• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

လာအိုနိုင်ငံသို့ မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှု စတင်

by မျိုးပပစန်း
16 January 2020
in စီးပွားရေး
A A
မဲခေါင်မြစ်ကူး မြန်မာ-လာအို ချစ်ကြည်ရေး တံတား / MOI

မဲခေါင်မြစ်ကူး မြန်မာ-လာအို ချစ်ကြည်ရေး တံတား / MOI

16.7k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့ရှိ ကျိုင်းလပ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ  တဆင့် လာအိုနိုင်ငံသို့ မြန်မာ့ စိုက်ပျိုးရေး ထုတ်ကုန်များကို ယခု ဘဏ္ဍာနှစ်တွင် စတင် တင်ပို့နေပြီဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။

ဦးခင်မောင်လွင် က “အခုနှစ်မှာ ထူးခြား တာကတော့ နယ်စပ်မှာ လာအိုနဲ့ ဆက်တဲ့ ကုန်သွယ်ရေး စခန်းပေါ့။ အဲဒီဘက်ကနေ ဘာတွေ သွားမလည်း ဆိုတော့ ကျနော်တို့ဆီကနေ ပြောင်းတို့ ဆန်တို့ ဆိတ်အရှင် လက်ခံမယ်ပေါ့။ တင်ပို့တဲ့နေရာမှာ လာအိုဘက်က လိုအပ်ချက်ပေါ် မူတည်ပြီး ပို့တယ်။ အခုစပို့နေပြီ။ ဒါကတော့ ပထမဆုံးပါပဲ”ဟု ပြောသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
971
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

ယင်း ကုန်စည်များကို ယခင်က မူဆယ်နယ်စပ်မှ တဆင့် တရုတ်နိုင်ငံသို့ သာတင်ပို့ရာမှ ယခု လာအိုလမ်းကြောင်းပွင့် သွားသည့်အတွက် ဈေးကွက်သစ် ရလာသည့် အပြင် တရုတ်ဘက်မှ ကန့်သတ်ချက်များ ရှိလာလျှင်လည်း ရွေးချယ်စရာ အသစ် တခု လာမည် ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြော ဆိုသည်။

“ဒီကျိုင်းလပ် ကုန်သွယ်ရေး စခန်းက လာအို–မြန်မာ တံတားဖွင့်ထဲက ဖွင့်ထားတာ။ ကြာပြီဆိုပေမယ့် လုပ်ငန်းက ဒီနှစ်မှ စဖြစ်တာ။ ဒါတောင် လပိုင်းလောက်ပဲ ရှိသေးတယ်။ ပြောင်းဆိုရင် ဒီစခန်းကနေ ထိုင်းရော၊ လာအိုရော လမ်းကြောင်း ၂ ခု ပို့လို့ရတယ်။  လာအိုဘက်က သွင်းကုန် ဝင်တာတော့ မရှိဘူး”ဟု ဦးခင်မောင်လွင် က ရှင်းပြသည်။

လက်ရှိတွင် လာအိုနိုင်ငံကလည်း မြန်မာ့ဘက်မှ ကုန်စပ္စည်းများကို တရားဝင် လက်ခံပြီး လာအိုနိုင်ငံ ကုန်သည်များက မြန် မာ့ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တဆင့် ပြန်လည် ပေးပို့ကြောင်း ကုန်သည်များထံမှ သိရသည်။

သို့ဖြစ်ရာ ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ယခု ၂၀၁၉– ၂၀၂၀ ဘဏ္ဍာနှစ် တွင် အမေရိကန် ဒေါ်လာ ၈ သောင်းခန့် တင်ပို့ ရန် ခန့်မှန်းထားကြောင်း ဦးခင်မောင်လွင်က ပြောသည်။

ကျိုင်းတုံ–တာချီလိတ် နယ်စပ်ကုန်သည်များ အသင်း အတွင်းရေးမှူး ဒေါ်နန်းစင် က “အခုလို လာအို တင်ပို့နိုင်တာ ကောင်း ပါတယ်။ တချို့ မူဆယ်တို့ ဘာတို့ သွားတဲ့ ကုန်သည်တွေလည်း ဒီဘက်ကို လှည့်ပြီး လုပ်နိုင်တယ်။ ကုန်စည် စီးဆင်းမှု လည်း တက်လာသလို ဈေးကွက်လည်း ကောင်းနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် လာအိုနိုင်ငံ ကုန်သည်များမှ ပေးနိုင်သည့် ဈေးကို we-chat မှ တဆင့် ဆက်သွယ်ကြကြောင်း၊ မကြာမီက မြန်မာ့ မနောသုခ ဆန် ဝယ်ယူရန် ဆက်သွယ်ကြသော်လည်း လက်ရှိသည် တရုတ်နှစ်သစ်ကူးနှင့်လည်း နီးနေသော ကြောင့် အရောင်းအဝယ်မှာ အေးနေကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကျိုင်းလပ် ကုန်သွယ်ရေး စခန်းမှာ မဲခေါင်မြစ်ကူး မြန်မာ–လာအို ချစ်ကြည်ရေး တံတားအနီး သံလွင်မြစ်၏ အရှေ့ဘက်ခြမ်း ဒေသ ကျိုင်းတုံမြို့မှ ၁၀၈ မိုင် တာချီလိတ်မြို့နှင့် ၆၅ မိုင် ကွာဝေးပြီး တာချီလိတ်–ကျိုင်းတုံ ပြည်ထောင်စု လမ်းကြီးပေါ်တွင် တည်ရှိသော တာလေမြို့၏ အရှေ့မြောက် ဘက် ၃၅ မိုင် အကွာတွင် တည်ရှိသည်။

မဲခေါင်မြစ်ကူး မြန်မာ–လာအို ချစ်ကြည်ရေး တံတားကို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလက တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် မတ်လတွင် ဖွင့်လှစ်ခဲ့သည်။ ယင်းတံတားသည် မြန်မာနိုင်ငံ ဘက်ခြမ်း ကျိုင်းလပ်မြို့နှင့် လာအိုနိုင်ငံ လွန်နသန် ပြည်နယ် လောင်းဝ်ခရိုင် ဟွေဟုန်း ကျေးရွာတို့ကို ဆယ်သွယ်ထားသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ် လုပ်ကိုင်ရာတွင် ကုန်သွယ်ရေး စခန်း ၁၈ ခုရှိသည့် အနက် ကျိုင်းလပ် ကုန်သွယ်ရေး စခန်းမှာ ကုန်သွယ်မှု အနည်းဆုံးဖြစ်သည်။

You may also like these stories:

ပို့ကုန်တိုးလာ၍ ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၃၀၀ ကျော်အထိ လျော့ကျ

ငါးရှဉ့်၊ ဂဏန်း ကုန်စည် အရောင်းအဝယ် ရပ်တန့်နေ

ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ် ရှင်းတမ်း မချပြခြင်းသည် အဂတိလိုက်စားမှု ဖြစ်သွားနိုင်

Your Thoughts …
Tags: ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းလာအို
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

by Thompson Chau
15 December 2023
4.8k

စစ်ကောင်စီ ရင်ဆိုင်နေရသည့် စွမ်းအင်အကျပ်အတည်းကို တော်လှန်ရေး အင်အားစုများက ဆင်နွဲသည့် မကြာသေးမီက ထိုးစစ်က ပိုမိုဆိုးရွားစေသည်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

by ဧရာဝတီ
16 May 2024
3.9k

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် ခေတ်သစ်တွင် သြဇာအကြီးမားဆုံး ရာဇဝတ်ကွန်ရက် အလျင်အမြန် ဖြစ်လာနေသည့် လူကုန်ကူးမှုနှင့် ဂိုဏ်းဖွဲ့ရာဇဝတ်မှု၏ ဗဟိုချက်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြလိုက်သည်။

ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား

ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား

by ဧရာဝတီ
11 March 2024
3.5k

ကျိုင်းတုံ-မိုင်းလားလမ်းဟာ ၅၂ မိုင်သာ ရှည်ပြီး တရုတ်နိုင်ငံကနေ ရှမ်းပြည် အရှေ့ပိုင်းမြို့တော် ကျိုင်းတုံကိုဖြတ်ကာ ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ အတိုဆုံးလမ်းကြောင်း ဖြစ်သလို ရှမ်းပြည်အရှေ့ပိုင်းဟာ တိုက်ပွဲတွေနဲ့ ယာယီ ကင်းလွတ် နယ်မြေလို့လည်း ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်

မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်

by Laetitia Van Den Assum နှင့် Kobsak Chutikul
29 January 2024
2.9k

"အာဆီယံက ဦးဆောင်နေတယ်" ဆိုသည့်စကားသည် တာဝန်မျှဝေ ထမ်းဆောင်ခြင်းကို ရှောင်ရှားသည့် နိုင်ငံများ မကြာခဏပြောသည့် စကားဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု

အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု

by ဧရာဝတီ
27 January 2024
2.9k

"တကယ်တမ်းကျတော့ အာဆီယံက မြန်မာအပေါ် သြဇာအရမ်းနည်းတယ်။ မြန်မာက အာဆီယံကို လုံးဝ ဂရုမစိုက်ဘူး။ ဘုံသဘောတူညီချက် ၅ ချက်ကို သူတို့က လုံးဝ ဂရုမစိုက်ဘူး"

အာဆီယံဥက္ကဋ္ဌ  လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

အာဆီယံဥက္ကဋ္ဌ လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

by ဧရာဝတီ
27 January 2024
2.8k

အရှေ့တောင်အာရှ သံတမန်များသည် ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံအပေါ် တရုတ်အကြွေး ချုပ်ကိုင်မှုကို အနီးကပ်စောင့်ကြည့်ရန် အချိန်ပေးနေရသည်။

Next Post
Aquaman ရုပ်ရှင်

Aquaman ရုပ်ရှင်ကို မီနီစီးရီး ရိုက်ကူးဖို့ ရှိနေ

ဟောင်ကောင် ဆန္ဒပြပွဲ

၂၀၁၉ ဆန္ဒပြပွဲများကြောင့် ဟောင်ကောင်ကို လာရောက်တဲ့ တရုတ်ခရီးသွား အရေအတွက် ကျဆင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate