• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ထားဝယ်အထူးစီးပွားရေးဇုန် မေလ ပြန်စမည်

by အောင်သီဟ
10 January 2020
in စီးပွားရေး
A A
အထူးစီးပွားရေးဇုန်အတွင်းရှိ အီတာလျံ-ထိုင်း ကုမ္ပဏီ ဆောက်လုပ်ရေး ပရောဂျက်အနီး / EarthRights International  / Supplied

အထူးစီးပွားရေးဇုန်အတွင်းရှိ အီတာလျံ-ထိုင်း ကုမ္ပဏီ ဆောက်လုပ်ရေး ပရောဂျက်အနီး / EarthRights International / Supplied

11.5k
VIEWS
Share on FacebookShare on Twitter

ရပ်ဆိုင်းထားခဲ့သော ထားဝယ် အထူးစီးပွားရေးဇုန်၏ ၂၇ စတုရန်းကီလိုမီတာ ရှိသော စက်မှုဇုန် ကနဦး စီမံကိန်းမှ အစိတ်အပိုင်းတခုကို လာမည့် မေလတွင် စတင်နိုင်တော့မည် ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော် မတီ ထံမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း တခုလုံးကို မြန်မာ-ထိုင်း-ဂျပန် ၃ နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီး ကနဦး စီမံကိန်းကို အီတာလျှံ-ထိုင်း ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ရာ စီမံကိန်း လုပ်ငန်း ၉ ခုနှင့် ဇုန် အကျယ်အဝန်း ဧက ၄၈,၀၀၀ (၁၉၆ စတုရန်းကီလိုမီတာ) မှ ဧက ၆,၆၀၀ ကျော် (၂၇ စတုရန်း ကီလိုမီ တာ) ကို ၂၀၀၈ ခုနှစ်မှ စတင်ကာ လုပ်ကိုင်ခွင့် ရရှိသည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
1.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.2k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k

သို့သော် ဘဏ္ဍာရေး အခက်အခဲကြောင့် စီမံကိန်းကို ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ခေတ္တရပ်နား ထားခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ၃ နိုင်ငံ အစိုးရ အချင်းချင်း ဆွေးနွေးခဲ့ရာ ဂျပန်အစိုးရက စီးပွားရေးဇုန် အပါအဝင် ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးရန် ၂၀၁၈ ခုနှစ်တွင် သဘောတူခဲ့သည်။

၂၀၁၈ ခုနှစ်တွင် စီမံကိန်း ပြန်လည် စတင်မည်ဟု လျာထားခဲ့သော်လည်း ယခုနှစ်အတွင်းမှ ပြန်လည် စတင်ရန် စီစဉ်လျက် ရှိသည်။

စီမံကိန်း လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ရန် မြန်မာ အစိုးရဘက်မှ ယခင်က အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် သဘောတူညီထားသည့် အကောင်အထည် ဖော်ရမည့် မြေအကျယ်အဝန်းကိစ္စရပ် တချို့ကို လျှော့ချ ပေးထားကြောင်း အဆိုပါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ရုံးအဖွဲ့မှ ဦးနေလင်းက ဧရာဝတီ သို့ ပြောသည်။

၎င်းက “အရင်ကတော့ ကနဦး စက်မှုဇုန်ရဲ့ ဇုန် A တခုလုံးကို သူတို့က စရမှာပေါ့။ ဧရိယာနဲ့ ပြောရင် ၇ စတုရ န်း ကီလိုမီတာလောက် တန်းပြီး စရမှာပေါ့။ အဲဒီလိုဆိုတော့ သူတို့အတွက် ဘဏ္ဍာရေး အခက်အခဲ ရှိနိုင်တော့ အခုကတော့ ဇုန် A ရဲ့ A1 ဆိုတဲ့ အပိုင်းအသေးနဲ့ အရင် စဖို့ ပြန်ပြင်ဆင်ပေးထားတယ် ” ဟု ဆိုသည်။

ယင်းအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီ နှင့် မြန်မာအစိုးရ အကြား ထားဝယ်အထူးစီးပွားရေးဇုန် Concession Agreements စာချုပ်များကို ပြင်ဆင်ချုပ်ဆိုခြင်း လုပ်ငန်းများသည် ဧပြီလခန့်တွင် ချုပ်ဆိုနိုင်ရန် မျှော်မှန်း ထားကြောင်း သိရသည်။

စက်မှုဇုန် ကနဦးစီမံကိန်းတွင် ဇုန် A၊ ဇုန် B၊ ဇုန် C နှင့် ဇုန် D ဟူ၍ အပိုင်း ၄ ပိုင်း ပါဝင်မည်ဖြစ်ပြီး ယခုတွင် ပထမအဆင့် အဖြစ် ဇုန် A မှ အပိုင်းတခုကို စတင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ကနဦးအဆင့်တွင် အီတာလျံ-ထိုင်း ကုမ္ပဏီ အနေဖြင့် စီမံကိန်း ၈ ခုကို အကောင်အထည် ဖော်ရမည်ဖြစ်ပြီး ယင်းအထဲတွင် သဘာဝ ဓာတ်ငွေ့ရည် ဆိပ်ကမ်းစီမံကိန်း၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ဆိပ်ကမ်းငယ် စီမံကိန်းများ ပါဝင်သည်။

ယင်းစီမံကိန်းများ တည်ဆောက်ပြီးစီးမှုမှာ အထူးစီးပွားရေးဇုန် ဥပဒေအရ နှစ် ၃၀ မှ နှစ် ၅၀ အတွင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်မှုဇုန်စီမံကိန်းသည် အလုပ်အကိုင်အခွင့်အလမ်း များများပေးနိုင်မည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို အဓိက လုပ်ဆောင်မည့် စီမံကိန်းတခုဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်က ဧရာဝတီသို့ ပြောသည်။

၎င်းက “ ညှိနှိုင်းဆွေးနွေးမှုတွေ အချိန်ယူလုပ်ခဲ့ရတာဖြစ်တဲ့အတွက် မြေပြင်ပေါ်က တိုးတက်မှုတွေကို မမြင်ရသေးတာပါ။ နောက်ပိုင်း ကာလတွေမှာတော့ မြင်တွေ့ရတော့မှာပါ” ဟု ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်၏ ပင်မစီမံကိန်းများကို အကောင်အထည်ဖော်ရန်အတွက် ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယား၊ ထိုင်းနှင့် ဥရောပနိုင်ငံမှ ကုမ္ပဏီတချို့ကလည်း အကောင်အထည်ဖော်ရန် စိတ်ဝင်စားမှုရှိနေပြီး လာရောက်တွေ့ဆုံဆွေးနွေးမှုများ ရှိကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် အီတာလျံ-ထိုင်းကုမ္ပဏီအနေဖြင့် ကနဦးအဆင့် စီမံကိန်းများထဲမှ တခုဖြစ်သော ထိုင်း-မြန်မာ နယ်စပ်အထိ ဖောက်လုပ်မည့် ၂ လမ်းသွား ကားလမ်းဆောက်လုပ်ရေးအတွက် ထိုင်းအစိုးရထံမှ ချေးငွေ ထုတ်ချေးရန် မကြာသေးမီက သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။ ဘတ်ငွေ ၄ ဒသမ ၅ ဘီလျံ ချေးငွေ ရယူရန် အတိုးနှုန်း သုည ဒသမ ၁ ရာခိုင်နှုန်းဖြင့် ပထမ ၁ဝ နှစ်တွင် အတိုးမဲ့၊ ကျန်နှစ် ၂ဝ တွင် အတိုးနှုန်း သုညဒသမ ၁ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်း နှစ် ၃ဝ ဖြင့် ရယူမည် ဖြစ်ကြောင်း သိရသည်။

စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က စတင် အကောင်အထည်ဖော်မည့် စီမံကိန်း၏ ဧရိယာသည် လွန်စွာကြီးမားသည့်အတွက် မဖြစ်နိုင်သည့်ကိစ္စ တခုလို ဖြစ်သွားခဲ့ရာမှ ယခုတွင် ယင်းကိစ္စများကို သင်ခန်းစာ ရရှိသွား၍ အဆင့်အလိုက် အကောင်အထည် ဖော်မည်ဟု ယူဆရကြောင်း ပြောသည်။

“ရွေးကောက်ပွဲ နီးလာတဲ့ အခါကျတော့ အစိုးရက သူရဲ့မှတ်တိုင်တခုလို အောင်မြင်မှု တခုလို လုပ်ချင်ပုံ ရတယ်လို့ မြင်တယ်” ဟုလည်း သုံးသပ်သည်။

You may also like these stories:

ထားဝယ်-ကန်ချနပူရီ နှစ်လမ်းသွားစီမံကိန်း စတင်နိုင်ရန် စီစဉ်နေ

သီလဝါအထူးစီးပွားရေးဇုန်သို့ ကားအပိုပစ္စည်း လုပ်ငန်းများ ဝင်ရောက် မြှုပ်နှံလာနိုင်ဟုဆို

စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ

Your Thoughts …
Tags: ကနဦးစီမံကိန်းထားဝယ်အထူးစီးပွားရေးဇုန်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် စတင်

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် စတင်

by ဧရာဝတီ
3 March 2025
3.8k

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ တရားဝင်ဖိတ်ကြားမှုဖြင့် သွားရောက်သည့် ထိုခရီးစဉ်သည် တပတ်ကြာမြင့်မည်ဖြစ်ပြီး မတ် ၄ ရက်တွင် စစ်ခေါင်းဆောင်နှင့် သမ္မတပူတင်တို့ တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ထားသည်။

ရုရှားအတွက် ထားဝယ်အား အသင့်ပြင်ထားရန် ဒု စစ်ခေါင်းဆောင် ညွှန်ကြား

ရုရှားအတွက် ထားဝယ်အား အသင့်ပြင်ထားရန် ဒု စစ်ခေါင်းဆောင် ညွှန်ကြား

by ပပ
12 March 2025
2.7k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ အခွင့်အလမ်းများ ဖော်ဆောင်နိုင်ခဲ့သည့်အတွက် မကြာမီ အရှိန်အဟုန်ဖြင့် အထူးစီးပွားရေးဇုန် ဖြစ်ထွန်းလာမည်

ရုရှားမှာ နားလည်မှုစာချွန်လွှာများသာ မြန်မာစစ်ခေါင်းဆောင် လက်မှတ်ထိုးနိုင်

ရုရှားမှာ နားလည်မှုစာချွန်လွှာများသာ မြန်မာစစ်ခေါင်းဆောင် လက်မှတ်ထိုးနိုင်

by ပပ
6 March 2025
1.8k

၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတချို့ လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း စကားလုံးများဖြင့်သာ လေးလံနေသည်။

ထိုင်းကုမ္ပဏီသည် မြေပြင်ပေါ်တွင် ဘာမှ တည်ဆောက်မှုမရှိဟု မြန်မာဘက်က ယူဆသည်/ငြိမ်းငြိမ်း/ဧရာဝတီ

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ထိုင်းကုမ္ပဏီ ပါဝင်ခွင့် မြန်မာ ရုတ်သိမ်း

by နန်းလွင်
15 January 2021
8.7k

ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင် ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ ပါဝင်ပတ်သက်ခွင့်ကို မြန်မာအစိုးရက ရုတ်သိမ်းလိုက်သည်။

ယနေ့နေပြည်တော်တွင် ပြုလုပ်သည့် ထားဝယ်အထူးစီးပွားရေဇုန် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနား / သီဟလွင် / ဧရာဝတီ

ထားဝယ်အထူးစီးပွားရေးဇုန်အရေး နှစ်ဖက် ပြေလည်စွာဖြေရှင်းနိုင်ရန် မြန်မာအစိုးရ မျှော်လင့်

by သီဟလွင်
18 January 2021
10.5k

လက်ရှိ အခြေအနေထိ အီတာလျံထိုင်းကုမ္ပဏီဘက်မှ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသို့ တစုံတရာ တုံ့ပြန်ထားခြင်း မရှိသေးဘဲ ဆက်လက်ဖြစ်ပေါ်လာသည့် အခြေအနေများကို မူတည်ကာ ပြန်လည် တုံ့ပြန်မှုများ ပြုလုပ်သွားမည်

Next Post
၂၀၁၉ ခုနှစ် ဧပြီလတွင် ဘေဂျင်းမြို့၌ ၂ နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခဲ့စဉ် / Reuters 

တရုတ်သမ္မတ၏ မြန်မာခရီးစဉ်သည် BRI စီမံကိန်းများအတွက် ကတိကဝတ်ရရန် အားထုတ်မှုဟု ဆို

ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ် သုံးသပ်ချက် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ် သုံးသပ်ချက် (ရုပ်/သံ)

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.8k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate