• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မန္တလေးတိုင်းရှိ ဟိုတယ်များ စစ်ဆေးပြီးပါက တပြိုင်နက် ဖွင့်ခွင့်ပေးမည်

by မြတ်ပြည့်ဖြိုး
4 June 2020
in စီးပွားရေး
A A
မန္တလေးမြို့ရှိ Eastern Palce Hotel  / ဇော်ဇော် / ဧရာဝတီ

မန္တလေးမြို့ရှိ Eastern Palce Hotel / ဇော်ဇော် / ဧရာဝတီ

8.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်းရှိ ဟိုတယ်များ စစ်ဆေးပြီးပါက တပြိုင်နက် ပြန်ဖွင့်ခွင့်ပြုမည်ဟု ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ တာဝန်ယူထားသော မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။

“နေ့စဉ် စစ်ဆေးပြီး စာရင်းကို ဝန်ကြီးချုပ်ဆီတင်ပြထားတယ်။ ဝန်ကြီးချုပ် လက်မှတ်ထိုးပြီး ခွင့်ပြုတာနဲ့ ပြန် ဖွင့်ခွင့်ရမှာပါ။ ဟိုတယ်အများစုကလဲ ဒီကာလမှာ ဧည့်သည်မရှိသေးတော့ သိပ်မဖွင့်ချင်ကြသေးဘူးလို့ တင်ပြထားတာရှိတော့ စစ်ဆေးမှုအပိုင်းကို သေချာပြီးစီးအောင်လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

RelatedPosts

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
129
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
608
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.3k

မန္တလေးတိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနသို့ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပြီး အစစ်ဆေးခံရန် စာရင်းပေးထားသော ဟိုတယ်၊ တည်းခိုခန်းအရေအတွက် ၅၀၀ နီးပါးခန့်ရှိပြီး မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံဒေသအစရှိသော ဒေသတို့မှ ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ သိရသည်။

မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှုးဦးစန်းယုက “မေမြို့ ဇုန်ကလည်း စစ်နေတာ ပြီးသလောက်ရှိပြီ၊ သူတို့ ပြင်ဆင်ထားတာတွေလည်း အတော်လေး ပြည့်စုံတယ် လို့ ပြောလို့ရမယ်။ ဟိုတယ်တွေအနေနဲ့ စစ်ဆေးခံပြီးပြီ ဖြစ်ပေမဲ့ တိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက် ရမှဖွင့်ခွင့် ရမှာဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဇွန် ၃ ရက်အထိ စစ်ဆေးပြီးအရေအတွက် ၉၅ လုံးရှိပြီး ၎င်းတို့အား ပြန်လည် ဖွင့်လှစ်ခွင့်ပြုရန် တိုင်းဝန်ကြီး ချုပ်ထံ တင်ပြထားကြောင်း စစ်ဆေးမှုအပိုင်းကိုလည်း ကွင်းဆင်းအဖွဲ့များက နေ့စဉ်ခရိုင် အလိုက် ဆောင်ရွက်နေကြောင်း ဆိုသည်။

ပုဂံဟိုတယ်ဇုန်ဥက္ကဌဦးဇော်ဝိတ်က “ဒီမှာအစစ်ခံဖို့ စာရင်းပေးတာ ဟိုတယ်ကြီးတွေလောက်ပဲရှိတယ်။ အရေအတွက်က နည်းပါတယ်။ အများစုက ပြန်ဖွင့်ဖို့ အဆင့်သင့်မဖြစ်သေးသလို ဖွင့်လည်း မဖွင့်ချင်ကြ သေးဘူး။ အဓိကက ဧည့်သည်မရှိသေးတာရယ်၊ လုပ်ငန်းပြန်စပြီဆိုတာနဲ့ ဝန်ထမ်းကလဲ မခေါ်ထားလို့ မရ သလို မဖြစ်မနေကုန်မဲ့ ကုန်ကျစရိတ်တွေက တက်လာမှာလေ။ အဲဒါကြောင့် ပြန်ဖွင့်ဖို့ စိတ်ဝင်စားမှုနည်း နေတယ်လို့ ပြောရမယ်” ဟု ဧရာဝတီကို ပြောသည်။

မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဦးစန်းယုက “လုပ်ငန်းရှင်တွေအနေနဲ့ ဒီလိုကာလမှာ ကြိုတင်ပြင်ဆင်တာတွေ လုပ်တာမျိုး ရှိသလို စီးပွားရေး တွက်ခြေ ကိုက်မှုကိုလဲ ချိန်ဆနေတာမျိုးလည်းရှိတော့ ဟိုတယ်တွေအားလုံးကတော့ တပြိုင်နက်တော့ ဖွင့်ကြမှာ မဟုတ်သေးဘူး” ဟု ပြောသည်။

ကိုဗစ်ကာကွယ်ရေး အစစ်ဆေးခံပြီး ပြန်ဖွင့်ရန်ပြင်ဆင်နေသည့် ဟိုတယ်အများစုသည် လက်ရှိအခြေအနေ အရ Physical Distancing အတွက် မူလရှိသော ဝန်ထမ်းအင်အားနှင့် ဟိုတယ် အခန်း အရေအတွက်၏ ထက်ဝက်ခန့်သာ လုပ်ငန်း စတင်လည်ပတ်ရန် စီစဉ်ထားသလို အခန်းဌားရမ်းမှု နှုန်းများ၊ ဝန်ဆောင်မှုပုံစံ များလည်း အနည်းငယ်အပြောင်းအလဲရှိမည်ဟု ဟိုတယ်လုပ်ငန်းရှင် များက ပြောသည်။

ကိုဗစ်ကြောင့် ယာယီပိတ်ထားရန် ညွှန်ကြားထားသော မန္တလေးတိုင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့များ၏ စစ်ဆေးမှုများခံယူပြီး သတ်မှတ်ချက် များနှင့် ကိုက်ညီပါ က ပြန်လည်ဖွင့်လှစ် ခွင့်ပြုမည်ဟု မေ ၃ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်”

Your Thoughts …
Tags: COVID-19မန္တလေးတိုင်းဟိုတယ်
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

by ဧရာဝတီ
27 March 2024
8k

မတ်လအတွင်း အသတ်ခံရသူများမှာ ဝမ်းတွင်း၊ မဟာအောင်မြေ၊ အမရပူရ၊ မတ္တရာ၊ ကျောက်ပန်းတောင်း မြို့နယ်များမှ အုပ်ချုပ်ရေးမှူး ၃ ဦး၊ ရာအိမ်မှူး တဦးနှင့် ကျောင်းဆရာမတဦးတို့ ဖြစ်ပြီး စစ်မှုထမ်းဥပဒေ အကောင်အထည် ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်ကြောင်း

ရုရှားခရီးသွားများအား ဆွဲဆောင်မည့် ချောင်းသာ တိုက်ပွဲကြောင့် ပိတ်ရ

ရုရှားခရီးသွားများအား ဆွဲဆောင်မည့် ချောင်းသာ တိုက်ပွဲကြောင့် ပိတ်ရ

by ပပ
22 January 2025
3.2k

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်း ဖြစ်ပွားနေသော အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲများကြောင့် ချောင်းသာကမ်းခြေရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ အပါအဝင် စားသောက်ဆိုင်များပါ ပိတ်သိမ်း ပြီး ကမ်းခြေတခုလုံး ခြောက်ကပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးတိုင်းမှာ NUG က အထူးစစ်ဆင်ရေးဖော်ဆောင် (ရုပ်/သံ)

မန္တလေးတိုင်းမှာ NUG က အထူးစစ်ဆင်ရေးဖော်ဆောင် (ရုပ်/သံ)

by ယဉ်မွန်
13 August 2024
2.1k

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက အထူးစစ်ဆင်ရေး တရပ်အဖြစ် စစ်ရေးဖော်ဆောင် နေပါတယ်။

နွားထိုးကြီးတွင် လူငယ် ၂ ဦး စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံး

နွားထိုးကြီးတွင် လူငယ် ၂ ဦး စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံး

by ဧရာဝတီ
30 August 2023
1.7k

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းကျေးရွာမှ လူငယ် ၂ ဦးကို ကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တကောင်းမြို့အနီး စစ်ကြောင်းထိုး၊ လူ ၅ ထောင်ကျော် တိမ်းရှောင်ရ

တကောင်းမြို့အနီး စစ်ကြောင်းထိုး၊ လူ ၅ ထောင်ကျော် တိမ်းရှောင်ရ

by ဧရာဝတီ
12 March 2024
1.6k

တကောင်းမြို့တွင်းသို့ စစ်သား ၁၀၀ ကျော် အင်အားဖြည့်ရောက်ရှိလာပြီး မြို့ အဝင်အထွက်လမ်း များကို ပိတ်ဆို့ စစ်ဆေးနေသလို အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားကြောင်း၊ လေကြောင်းတိုက်ခိုက်မှု ကြောင့် ကြံစိုက်ခင်းများ၊ အိမ်များထိခိုက်ပျက်စီးခဲ့ရပြီး လက်နက်ကြီးကြောင့် ဆင်ညှပ်ရွာခံ အမျိုးသမီးတဦး၊ မြို့ပေါ်တွင်...

မန္တလေးတိုင်းရှိ ရှေးဟောင်းမြို့များကို စစ်မီးဘေးမှ ကာကွယ်ရန် NUG ကြိုးစား

မန္တလေးတိုင်းရှိ ရှေးဟောင်းမြို့များကို စစ်မီးဘေးမှ ကာကွယ်ရန် NUG ကြိုးစား

by ဧရာဝတီ
20 January 2024
1.3k

NUG သည် မန္တလေးတိုင်းရှိ ရှေးဟောင်းမြို့ ခုနစ်မြို့အား စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများမှ ကာကွယ်ရန် အမွေအနှစ်နေရာများအဖြစ် ကြေညာခဲ့သည်။

Next Post
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးနေသူတဦး / ဧရာဝတီ

တပ်မဲစာရင်းကောက်ရန် ကော်မရှင် ပြင်ဆင်

ဇွန် ၃ ရက်နေ့က မြိတ်လေတပ်စခန်းဌာနချုပ်အတွင်း လူ ၅ ဦး မိုးကြိုးထိမှန်သေဆုံးခဲ့သည် / မြတ်ထွဋ်(မြိတ်) / facebook

မြိတ် လေတပ်စခန်းဌာနချုပ် ဘောလုံးပွဲ မိုးကြိုးထိမှန် ၅ ဦးသေဆုံး

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.6k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate