုင်ငံရဲ့ ပဲဈေး ကွက်က အိန္ဒိယ နိုင်ငံပေါ်မှာ မူတည်နေတယ်။ ၈၀ ရာခိုင်နှုန်းက အိန္ဒိယကို သွားတယ်ဆိုတော့ ကိုယ့်ရဲ့ ဈေးကွက် အကြီးစားကြီး ဖြစ်နေတာ။ အဲဒီတော့ သူတို့ဘက်က တခုခု လှုပ်ရှားတိုင်း ကျနော်တို့ဆီမှာ လာဂယက်ရိုက်တာမျိုး ဖြစ်တယ်” ဟု ပြောဆိုသည်။

အဆိုပါ ခွဲတမ်း ကန့်သတ်ချက်များကို အိန္ဒိယနိုင်ငံသည် ၂၀၁၅-၂၀၂၀ နိုင်ငံခြားရေး ကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှ စတင်၍ ကန့်သတ်တင်သွင်း ကုန်စည်အဖြစ် မတ်ပဲကို သတ်မှတ်ထားခဲ့သည်။

ယင်းသို့ ကန့်သတ်လိုက်သည့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့ပဲဈေးကွက်တွင် မတ်ပဲ နှင့် ပဲစင်းငုံ ဈေးနှုန်းများသည် တတန်လျှင် ကျပ်သုံးသိန်းခွဲ နှင့် ကျပ်သုံးသိန်း ဝန်းကျင်အထိ သို့ စံချိန်တင်ကျဆင်းခဲ့သည်။

ဦးစိုးဝင်းမောင်က “အရင်ကလို လွတ်လွတ်လပ်လပ် ရောင်းခွင့်မရှိဘူး။ ကြိုက်တဲ့ ဈေးလည်း မဟုတ်ဘူး သူတို့နိုင်ငံရဲ့ အနိမ့်ဆုံးဈေးပေါ့။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဆန်စပါးကို အစိုးရက အနိမ့်ဆုံးဈေး သတ်မှတ်သလို သူတို့နိုင်ငံမှာလည်း သတ်မှတ်ထားတယ်။ ဒါကြောင့် ချိန်ညိုပြီးတော့ ကျနော်တို့ဆီက ပဲတွေကို ဝယ်တယ်။ အဲဒီတော့ ကျနော်တိုိ့ နိုင်ငံရဲ့ တောင်သူ အတွက် တွက်ချေ မကိုက်တဲ့ ဟာမျိုးတွေ ဖြစ်နေတာ” ဟု ရှင်းပြသည်။

ပဲစားသုံးမှုသည် အိန္ဒိယနိုင်ငံ၏ အဓိက နေ့စဉ် စားသုံးမှု တခုဖြစ်သောကြောင့် တင်သွင်းမှု ကန့်သတ်ချက်များကိုလည်း ရေရှည်တွင် ဆက်လက်လုပ်ဆောင်မည်ဟု ခန့်မှန်းရကြောင်း ၎င်းက ပြောသည်။

ထိုကြောင့် မြန်မာ့ပဲစိုက်တောင်သူများအနေနှင့် ဈေးကွက်အခြေအနေကို လေ့လာ၍ စီးပွားရေးတွက်ချေကိုက်သော သီးနှံ များကို ပြောင်းလဲစိုက်ပျိုးရန်အတွက် ကုန်သည်များ၊ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများ အားလုံးက ပူးပေါင်း ရှာဖွေ လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် အဓိက အချက်မှာ ထိုသီးနှံပေါ်ချိန်တွင် ဝယ်ပေးနိုင်မည့် ဈေးကွက်ရှာပေးနိုင်မည့် အခြေအနေများ ဖန်တီးပေးရန် အစိုးရအနေနှင့် လိုအပ်မည် ဖြစ်သည်။

အစိုးရချင်း လုပ်ဆောင်နေသည့် အပိုင်း နှင့်ပတ်သက်၍ စီးပွား/ကူးသန်း၏ လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က “အိန္ဒိယဘက်ကိုလည်း ကျနော်တို့က နှစ်နိုင်ငံ MOU လက်မှတ်ထိုးဖို့ အတွက် ပို့ထားတယ်။ သူတို့ဘက်ကလည်း သူ့နိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲတွေ ရှိနေတယ်။ တခြားကိစ္စလည်း ရှိတယ်ဆိုပြီး လေ့လာနေပါတယ်ပဲ အကြမ်းဖျင်း သိရတယ်” ဟု ပြောပြသည်။

မြန်မာန်ိုင်ငံမှ နှစ်နိုင်ငံ MOU ရေးထိုးရန် အိန္ဒိယပေးပို့ရာတွင် ဈေးကွက်ပေါက်ဈေးအတိုင်း အရောင်းအဝယ် ပြုလုပ်ရန် သုံးနှုန်းလိုက်ခြင်းကြောင့် အိန္ဒိယဘက်မှ စဉ်းစားနေဆဲကြောင်းသာ သိရသေးသည်ဟု ဦးခင်မောင်လွင်က ဆို သည်။

၎င်းက “အိန္ဒိယဘက်က ၂၀၁၇ စကန့်သတ်တဲ့ အချိန်က သူတို့နိုင်ငံရဲ့ သတ်မှတ်တဲ့ အနိမ့်ဆုံးဈေးနဲ့ ဝယ်မယ်ဆိုတဲ့ဟာမျိုး ဒီဘက်ကို ပို့လာတာရှိတယ်။ အဲဒီချိန်မှာ ကိုယ့်ဘက်က ဈေးနှုန်းက အများကြီးမြင့်နေတော့ တဖက်က ကုန်သည်တွေ အနေနဲ့လည်း တောင်သူနဲ့ ရှင်းရမှာနဲ့ အများကြီး စဉ်းစားနေတဲ့ အပိုင်းဖြစ်တယ်။ ဒါကြောင့် MOU မှာ ကျနော်တို့ဘက်က ဈေးကွက်ပေါက်ဈေးအတိုင်းဆိုပြီး ပြန်ပို့လိုက်တာ” ဟု ပြောသည်။

အိန္ဒိယနိုင်ငံမှ ခွဲတမ်း တိုးမြှင့်တင်သွင်းခွင့်ပြုလိုက်ခြင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်း ၎င်းတို့ နိုင်ငံအတွင်း အများဆုံးရှိထွက်သည့် မတ်ပဲမှာ မိုးရေကြီးခြင်းကြောင့် ပျက်စီးမှုများကာ ပြည်တွင်းလိုအပ်ချက်ရှိသဖြင့် တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခုကဲ့သို့ အိန္ဒိယဘက်မှ ခွဲတမ်းတိုးလိုက်ခြင်းကြောင့် မြန်မာ့မတ်ပဲ အသစ်ပေါ်မည့် ဖေဖော်ဝါရီလတွင် အထိုက်အလျှောက် ဝယ်လိုအား ရှိလာခြင်းနှင့်အတူ ဈေးလည်း အနည်းငယ် ကောင်းမွန်ခြင်းကို တောင်သူများ ခံစားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

“ကြေညာချက် စထွက်ချင်း ဈေးကချက်ချင်း တက်သွားတယ်။ ဒါပေမယ့် ထုတ်ပြန်ချက်ထဲပါတဲ့ ပဲခွဲကြမ်းသမားတွေကို လိုင်စင်လျှောက်လွှာတင်တဲ့အခါ ဒီလကုန်အထိဆိုတော့ လိုင်စင်က ဇန်နဝါရီလထဲမှာမှ ချပေးမယ်ဆိုတဲ့ အသံကြောင့် ဈေးက တခါ ပြန်ကျတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ယခင် အတွေ့အကြုံအရ မတ်လကုန်ထိ လိုင်စင် လျှောက်ထားပေမယ့် တကယ်တမ်း လက်ဝယ်ကို ဇွန်လလောက်မှ လိုင်စင်ရတယ်။ အခုက ဒီလကုန်မှာ လျှောက်လွှာကို နောက်ဆုံးထား ခေါ်ထားတဲ့အတွက် အရင်လို မဖြစ်နိုင်ဘူး။ ဇန်နဝါရီလ လဆန်းပိုင်းလောက် ရမယ်ထင်တယ်။ ဒါကြောင့် မတ်လကုန် နောက်ဆုံးထားပြီး သူတို့ ဆိပ်ကမ်းအရောက် ကျနော်တို့ဘက်က မတ်လ ၁၅ ရက်အရောက် သင်္ဘောတင်ပို့မှ ရမယ်” ဟု ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပဲစိုက်တောင်သူ ဦးအောင်ခိုင်မြင့်က “ဈေးနှုန်း အမြင့်တွေကတော့ တောင်သူခံ စားရမှု နည်းတယ်။ မတ်ပဲ လှိုင်လှိုင်ပေါ်တဲ့အချိန်ကျရင် ဈေးက အကြောင်းအမျိုးမျိုးပြ ပြီးတော့ ဈေးက ကျသွားတာပဲ ဒီနှစ်ဈေးကွက် အခြေနေက လက်ရှိ အနေအထားလေးကတော့ နည်းနည်းလေး ဈေးသင့်တယ်။ မနှစ်ကလောက် မဆိုးပါဘူး ခင်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။

ယခင်နှစ်က မတ်ပဲ ပိဿာ၂၀ တအိတ်လျှင် ကျပ် ၂ သောင်းကျော် အထိသာ ရရှိခဲ့ပြီး ယခုနှစ်တွင် ကျပ် ၃ သောင်းကျော် အထိ ဈေးရနေကြောင်း ၎င်းက ပြောသည်။

ဦးအောင်ခိုင်မြင့်က “စပါးပြီးရင် အခြား သီးနှံစိုက်ဖို့က ကျနော်တို့ ဒေသက သိပ်အဆင်မပြေဘူး။ မတ်ပဲ စိုက်ပျိုး လို့ပဲ ရတယ်။ ပြီးခဲ့နှစ်က ပဲဈေးပျက်လို့ နွားစာကျွေးလိုက်ရတဲ့ အထိ ဖြစ်တာရှိတယ်။ အဲဒီတော့ အစိုးရအနေနဲ့ တောင်သူ တွေကို သီးနှံအာမခံ ဈေးကွက်လေး တခုဖြစ်အောင် အရည်အသွေး သတ်မှတ်ပြီး လုပ်ပေး၊ ဝယ်ပေးစေချင်တယ်”ဟု ၎င်းက ပြောသည်။

မတ်ပဲ စိုက်ပျိုးမှုမှာ ၁ ဧကလျှင် လုပ်သားခအပါအဝင် ကျပ် ၁ သိန်းခွဲမှ ကျပ် ၂ သိန်းအထိ ကုန်ကျစရိတ်ရှိပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် မတ်ပဲ လှိုင်လှိုင်ပေါ်ကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိ ပြဿနာမှာ မြန်မာနိုင်ငံ မတ်ပဲစိုက်ပျိုးမှု ပမာဏမှာ ကြီးမားနေခြင်းနှင့် ပြည်ပသို့ တင်ပို့မှုတွင်လည်း အများဆုံး ဖြစ်နေခြင်းကြောင့် အိန္ဒိယအပြင် အခြားဈေးကွက်သို့ ရွှေ့မည်ဆိုလျှင် ပဲစားသုံးသည့် နိုင်ငံ မရှိသဖြင့် အခက်အခဲရှိ ကြောင်း စိုက်ပျိုးရေးပညာရှင်လည်း ဖြစ်သူ ဦးစိုးဝင်းမောင်က ပြောကြားထားသည်။

မြန်မာ့လယ်ယာ ထွက်ကုန်ကဏ္ဍတွင် ပဲသီးနှံမှာ ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်နေခြင်းဖြစ်ပြီး မြန်မာ့ပဲမျိုးစုံ စိုက်ပျိုးမှုကို ဧကအနေဖြင့် တွက်ချက်မည်ဆိုပါက လယ်ယာထွက် သီးနှံစိုက်ပျိုးမှု၏ ၂၁ ရာခိုင်နှုန်းကျော်အထိ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) က ဆိုသည်။

အိန္ဒိယ ဝယ်လက်ပြန်ကောင်းလာခြင်းသည် ပုံသေပြော၍ မရသောကြောင့် တောင်သူများအနေနှင့် လာမည့် ပဲစိုက်ရာသီတွင် သတိထားစိုက်ပျိုးသင့်ကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံအနေနှင့် ခွဲတမ်းစနစ်ကိုသာ ဆက်လက်ကျင့်သုံးနေမည်ဆိုလျှင် မြန်မာပဲဈေးကွက်သည် အန္တရာယ်ကြီးနိုင်ပြီး ၎င်းတို့ လိုအပ်ချက်မရှိသည့် နှစ်မျိုးတွင် အသေပိတ်ထားမည်ဆိုလျှင် တောင်သူများ ဒုက္ခရောက်နိုင်ကြောင်းလည်း ပဲကုန်သည်များ စိုက်ပျိုးရေးပညာရှင်များက ထောက်ပြထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားဈေးကွက်၌ တွင်တွင်ကျယ်ကျယ်ရောင်း ချနေရသည့် ပြည်ပဈေးကွက်ဝင် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့မှာ ပဲစိုက်ပျိုးမှု ၇၀ ရာခိုင်နှုန်းနီးပါး ရှိနေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ပါကစ္စတန် စသည့် နိုင်ငံများ အပြင် အမေရိကန်နှင့် ဥရောပနိုင်ငံများသို့ပါ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် အခြားပဲမျိုးစုံကို အဓိက တင်ပို့လျက်ရှိနေသည်။

You may also like these stories:

စီး/ကူး ဝန်ကြီး ဒေါက်တာသန်းမြင့် ကျန်းမာရေးကြောင့် ယာယီခွင့်ယူ

ဗီယမ်နမ် စီးပွားရေး ဈေးကွက် မြန်မာသို့ တိုးချဲ့လာ

မြရိပ်ညို စီမံကိန်းဝင်း အတွင်းမှ ဇေကမ္ဘာ ကုမ္ပဏီ ထွက်ခွာ

Your Thoughts …
Tags: ကိုယ်တာတောင်သူမတ်ပဲအိန္ဒိယ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.6k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.3k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ

by အေးချမ်းဆု
22 October 2024
9.8k

မြန်မာပြည် အခြားစစ်မျက်နှာများ၏ အရှိန်အဟုန်များနှင့်ပါ ပေါင်းစပ်ပါက ၂၀၂၅ ခုနှစ်တွင် ရခိုင်၌ သစ်လွင်သည့် အခြေအနေတရပ်ကို မြင်ရမည်မှာ မလွဲမသွေ ဖြစ်ပေလိမ့်မည်။

Next Post
မြန်မာ ကက်သလစ် သာသနာပိုင် ဆရာတော် ချားလ် မောင်ဘို / မျိုးမင်းစိုး

မြန်မာ၏ ရုန်းကန်နေရသော အခြေအနေကို နားလည်ရန် ကက်သလစ် သာသနာပိုင် တောင်းဆို

အိပ်ရေးပျက်ခြင်းဟာ ရေရှည်မှာ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရရှိ ခံစားရစေပါတယ်။

အိပ်ရေးပျက်တဲ့ ညတွေကို ဘယ်လို ကုစားကြမလဲ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate