• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်စီးပွားပျက်ပြီး သန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်

by ဧရာဝတီ
18 April 2020
in စီးပွားရေး
A A
ဧည့်သည် ခြောက်ခန်းသွားသော စားသောက်ဆိုင်တဆိုင် / Reuters

ဧည့်သည် ခြောက်ခန်းသွားသော စားသောက်ဆိုင်တဆိုင် / Reuters

59k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သောလအတွင်း အမေရိကန် ၂၂ သန်းတို့သည် အလုပ်လက်မဲ့ ထောက်ပံ့ကြေးများတောင်းခံသောကြောင့် စံချိန်သစ်တင်လိုက်ပြီး လွန်ခဲ့သောအပတ်အတွင်း အလုပ်လက်မဲ့ထောက်ပံ့ကြေး လျှောက်ထားသူနောက်ထပ် သန်းပေါင်းများစွာရှိနေကြောင်းနှင့် ၂၀၀၇-၉ မဟာစီးပွားဆုတ်ကပ်နောက်ပိုင်း အလုပ်အကိုင်ဖန်တီးနိုင်မှုများကို ဆုံးရှုံးသွားစေကာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အထူးအစီအမံများကြောင့် စီးပွားရေး ထိခိုက်မှုကို မီးမောင်းထိုးပြနေသည်။

အခြားသော အချက်အလက်များဖြစ်သည့် အတ္တလန်တိတ် အလယ်ပိုင်းဒေသရှိ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများသည် ၁၉၈၀ ခုနှစ်တွင် နောက်ဆုံးတွေ့ရသည့် အဆင့်များသို့ ကျဆင်းပြီး အိုးအိမ်တည်ဆောက်ရေးလုပ်ငန်းသည် မတ်လတွင် လွန်ခဲ့သော ၃၆ နှစ်အတွင်း အဆိုးဆုံးသို့ ပြိုကျကြောင်း ကြာသပတေးနေ့က ပြသနေပြီး နက်ရှိုင်းလာသော စီးပွားရေး ကျဆင်းမှုကို ပိုမိုကျယ်ပြန့်စေသည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.1k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.4k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k

မတ်လအတွင်း လက်လီအရောင်း စံချိန်တင် ကျဆင်းသွားကြောင်းနှင့် ၁၉၄၆ ခုနှစ်နောက်ပိုင်း စက်ရုံများမှ ထုတ်လုပ်မှု အကြီးမားဆုံး ကျဆင်းကြောင်း ဆိုးရွားသည့် အစီရင်ခံစာများ ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာပြီးနောက် ယခုအစီရင်ခံစာများ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ ဆုတ်ကပ်အတွင်း ရောက်နေပြီဟု ၎င်းတို့ယူဆသော စီးပွားရေးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အလျင်မြန်ဆုံး နှုန်းဖြင့် ကြုံ့သွားမည်ဟု ဘောဂဗေဒပညာရှင်များက ကြိုတင်ဟောကိန်းထုတ်နေကြသည်။

“လွန်ခဲ့တဲ့ ၄ ပတ်အတွင်း ကျနော်တို့ကြုံတွေ့ခဲ့ရတဲ့ အလုပ်အကိုင် ဆုံးရှုံးမှုဟာ အရမ်းကို များပြားနေတယ်။ ၂၀၀၇-၉ မဟာ ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်းမှာ ဖန်တီးထားတဲ့ အလုပ်အကိုင်တွေ အကုန်လုံးနီးပါးကို ဆုံးရှုံးခဲ့တယ်” ဟု နယူးယောက်အခြေစိုက် ING မှ နိုင်ငံတကာ စီးပွားရေးအရာရှိချုပ် ဂျိမ်း နိုက်တလေပြောသည်။

မတ်လ ၂၁ ရက်နေ့မှ စတင်ပြီး လူစုစုပေါင်း ၂၂.၀၃၄ သန်းတို့သည် အလုပ်လက်မဲ့အကျိုးခံစားခွင့် လျှောက်ထားပြီး ထိုအရေအတွက်သည် လုပ်သားအင်အားစု၏ ၁၃.၅ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေသည်။ အလုပ်အကိုင်ရရှိမှုသည် ၂၀၁၀ ဒီဇင်ဘာလတွင် ၁၃၈ သန်းခန့်ဖြင့် အနိမ့်ဆုံးဖြစ်ပြီး လွန်ခဲ့သော ဖေဖေါ်ဝါရီလက ၁၅၈.၈ သန်းဖြင့် အထွဋ်အထိပ် ရောက်ခဲ့သည်။ ပကတိ အရှိအတိုင်းကောက်ယူရပါက မယုံနိုင်လောက်အောင် မြင့်မားသည် အကျိုးခံစားခွင့် တောင်းခံမှုများကြောင့် စီးပွားရေးသည် ဧပြီလတွင် အလုပ်အကိုင် ၁ သန်းကျော်ဆုံးရှုံးမည့် လမ်းကြောင်းပေါ်သို့ရောက်သွားစေသည်။

သို့သော် လွန်ခဲ့သောလက သမ္မတထရမ့် လက်မှတ်ရေးထိုးလိုက်သည့် သမိုင်းဝင် ဒေါ်လာ ၂.၃ ထရီလျံ ဘဏ္ဍာရေး အကူအညီကြောင့် စီးပွားရေးလုပ်ငန်းငယ်များအနေဖြင့် ဝန်ထမ်းများ၏ လစာအတွက်သုံးလျှင် တစိတ်တပိုင်းအားဖြင့် လျှော့ပေးနိုင်သည့် ချေးငွေထောက်ပံ့မှုများကို ဖြစ်စေခဲ့သည်။

ထို့ကြောင့် အစိုးရက အနီးကပ်စောင်ကြည့်နေသည့် ဧပြီလအတွက် အလုပ်လက်မဲ့အစီရင်ခံစာကို လာမည့်လတွင် ထုတ်ပြန်သောအခါ ယခုအလုပ်လက်မဲ့ထောက်ပံ့ကြေး လျှောက်ထားသူ ၂၂ သန်းလုံးကို အလုပ်လက်မဲ့အဖြစ် တွက်ချက်နိုင်မည်မဟုတ်ပေ။ ဧပြီလအတွက် အလုပ်အကိုင် အစီရင်ခံစာ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမဟုတ်သော လုပ်ငန်းများအတွက် လစာစာရင်းအစိတ်အပိုင်းကို အစိုးရက ယခုအပတ်အတွင် စစ်တမ်းကောက်ယူခဲ့သည်။

“ဒါပေမယ့် လုပ်အားဈေးကွက်ကတော့ ကျုံ့ဝင်နေတုန်းပဲ” ဟု ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ္စဘတ်မှ PNC Financial မှ စီးပွားရေး အရာရှိချုပ် ဂတ်ဖေါချာပြောသည်။ “အလုပ်လက်မဲ့ အကျိုးခံစားခွင့် တောင်းခံမှုပေါင်း ၂၂ သန်းရှိနေပြီး လာမယ့်တပတ်အတွင်း နောက်ထပ်သန်းချီ ထပ်တက်လာနိုင်တယ်” ဟုလည်းသူပြောသည်။

ပြည်နယ်များနှင့် ဒေသဆိုင်ရာအစိုးရများသည် ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အိမ်တွင်းတွင်နေရန် သို့မဟုတ် ရောက်ရာနေရာတွင် နေထိုင်ရန် အမိန့်များထုတ်ပြန်ထားသောကြောင့် အမေရိကန်နိုင်ငံသား ၉၀ ရာခိုင်နှုန်း အပေါ်သက်ရောက်မှုရှိနေပြီး စီးပွားရေးလုပ်ငန်းများ ရပ်တန့်နေသည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ထွက်ပေါ်ဆဲ အလုပ်လက်မဲ့အကျိုးခံစားခွင့် တောင်းခံမှုအရေအတွက်အပေါ် ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း အမေရိကန် အလုပ်သမားဝန်ကြီးဌာနကပြောသည်။

ဒုတိယအပတ်ဆက်တိုက် ကျဆင်းခြင်းကြောင့် မတ်လ ၂၈ ရက်နေ့တွင် ကုန်ဆုံးသော အပတ်တွင် စံချိန်တင် တောင်းခံမှုပေါင်း ၆.၆၈၇ သန်းဖြင့် အထွဋ်အထိပ်ရောက်ခဲ့သည် သို့မဟုတ် ထိုပမာဏကြောင့် နိုင်ငံတော် အလုပ်အကိုင်ဆိုင်ရာ ရုံးများသည် ထိုလျှောက်လွှာများ အလုံးအရင်း ဝင်ရောက်လာခြင်းကို မကိုင်တွယ်နိုင်လောက်အောင်ဖြစ်မည်နှင့်ပတ်သက်ပြီး စီးပွားရေး ပညာရှင်များအကြား သဘောထား ကွဲလွဲနေကြသည်။ စီးပွားကျဆင်းမှု၏ နက်ရှိုင်းမှုအခြေအနေ၊ မည်သည့်အချိန်တွင် အလုပ်မှ ထုတ်ပယ်ခံရသူ လှိုုင်းကြီး ရိုက်ခတ်လာမည်နှင့် မည်သည့်အချိန်တွင် ပြန်လည်နာလန်ထမည်ကို သိရန်အတွက် စီးပွားရေး ကြံ့ခိုင်မှုကို အချိန်မီဖေါ်ပြသည့် ကိန်းဂဏန်များဖြစ်သော အလုပ်လက်မဲ့ အကျိုးခံစားခွင့် တောင်းခံမှုများကို အနီးကပ်လေ့လာ စောင့်ကြည့်နေကြသည်။

ရင်းနှီးမြှုပ်နှံသူများသည် ဒုတိယမြောက်အပတ် အလုပ်လက်မဲ့အကျိုးခံစားခွင့် တောင်းခံမှု ကျဆင်းခြင်းကို အာရုံစိုက်နေသောကြောင့် ဝေါ့စထရိမှ အစုရှယ်ယာများ အခြေအနေမှာ ရှုပ်ထွေးနေသည်။ အမေရိကန်ဒေါ်လာ DXY အညွုန်းကိန်းသည် အခြားငွေကြေးများထက်မြင့်မားနေပြီး အမေရိကန် ချေးငွေသက်သေခံလက်မှတ် ဈေးနှုန်းများမှာ တက်လာခဲ့သည်။

အိမ်ခြံမြေလုပ်ငန်းသည် ၂၂.၃ ရာခိုင်နှုန်းကျဆင်းပြီး ရာသီအလိုက်နှစ်စဉ် ချိန်ညှိနှုန်းမှာ လွန်ခဲ့သောလက ၁.၂၁၆ ယူနစ်သို့ ကျဆင်းသွားသည်ဟု ကူးသန်းရောင်းဝယ်ရေးဌာနက ပြောကြောင်စ ကြာသပတေးနေ့က သီးခြားထုတ်ပြန်သည့် အစီရင်ခံစာတခုအရ သိရသည်။ ထို လအလိုက်ကျဆင်းမှုနှုန်းမှာ ၁၉၈၄ ခုနှစ် မတ်လနောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှုဖြစ်သည်။

အတ္တလန်တိတ်အလယ်ပိုင်းဒေသ စီးပွားရေးလုပ်ငန်းများအပေါ် ၎င်းတို့၏ တိုင်းတာမှုသည် မတ်လက အနှုတ် ၁၂.၇ မှတ်ရှိရာမှ ဧပြီလတွင် အနှုတ် ၅၆.၆ မှတ်သို့ကျဆင်းပြီး ၁၉၈၀ ခုနှစ် ဇူလိုင်လနောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း ဖီလာဒဲလ်ဖီးယား ဗဟိုဘဏ်ခွဲက အစီရင်ခံခဲ့သည်။

ပထမ ၃ လပတ်အတွင်း စီးပွားရေး ၁၀.၈ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ကြောင်း စီးပွားရေးပညာရှင်များ ခန့်မှန်နေပြီး ထိုသို့ဖြစ်လျှင် ၁၉၄၇ ခုနှစ်နောက်ပိုင်း စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု ကျဆင်းခြင်း အဆိုးရွားဆုံးဖြစ်သည်။ ကြီးမားသောဘဏ္ဍာရေးအကူအညီများသည် စီးပွားရေးအတွက် အနည်းငယ်သာ အထောက်အကူဖြစ်စေမည်ဟု စီးပွားရေး ပညာရှင်များပြောသည်။

“စီးပွားရေးက အကျစက်ဝန်းမှာရှိနေပြီး အလုပ်လက်မဲ့ သံသရာလည်နေမယ်။ ဖက်ဒရယ် အရေးပေါ် အကူအညီ ငွေလက်မှတ်တွေက အခု ဒီရေလှိုင်းကို ရင်ဆိုင်ဖို့ လုံလောက်မှာ မဟုတ်ဘူး” ဟု နယူးယောက်အခြေစိုက် MUFG မှ စီးပွားရေး ပညာရှင်ချုပ် ခရစ်ရပ်ကီပြောသည်။ “ကျနော်တို့ ဒီထက် ပိုမိုကျဆင်းသွားလေလေ ကမ္ဘာ့ကူးစက်ရောဂါက စီးပွားရေးကို တူးလိုက်တဲ့ တွင်းနက်ထဲက ပြန်ထွက်ဖို့ နိုင်ငံအတွက် ပိုခက်လေလေဖြစ်ပြီး အရင်အဆင့်ကို အလျှင်အမြန်ပြန်ရောက်တဲ့ ဗွီ ပုံစံ နာလန်ထဖို့ အလားအလာ ပိုနည်းသွားတယ်။ အဆိုးဆုံးက မလာသေးဘူး” ဟု သူပြောသည်။

စီးပွားရေးသည် ဆုတ်ကပ်အတွင်း ဝင်ရောက်ခဲ့ကြောင်း မတ်လကပင် စီးပွားရေး ပညာရှင်များပြောခဲ့ကြသည်။

အမေရိကန် စီးပွားဆုတ်ကပ်ကို သတ်မှတ်သည့် ပုဂ္ဂလိက သုတေသနလုပ်ငန်းဖြစ်သည့် အမျိုးသား စီးပွားရေး သုတေသန ဗျူရိုသည် အခြားနိုင်ငံများ၏ လက်တွေ့နည်းလမ်းဖြစ်သည့် သုံးလပါတ် နှစ်ခုဆက်တိုက် လက်တွေ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (ငွေကြေးဖေါင်းပွမှုကို ထည့်သွင်းတွက်ချက်သည့် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု) ကျဆင်းခြင်းကို စီးပွားဆုတ်ကပ်အဖြစ် မသတ်မှတ်ဘဲ စီးပွားရေးတခုလုံးတွင် လအတန်ကြာ လုပ်ငန်းများ ကျဆင်းလာပြီး နိုင်ငံ့စီးပွားအတွင်း ကူးစက်သွားသည်ကို လေ့လာသတ်မှတ်သည်။

ပထမ ရက်သတ္တပတ် အလုပ်လက်မဲ့ ထောက်ပံ့ကြေးတောင်းခံမှုအပြီး ဆက်လက် ထောက်ပံ့ကြေးတောင်းခံသူအရေအတွက်မှာ ဧပြီလ ၄ ရက်နေ့တွင် ကုန်ဆုံးသော ရက်သတ္တပါတ်အတွက် ၄.၅၃၀ သန်း တိုးပြီး ၁၁.၉၇၆ သန်းအထိ စံချိန်တင်တိုးလာသည်။

အလုပ်လက်မဲ့ ထောက်ပံ့ကြေးတောင်းခံမှု အချက်အလက်များကို တပတ်နောက်ကျထုတ်ပြန်ပြီး အလုပ်လက်မဲ့နှုန်းကို တိုင်းတာရာတွင် ပိုမိုကောင်းမွန်သောကိရိယာအဖြစ် သတ်မှတ်ကြသည်။ ဧပြီလ အလုပ်လက်မဲ့နှုန်းသည် ၂၀၀၇-၀၉ မဟာစီးပွားဆုတ်ကပ်အတွင်း အထွဋ်အထိပ်ဖြစ်သည့် ၁၀.၀ ရာခိုင်နှုန်းနှင့် ဒုတိယ ကမ္ဘာစစ်အပြီး အမြင့်ဆုံးနှုန်းဖြစ်သည့် ၁၉၈၂ ခုနှစ် ဒီဇင်လာလက ၁၀.၈ ရာခိုင်နှုန်းထက်မြင့်မားမည်ဟု စီးပွားရေး ပညာရှင်များက ခန့်မှန်းသည်။

ကိုးကား။ ။Reuters ၏ Millions unemployed, homebuilding collapses as coronavirus ravages U.S. economy

You may also like these stories:

ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို

ကိုဗစ်ကြောင့် ထိုင်းမှာ အလုပ်လက်မဲ့ ၁၀ သန်းကျော် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း

တရုတ်နိုင်ငံမှ ဂျပန်လုပ်ငန်းများ ရွှေ့ပြောင်းရေး ဂျပန်အစိုးရငွေကြေးထောက်ပံ့မည်

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်စီးပွားပျက်အမေရိကန်အလုပ်လက်မဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

by ဧရာဝတီ
5 January 2024
17.2k

သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.2k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
13.9k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

Next Post
ညမထွက်ရအမိန့်က ပုဒ်မ ၁၄၄ နဲ့ မတူပါဘူး (ရုပ်/သံ)

ညမထွက်ရအမိန့်က ပုဒ်မ ၁၄၄ နဲ့ မတူပါဘူး (ရုပ်/သံ)

လူမှုကွန်ရက်တွင် မျှဝေနေကြသည့် လမိုင်းမြို့ပေါ်က တိုက်ခိုက်မှုပုံများ / Facebook

လမိုင်းမြို့က လူစုလူဝေးဖြင့် တိုက်ခိုက်မှု ၃၉ ဦးအား ဖမ်းဆီးအရေးယူ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate