• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ်ဗိုင်းရပ်ကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း ဒေါ်လာဘီလီယံများစွာ အထိနာ

by ဧရာဝတီ
29 January 2020
in စီးပွားရေး
A A
တရုတ်၏ ကိုရိုနာဗိုင်းရပ်ကြောင့် မြန်မာအပါအဝင် အိမ်နီးချင်းခရီးသွားလုပ်ငန်းများ အထိနာပြီဖြစ်သည် / Reuters

တရုတ်၏ ကိုရိုနာဗိုင်းရပ်ကြောင့် မြန်မာအပါအဝင် အိမ်နီးချင်းခရီးသွားလုပ်ငန်းများ အထိနာပြီဖြစ်သည် / Reuters

10.8k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်ကူးစက်နေချိန်တွင် သန်းဆယ်ပေါင်း များစွာသော တရုတ်နိုင်ငံသားများကို နိုင်ငံမှ ထွက်ခွင့် ကန့်သတ်လိုက်သောကြောင့် အသုံးအစွဲကြမ်းသော တရုတ်ခရီးသည်များကို ပိုမိုမှီခိုလာကြသော ကမ္ဘာတဝှမ်းမှ စီးပွားရေးလုပ်ငန်းများသည် အကြီးအကျယ် အထိနာနေသည်။

ဟိုတယ်များ၊ လေကြောင်းလိုင်းများ၊ ကာစီနိုများနှင့် ရေကြောင်းလုပ်ငန်းများသည် လတ်တလောရိုက်ခတ်မှု၏ အထိအနာဆုံးလုပ်ငန်းများတွင် ပါဝင်နေသည်။ အထူးသဖြင့် အာရှတွင်အကြီးမားဆုံး ခရီးသွားရာသီဖြစ်သော တရုတ်နှစ်သစ်ကူးတွင် ကူးစက်ရောဂါပျံ့နှံ့မှုကြောင့် အထိနာခြင်းဖြစ်သည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
925
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

ယခုတရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေသည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုက SARS ရောဂါကူးစက်စဉ်ကထက် ကမ္ဘာ့စီးပွားရေးကို များစွာ ပိုမိုထိခိုက်စေသည်။ ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးထုတ်လုပ်မှု၏ ၄.၃ ရာခိုင်နှုန်းသာ ရှိသည်။ လွန်ခဲ့သော နှစ်က တရုတ်နိုင်ငံ၏ စီးပွားရေး ထုတ်လုပ်မှုသည် ၁၆.၃ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အဆိုအရ သိရသည်။

ဟောင်ကောင်မှ ဆန္ဒပြပွဲများနှင့် ဘေဂျင်းနှင့် ဝါရှင်တန်အကြား ကုန်သွယ်ရေး အငြင်းပွားမှုများကြောင့် တရုတ်ခရီးသွားလုပ်ငန်းသည် ဗိုင်းရပ်ပိုးကူးစက်မှု မတိုင်မီကပင် ကျဆင်းနေပြီးဖြစ်သည်။

၂၀၁၉ ခုနှစ်က တရုတ်လူမျိုး ၁၃၄ သန်း ပြည်ပခရီးသွားခဲ့ပြီး ထိုထက်စောသော တနှစ်ကထက် ၄.၅ ရာခိုင်နှုန်းတိုးလာကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ ရောဂါကူးစက်မှုမရှိချိန်က တရုတ်နိုင်ငံမှ ထွက်ခွာသော ခရီးသွားလုပ်ငန်း သုတေသနသိပ္ပံက တရုတ်နှစ်သစ်ကူးအတွင်း တရုတ်လူမျိုး ၇ သန်း ပြည်ပခရီးသွားမည်ဟု ခန့်မှန်းထားသဖြင့် ယခင်နှစ်က ပြည်ပခရီးသွားသူ ၆.၃ သန်းထက် ပိုမိုများပြားလာခြင်းဖြစ်သည်။

ဟောင်ကောင်၊ ထိုင်း၊ ဂျပန်နှင့် ဗီယက်နမ်တို့သည် တရုတ်ခရီးသွားများအကြား ရေပန်းအစားဆုံး ခရီးစဉ်များဖြစ်ပြီး တရုတ်ခရီးသွားများသည် လန်ဒန်၊ မီလန်၊ ပဲရစ်နှင့် နယူးယောက်တို့တွင် အသုံးအစွဲကြမ်းသူများဖြစ်သည်။

ကိုရိုနာဗိုင်းရပ် ရေရှည်ဖြစ်ပွားနေလျှင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပကို ကြီးကြီးမားမား ထိခိုက်စေမည်ဖြစ်ပြီး ယခုအချိန်အထိ အဓိက ခြိမ်းခြောက်ခံနေရသည်မှာ အိမ်နီးချင်းခရီးသွားလုပ်ငန်းများ ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များနှင့် ခရီးသွားလုပ်ငန်း အရာရှိများကပြောသည်။

တရုတ်နှစ်သစ်ကူးအတွက် တရုတ်ခရီးသည်များအကြား ရေပန်းအစားဆုံးဖြစ်သည့် ထိုင်းနိုင်ငံအတွက် ဆုံးရှုံးနိုင်ခြေ ဘတ် ၅၀ ဘီလျံ (ဒေါ်လာ ၁.၆ ဘီလျံ) ရှိမည်ဟု အရာရှိများက ခန့်မှန်းသည်။ ဘန်ကောက်ရှိ ဆေးဆိုင်အများအပြားတွင် ခွဲစိတ်ခန်းသုံးမျက်နှာဖုံးများ ပြတ်လပ်နေပြီး တရုတ်ခရီးသွား အရေအတွက်မှာ ပုံမှန်နှစ်သစ်ကူးထက်များစွာ လျော့နည်းနေပုံရသည်။ မျက်နှာဖုံးများ ထုတ်ပေးနေကြောင်းနှင့် လေဆိပ်နှင့်ရထားလမ်း အချိတ်အဆက်တွင် ပိုးသတ်မည်ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။

ဗီယက်နမ်၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့ကို ထိခိုက်နိုင်ခြေရှိကြောင်း Oxford Economics သုတေသနလုပ်ငန်းမှ တော်မီ ဝူနှင့် ပရီယန်ကာ ကီရှိုးတို့၏ အဆိုအရ သိရသည်။

လပေါင်းများစွာကြာပြီး မကြာခဏအကြမ်းဖက်သော ဆန္ဒပြပွဲများကြောင့် ခရီးသည် ဆွဲဆောင်မှုလျော့နည်းကာ စီးပွားရေး ကျဆင်းနေပြီးဖြစ်သော ဟောင်ကောင်သည် ပိုမိုထိခိုက်လွယ်နေသည်။ လွန်ခဲ့သော နိုဝင်ဘာလက ဟောင်ကောင်သို့ လာရောက်သည့် ခရီးသည်အရေအတွက်မှာ ယခင်နှစ်ကထက် ၅၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ပြည်ပခရီးသွားမည့် တရုတ်ခရီးသွားမိသားစုအား ကျန်းမာရေးစစ်ဆေးနေစဉ်/Reuters

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောင်းကစားမြို့တော် မက္ကာအိုသို့ ပြည်မကြီးမှ ခရီးသွားအရေအတွက်သည် တနင်္ဂနွေနေ့တွင် ယခင်နှစ်ကထက် ၈၀ ရာခိုင်နှုန်းကျဆင်းသွားပြီး လောင်းကစားမှရရှိသည့် အခွန်ကိုမှီခိုနေရသည့် ဒေသဆိုင်ရာအစိုးရကို ခြိမ်းခြောက်နေသည်။

ကိုရိုနာ ဗိုင်းရပ်ကြောင့် သေဆုံးသူ ပိုမိုများပြားလာပြီး တရုတ်အစိုးရက ခရီးသွားလာခြင်းကို ကန့်သတ်လိုက်သောကြောင့် မက္ကာအိုမှ လောင်းကစားနှင့် တည်းခိုရေး လုပ်ငန်းလုပ်ကိုင်သူများ မျှော်မှန်းထားသော ပိုမိုသည့် ခရီးစဉ်ဖျက်သိမ်းမှုများကို လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ရင်ဆိုင်ရသည်ဟု Instinet မှ သုတေသီ ဟယ်ရီကားတစ်၏ အဆိုအရ သိရသည်။

“ကျနော်တို့ဆက်သွယ်ခဲ့တဲ့ လုပ်ငန်းအားလုံးမှာ အမှာစာဖျက်သိမ်းတာတွေ မြင့်မားနေတယ်။ စီးပွားရေးလုပ်ငန်းတွေ ပြန်နာလန်ထူဖို့ ဘယ်လောက်ကြာမယ် ဆိုတာနဲ့ပတ်သက်ပြီး အဆိုးမြင်တာတွေ များနေတယ်” ဟု ကားတစ်က မှတ်ချက်ချသည်။

မက္ကာအိုတွင် လုပ်ကိုင်နေသည့် Wynn Resorts, Las Vegas Sands နှင့် MGM Resorts International တို့၏ ရှယ်ယာများသည် ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်ပြီး ၁၈.၃ ရာခိုင်နှုန်း၊ ၁၄.၆ ရာခိုင်နှုန်းနှင့် ၁၂.၁ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားသည်။

ဗိုင်းရပ်ပိုးကူးစက်မှုကြောင့် ကုမ္ပဏီများ၏ ပထမသုံးလပတ် ရလဒ်များကို ထိခိုက်မည်ဖြစ်ကြောင်းနှင့် မည်မျှကြီးမားကြာရှည်မည်ကို မေးခွန်းထုတ်နေရဆဲဖြစ်ကြောင်း Jefferies စတော့ရှယ်ယာ သုတေသနလုပ်ငန်းက ပြောသည်။

မက္ကာအိုမှ တရုတ်နှစ်သစ်ကူး အခမ်းအနားများကို လျှော့ချထားကြောင်း၊ ဧည့်သည်အားလုံးကို အပူချိန် စစ်ဆေးနေကြောင်းနှင့် မက္ကာအိုအစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာရန်ဆောင်ရွက်နေကြောင်း Wynn Resorts က ပြောသည်။ အစိုးရ၏လမ်းညွှန်ချက်များကို လိုက်နာနေကြောင်း MGM နှင့် Las Vegas Sands တို့က ပြောသည်။ သို့သော် အမှာစာဖျက်သိမ်းသည့် အရေအတွက်အတိအကျကို မည်သည့်ကုမ္ပဏီကမျှ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်ကို စတင်တွေ့ရှိပြီးနောက် လူ ၁၃၂ ဦး သေဆုံးကာ ၆၀၀၀ နီးပါးကူးစက်ခံနေရသည်။

ကူးစက်ရောဂါပျံ့ပွားမှု တားဆီးရေးအတွက် တရုတ်အစိုးရက နှစ်သစ်ကူးရုံးပိတ်ရက်ကို သုံးရက်တိုးပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ သတ်မှတ်ခဲ့သည်။

အုပ်စုလိုက်ခရီးသွားခြင်းများကို ဖျက်သိမ်းရန် တရုတ်ခရီးသွား အေဂျင်စီများကို ပြောကြားထားပြီး ဒေသတွင်းမှ အစိုးရများသည် ဝူဟန်မှ ခရီးသွားလာခြင်းကို ကန့်သတ်ထားကာ အခြားခရီးသည်များကို အနီးကပ်စောင့်ကြည့်၍ ဝူဟန်တွင် ပိတ်မိနေသည့် နိုင်ငံခြားသားများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန်ကူညီနေကြသည်။

နှစ်နိုင်ငံအကြား ရှည်ကြာသော အငြင်းပွားမှုကြောင့် နှစ်နှစ်ကြာ ကျဆင်းမှုအပြီး အမေရိကန်ပြည်ထောင်စုသို့ တရုတ်ခရီးသွား တိုးလာမည်ဟု မျှော်လင့်နေချိန်တွင် ဗိုင်းရပ်ပိုးကူးစက်ခြင်းဖြစ်သည်။

ဘန်ကောက်မြို့ သုဝဏ္ဏဘဘူမိလေဆိပ်ရှိ ကျန်းမာရေးစစ်ဆေးရာ ဌာနတခု/Reuters

တရုတ်မှ အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားလာခြင်းသည် ၂၀၁၈ ခုနှစ်က ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းသွားခဲ့ကြောင်း အကောက်ခွန် စာရွက်စာတမ်းများမှတဆင့် စာရင်းပြုစုသည့် အမျိုးသားခရီးနှင့် ခရီးသွားလုပ်ငန်းရုံး၏ အဆိုအရသိရသည်။ ထိုရုံးက ၂၀၁၉ ခုနှစ်တွင် နောက်ထပ် ၅ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်ထားသော်လည်း ၂၀၂၀ နောက်ပိုင်းတွင် ပြန်လည်တိုးတက်လာမည်ဟု ခန့်မှန်းခဲ့သည်။

တရုတ်နိုင်ငံသည် ကနေဒါ၊ မက္ကဆီကို၊ ဗြိတိန်နှင့် ဂျပန်ပြီးလျှင် အမေရိကန်ပြည်ထောင်စုအတွက် ပဉ္စမအကြီးမားဆုံး ပြည်ပခရီးသည်ရင်းမြစ်ဖြစ်သည်။ ၂၀၁၈ ခုနှစ်က တရုတ်လူမျိုး ၃ သန်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ပြီး ဒေါ်လာ ၃၆ ဘီလျံကျော် သုံးစွဲခဲ့သည်။

ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထရန် မျှော်လင့်ချက်များကို ယခုဗိုင်းရပ်ကူးစက်မှုကြောင့် ထိခိုက်မည် မထိခိုက်မည်ကို ပြောရန်စောလွန်းနေသေးကြောင်း၊ ရောဂါကူးစက်မှု မည်မျှကြာသည်ဆိုသည့် အချက်နှင့် ရှန်ဟိုင်းကဲ့သို့သော အဓိကမြို့ကြီးများတွင် တရုတ်အစိုးရက ခရီးသွားလာမှု ကန့်သတ်၊ မကန့်သတ်အပေါ် မူတည်ကြောင်း ခရီးသွားလုပ်ငန်း အရာရှိများက ပြောသည်။

“ကာလရှည်ကြာဖြစ်နေတဲ့ ဘယ်ကိစ္စမဆို ထူးခြားတဲ့ ထိခိုက်မှုရှိလိမ့်မယ်။ တရုတ်နိုင်ငံဆိုတာ ကျနော်တို့ အတွက် အရမ်းအရေးပါတဲ့ ဈေးကွက်ပဲ” ဟု နယူးယောက်မြို့တော်မှ တရားဝင်ခရီးသွား လုပ်ငန်းအဖွဲ့ဖြစ်သည့် NYC & Company မှ ပြောခွင့်ရသူ ခရစ်ဟေးဝုဒ်က ပြောသည်။

တရုတ်န်ိုင်ငံသည် ဗြိတိန်ပြီးလျှင် နယူးယောက်အတွက် ဒုတိယအကြီးမားဆုံး ပြည်ပဧည့်သည် ပင်ရင်းဖြစ်ကြောင်း ဟေးဝုဒ်က ပြောသည်။

ဘရော့ဝေးနှင့် အခြားပွဲများအတွက် အုပ်စုလိုက် လက်မှတ်ဈေးလျှော့ရောင်းသည့် Broadway Inbound သည် ရောဂါကူးစက်မှုကြောင့် ခရီးမသွားနိုင်သည့် တရုတ်န်ိုင်ငံအခြေစိုက်များ အမှာစာဖျက်သိမ်းမှု အနည်းငယ်ရရှိခဲ့ကြောင်း ထိုလုပ်ငန်း၏ ဒုတိယ ဥက္ကဋ္ဌ ဘော့ ဟော့မင်းက ပြောသည်။ အမှာစာဖျက်သိမ်းသည့် လက်မှတ်ခများကို ပုံမှန်အားဖြင့် ပြန်ထုတ်ပေးခြင်း မရှိသော်လည်း ကိုရိုနာဗိုင်းရပ်ကြောင့် ဖျက်သိမ်းမှုများကို ငွေပြန်အမ်းမည် ဖြစ်ကြောင်း သူက ပြောသည်။

မကြာသေးမီနှစ်များအတွင်း အခြားနိုင်ငံများသို့ တရုတ်ခရီးသွားလာမှု ဆက်လက်တိုးတက်နေသည်။ ဗြိတိန်တွင် တရုတ်ဧည့်သည်များသည် အရှေ့အလယ်ပိုင်းပြီးလျှင် အများဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်က တခါ လာရောက်လည်ပတ်လျှင် ပျှမ်းမျှ ဒေါ်လာ ၂၂၀၀ သုံးစွဲသည်။ ၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး ဗြိတိန်သို့လာရောက်သည့် တရုတ်အရေအတွက် လေးဆတိုးလာသည်။

(AP သတင်း China virus outbreak rams global tourism, costing billions ကို ဘာသာပြန်သည်။)

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းများ

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှု ရပ်တန့်နေ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဒုတိယအများဆုံးနိုင်ငံ ဖြစ်လာတဲ့ ထိုင်းနိုင်ငံ

Your Thoughts …
Tags: တရုတ်ဗိုင်းရပ်ကူးစက်မှုကြောင့် ဒေါ်လာ ဘီလျံများစွာထိခိုက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
ဖားကန့်ကိစ္စအပေါ် ဦးသိမ်းဆွေနှင့် လွှတ်တော် ကော်မတီတို့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် / သီဟလွင် / ဧရာဝတီ

ဖားကန့်တွင် လာဘ်ငွေယူခဲ့ခြင်း မရှိဟု အမျိုးသား လွှတ်တော် ကော်မတီ ပြန်ရှင်း

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြတ်သန်းခဲ့သော အအေးလှိုင်းကို ကြံ့ကြံ့ခံနေသော ကချင်ဒုက္ခသည်တဦး / မျိုးမင်းစိုး

ဖေဖော်ဝါရီလတွင်လည်း အအေးပိုဦးမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate