• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

နေပြည်တော် ကျောက်မျက်ပွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်း

by ကျော်မျိုး
18 February 2020
in Coronavirus Update
A A
နေပြည်တော်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပသည့် ကျောက်မျက်ရတနာ ပြပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပသည့် ကျောက်မျက်ရတနာ ပြပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

6.7k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင် ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လာမည့် မတ်လအတွင်း နေပြည်တော် တွင် ကျင်းပမည့် ၅၇ ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးမင်းသူက“နိုင်ငံခြားပွဲက အဓိကကတော့ တရုတ် ပြည်မကြီးဘက်နဲ့ ဟောင်ကောင် ဘက်က အများဆုံး လာဝယ်ကြတာ ဖြစ်တဲ့အတွက် သူတို့တွေ ဒီရောဂါ မထိန်းချုပ် နိုင်သေးတဲ့ အခြေအနေမှာ ကျနော်တို့က ကျင်းပဖို့ အခက်အခဲ ရှိတယ်”ဟု ဧရာဝတီကို ပြောပြသည်။

RelatedPosts

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

19 June 2025
1.2k
တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.4k
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
1.4k

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းက တရုတ်နိုင်ငံရှိ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းထံ ပြပွဲနှင့်ပတ်သက်ပြီး သဘောထား တောင်းခံခဲ့ရာတွင်လည်း တရုတ်ကုန်သည်များ အနေဖြင့် ဗိုင်းရပ်စ် အခြေအနေ ကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရန် အခက်အခဲရှိသည့်အတွက် ရွှေ့ဆိုင်းရန် သဘောတူကြောင်း သိရသည်။

ထို့အတွက် ပြပွဲကို ရွှေ့ဆိုင်းသင့်သည်ဟု မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ကျင်းပရေး ဗဟိုကော်မတီကို အကြံပြုခဲ့ ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဦးဇော်ဘိုခန့်က ပြောသည်။

“တရုတ်နိုင်ငံမှာလည်း ခရီးသွား ကန့်သတ်ချက်တွေရှိတယ်။ လာရင်လည်း ဒီနိုင်ငံက လူတွေက သူတို့နဲ့ ထိတွေ့ ဆက်ဆံဖို့ စိုးရိမ်မှုတွေ ရှိမယ်လို့ ယူဆတာပေါ့။ အဲဒါလေးကို လုပ်ငန်းရှင်တွေရော ဌာနအရာရှိတွေရော ဝိုင်းတိုင်ပင် လိုက်တာပေါ့”ဟု ဦးဇော်ဘိုခန့်က ပြောဆိုသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်း၊ ပြပွဲ ဗဟို ကော်မတီ အနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံခြား ကုန်သည်များအား ယူရိုငွေဖြင့် ရောင်းချသည့် ကျောက်မျက် ပြပွဲကို မတ်လနှင့် အောက်တိုဘာလတို့တွင် ကျင်းပရန် လျာထားပြီး ကြားကာလတွင် ပြည်တွင်းကုန်သည်များအား မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲနှစ်ပွဲ ပြုလုပ်ရန် သတ်မှတ် လျာထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယူရိုငွေဖြင့် ရောင်းချသည့်ပွဲကို မကျင်းပနိုင်ပါက လုပ်ငန်းရှင်များအနေဖြင့် ငွေလည်ပတ်ရန်ခက်ခဲပြီး နိုင်ငံအတွက် လည်း ဝင်ငွေမရနိုင်၍ လက်ရှိတွင် မကျင်းပနိုင်သည့် မတ်လ ယူရိုပွဲနှင့် ဇွန်လတွင်ကျင်းပမည့် ကျပ်ငွေပွဲ နှစ်ခုကို လဲလှယ်ကျင်းပနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟုလည်း ဒု ဥက္ကဋ္ဌ ဦးဇော်ဘိုခန့်က ပြောသည်။

“ယူရိုပွဲနဲ့ ကျပ်ပွဲနဲ့ကို အပြောင်းအလဲ လုပ်ကြည့်တဲ့ သဘောပေါ့။ အတည် မပြုနိုင်သေးဘူး။ ရှေ့အပတ်မှာ ညှိနှိုင်းရဦး မယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားသားများအား ရောင်းချသည့် ယူရို ပြပွဲ ကျင်းပနိုင်ရန် ကိုရိုနာဗိုင်းရပ်၏ သက်ရောက်မှု အခြေအနေပေါ် မူတည် ၍ စဉ်းစားရမည်ဖြစ်ကြောင်း ကျောက်မျက်ပြပွဲ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးမင်းသူကလည်း ပြောသည်။
“ရက်လည်း သတ်မှတ်လို့ မရသေးဘူး။ ခန့်မှန်းလို့လည်း မရသေးဘူး။ ဒါက (ကိုရိုနာဗိုင်းရပ်စ်) တကမ္ဘာလုံးကိုတောင် သက်ရောက်နေတဲ့ အခြေအနေမျိုးဖြစ်နေတာ ဆိုတော့”ဟုလည်း ဦးမင်းသူက ပြောဆိုသည်။
နိုင်ငံခြားပြပွဲများမှ တပွဲလျှင် ယူရိုငွေ သန်း ၄၀၀ မှ ၅၀၀ ကြား ရရှိပြီး အစိုးရအနေဖြင့် အခွန်အခများ၊ အကျိုးတူ လုပ်ငန်းများမှ သန်း ၂၀၀ ခန့် ရရှိကြောင်း၊ ပြပွဲ မကျင်းပနိုင်ခြင်းဖြင့် အစိုးရ၏ ဝင်ငွေ လျော့နည်းသွားသကဲ့သို့ ကျောက် တူးဖော်သည့် လုပ်ငန်းရှင်များအနေဖြင့်လည်း ငွေလည်ပတ်မှု ထိခိုက်ပြီး အခက်အခဲဖြစ်နိုင်ကြောင်း အသင်း ဒု ဥက္ကဋ္ဌ ဦးဇော်ဘိုခန့်က ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လူစုလူဝေးများကို ရှောင်ရှားရမည်ဖြစ်၍ ယူရိုပွဲကို ရွှေ့ဆိုင်းထားခြင်းသည် ကောင်းမွန်ကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ထိန်းချုပ်မှုများ ပြုလုပ်နိုင်ပြီဆိုပါက အမြန်ဆုံးကျင်းပ ပေးစေ လိုကြောင်းလည်း ဦးဇော်ဘိုခန့်က အကြံပြုသည်။

ပြည်သူလူထု အတွက် စိုးရိမ်စရာဖြစ်လာနိုင်၍ ပြပွဲ ရွှေ့ဆိုင်းလိုက်ခြင်းကို သဘောတူကြောင်း၊ ဗိုင်းရပ်စ်ကို ထိန်းချုပ် နိုင်မှသာ ပြန်လည် ကျင်းပသင့်ကြောင်း နေပြည်တော် ပျဉ်းမနားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်ကလည်း ပြောဆိုသည်။

“အခုလုပ်ရင်တော့ ပြည်သူတွေက စိုးရိမ်ရမှာပေါ့။ အခုတောင် နယ်ခြားမှာ စစ်ဆေးရေး ဂိတ်တွေဘာတွေနဲ့ ဗိုင်းရပ်စ် အတွက် ကန့်သတ် နေရတာလေ။ နိုင်ငံရဲ့ ကျန်းမာရေးအတွက် သတိရှိနေရတဲ့အချိန်မှာ ရက်ရွှေ့လိုက်တာက ကြိုဆို ရမှာပါ”ဟု ဦးသန်းစိုးအောင်က ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွား ပျံ့နှံ့ခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံပေါင်း ၂၀ ကျော်ကို ပျံ့နှံ့ခဲ့ပြီး တရုတ် ပြည်မကြီးတွင် လူပေါင်း ၇ သောင်းကျော် ကူးစက်ခံရကာ ၁၇၀၀ ကျော် သေဆုံးမှုရှိကြောင်း သတင်းများတွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပသည့် ၅၆ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်း တွဲ နှင့် ကျောက်မျက်တွဲ ယူရိုငွေ သန်း ၄၀၀ ကျော်ဖိုး ရရှိခဲ့ပြီး ၂၀၁၉ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်းတွဲနှင့် ကျောက်မျက်တွဲ စုစုပေါင်း ယူရိုသန်း ၅၀၀ ကျော်ဖိုး ရောင်းချ ခဲ့ရကြောင်း သိရသည်။

နိုင်ငံခြားသား ကုန်သည်များအား ယူရိုငွေဖြင့် ရောင်းချသည့်ပြပွဲများကို ယခင်က ၁ နှစ်လျှင် ၁ ကြိမ်သာ ကျင်းပနိုင် ရာမှ နောက်ပိုင်းတွင် ၁ နှစ် ၂ ကြိမ် ကျင်းပနိုင်ရန် ပြပွဲကျင်းပရေး ဗဟိုကော်မတီက ယခင်နှစ်က စတင် စီစဉ်ခဲ့ခြင်းဖြစ် သည်။

You may also like these stories:

ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးမှု လျှော့ချမည့် ဥပဒေမူကြမ်း ရန်ကုန်တိုင်း လွှတ်တော် ရေးဆွဲနေ

ဒီဇယ်ဆီဖိုး ကြွေးကျန် ပေးရန်ပျက်ကွက်ပါက Water Bus ကုမ္ပဏီကို တရားစွဲမည်ဟု ကြေညာ

ဗိုင်းရပ်ပိုးကြောင့် တရုတ်လုပ်ငန်းများ ပိတ်သဖြင့် မြန်မာ ပို့ကုန်တင်ပို့သူများ အကြီးအကျယ် အထိနာ

Your Thoughts …
Tags: ကျောက်မျက် ရတနာ ပြပွဲ
ကျော်မျိုး

ကျော်မျိုး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ရုပ်သံစတား Caroline Flack

‘Love Island’ တင်ဆက်သူ ကွယ်လွန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ယူကေမီဒီယာ စည်းမျဉ်း

အိန္ဒိယ ရုပ်ရှင် "Minsara Kanna" နဲ့ ကိုရီးယား ရုပ်ရှင် "Parasite"

အော်စကာဆုရ "Parasite" ရုပ်ရှင်ဖန်တီးသူတွေကို အိန္ဒိယရုပ်ရှင် ထုတ်လုပ်သူ တရားစွဲမည်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

5 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate