• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

၂၀၂၁ အထိ အာရှခရီးသွားလုပ်ငန်းအပေါ် ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်နိုင်

by ဧရာဝတီ
18 February 2020
in စီးပွားရေး
A A
ထိုင်းနိုင်ငံ ဖူးကတ်ဒေသတွင်း ယခုလို တရုတ်ခရီးသွား အတော်များများ ပျောက်ကွယ်နေခဲ့သည် / Reuters 

ထိုင်းနိုင်ငံ ဖူးကတ်ဒေသတွင်း ယခုလို တရုတ်ခရီးသွား အတော်များများ ပျောက်ကွယ်နေခဲ့သည် / Reuters 

6.7k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်ကူးစက်ခံရကြောင်း ရှာတွေ့နေသမျှ ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များမှာ ၂၀၂၁ ခုနှစ်ထိ လများစွာ ကြံ့ကြံ့ခံနေရမည်ဖြစ်သည်။ တရုတ်သာမက အာရှဒေသတစ်ခွင် ခရီးစဉ်ဖျက်သိမ်းမှုများက နေ့စဉ်တိုးလာနေသည်ဟု လုပ်ငန်းဆောင်ရွက်သူများက ပြောသည်။

ယခုသီတင်းပတ်အစောပိုင်းက ကိုရိုနာဗိုင်းရပ်သစ်ကူးစက်မှုများက ကျသွားဟန်ရှိသော်လည်း ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းအပေါ် ယင်းဗိုင်းရပ်ကူးစက်ဖြစ်ပွားမှု၏ ရိုက်ခတ်မှုများက လျင်မြန်စွာ တိုးလာနေသည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.8k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.3k

Covid-19 ဟုခေါ်ဆိုသည့် ဗိုင်းရပ်ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်သကဲ့သို့ဖြစ်သော ရောဂါ၏ ရိုက်ခတ်မှုကို အာရှတိုက်တဝန်း ခံစားနေရပြီဖြစ်ကာ အာရှတိုက်သည် အပမ်းဖြေနှင့် ခရီးသွားလုပ်ငန်းမှ ဒေါ်လာ ၈၈၄ ဘီလျံမှာ ၂၀၁၇ က GDP ထဲသို့ ရောက်ရှိခဲ့သည်။ ယင်းနှစ်မှာ ကမ္ဘာ့ခရီးသွားနှင့် ခရီးသွားလုပ်ငန်းကောင်စီက အချက်အလက်များကို ပြုစုထားသည့် နောက်အကျဆုံးနှစ်ဖြစ်ပြီး ၂၀၁၈ခုနှစ်က အမေရိကန်ဒေါ်လာ တစ်ထရီလီယံခန့်ရှိမည်ဟု ခန့်မှန်းချက်များလည်း ထွက်ပေါ်သည်။

တရုတ်နိုင်ငံတခုတည်းမှာပင် ၂၀၁၉ ခုနှစ်က ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၃ ဘီလျံရရှိကြောင်း နိုင်ငံ၏ ခရီးသွားလုပ်ငန်းဗျူရိုက ပြောသည်။

ရောဂါတွေ့ရှိမှုများ ရှိနေပါက ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်ပြီး ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များမှာ တနှစ်အပြည့်မဟုတ်တောင် အနည်းဆုံးလပေါင်းများစွာ ကြံ့ကြံ့ခံရင်ဆိုင်ရနိုင်ပြီး ဗိုင်းရပ်၏ရိုက်ခတ်မှုက ၂၀၂၁ အတွင်းသို့ပင် ရောက်သွားနိုင်သည်။

ခရီးစဉ်ဖျက်သိမ်းမှုများက တရုတ်သာမက အာရှတိုက်တဝန်း နေ့စဉ်များပြားလာသည်ဟု ဇိမ်ခံခရီးသွားအေဂျင်စီ Embark Beyond တည်ထောင်သူနှင့် မန်းနေဂျင်းပါတနာ ဂျက်အက်ဇွန်က ပြောသည်။

ယခုအချိန်အထိ ၎င်း၏ခရီးသွား ၇၅ ရာခိုင်နှုန်းနီးပါးမှာ ဖေဖော်ဝါရီနှင့် မတ်လတွင် အရှေ့တောင်အာရှနိုင်ငံများသို့ သွားမည့်ခရီးစဉ်များကို ဖျက်သိမ်းထားကြပြီး အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဋ္ဌာနကမူ ကိုရိုနာဗိုင်းရပ်အတွက် အဆင့်နိမ့်သည့် အဆင့်-၁ အန္တရာယ်အဖြစ်သာ ထားရှိရန် စဉ်းစားနေဆဲဖြစ်သည်။

“သူတို့က ရောဂါဖြစ်ပွားမှု နီးစပ်တဲ့ ဘယ်နေမှာမဆို ရှိနေရမှာကို စိုးရိမ်ကြတယ်။ ဒါမှမဟုတ် တခြားနေရာကြီးတွေမှာ ကူးစက်မှုဖြစ်နေလို့ လေကြောင်းလိုင်း ဖျက်သိမ်းခံရပြီး ပိတ်မိနေမှာ စိုးရိမ်ကြတယ်” ဟု၎င်းကပြောသည်။

၎င်း၏အေဂျင်စီက ကြိုတင်ဘွတ်ကင်ယူထားခဲ့သည့် ဒေသတွင်း ပျားရည်ဆမ်းခရီးစဉ် ရာနှုန်းပြည့်မှာ ဖျက်သိမ်းလိုက်ပြီး မော်လဒိုက်၊ တောင်အာဖရိကနှင့် သြစတြေးလျအပါအဝင် နေရာများသို့ ခရီးစဉ်ပြောင်းလဲမှုများကို ပြန်လည်ဘွတ်ကင်လုပ်ကြသည်ဟု သိရသည်။

ကိုရိုနာဗိုင်းရပ်သစ်၏ရိုက်ခတ်မှုမှာ မည်သည့်နေရာတွင်မဆို ခြောက်လမှ တနှစ်အထိကြာမည်ဟု ၎င်းကမျှော်လင့်ထားကြောင်း Hilton ၏ စီးအီးအို ခရစ်နတ်ဆက်တာက ရင်းနှီးမြုပ်နှံသူများကို ဖေဖော်ဝါရီလ ၁၁ နေ့က ပြောသည်။ ပထမခြောက်လက ရောဂါဖြစ်ပွားမှုမြင့်မားကာ နောက်သုံးလမှ ခြောက်လက ပြန်လည်နာလန်ထခြင်းအတွက်ဟု ၎င်းကဆိုသည်။ ဗိုင်းရပ်ကြောင့် ၎င်းကုမ္ပဏီအတွက် ထိခိုက်ဆုံးရှုံးမှုမှာ ဒေါ်လာ ၂၅ သန်းမှ သန်း ၅၀ အထိရှိနိုင်သည်ဟု ၎င်းကခန့်မှန်းထားသည်။

အသစ်ကူးစက်ခံရမှုအရေအတွက်နှင့် ပတ်သက်၍ ဆေးပညာအသိုင်းအဝိုင်းက သတင်းကောင်းများ စတင်ပေးပို့နေလျင် ဘာ့ကြောင့် ယင်းကဲ့သို့ကြာရသနည်း။ အပမ်းဖြေခရီးနှင့် ပတ်သက်လျင် အကြီးမားဆုံးမေးခွန်းက နေရာဖြစ်သည်။

“မြောက်အာရှကတော့ တနှစ်လုံးသွားလို့ရတယ်။ ဒါပေမဲ့ အရှေ့တောင်အာရှကတော့ စိန်ခေါ်မှုတွေ အများကြီးပိုရှိပါတယ်” ဟု အာရှအဓိက ခရီးသွားလုပ်ငန်းကျွမ်းကျင်သူ Remote Lands ကို ပူးတွဲတည်ထောင်သူနှင့် စီးအီးအိုဖြစ်သူ ကက်သရင်းဟီးလ်ဒ်က ပြောသည်။

“အကြမ်းအားဖြင့် မတ်ကနေ စက်တင်ဘာအထိကြာတဲ့ အဲဒီဒေသရဲ့ အများစုမှာ မုတ်သုန်ရာသီနဲ့ အလွန်ပူတဲ့ အပူချိန်တွေကြောင့် လူတွေက ဆောင်းဦးကို မရောက်မချင်း ပြန်ပြီးဘွတ်ကင်လုပ်ဖို့ သိပ်မစဉ်းစားကြဘူး” ဟု ၎င်းကပြောသည်။ မိသားစုများအတွက်မူ ကလေးများ၏ ကျောင်းအချိန်ဇယားက အစီစဉ်များကို ရွှေ့ဆိုင်းစေနိုင်သည်။

“ကျမတို့မှာ နွေဦးအားလပ်ရက်အတွင်း ခရီးသွားဖို့ လုပ်နေတဲ့ မိသားစုရှိပါတယ်။ သူတို့ အဲဒီကာလမှာ ခရီးမသွားတော့ပါဘူး။ နောက်နွေဦးမတိုင်ခင်အထိပေါ့။ သူတို့က ၂၀၂၁ အတွက် ပြန်ပြီး ဘွတ်ကင်လုပ်နေတယ်” ဟု၎င်းကပြောသည်။

အလားတူဖြစ်ရပ်မျိုးတွင် နွေဦးရာသီခရီးစဉ်အတွင်း ဂျပန်တွင် ချယ်ရီပန်းများ ပွင့်လန်းနေသည်ကို အထူးတလည်ကြည့်ချင်သူများ၊ သို့မဟုတ် နီပေါတွင် ခြေလျင်ခရီးကြမ်းတလျှောက် ပန်းများပွင့်နေသည်ကို ကြည့်ချင်သူများလည်း ပါဝင်သည်။

ဟီးလ်ဒ်၏ ဖောက်သည်များမှာ လုပ်ငန်းကို ပြန်ကောင်းလာစေရေး အထောက်အကူပြုရန် အဖြစ်နိုင်ဆုံးသူများတွင် ပါဝင်သည်။ ယခုအချိန်အထိ သူ၏ကုမ္ပဏီမှာ ပြိုင်ဘက်များထက် ခရီးစဉ်ဖျက်သိမ်းမှု ပိုနည်းသည်။ အဘယ့်ကြောင့်ဆိုသော် သူက များစွာသုံးစွဲနိုင်သည့် ခရီးသည်များကို ပစ်မှတ်ထားသောကြောင့်ဖြစ်သည်။

Remote Lands ၏ ပျမ်းမျှခရီးစဉ်တခုမှာ လူနှစ်ယောက်အတွက် တစ်နေ့လျင် အမေရိကန်ဒေါ်လာ ၁,၅၀၀ ကုန်ကျပြီး သို့အခြေအနေက ၎င်းအား မသေခင် အသွားချင်ဆုံး အားလပ်ရက်ခရီး စီစဉ်ပေးသည့် လုပ်ငန်းကို လုပ်ကိုင်နိုင်စေသည်။ လူများက ယင်းခရီးများကို အကောင်အထည်ဖော်ရန် အရူးအမူးမျှော်လင့်ကြသည်။

“လူတွေက ဒီလိုခရီးစဉ်တွေကို စီစဉ်ဖို့ အချိန်တွေ ငွေတွေ အများကြီးသုံးကြတယ်” ဟု သူကပြောသည်။” သူတို့က ဒါကိုဖြစ်အောင် လုပ်ချင်ကြတယ်”ဟုလည်း သူက ဆိုသည်။ ယခုအချိန်အထိ သူ၏ပြသနာကို ကိုင်တွယ်သည့်နည်းမှာ ရိုးရှင်းပြီး လေယာဉ်လက်မှတ်ခငွေကို ဗိုင်းရပ်ကူးစက်မှု မရှိသော အဓိကနေရာများသို့ သွားသည့် လေယာဉ်လက်မှတ်ခထဲသို့ ကဲ့ပေးလိုက်ခြင်းဖြစ်ကာ ဟောင်ကောင် သို့မဟုတ် ရှန်ဟဲသွားသည့် လမ်းကြောင်းများကို တိုကျို၊ ဆိုးလ် သို့မဟုတ် ဒူဘိုင်းရှိ အဆက်အသွယ်များနှင့် အစားထိုးလိုက်ခြင်းဖြစ်သည်။

“ထိခိုက်မှုပမာဏက ၁ ကနေ ၁၀ အထိရှိတယ်ဆိုရင် ကျမတို့ရဲ့လုပ်ငန်းအပေါ် ထိခိုက်မှုက ၂ ဒါမှမဟုတ် ၃ လောက်ပါပဲ”ဟု ဟီးလ်ဒ်ကပြောသည်။ ခရီးစဉ်များကို ဖျက်သိမ်းခြင်းထက် ရွှေ့ဆိုင်းလိုသောခရီးသွားများ၏ ဆန္ဒကြောင့် ၎င်း၏ လက်ကျန်ရှင်းတမ်းကို အများအားဖြင့် ထိခိုက်မှုမရှိဟုလည်း သူမက ရှင်းပြသည်။

တရုတ်တွင် စီးပွားရေးလုပ်ငန်းမှာ ကုန်သွယ်ရေးစစ်ပွဲကြောင့်လည်း ကျဆင်းနေသည်။ လွန်ခဲ့သည့်နှစ်က သူမကြိုတင်စီစဉ်ခဲ့သည့် ခရီးစဉ် ၄၀၀ထဲက သုံးခုသာ တရုတ်သို့ဖြစ်သည်ဟု ဟီးလ်ဒ်ကဆိုသည်။ “တရုတ်က ဘာပဲဖြစ်ဖြစ် ဒီနှစ်မှာ နည်းနည်းတော့ အရောင်းထိုင်းပါတယ်။ နောက်ပြီး ဟောင်ကောင်ကလည်း ဇူလိုင်ကတည်းက ကမောက်ကမဖြစ်နေတာ။ အဲဒီမှာ ဆန့်ကျင်ဆန္ဒပြပွဲတွေလည်း ဆက်ဖြစ်နေတာ”ဟု အက်ဇွန်ကဆိုသည်။

အရှေ့တောင်အာရှဒေသကမူ ခရီးသည်များ လျှံကျလာမှုမှ အကျိုးခံစားခွင့်ရနေခဲ့သည်။ သို့သော် ယခု ထိုအရှိန်အဟုန်မှာ တန့်နေသည်။ “လူတွေက သီရိလင်္ကာနဲ့ အိန္ဒိယခရီးစဉ်တွေကို ဖျက်သိမ်းနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာရှရဲ့ အစိတ်အပိုင်းဖြစ်နေလို့” ဟုအက်ဇွန်ကပြောသည်။ “တကယ်တော့ အဲဒီမှာ ကူးစက်မှုတွေမရှိသေးပါဘူး။ ဒါပေမဲ့ လူတွေမသွားမှာ ဘယ်လောက်များလဲ ဆိုတာတော့ မသိရသေးဘူး”ဟု ၎င်းကပြောသည်။

ကိုရိုနာဗိုင်းရပ်သစ်ကူးစက်ခံထားရသူ တဦးရှိနေသည်ဟု သီရိလင်္ကာက အစီရင်ခံထားသကဲ့သို့ အိန္ဒိယကလည်း သုံးဦးရှိသည်ဟု ဘလွန်းဘတ်ကဖော်ပြသည်။ ခရီးသည်များ၏ အစိုးရိမ်လွန်မှုကို ဟိုတယ်များက နားလည်သည်။ အများအပြားက အာရှ-ပစိဖိတ်ဒေသတဝန်း ၂၀၂၀ ခရီးသွားရာသီမတိုင်မီ ပြန်လည်ဘွတ်ကင်လုပ်ပါက ကုန်ကျစရာမလိုဘဲ အစီအစဉ်များ ပြောင်းလဲပေးသည့် ပေါ်လစီများကို ကမ်းလှမ်းလျက်ရှိသည်။ ဟီးလ်ဒ်နှင့် လုပ်ငန်းတူ ခရီးသွားကျွမ်းကျင်သူများကဲ့သို့ ဟိုတယ်များကလည်း ၎င်းတို့၏ ၂၀၂၀ ဝင်ငွေကို အကောင်းဆုံးထိန်းနိုင်ရန်နှင့် လုံးလုံးလျားလျား ခရီးစဉ်ဖျက်သိမ်းမှုများ လျော့ပါးစေရန် မျှော်လင့်နေကြသည်။

Imperial Tours ကိုတည်ထောင်သူ ဂိုင်းရူဘင်ကဲ့သို့ ခရီးသွားလုပ်ငန်းရှင်များအတွက်မူ ရွေးချယ်စရာက တခုထက်ပင်နည်းနေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းမှာ တရုတ်ပြည်မကြီးသို့ စေလွှတ်သည့် ဇိမ်ခံခရီးများအပေါ် အခြေခံသောကြောင့်ဖြစ်သည်။ “သိသာထင်ရှားတာကတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတို့အတွက် ခရီးစဉ်ဖျက်သိမ်းမှုတွေ၊ ရွှေ့ဆိုင်းမှုတွေ ရှိပါတယ်”ဟု၎င်းက ပြောသည်။ သို့သော်လည်း အောက်တ်ိုဘာလအတွက် ခရီးစဉ်များ စီစဉ်ထားသည့် ခရီးသည်များပင် ခရီးစဉ်ဖျက်သိမ်းရေးအတွက် စုံစမ်းမှုများရှိနေသည်ဟု သိရသည်။

ဗိုင်းရပ်ကို ထိန်းချုပ်ရန် လူများကို ရောဂါခြေချုပ်ထားသည့် လက်ရှိမဟာဗျူဟာက အလုပ်ဖြစ် မဖြစ် စောင့်ကြည့်လိုသူများလည်း ရှိသည်။ “တကယ်လို့ ဒီထိန်းချုပ်တဲ့မဟာဗျူဟာက အလုပ်ဖြစ်မယ်ဆိုရင် နွေရာသီလောက်ဆို လူတွေက ခရီးသွားကြလိမ့်မယ်လို့ ထင်တယ်”ဟု ရူဘင်က ပြောသည်။ “တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်လည်း တရုတ်မှာ ယုံကြည်မှုပြန်ရဖို့ လူတွေအတွက် တနှစ်တော့ အချိန်ယူရမယ်လို့ ထင်ပါတယ်”ဟု ၎င်းကပြောသည်။

ဆားစ် Sars ရောဂါသည် လမ်းညွှန်မှုအဖြစ် ခရီးသွားလုပ်ငန်းက လေ့လာရမည့် သာဓကတခုဖြစ်သည်။ ဆားစ်ရောဂါနှင့် ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ တပ်လှန့်နိုးဆော်မှု ကြေညာချိန်မှ စပြီး ထိန်းချုပ်နိုင်ပြီဟု ပြောဆိုရန်အထိ WHO သည် အကြမ်းဖျင်းအားဖြင့် လေးလအချိန်ယူခဲ့ရသည်။ ထို့နောက် အသစ်ကူးစက်မှုများကို ရေတွက်သည့် ၎င်း၏ကြိုးပမ်းမှုများကို လက်စသတ်ရန် နောက်ထပ် ငါးလ အချိန်ယူခဲ့ရသည်။

AirInsight မှလေကြောင်းကျွမ်းကျင်သူများ၏ အဆိုအရ ဆားစ်ရောဂါဖြစ်ပွားမှုကြောင့် လေကြောင်းလိုင်းများမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံအထိ ဆုံးရှုံးနစ်နာခဲ့ပြီး ထိုစဉ်က ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလည်း ကျနေခဲ့သည်။

ယခု Covid-19 ဗိုင်းရပ်လည်း ဆားစ်ရောဂါကဲ့သို့ စိုးရိမ်ဖွယ်မရှိသည့် အဆင့်သို့ရောက်ရန် အချိန်ကိုးလကြာပါက လေကြောင်းလိုင်းများက ပို၍ကြီးမားစွာ ထိခိုက်မည်ဖြစ်သည်။ ထို့အပြင် ဟိုတယ်များနှင့် ခရီးသွားနေရာများမှာ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ခင်က အဆင့်သို့ အပြည့်အ၀ ပြန်လည်ရောက်ရှိရန်မှာလည်း အချိန်ပို၍ကြာနိုင်သည်။

“ဖူကူရှိးမားကို စဉ်းစားကြည့်ပါ။ လူတွေက ဂျပန်ကိုသွားဖို့ နှစ်တော်တော်ကြာတဲ့အထိ ယုံကြည်မှုပြန်မရခဲ့ဘူး။ စိတ်မဝင်စားခဲ့ဘူး” ဟု ၂၀၁၁ က ဂျပန်၏ ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားစက်ရုံ မတော်တဆမှုကို ရည်ညွှန်းကာ ဟီးလ်ဒ်က ပြောသည်။

သို့သော် အခြားတစ်ဖက်တွင်မူ မျိုသိပ်ထားရသည်မှ ပေါက်ကွဲထွက်သည့်အလား ဂျပန်သို့ ပြည်ပခရီးသွားရောက်ရှိမှုမှာ ၂၀၁၄ တွင် ၁၃ ဒသမ ၄ သန်းရှိလာခဲ့ပြီး ၂၀၁၈ တွင် ၃၁ ဒသမ ၂ သန်းထိရောက်ရှိသည်အထိ ခရီးသွားလုပ်ငန်းက စန်းပွင့်ခဲ့သည်။ ခရီးသွားများမှာ ဓါတ်ရောင်ခြည်သင့်မည်ကို စိုးရိမ်ရန် မလိုတော့အောင် သံသယဖျောက်မှုကို နှစ်အတန်ကြာယူရပြီးနောက် ဂျပန်သည့် ကမ္ဘာတွင် ရုတ်တရက် ခရီးသည်များ လာရောက်မှု အလျင်မြန်ဆုံးကြီးထွားသည့် နေရာဖြစ်လာခဲ့သည်။

ယခုဒီရေက အတက်အကျရှိမည်ဟု အက်ဇွန်ကဆိုသည်။” တကယ်လို့ ဆားစ်ကဆိုးတယ်ဆိုရင် အခုဒီဗိုင်းရပ်က ပိုဆိုးမှာပေါ့။ ဒါပေမဲ့ အီဘိုလာကို သတိရပါ။ အခုထိ အာဖရိကမှာ ရှိသေးတယ်။ ဆာဖာရီဘွတ်ကင်တွေကတော့ တည်ငြိမ်ပါတယ်။ ချီကန်ဂန်ယာကို သတိရပါ။ သတင်းလည်ပတ်မှုက ဆက်ပြီးရွေ့နေတာနဲ့ လူတွေကလည်း မေ့သွားမှာပါ။ တခြားအရာတွေအားလုံးလိုပဲ။ ဒါလည်း ပြန်ကောင်းလာမှာပါ”

(South China Morning Post သတင်းဌာနမှ Coronavirus: effect on Asian tourism will carry into 2021, experts say ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

နေပြည်တော် ကျောက်မျက်ပွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်း

ဗိုင်းရပ်ပိုးကြောင့် တရုတ်လုပ်ငန်းများ ပိတ်သဖြင့် မြန်မာ ပို့ကုန်တင်ပို့သူများ အကြီးအကျယ် အထိနာ

ကိုရိုနာဗိုင်းရပ် COVID-19 ဆေးထုတ်ရန် ၁၈ လကြာမည်ဟု ပြော

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ခရီးသွားလုပ်ငန်းအရှေ့တောင်အာရှ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.2k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

by Kevin Chen
18 January 2025
9.5k

မစ္စတာ ဟဂ်ဆတ်သ်၏ အမှားသည် အမေရိကန် ပြည်ထောင်စု-အာဆီယံ ဆက်ဆံရေးနှင့် ပတ်သက်သည့် စိုးရိမ်မှု နှစ်ခုကို ရှေ့တန်းရောက်လာစေသည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

Next Post
၂၀၁၇နှစ်က Water Taxi နှင့် ပတ်သက်၍ သတင်းစာရှင်းပွဲတွင် တွေ့ရသည့် ဒေါ်တင့်တင့်လွင် / မျိုးမင်းစိုး / ဧရာဝတီ

Water Bus ဆီဖိုးကြွေးကျန်ကိစ္စ တင့်တင့်မြန်မာကုမ္ပဏီက တာဝန်ယူဖြေရှင်းမည်

ထန်တလန်မြို့တွင် ပြုလုပ်မည့် ချင်းအမျိုးသားနေ့ ကျင်းပမည့်နေရာ / Salai Thomas Lian

ချင်းအမျိုးသားနေ့ပွဲသို့ CNF တက်မည်

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.4k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate