• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ပြည်တွင်းဘဏ်များအပေါ် ကန့်သတ်ချက် အချို့ ဗဟိုဘဏ် ဖြေလျှော့ပေး

by အောင်သီဟ
24 April 2020
in စီးပွားရေး
A A
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ  / မျိုးမင်းစိုး / ဧရာဝတီ

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ / မျိုးမင်းစိုး / ဧရာဝတီ

19.1k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းဘဏ်များ အပြည့်အဝလိုက်နာရမည့် ဘဏ်မတည်ရင်းနှီးငွေ မပြည့်မီခြင်း၊ အရင်း အတိုး ပေးဆပ်ရန် ပျက်ကွက်သော ချေးငွေများ နှင့် အများဆုံး ခွင့်ပြုပမာဏထက် ကျော်လွန် ထုတ်ချေးထားခြင်း ကိစ္စများကို  လိုက်နာဆောင်ရွက်ရမည့် အချိန်ကာလကို ဗဟိုဘဏ်က ဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။

ထိုညွှန်ကြားချက်များကို ယခင်က ၂၀၂၀ သြဂုတ် ၃၁ ရက်နေ့ နောက်ဆုံးထား လိုက်နာဆောင်ရွက်ရန် ညွှန်ကြား ထားသော်လည်း လက်ရှိဖြစ်ပေါ်နေသော COVID-19 ရောဂါကြောင့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေး အစီအစဉ်တွင် ဘဏ်များက ထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃ သြဂုတ် ၃၁ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း ဗဟိုဘဏ်က ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

RelatedPosts

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
383
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
360
တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.1k

သမဝါယမဘဏ် (CB Bank) ၏ အကြံပေး ဦးဖေမြင့် က “ဘဏ်တွေရော စီးပွားရေးလုပ်ငန်းတွေရော အခက်အခဲ မဖြစ်အောင် လုပ်ပေးတာ၊ ကောင်းတဲ့ လုပ်ဆောင်ချက်ပါ။ ဗဟိုဘဏ်က သတ်မှတ်ထားတာတွေ ရှိတယ်။ ချေးငွေတွေကို ဘယ်အချိန်မှာ ဘယ်လောက် ပြန်သွင်းရမယ် ဆိုတာတွေပေါ့ အခုကချေးငွေတွေ က ပြန်မပေးနိုင်မယ့် အခြေအနေတွေ ဆိုတော့ အချိန်လျှော့ပေးလိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။

ယခုလို ဖြေလျှော့ပေးလိုက်ခြင်းကြောင့် စီးပွားရေး အကြပ်အတည်းအတွက် လုပ်ဆောင်ပေးသင့်သည့် ကိစ္စရပ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက်လည်း များစွာ အထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းဘဏ်များအနေဖြင့် အရင်းအတိုး ပေးဆပ်ရန် ပျက်ကွက်သော ချေးငွေများအပေါ် ရရန်ရှိသော်လည်း အမှန်တကယ် မရရှိသေးသည့် အတိုးများကို ဘဏ်၏ ဝင်ငွေအဖြစ် ထည့်သွင်းတွက်ချက်ခြင်း မပြုလုပ်ရန် ဗဟိုဘဏ်က သတိပေးထားသေးသည်။

မြန်မာနိုင်ငံဘဏ်များအသင်း နာယက ဦးသိန်းထွန်းက “ဘဏ်တွေထက် လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အခက်အခဲက အစိုးရက စဉ်းစားပေးလိုက်တဲ့ သဘောပေါ့။ ရေရှည်မှာတော့ NPL (အရင်းအတိုး  ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသည့်ချေးငွေ) မဖြစ်သွားဖို့တော့လိုတယ်။ NPL မဖြစ်သွားရင်တော့ နှစ်ဖက်စလုံး အတွက် ကောင်းတယ် ” ဟု ပြောသည်။

လက်ရှိအချိန်တွင် အခြားနိုင်ငံများမှ ဗဟိုဘဏ်များသည်လည်း ယင်းသို့ လုပ်ဆောင်လျက်ရှိပြီး ရေရှည်အကျိုး သက်ရောက်မှု ရှိစေရန်အတွက် ကြပ်မတ် လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဉာဏ်သစ်လှိုင်က “ချေးငွေကို အခုချက်ချင်းဆပ်ဆိုတာ နောက် ၃ နှစ်အတွင်း  ပြန်ဆပ် ဆိုတာနဲ့က အများကြီးကွာပါတယ်။ ဒီအချိန်က ဝင်ငွေမရတာ ဆိုတာထက် ထွက်ငွေသွားနေတာ ကုမ္ပဏီတိုင်းက အနုတ် လက္ခဏာ ပြနေတာပေါ့။ အခုလိုလုပ်ပေးလိုက်တာကတော့ တကယ်ကို ကြိုဆိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အချိန်မီ ချေးငွေပြန်တောင်းခံ အပါအဝင် ချေးငွေကိစ္စနှင့် သက်ဆိုင်သော ညွှန်ကြားချက်များကို ဗဟိုဘဏ်က ၂၀၁၇ ခုနှစ်၌ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်တွင် ချေးငွေပြန်မဆပ်နိုင်သော စီးပွားရေးလုပ်ငန်းများ နှင့် သတ်မှတ်ချိန် အတွင်း ချေးငွေပြန်လည် တောင်းခံရသော ဘဏ်များကြား အကြပ်ရိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိ ကိုဗစ်ရောဂါ ဂယက်ကြောင့် ဖြစ်ပေါ်နေသော စီးပွားရေး အကြပ်အတည်း များမှ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ၁ နှစ် အတိုးနှုန်းကို ယခင် ၁၀ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းသို့  ပြောင်းလဲ လျှော့ချပေးထားသည်။

ဆက်စပ်လင့်

နိုင်ငံခြားဘဏ် ၇ ဘဏ်ကို ဖွင့်လှစ်ခွင့်ပြု

ပို့ကုန်လုပ်ငန်းများ ကြိုတင်ဝင်ငွေခွန်၂ ရာခိုင်နှုန်း ဖြေလျှော့မှု ယနေ့ စတင်အသက်ဝင်

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့စီးပွားဆုတ်ကပ် စတင်

Your Thoughts …
Tags: COVID-19ချေးငွေပြည်တွင်းဘဏ်ဗဟိုဘဏ်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.4k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.2k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

Next Post
ပုဂံ-ညောင်ဦးမြို့နယ်အတွင်း လုံခြုံရေးအတွက်ကင်းလှည့်ဆောင်ရွက်နေစဉ် / ကိုဆော်(ပုဂံ) / Facebook

ညောင်ဦးတွင် ညမထွက်ရအမိန့် ချိုးဖောက်သူ ၅ ဦး ထောင် ၃ လစီ ချမှတ်

CCTV မှတ်တမ်းတွင် တွေ့ရသည့် လောင်းကစားရုံ ပစ်ခတ်ခဲ့သူ ၂ ဦး

ပန်ဆေးပြည်သူ့စစ်ပိုင် လောင်းကစားရုံ ပစ်ခတ်ခံရ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate