• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရေနံဈေး သုညအောက် ဆင်းသွားမလား

by ဧရာဝတီ
4 April 2020
in စီးပွားရေး
A A
Permian မြစ်ဝှမ်းက ရေနံစိမ်းသိုလှောင်ကန်တကန် / Reuters

Permian မြစ်ဝှမ်းက ရေနံစိမ်းသိုလှောင်ကန်တကန် / Reuters

22.2k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ၏ ရေနံဆာလောင်မှုက အငွေ့ ပျံသွားခဲ့ပြီ ဖြစ်သည်။

အဝေးပြေးလမ်းမကြီးများက ဟာလာဟင်းလင်း ဖြစ်နေ၏။ လေယာဉ်များက မြေပြင်ပေါ်တွင် ရပ်နားထားရသည်။ စက်ရုံများက မှောင်မိုက်နေကြသည်။ ရေနံ ဝယ်လိုအား မကြုံစဖူးပြိုလဲခြင်းကြောင့် ရေနံစိမ်း ဈေးနှုန်းက ၁၈ နှစ် အတွင်း အနိမ့်ဆုံး ကျဆင်းခဲ့ရသည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.9k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.8k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.3k

တဘက်တွင်မူ ရောင်းလိုအားက ဆော်ဒီအာရေးဗီးယားနှင့် ရုရှားနိုင်ငံတို့ ကြားမှ ဈေးနှုန်း စစ်ပွဲတခုနှင့်အတူ ဆက်လက်၍ ကြံ့ကြံ့ခံနေသည်။ အမေရိကန် ထုတ်လုပ်သူများက ထုတ်လုပ်ရေးကို ပိတ်လိုက်ခြင်းအားဖြင့် ပထမဆုံး လက်လျှော့လိုက်ရသူများ မဖြစ်ချင်ကြပါ။

အဓိပ္ပါယ်မှာ ရောင်းလိုအား ကြီးထွားမှုက အလွန်ထင်ရှားနေပြီး မကြာမီအချိန်တွင် မလိုအပ်သော ရေနံများ အားလုံးသိုလှောင်ရန် ကမာ္ဘကြီးတွင် နေရာ ရှားပါးလာတော့မည် ဖြစ်သည်။

“ဒီရေနံစိမ်းအတွက် ဝယ်လိုအားမရှိတာသာမက နောက်ဆုံးမှာ အဲဒါတွေ သွားထားစရာ နေရာမရှိဘူးဆိုတာကို ဈေးကွက်က သင်္ကေတ ပြနေပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေး ကုမ္ပဏီတခု ဖြစ်သည့် Neuberger Berman မှ စွမ်းအင်ဆိုင်ရာ အကြီးတန်း လေ့လာဆန်းစစ်သူ Jeff Wyll က ပြောသည်။

တနည်းအားဖြင့် သိုလှောင်ရုံများ၊ ရေနံချက်စက်ရုံများ၊ ဆိပ်ကမ်းများ၊ သင်္ဘောများနှင့် ပိုက်လိုင်းများသည် နောက်ဆုံး၌ ၎င်းတို့၏ စွမ်းဆောင်နိုင်မှု အကုန်အထိ ရောက်ရှိနိုင်သွားနိုင်သည်။ အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ဘဏ်နှင့် ဘဏ္ဍာ ရေးဝန်ဆောင်မှု လုပ်ငန်းတခု ဖြစ်သည့် Goldman Sachs ၏အဆိုအရ ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် ထိုသို့ ဖြစ်ပျက်ခဲ့ခြင်း မရှိပါ။

ရေနံဈေးကွက်၏ အချို့နေရာများတွင် ဈေးနှုန်းများ လျှော့ချရခြင်းက ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မကြာမီ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်တွင် ပေးဆပ်ရမှု ရှိနိုင်ကြောင်းကို ဖော်ပြနေသည်။

West Texas Intermediate (WTI) နှင့် Brent တို့ကဲ့သို့ တရားဝင်ဖော်ပြထားသည့် ရေနံဈေးနှုန်းများက တစည်လျှင် ဒေါ်လာ ၂၀ ကျော်ဖြင့် ရောင်းဝယ်နေသော်လည်း အချို့ ဒေသတွင်းဈေးနှုန်းများက ဂဏန်းလုံးတည်း ရှိတော့သည် အထိ ထိုးကျသွားခဲ့ သည်။ အထူးသဖြင့် သိုလှောင်သည့်နေရာသို့ ရောက်ရန် ခက်ခဲသော ကုန်းတွင်းပိတ် အဆင့် ရေနံစိမ်းများ ဖြစ်သည်။

“ရောင်းလိုအားနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဝယ်လိုအား ကျဆင်းမှုက အရမ်းမြန်နေတယ်။ မကြာခင်မှာ ထုတ်လုပ်သူ အများစုအတွက် အဓိကပြဿနာက သူတို့တွေ အမြတ်အစွန်းရအောင် လုပ်နိုင်ပါမလား ဆိုတာ မဟုတ်ဘဲ သူတို့ရဲ့ရေနံစိမ်းတွေ ထွက်ပေါက်ရှာတွေ့နိုင်ပါမလား ဆိုတာ ဖြစ်လာတော့မယ်” ဟု JBC Energy မှ လေ့လာသုံးသပ်သူများက မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစောင်တွင်ပြောသည်။

သိုလှောင်ရန် ရွေးစရာတခုမှာ ပိုလျှံသော ရေနံစိမ်းအားလုံးကို သင်္ဘောများပေါ်သို့ တင်ထားရန် ဖြစ်သည်။ အလွန် ကြီးမားသော ရေနံတင်သင်္ဘောများ (VLCCs) ၏ ၂၀ ရာခိုင်နှုန်းခန့်က ရေပေါ်သိုလှောင်ကန်များ ဖြစ်လာနိုင်သည်ဟု JBC က ပြော သည်။ သို့သော်လည်း ထိုသို့ ပြုလုပ်ခြင်းကပင်လျှင် ပိုလျှံမှုကို ထိန်းသိမ်းနိုင်မည် မဟုတ်ပေ။ ဧပြီလ အတွင်း တနေ့လျှင် စည်ပေါင်း ၆ သန်းခန့် ထွက်လာမည့် ခိုလှုံရာမဲ့ ရေနံစိမ်းများက သွားစရာနေရာ လုံးလုံး မရှိဟု JBC က ဆိုသည်။ ထို ကိန်းဂဏန်းက မေလတွင် တနေ့လျှင် စည် ၇ သန်းအထိ မြင့်တက်လာနိုင်သည်။

ရေနံ ဈေးနှုန်းများ အနုတ်လက္ခဏာ ပြခြင်း

ထိုသို့ အများအပြား ပိုလျှံမှုကြောင့် အဆင့်နိမ့်သော ရေနံစိမ်းအချို့ ၏ ဈေးနှုန်းက အမှန်တကယ်တွင် သုညအောက်သို့ ကျဆင်းသွားနိုင်သော အခြေအနေကို ဖန်တီးပေးသည်။ ဥပမာအားဖြင့် င်္ပြီးခဲ့သည့်အပတ်အတွင်းက Bloomberg သတင်း တခု အရဆိုလျှင် Wyoming ရေနံစိမ်း ဈေးနှုန်းက တစည်လျှင် ၁၉ ဆင့် ကျဆင်းသွားခဲ့သည်။

သိုလှောင်မှု စွမ်းရည် နည်းပါးလာခြင်း ဆိုသည်မှာ အချို့သော အခြေအနေများတွင် ရေနံထုတ်လုပ်သူများ အနေဖြင့် သူတို့ လက်ထဲမှ ရေနံစည်များကို တစုံတဦးထံသို့ မဖြစ်မနေ ပေးရတော့မည် ဆိုသည့် အဓိပ္ပါယ် ဖြစ်သည်။

“ကုမ္ပဏီတွေက ရေနံကို မြေအောက်မှာပဲ ထားရတော့မယ့် အဆင့်ကို ရောက်သွားအောင် ဈေးနှုန်းက လုပ်နေတယ်။ အဲဒီ အလေ့အထကို လှုံ့ဆော်ပေးဖို့ အနုတ်လက္ခဏာဘက်ကို သွားရမယ်ဆိုရင်လည်း သူက သွားမှာပဲ” ဟု Neuberger Berman မှ စွမ်းအင်ဆိုင်ရာ အကြီးတန်း လေ့လာဆန်းစစ်သူ Jeff Wyll က ပြောသည်။

ကမာ္ဘ့စံနှုန်းဖြစ်သော Brent ကမူ ဤသို့ ဖြစ်ခြင်းမှ အကာအကွယ်ရရှိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရေနံတင်သင်္ဘောများဖြင့် သိုလှောင်၍ ရနိုင်သည့် မြောက်ပင်လယ်ရှိ ကျွန်းတကျွန်းပေါ်တွင် ဈေးနှုန်း သတ်မှတ်သောကြောင့် ဖြစ်သည်။ သို့သော် အခြား ရေနံစိမ်းအဆင့်များက ရေနှင့်ဝေးသည့် နေရာတွင် တည်ရှိကြသည်။

WTI က ရေနှင့် မိုင် ၅၀၀ အကွာတွင်ရှိသည်။ ထို့ကြောင့် WTI၊ အထူးသဖြင့် WTI Midland နှင့် Canada နိုင်ငံမှ Western Canadian Select တို့က အနှုတ်လက္ခဏာ ဖြစ်သွားနိုင်သည်ဟ Goldman မှ Currie က ဆိုသည်။

ရေနံဈေးနှုန်းများက သေချာပေါက်ပင် ကမောက်ကမ ဖြစ်နေသည်။ သို့သော်လည်း စွမ်းအင်ဈေးကွက်တွင် ကန့်သတ်ထားသည့် ဦးစားပေးမှု အချို့ ရှိသည်။

ပြီးခဲ့သည့်နှစ်က WTI မှ အမေရိကန် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများက ရက်သတ္တပတ်နှစ်ပတ်ကျော်ကျော် ပုံမှန်ထက် နည်းပါးစွာ ကုန်သွယ်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုဓာတ်ငွေ့ များကို အဝေးသို့ ပို့ဆောင်ပေးရန် ပိုက်လိုင်းများ လုံလုံလောက်လောက် မရှိခြင်းကြောင့် ဖြစ်သည် ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ဈေးကွက်ပိုလျှံမှုအားလုံး၏ မိခင်

သို့သော် ထိုသို့ ဖြစ်ခဲ့သည့်တိုင် အနုတ်လက္ခဏာ ဆောင်သော သဘာဝဓာတ်ငွေ့ဈေးနှုန်းများက အမှန်တကယ်တွင် ထုတ်လုပ်မှုကို အဟန့်အတား မဖြစ်စေခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် WTI ၏ သဘာဝဓာတ်ငွေ့သည် အဓိကအားဖြင့် Permian မြစ်ဝှမ်းတွင် ရေနံ ထုတ်လုပ်ရာမှ အတူတွဲ၍ ရရှိသည့် ထုတ်ကုန် ဖြစ်သောကြောင့်ပင်။ ရေနံ ကုမ္ပဏီများက တန်ဖိုးရှိသောရေနံ တစည်ကို ရရှိရန် သဘာဝဓာတ်ငွေ့မှ အရှုံးကို ထည့်တွက် မနေခဲ့ကြပါ။

ရေနံဈေးနှုန်းများကျဆင်းမှုနှင့်အတူ ဇန်နဝါရီလတွင် အမြင့်ဆုံးရောက်ခဲ့ပြီးနောက် ရေနံတန်ဖိုးက ၃ ပုံ ၂ ပုံကျော် ဆုံးရှုံးခဲ့သည်။
ယခုအခါ အမေရိကန်ရေနံကုမ္ပဏီများက တွန့်ဆုတ်နေကြသည့်တိုင် ထုတ်လုပ်ရေးကို ကန့်သတ်ရန် ရင်နာနာဖြင့် ဆုံးဖြတ်ချက်ချနေကြရပြီ ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် တရက်လျှင် အနည်းဆုံး စည်ပေါင်း ၉၀၀၀၀၀ မဖြစ်မနေ လျှော့ချရန် ဖြစ်လာခဲ့သည်ဟု Goldman Sachs က ပြောသည်။ အမှန်တကယ်အရေအတွက်က ၎င်းထက် များပြားဖွယ်ရာရှိပြီး နာရီနှင့်အမျှ တိုးလာသည်ဟု သူတို့က မှတ်ချက်ပေးသည်။

“ရေနံဈေးကွက် အားလုံးအတွက် ပိုလျှံမှုများ၏ မိခင်” က ဧပြီနှင့် မေလများတွင် ကြီးမားသော ထုတ်လုပ်မှုများ မဖြစ်မနေ ပိတ်ရအောင် လုပ်လိမ့်မည်ဟု Rystad Energy က ပြောသည်။ အထွက်နည်းသော ရေနံတွင်းဟောင်းများက ပထမဦးစွာ ပိတ်သွားဖွယ်ရာရှိသည်။

အမေရိကန်မှ အင်အားအကောင်းဆုံး ရေနံကုမ္ပဏီများကပင် သူတို့ ၏ အသုံးစရိတ်နှင့် ထုတ်လုပ်မှုကို လျှော့ချမည်ဟု ပြောကြသည်။ ဥပမာ Chevron (CVX) က အသုံးစရိတ် ၃၀ ရာခိုင်နှုန်းလျှော့ချရန်နှင့် Permian ဒေသမှ ထုတ်လုပ်မှု ရည်မှန်းချက်ကို ၂၀ ရာခိုင်နှုန်းလျှော့ချရန် အစီအစဉ်များကို ပြီးခဲ့သည့်အပတ်အတွင်းတွင် ကြေငြာခဲ့သည်။

နောက်ဆုံးတွင် ရေနံလုပ်ငန်း ကဏ္ဍသည် ရေနံရောင်းလိုအားစွမ်းရည် တနေ့လျှင် စည်ပေါင်း ၅ သန်း အထိ ဆုံးရှုံးရနိုင်ကြောင်း Goldman Sachs က ပြောသည်။

ရေနံ ရှားပါးမှု အကျပ်အတည်း ဖြစ်လာ စေမည်လား

မှန်ပါသည်။ Coronavirus ကူးစက်ရောဂါကြောင့် ဖြစ်လာသော ဝယ်လိုအား ကျဆင်းမှုက အစဉ်အမြဲတည်တံ့မည် မဟုတ်ပါ။
နောက်ဆုံးတွင် လေကြောင်းလိုင်းများက လေထဲသို့ ပြန်ရောက်လာပြီး ဂျက်လေယာဉ် လောင်စာများကို စတင် ဝယ်ယူပါမည်။ အမေရိကန်မှ ယာဉ်မောင်းများက သူတို့ အလုပ်သို့ ပြန်လာသောအခါ ဓာတ်ဆီ ပို၍ ဝယ်ကြပါလိမ့်မည်။

သို့သော် ထိုအချိန်ရောက်သည့်အခါတွင် ရေနံလုပ်ငန်း အနေဖြင့် ရေနံတွင်းများကို ပိတ်ထားခဲ့ရသောကြောင့် ယခင်ကကဲ့သို့ ထုတ်လုပ်နိုင်ကောင်းမှ ထုတ်လုပ်နိုင်ပါမည်။ ယနေ့ ရေနံ ပိုလျှံမှုက မနက်ဖြန်တွင် ရေနံ ရှားပါးမှုသို့ ပြောင်းလဲသွားနိုင်သည်။ နောက်လာမည့် နှစ်တွင် ဈေးနှုန်းများကို ၅၅ ဒေါ်လာထက် များစွာပိုအောင် တွန်းသွားလိမ့်မည်ဟု Goldman Sachs မှ ကုန်စည်ဆိုင်ရာ အကြီးအကဲ Jeffrey Currie က ပြောသည်။

“အဲဒါက နောက်ဆုံးမှာ ရေနံ ရောင်းလိုအားကြောင့် ဖြစ်ရတဲ့ ငွေကြေးဖောင်းပွကို ထိတ်လန့်စရာ သမိုင်းဝင် အချိုးအစား ဖြစ်အောင် ဖန်တီးပေးလိမ့်မယ်” ဟု Jeffrey Currie ကရေးသားခဲ့သည်။

(CNN Business မှ Matt Egan ၏ The world could soon run out of space to store oil. That may plunge prices below zero ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့စီးပွားဆုတ်ကပ် စတင်

Lockdown အောက်က အာရှ မြို့ကြီးများ

COVID-19 ကြောင့် ရေလုပ်ငန်းများ ရပ်နားရတော့မည်

Your Thoughts …
Tags: ရေနံဈေးသုညအောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
လက်ဆေးပြီးတာနဲ့ အစိုဓာတ်ပါတဲ့ Hand Cream ဒါမှမဟုတ် Moisturizer တမျိုးမျိုးကို လိမ်းပေးသင့်ပါတယ်

မကြာခဏ လက်ဆေးခြင်းကြောင့်ဖြစ်တဲ့ ခြောက်သွေ့မှုကို ဘယ်လိုထိန်းသိမ်းမလဲ

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့သည် တည်ငြိမ်အေးချမ်းသည့် ဒေသတခု ဖြစ်ခဲ့သည် / ထက်နိုင်ဇော်

ရခိုင်တောင်ပိုင်း ဂွမြို့ အခြေစိုက် တပ်ရင်းအား AA ပစ်ခတ်ဟု ဆို

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.6k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate