• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

လုပ်ငန်း ၁၁၁ ခုကို တတိယ အသုတ်အဖြစ် အစိုးရ ချေးငွေ ထုတ်ပေး

by မျိုးပပစန်း
8 May 2020
in စီးပွားရေး
A A
မြန်မာကျပ်ငွေများ / ဧရာဝတီ

မြန်မာကျပ်ငွေများ / ဧရာဝတီ

140.1k
VIEWS
Share on FacebookShare on Twitter

COVID-19 ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး လုပ်ငန်းများကို ကုစားရန် တတိယ အသုတ် အဖြစ် လုပ်ငန်း ၁၁၁ ခုကို အစိုးရက ချေးငွေ ကျပ် ၃ ဒသမ ၅၄၆၆ ဘီလီယံ ထုတ်ချေးမည် ဖြစ်ကြောင်း မေလ ၇ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

ချေးငွေ ထုတ်ယူခွင့်ရရှိသူများ အနေနှင့် မြန်မာ့ စီးပွားရေးဘဏ်မှ ဘဏ်လုပ်ထုံး လုပ်နည်းများနှင့် အညီ စိစစ်၍ ချေးငွေ များ ထုတ်ပေးမည်ဖြစ်ပြီး ကျန်ရှိသည့် လုပ်ငန်းရှင်များ၏ လျှောက်လွှာများကိုလည်း ဆက်လက် ထုတ်ပေးနိုင်ရန် ဆောင် ရွက်လျက်ရှိကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ (MIFER) က ဖော်ပြထားသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
19
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
50
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
249

ထိုချေးငွေကို နိုင်ငံတော် လှည့်ပတ် ရန်ပုံငွေမှ ကျပ်ဘီလီယံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀ စုစုပေါင်း ကျပ် ဘီလီယံ ၁၀၀ အား COVID-19 Fund အဖြစ် မြန်မာ့ စီးပွားရေးဘဏ်တွင် ထူထောင်ထားပြီး ပထမအသုတ် ချေးငွေ ကို ဧပြီလ ၉ ရက်မှ စတင်၍ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းရှင် ၈၅ သို့ လည်းကောင်း၊ ဒုတိယအသုတ် ချေး ငွေကို လုပ်ငန်း ၁၁၃ ဦးသို့ လည်းကောင်း ထုတ်ချေးပေးခဲ့သည်။

အဆိုပါ နိုင်ငံတော် လှည့်ပတ် ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံထဲမှ ယခု တတိယအသုတ် အပါအဝင်ဆိုလျှင် ကျပ် ၁၃ ဘီလီ ယံကျော် သုံးစွဲထားပြီး အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖြစ်သော စားသောက်ကုန် လုပ်ငန်းများ၊ ကုန် ထုတ်လုပ်မှု လုပ်ငန်းများနှင့် လက်ခစား (CMP) လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အစိုးရမှ ချေးပေးသော ချေးငွေ၏ အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်း ဖြစ်ပြီး ချေးငွေ ကာလမှာ ၁ နှစ် သတ်မှတ်ထားကာ ချေးငွေ စတင် လျှောက်ထားခွင့်ရသည့်အချိန်မှ လက်ရှိအချိန်အထိ လျှောက်လွှာ စုစုပေါင်းမှာ ၄၀၀၀ ရှိပြီ ဖြစ်သည်။

လက်ရှိတွင် COVID-19 ကြောင့် ထိခိုက်နေသည်မှာ လုပ်ငန်းအကြီး၊ အလတ်များလည်း ရှိနေသောကြောင့် အစိုးရမှ ထုတ် ပေးနေသော Msme၊ CMP နှင့် ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ ၃ ခု အပြင် အခြား စီးပွားရေး ကဏ္ဍများကိုလည်း ကူညီရန် လိုအပ်နေပြီး အစိုးရအနေနှင့် ကျပ်ဘီလီယံ ၁၀၀ အပြင် ဆက်တိုက် ကုစားမှုများကို လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအောင်စိုး သာ က သုံးသပ်သည်။

ချေးငွေ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ကြောင့် ကော်မတီက ထုတ်ပြန်ထားသော အချက် ၁၀ ချက်နှင့် ကိုက်ညီရမည် ဖြစ်ပြီး ချေးငွေစိစစ်ခြင်းကို အဆင့်နှစ်ဆင့်ဖြင့် ရွေးချယ်ကာ ကော်မတီ အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ကြောင်း သိရ သည်။

ပြီးခဲ့သည့် ပထမအသုတ်နှင့် ဒုတိယအသုတ် ချေးငွေရရှိသည့် ကုမ္ပဏီစာရင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန ပြည်ထောင်ဝန်ကြီးပိုင် ကုမ္ပဏီက ချေးငွေ ကျပ်သိန်း ၁ ထောင်အထက် ချေးငွေရရှိခဲ့ခြင်းကြောင့် ဝေဖန်မှုများ ရှိခဲ့ သည်။

ထို့ပြင် လျှောက်ထားသည့် ပမာဏနှင့် ရရှိသည့် ပမာဏမှာ လုပ်ငန်း၏ ဝန်ထမ်းလစာပေးဖို့ မလောက်ငှသည့် အတွက် ချေးငွေရရှိပြီးမှ မယူလိုကြောင်း အကြောင်းပြန်သည့် ကုမ္ပဏီများလည်း ရှိခဲ့သည်။

ဇေယျာရွှေပြည် ယာဉ်လိုင်း ပိုင်ရှင် ဒေါ်ခိုင်ခိုင်က “UMFCCI ကနေပြီးတော့ ချေးငွေတွေကို လျှောက်ရမယ် ဆိုတော့ ဟို တယ်နဲ့ခရီးပဲ ပါတယ်။ ကျမတို့ မပါဘူး။ ကျမတို့က အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းလည်း ဖြစ်ပါတယ်။ မှတ် ပုံတင်ကတ်လည်း ရှိပါတယ်။ ဒါပေမယ့် အဝေးပြေးကားတွေ မပါဘူးလို့ကို ပြောလွှတ်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြော သည်။

အစိုးရ ချေးငွေချပေးခြင်းသည် လက်ရှိတွင် လုပ်ငန်းရှင်များကြား အငြင်းပွားစရာများလည်း ရှိနေကြောင်း လုပ်ငန်းရှင်များ ထံက စုံစမ်း သိရှိရသည်။

ဆက်စပ်ဖတ်ရှုရန်

ဝေဖန်မှုများ ထွက်ပေါ်နေသည့် အစိုးရချေးငွေ ဂယက်

မြန်မာ့စီးပွားရေး ကုစားရန် အစိုးရချေးငွေ ဒုတိယအသုတ် ထပ်ချေးပေးမည်

ရန်ကုန်ရှိ အသေးစား ငွေချေးလုပ်ငန်းတချို့ ပြန်ဆပ်ငွေ ဆိုင်းငံ့ပေးမှုများ ပြုလုပ်လာကြ

Your Thoughts …
Tags: COVID -19 FundSMEချေးငွေစီးပွားရေး ကုစားရန်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

by Maung Kavi
2 February 2024
3.4k

တနိုင်ငံလုံးတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုသည် စစ်ကောင်စီဝါဒဖြန့် သတင်းစာ မျက်နှာဖုံးနှင့် နောက်ကျောတွင်သာ ရှိသည်။

ကိုယ့်ငွေကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေပြီ (ရုပ်/သံ)

ကိုယ့်ငွေကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေပြီ (ရုပ်/သံ)

by မိုးသောက်
13 July 2024
556

ပြည်တွင်းမှာရှိတဲ့ဘဏ်တွေက အပ်နှံထားတဲ့ငွေတွေကို ခုရက်ပိုင်း အကန့်အသတ်နဲ့သာထုတ်ပေးနေတော့တယ်လို့ ဘဏ်စနစ် အသုံးပြုသူတွေကဆိုပါတယ်။

ယခင် စစ်ဗိုလ်ချုပ်များနှင့်ပေါင်းပြီး စီးပွားရှာခဲ့သော ခရိုနီအဟောင်းများအပြင် မင်းအောင်လှိုင်လက်ထက် ခရိုနီ လက်သစ်ပေါင်းများစွာလည်း ပေါ်ထွက်လာနေသည်

အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ

by ဧရာဝတီ
6 February 2023
9.8k

စစ်အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း မြန်မာ့စီးပွားရေးကဏ္ဍမှာ အသက်ငင်နေသည့် အခြေအနေ ဆိုက်ရောက်နေပြီး လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့လုပ်ငန်း ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အကျပ်အတည်းများကြားက ရုန်းကန်နေကြရသည်။

နွေဦးဘဏ်ကနေ ချေးငွေထုတ်ပေးဖို့ စီစဉ်နေ (ရုပ်/သံ)

နွေဦးဘဏ်ကနေ ချေးငွေထုတ်ပေးဖို့ စီစဉ်နေ (ရုပ်/သံ)

by ဘုန်းအောင်
7 June 2024
151

တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ အမျိုသားညီညွှတ်ရေး အစိုးရ (NUG) ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SCB) ကနေ အခု ၂၀၂၄ ခုနှစ်အတွင်း ချေးငွေထုတ်ချေးပေးဖို့ စီစဉ်နေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ကိုဗစ်ကာလ အသေးစားငွေချေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်နိုင်မှုက အာရုံစိုက်စရာတခု ဖြစ်လာသည်

အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊

by မျိုးပပစန်း
20 July 2020
16.5k

အစိုးရက ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် ချေးငွေယူသူများကို ဆိုင်းငံ့ပေးရန် ညွှန်ကြားမှုများ ရှိနေသော်လည်း မြေပြင်အခြေအနေ၌ တဖက်လှည့်နှင့် အတင်း ကောက်ခံခြင်းများ ရှိနေသည်။

Next Post
တပ်မတော် စစ်သမိုင်း ပြတိုက်တွင် တွေ့ ရသည့် စစ်ရာထူးခန့်ထားသည့် ဇယား

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

မန္တလေး စက်မှုဇုန်ရှိ စက်ရုံများအား စစ်ဆေးရေး အဖွဲ့မှ လိုက်လံ စစ်ဆေးနေစဉ်  / Zaw Mg Mg /  Facebook

မန္တလေးတိုင်းရှိ စက်ရုံ ၆၀၀ ကျော် ပြန်လည် ဖွင့်လှစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate