စီးပွားရေး

တရုတ်သမ္မတ ခရီးစဉ်အတွင်း ဆန်ကွဲ လွတ်လပ်စွာ တင်ပို့နိုင်ရေး MOU ရေးထိုးမည်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping (ရှီကျင့်ဖျင်) ခရီးစဉ်တွင် မြန်မာနိုင်ငံမှ တရုတ်သို့ ဆန်ကွဲကို လွတ်လပ်စွာ တင်ပို့နိုင်မည့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မှ သိရသည်။

မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ယခု ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။

လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်း ကကျနော်တို့ ဝန်ကြီးဌာန အနေနဲ့ ဘယ်နှစ်ခုလောက် ထိုးမယ်တော့ ပြောလို့မရသေးပါဘူး။ တချို့ကိစ္စတွေက ဆောင်ရွက်ဆဲ ဆိုတော့ မီချင်မှလည်း မီမှာဖြစ်တယ်။ ဆန်ကွဲနဲ့ ပတ်သက်ပြီး MOU ထိုးဖို့တော့ ပါပါတယ်။ ဒါကို လုပ်ဆောင်နေတာ နှစ် လောက် တော့ ရှိပြီ ဆိုတော့ ဒီဟာက ရေးထိုးနိုင်ဖို့ များပါတယ်ဟု ဧရာဝတီသို့ ပြောသည်။

အဓိကအားဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၌ အရောင်းအဝယ် ပြုလုပ်ရာတွင် MOU ရေးထိုးထားခြင်းအားဖြင့် ကုန် သွယ်မှု ပို၍ လွယ်ကူချောမွေ့လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စာချုပ်ပါ အချက်အလက်များကို အသေးစိတ် ပြောဆို၍ မရသေးကြောင်းလည်း ၎င်းက ဆိုသည်။

ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) နယ်စပ် ကုန်သွယ်မှု မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဦးကလောလောဆယ် ကျနော်တို့ နိုင်ငံက ဆန်ကွဲတွေ Europe နဲ့ ထိုင်းကို ပဲတင်ပို့နေရတာ။ တင်ပို့ရတဲ့ ခရီးကဝေးတော့ ဈေးက နည်းနည်း သိပ် မကောင်းဘူး။ ဒါကြောင့် တရုတ်နဲ့ MOU ရေးထိုးပြီး တွင်တွင် ကျယ်ကျယ် ရောင်းနိုင်မယ် ဆိုရင်တော့ ဈေးနှုန်း ပိုရလာနိုင်တယ်ဟု ဧရာဝတီသို့ ပြောသည်။ 

လက်ရှိတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေနှင့် တရုတ်သမ္မတ ခရီးစဉ်တွင် ဆန်ကွဲကို ကိုယ်တာ သတ်မှတ်ချက်မလိုဘဲ တင်ပို့နိုင်မည့် MOU တခုအပြင် ကျွဲ၊ နွား အရှင်များ တင်ပို့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုန်ပစ္စည်း အရည်အသွေး ကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်မှု အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (AQSIQ) နှင့် ပတ်သက်သော MOU တခု ရေးထိုးမည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။

၎င်းကဒါဆိုရင်တော့ ကျနော်တို့ ဆီကနေ နွားတို့ ကျွဲတို့ တရားဝင် အနေနဲ့ တရုတ်ကို ရောင်းဖို့အတွက် အဆင်ပြေ လာနိုင်တယ်။ အကြမ်းဖျင်းကတော့ အရင်က သူတို့ဆီကို မှောင်ခို ဝင်တာ အခုက တရားဝင်တော့ သွားလို့ ရပြီပေါ့။ တနည်းအားဖြင့် ပြောရင်တော့ တရုတ်သမ္မတ ခရီးစဉ်မှာ ဒီလို MOU ရေးထိုးရင် ကောင်းကျိုးဖြစ်ပါတယ်။ ဒါပေမယ့် နယ်စပ် ကုန်သွယ်ရေး မှာ တခြားကျန်သေးတာတွေ ရှိသေးတယ်ဟု ဆိုသည်။

ယခင်က ဆန်ကွဲကို မြန်မာနိုင်ငံဘက်မှ တင်ပို့လျှင် ဆန်နှင့် ဆန်ထွက်ပစ္စည်း အုပ်စုများထဲ၌ ပါဝင်သွားသော်လည်း ရုတ်ပြည်သို့ ရောက်လျှင် ဆန်နှင့်ဆန်ကွဲ သပ်သပ်စီ ခွဲခြားသည့် စနစ်ကို ၂၀၁၉ ခုနှစ် ဧပြီလက ယူနန်ပြည်နယ် အစိုးရက စတင်ခဲ့သောကြောင့် MOU ပြန်လည် ပြင်ဆင်၍ ရေးထိုးရမည်လည်း ဖြစ်သည်။

ထိုသို့ တရုတ်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲကြောင့် လနှင့်ချီ၍ တင်ပို့မှုများ ရပ်ဆိုင်းခဲ့ခြင်းကြောင့်လည်း မြန်မာဘက်တွင် ဆန်ကွဲများ ပျက်စီးဆုံးရူံးမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ကုန်သည်များထံက သိရသည်။

မူဆယ်နယ်စပ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်း ကကျနော်တို့ ကြားတာတော့ ဒီခရီးစဉ်မှာ နယ်စပ်ကုန်သွယ်ရေးဇုန် အပါ ဆန်ကွဲကို ကိုယ်တာ သတ်မှတ်ချက် မရှိဘဲ တင်ပို့နိုင်မယ့် MOU တွေ ပါမယ်။ ပြောင်းလည်း ကြားတယ်။ ဆန် နဲ့ ကြားတော့ သိပ်မပါသေးဘူး။ ဖြစ်စေချင်တာတော့ ဆန်တို့ သကြားတို့ပါ နယ်စပ်က ခွင့်ပြုစေချင်တယ်ဟု ဧရာဝတီသို့ ပြောသည်။

ယင်းအပြင် နယ်စပ်ကုန်သွယ်ရေးကိုလည်း နှစ်နိုင်ငံမျှတမှု ရှိသော စီးပွားရေး ကုန်သွယ်မှု ပြုလုပ်နိုင်သော ကုန်သွယ်ရေး တခု ဖြစ်စေ ချင်ကြောင်း ၎င်းက ပြောသည်။

သကြားကုန်သည်လည်း ဖြစ်သည့် ဦးမင်းသိန်းကပြောမယ်ဆိုရင် အခု နယ်စပ်ကုန်သွယ်ရေးက အင်အားကြီး နိုင်ငံတခုကို မှီခိုနေရတာဆိုတော့ တဖက်က အသာစီးယူမှု ကို ခံနေရတယ်။ ဒါတွေကို နှစ်ဖက်ဆွေးနွေးပြီး သာတူညီမျှတဲ့ စီးပွားရေးဖြစ်စေချင်တယ်ဟု ပြောသည်။

မြန်မာနိုင်ငံမှ ဆန်ကွဲကို နိုင်ငံပေါင်း ၃၈ နိုင်ငံသို့ တင်ပို့ရာတွင် ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ တရုတ်၊ ယူကေနှင့် နယ်သာ လန် နိုင်ငံများသို့ အများဆုံး တင်ပို့နေပြီး ဆန်နှင့် ဆန်ကွဲ တန်ချိန် စုစုပေါင်း ဒသမ သန်းကျော် တင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။

ဆက်စပ်လင့်-

မူဆယ် ကုန်သွယ်ရေး ဇုန်၌ ဆန်ကွဲအိတ် ၁ သိန်းကျော် ၄ လကြာ ပိတ်မိနေ

အစိုးရ သတ်မှတ်နှုန်း နောက်ကွယ်က ဆန်စပါး ဈေးကွက်

တရုတ်သမ္မတ၏ မြန်မာခရီးစဉ်သည် BRI စီမံကိန်းများအတွက် ကတိကဝတ်ရရန် အားထုတ်မှုဟု ဆို

တရုတ်သမ္မတ ရှီကျင့်ဖျင် ရှေ့အပတ် သောကြာနေ့ ရောက်မည်

Loading