နာမည်ကြီး ကားကုမ္ပဏီ ၁ ခုဖြစ်သည့် Mazda ကားကုမ္ပဏီက ကုမ္ပဏီ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အေ နဖြင့် ၂၀၂၀ မော်ဒယ် All New Mazda 3 ကားအမျိုးအစားသစ် ၂ စီးကို ရန်ကုန်မြို့ရှိ မြန်မာပလာဇာ၌ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မိတ်ဆက်လိုက်သည်။
အသစ် မိတ်ဆက်လိုက်သော ကားအမျိုးအစား ၂ မျိုးမှာ လှပကျော့ရှင်းပြီး ဒီဇိုင်းဆန်းသော All New Mazda 3 Sedan နှင့် လူငယ်ဆန်ဆန် Sporty စတိုင် Hatchback ကားတို့ ဖြစ်သည်။
Mazda မြန်မာ၏ National Sale မန်နေဂျာ ဒေါ်ခိုင်မင်းသူက “Mazda ရဲ့ အဓိက ထူးခြားချက်ဖြစ်တဲ့ safety ပိုင်းကို ဦးစားပေးထားတဲ့ အပြင် တခြား ပိုပြီး ထူးကဲတဲ့ အင်ဖော်တိန်းမန့် စနစ်တွေ အများကြီး ထည့်သွင်းထားတယ်။ ဒီနှစ်မှာမှ မိတ်ဆက်လိုက်တဲ့ Mazda ရဲ့ အရောင်အသစ်ဆန်းလေး Polymetal Gray ကို မိတ်ဆက်ခဲ့ပါတယ်” ဟု ပြောသည်။
မြန်မာပလာဇာတွင် အဆိုပါကားအသစ်များကို ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ခင်းကျင်း ပြသကာ ရောင်းချ သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အသစ်ထုတ်လုပ်လိုက်သော ကားများသည် Mazda ၏ ကိုယ်ပိုင်ဒီဇိုင်း KODO၊ ဓာတ်ဆီအင်ဂျင်အ သစ်များဖြစ်သော SKYACTIV G နည်းပညာ နှင့်အတူ SKYACTIV-Vehicle Architecture ဖြင့် ဖွဲ့စည်းထားေ ကြာင်း သိရသည်။
အဆိုပါ 2020 မော်ဒယ် ကားအသစ်များ၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၉၉၉၉ ရှိမည်ဖြစ်ပြီး ၃ နှစ် သို့မဟုတ် ကီလို ၁ သိန်း အထိ အာမခံပေးထားကြောင်း သိရသည်။
ထို့ပြင် ကားတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ကနဦးငွေပေးသွင်းပြီး ၅ နှစ် အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူရရှိနိုင်မ ည်ဖြစ်သည်။
You may also like these stories:
အခွန်လွတ် ကားတင်သွင်းခွင့်ကို ဥရောပ ကုန်သည်များနှင့် ကားအသင်း ဝေဖန်