• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မန္တလေး-မဏိပူ အင်ဖာ တိုက်ရိုက်ဘတ်စ်ကားခရီးစဉ် ပြေးဆွဲရန် စီစဉ်

by မြတ်ပြည့်ဖြိုး
19 February 2020
in စီးပွားရေး
A A
ရွှေမန္တလာ ခရီးသည်တင်ယာဉ် / Shwe Mandalar Express / Facebook

ရွှေမန္တလာ ခရီးသည်တင်ယာဉ် / Shwe Mandalar Express / Facebook

6.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ မန္တလေးနှင့် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် မြို့တော် အင်ဖာသို့ တိုက်ရိုက်ပြေးဆွဲမည့် ဘတ်စ်ကား ခရီးစဉ် အား လာမည့် ဧပြီ ၇ ရက်မှ စတင် ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း ရွှေမန္တလာ ခရီးသည်ပို့ဆောင်ရေးမှ မန်နေဂျင်း ဒါရိုက်တာ ဦးနေလင်းဦးက ဧရာဝတီကို ပြောသည်။

ဘတ်စ်ကားခရီးစဉ်အား တပတ်လျှင် ၁ ကြိမ်၊ ခရီးသည် ၂၇ ယောက်စီး အထူးလေအိတ်ကားများဖြင့် ပြေးဆွဲ သွားမည် ဖြစ်ပြီး လက်မှတ်နှုန်းထား အနေဖြင့် ခန့်မှန်းခြေ ဒေါ်လာ ၄၀ ဝန်းကျင်ခန့် ရှိမည်ဖြစ်ကြောင်း၊ ခရီးစဉ် သွားရောက်မည့် မြန်မာနိုင်ငံသား ခရီးသွားများအတွက် မိမိ ခရီးစဉ်အလိုက် အိန္ဒိယအစိုးရ၏ သတ်မှတ်ဗီဇာ ပါရှိရန် လိုအပ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အိန္ဒိယနိုင်ငံ ကောင်စစ် ဝန်ချုပ်ရုံးတို့တွင် ဗီဇာ လျှောက်ထားရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

RelatedPosts

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
710
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
3.2k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
4.4k

“ဒီခရီးစဉ် ပြေးဆွဲနိုင်ဖို့ ၂၀၁၈ ခုနှစ်လောက် ကတည်းက စတင် စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ နှစ်နိုင်ငံ လိုအပ်တဲ့ ညှိနှိုင်းမှု တွေ လုပ်နေတာ ဖြစ်တဲ့အတွက် ၁ နှစ်ကျော်လောက် အချိန်ကြာသွားတယ်” ဟု မန်နေဂျင်း ဒါရိုက်တာ ဦးနေလင်း ဦးက ပြောသည်။

အဆိုပါ ခရီးစဉ်သည် မန္တလေးမှ မုံရွာ၊ ဂန့်ဂေါ၊ ကလေး၊ တမူး၊ မိုရေးလ်နှင့် အင်ဖာ အထိဖြစ်ပြီး မြန်မာနိုင်ငံမှ ရွှေမန္တလာ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ယူကာ အိန္ဒိယနိုင်ငံဘက်မှ 7 Sisters ကုမ္ပဏီနှင့် ပူးတွဲ ပြေးဆွဲမည် ဖြစ်သည်။

“လမ်းခရီးလုံခြုံရေးအတွက် အိန္ဒိယစစ်တပ်နဲ့လည်း ဆွေးနွေးနေတာတွေရှိပါတယ်။ ပြီးတော့ ဒီခရီးစဉ်က အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်နဲ့ ဆိုင်တာဆိုပေမယ့် ဒေလီက အစိုးရက ဒီပရောဂျက်ကို စတင်ခဲ့တာပါ။” ဟု ရွှေမန္တလာ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဦးက ပြောသည်။

မန္တလေးမြို့ရှိ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးစဉ်/Shwe Mandalar Express/Facebook

လက်ရှိတွင် လက်ရှိ အိန္ဒိယအစိုးရသည် အရှေ့မျှော်ဝါဒကို လက်တွေ့အကောင်အထည် ဖော်ကျင့်သုံးလျက်ရှိရာ ယခုလို ခရီးစဉ်မှ အစပြု၍ နှစ်နိုင်ငံ ကူးလူးဆက်သွယ်ရေးကို ပိုမို အရှိန်အဟုန်မြင့်စေနိုင်မည်ဖြစ်သလို ထိုမှတဆင့် နှစ်နိုင်ငံစီးပွားရေး၊ ယဉ်ကျေးမှုများ ဖလှယ်ခွင့်ရရှိမည်ဟု အိန္ဒိယကောင်စစ်ဝန်ချုပ်က ပြောကြားခဲ့ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။

ခရီးစဉ်ဖြစ်မြောက်ရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများက ပြီးခဲ့သည့်သောကြာနေ့က မန္တလေးမြို့ရှိ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး MoU သဘောတူညီချက်အရ ၃ လအတွင်း လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မည်ဟု ဆိုသည်။

မန္တလေး-အင်ဖာခရီးစဉ်အတွက် ခရီးသွား အာမခံကိစ္စအပါအဝင် အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လမ်းခရီး လုံခြုံရေးပိုင်းတို့အား နှစ်နိုင်ငံတာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေး ဆောင်ရွက်နေဆဲဖြစ်ပြီး Standard Operation Procedure ရေးဆွဲနေသည်ဟု သိရသည်။

ရွှေမန္တလာခရီးသည် ပို့ဆောင်ရေးလုပ်ငန်းသည် ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီ၊ ကလေး၊ တမူးစသည့် မြို့ပေါင်း ၂၀ ကျော်ကို လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်း ၁ ခုဖြစ်ပြီး အိန္ဒိယကုမ္ပဏီဖြစ်သော 7 Sisters ကုမ္ပဏီသည် ခရီးသွား လုပ်ငန်းနှင့် ပတ်သက်သော ဝန်ဆောင်မှုများ လုပ်ကိုင်နေသော ကုမ္ပဏီ ၁ ခု ဖြစ်သည်။

You may also like these stories:

ကျပ်သိန်း ၇၈၀၀ ကျော် အလွဲသုံးထားသည့် မန္တလေး စည်ပင်ဝန်ထမ်း တိမ်းရှောင်နေ

ကျန်းမာရေးထောက်ခံစာဖြင့် တရုတ်ခရီးသွားများ ဝင်ခွင့်ပြုခြင်းကို မန္တလေးတိုးဂိုက်များ ကန့်ကွက်

ပြည်ပခရီးသွားလုပ်ငန်းလိုင်စင် Deposit တင်ရန်သတ်မှတ်ချက် ခရီးသွားလုပ်ငန်းအချို့ ကန့်ကွက်

Your Thoughts …
Tags: ဘတ်စ်ကားခရီးစဉ်မန္တလေးအင်ဖာ
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.1k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

Next Post
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်စခန်း တခု / ဧရာဝတီ

စာသင်ကျောင်း ဧရိယာ အနီး စစ်မတိုက်ကြရန် ပညာရေးဒုဝန်ကြီး မေတ္တာရပ်ခံ

ရန်ကုန်မြို့ NRPC ရုံးတွင် ၃ ရက်ကြာ ပြုလုပ်ခဲ့သော အစည်းအဝေး / အောင်ကျော်ထက် / ဧရာဝတီ

တနှစ်ကျော်ဆိုင်းငံ့ထားသည့် JMC အစည်းအဝေးကို မတ်လတွင် ပြန်ကျင်းပမည်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate