မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်နေသော်လည်း နိုင်ငံပိုင် စွမ်းအင်းလုပ်ငန်းကြီးများ အပါအဝင် တရုတ်ကုမ္ပဏီများသည် ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်း ရရှိရေးအတွက် ကြိုးစားနေကြသည်။ ထိုအထူးစီးပွားရေးဇုန်စီမံကိန်းသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် တည်ရှိပြီး အရှေ့တောင်အာရှတွင် အကြီးမားဆုံး စက်မှုဇုန်ဖြစ်ကာ အမေရိကန်ဒေါ်လာ ၈ ဘီလျံ (ကျပ် ၁၀.၄ ထရီလျံ) ကုန်ကျမည့် သေနင်္ဂဗျူဟာ စီမံကိန်းဖြစ်သည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီသည် ကာလကြာမြင့်စွာ နှောင့်နှေးကြန့်ကြာနေသည့် ထားဝယ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ ကုမ္ပဏီများအား ဖိတ်ခေါ်ထားသည်။ “အဆိုပြုချက် ၁၀ ခုမှာ ၈ ခုက တရုတ်ကုမ္ပဏီတွေဖြစ်နေတယ်” ဟု ထိုစီမံခန့်ခွဲ့မှု ကော်မတီ ဒုတိယ ဥက္ကဌ (၂) ဒေါက်တာ မြင့်စန်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“တရုတ်ကုမ္ပဏီတွေက ထားဝယ် SEZ မှာ တော်တော် စိတ်ဝင်စားကြတယ်။ တချို့တွေကဆိုရင် သူတို့ အဆိုပြုထားတဲ့ စီမံကိန်းတွေအတွက် ဖြစ်နိုင်ခြေလေ့လာမှုတွေကိုတောင် လုပ်နေကြပြီ”
“တရုတ်ကုမ္ပဏီတွေက ထားဝယ် SEZ မှာ တော်တော် စိတ်ဝင်စားကြတယ်။ တချို့တွေကဆိုရင် သူတို့ အဆိုပြုထားတဲ့ စီမံကိန်းတွေအတွက် ဖြစ်နိုင်ခြေလေ့လာမှုတွေကိုတောင် လုပ်နေကြပြီ”ဟု ဒေါက်တာမြင့်စန်းပြောသည်။
တနင်္သာရီတိုင်းတွင်တည်ရှိသော ထို SEZ သည် ထိုင်းပင်လယ်ကွေ့အနီး အန်ဒမန်ပင်လယ်အနီး တည်ရှိသည်။ ထို SEZ တည်နေရာသည် အိန္ဒိယနှင့် ပစိဖိတ် သမုဒ္ဒရာကို ဆက်သွယ်ပေးသည့် သေနင်္ဂဗျူဟာကျသည့် နေရာတွင်တည်ရှိပြီး အရှေ့တောင်အာရှကို တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အာဖရိကတို့ကို ဆက်သွယ်ပေးသည်။ ထို SEZ သည် ဗီယက်နမ်တောင်ပိုင်း၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကို မြန်မာနိုင်ငံတောင်ပိုင်းမှ ၎င်းနှင့် ချိတ်ဆက်ပေးမည့် မဲခေါင်တောင်ပိုင်းစီးပွားရေးစင်္ကြံန်တွင် အဓိက ကျသောနေရာမှ ပါဝင်နေသည်။
ထားဝယ်ဒေသကို အရှေ့တောင်အာရှတွင် အကြီးမားဆုံးစက်မှုနှင့် ကုန်သွယ်ရေး အချက်အခြာနေရာ အဖြစ်ပြောင်းလဲပစ်ရန် ရည်ရွယ်သော ၁၆၀ စတုရန်း ကီလိုမီတာကျယ်သည့် ထို စီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတခု ပါဝင်ပြီး လတ်တလောတွင် ရေလမ်းကျပ်သော မလက္ကာရေလက်ကြားမှ ကုန်စည်သယ်ဆောင်ခြင်းကို အားကိုးနေရသည့် လုပ်ငန်းများအတွက် အလားအလာကောင်းသော နေရာဖြစ်နေသည်။ ထိုစီမံကိန်းတွင် အဆင့်မြင့်နည်းပညာစက်မှုဇုန်များ၊ သတင်းအချက်အလက်နည်းပညာ စက်မှုဇုန်များ၊ ပို့ကုန် ထုတ်လုပ်ရေး စက်မှုဇုန်များ၊ ဆိပ်ကမ်းနယ်မြေဇုန်များ၊ သယ်ယူပို့ဆောင်ရေးဇုန်များ၊ ဝန်ဆောင်မှုလုပ်ငန်းဇုန်များနှင့် အခြားအခြေခံအဆောက်အအုံစီမံကိန်းများလည်း ပါဝင်မည်ဖြစ်သည်။
“သမုဒ္ဒရာတွေကို အသုံးပြုနိုင်ရေးနဲ့ပတ်သက်ရင် တရုတ်နိုင်ငံမှာ ရည်မှန်းချက်ကြီးမားတဲ့ ပန်းတိုင်တွေရှိတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ တရုတ်နိုင်ငံအတွက် အလားအလာကောင်းတဲ့ အချက်အခြာနေရာဖြစ်လာနိုင်တယ်။ ထားဝယ်အထူး စီးပွားရေးဇုန်ဟာ တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာကို အသုံးပြုခွင့်ရဖို့ နောက်ထပ်နည်းလမ်းတခုလို့ တရုတ်ကုမ္ပဏီတွေက ထင်နေပုံရတယ်” ဟု ဒေါက်တာ မြင့်စန်းပြောသည်။
တရုတ်ကုမ္ပဏီများအနက် ကြီးမားသော ရေနံချက်စက်ရုံတည်ဆောက်လိုသူများသည် ဖြစ်နိုင်ခြေစမ်းသမ်မှု ပြုလုပ်ရန်ပင် သဘောတူညီပြီးဖြစ်ကြောင်း စီမံခန့်ခွဲမှု ကော်မတီ၏ အဆိုအရ သိရသည်။ ထိုလုပ်ငန်းများတွင် Yunnan Indo-Pacific Group (Indo-Pacific) ယူနန် အင်ဒိုပိစိဖိတ်အုပ်စု၊ Zhong’an ကျောင်အန်း ကုမ္ပဏီလီမိတက်၊ CNPC East China Design Institute (CEI) တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း အရှေ့အာရှဒီဇိုင်းဌာနနှင့် ပြည်တွင်းပိုင် Myanmar Chemical & Machinery မြန်မာ ဓါတုနှင့်စက်မှုကုမ္ပဏီတို့ ပါဝင်ကြောင်းသိရသည်။
![](https://burma.irrawaddy.com/wp-content/uploads/2020/09/Dawei-SEZ-committe-900x475-1.jpg)
ထို့အပြင် စီမံခန့်ခွဲရေး ကော်မတီသည် SEZ အတွင်း ရေနံချက်စက်ရုံ စီမံကိန်းများအတွက် အဆိုပြုချက်များကို Hong Kong New Energy Investment Holdings Limited, China HuanQiu Contracting & Engineering Co., Ltd (HQCEC), China Petroleum Pipeline Engineering Co., Ltd (CPP) နှင့် China Energy Engineering Corporation (CEEC) တို့နှင့်လည်း ဆွေးနွေးနေကြောင်း သိရသည်။
CPP သည် ဘင်္ဂလားပင်လယ်အော်ရှိ ရခိုင်ပြည်နယ်ကျောက်ဖြူဆိပ်ကမ်းမှ မကွေးနှင့် မန္တလေးတိုင်းများနှင့် ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်ကာ တရုတ်ပြည်အတွင်း ဝင်ရောက်သည့် အငြင်းပွားဖွယ်ရာရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းနှစ်ခုတွင် အဓိက ရှယ်ယာပိုင်ဆိုင်သော တရုတ်အစိုးရပိုင် တရုတ်အမျိုးသားရေနံလုပ်ငန်းကော်ပိုရေးရှင်း (CNPC) ၏ လုပ်ငန်းခွဲဖြစ်သည်။ HQEC သည်လည်း CNPC ၏ လက်အောက်ခံလုပ်ငန်းဖြစ်ပြီး တိုင်ပင်ဆွေးနွေးမှုများ၊ အင်ဂျင်နီယာလုပ်ငန်းများ၊ ဆောက်လုပ်ရေး စီမံခန့်ခွဲမှု၊ ဝယ်ယူရေးနှင့် ပစ္စည်းကိရိယာ ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်။
Energy China ဟုလည်းသိကြသော CEEC သည် လည်း နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းစုတခုဖြစ်သည်။ ထိုလုပ်ငန်းသည် မြန်မာနိုင်ငံရှိ စွမ်းအင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကာ အဓိကစွမ်းအင် စီမံကိန်းများအတွက် နည်းပညာအထောက်အကူများပေးနေသည်။ ထိုလုပ်ငန်းသည် ၁၁၈ မဂ္ဂါဝပ် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံတခုကို မွန်ပြည်နယ်တွင် တည်ဆောက်ထားပြီးဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် CEEC ဦးဆောင်သော လုပ်ငန်းစုတခုကို ရန်ကုန်ရှိ အလုံမြို့နယ်တွင် ၁၂၀ မဂ္ဂဝပ် ဓါတ်အားပေးစက်ရုံတည်ဆောက်ရန် အပ်နှံခဲ့သည်။
“အချို့ တရုတ်ကုမ္ပဏီတွေက ပြည်တွင်းလုပ်ငန်းတွေနဲ့ ဖက်စပ်ဖြစ်ပေမယ့် ရှယ်ယာပိုင်ဆိုင်မှု အချိုးအစားကို လေ့လာတဲ့အခါ တရုတ်တွေက ရှယ်ယာအများစုကို ပိုင်နေတာတွေ့ရတယ်”
“အချို့ တရုတ်ကုမ္ပဏီတွေက ပြည်တွင်းလုပ်ငန်းတွေနဲ့ ဖက်စပ်ဖြစ်ပေမယ့် ရှယ်ယာပိုင်ဆိုင်မှု အချိုးအစားကို လေ့လာတဲ့အခါ တရုတ်တွေက ရှယ်ယာအများစုကို ပိုင်နေတာတွေ့ရတယ်”ဟု ဒေါက်တာ မြင့်စန်းပြောသည်။
“သူတို့တွေက တခြားရင်းနှီးမြုပ်နှံမှု အလားအလာကိုလည်း ရှာဖို့စိတ်အားထက်သန်ကြတယ်။ သူတို့တွေကို လေ့လာကြည့်တဲ့အခါ သူတို့က သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုအတွက် စာရွက်စာတမ်းတွေကိုလည်း ပြင်ဆင်လာတာတွေ့ရတယ်” ဟုလည်း သူပြောသည်။
ထို အထူးစီးပွားရေးဇုန် စီမံကိန်းမှာမူလက ထိုင်းအစိုးရ၏ ကျောက်ထောက်နောက်ခံပြုသော စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းကို အကောင်အထည်ဖေါ်ရန်နှင့် ထားဝယ် SEZ အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် Italian-Thai Development PCL (ITD) ကို ၂၀၀၈ ခုနှစ်က ၇၅ နှစ်သက်တမ်းဖြင့် ခွင့်ပြုထားပြီးဖြစ်သည်။ ထိုစီမံကိန်းသည် ၂၀၁၅ ခုနှစ်တွင် ပြီးစီးရမည်ဖြစ်သော်လည်း ဘဏ္ဍာငွေအကျပ်အတည်းကြောင့် ITD သည် ၂၀၁၃ ခုနှစ်တွင် ထိုသဘောတူညီချက်မှ နုတ်ထွက်သွားသည်။
ITD နှင့် အခြားဆက်စပ်ကုမ္ပဏီများ အနေဖြင့် ၂၇ စတုရန်းကီလိုမီတာကျယ်သော မြေတွင် အခြေခံအဆောက်အအုံ စီမံကိန်းများ၏ ပထမဆင့်ကို အကောင်အထည်ဖေါ်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်တွင် မြန်မာနှင့် ထိုင်းအစိုးရတို့ ညှိနှိုင်းခဲ့သည်။ စက်မှုဇုန်တခုနှင့် ဓါတ်အားပေးစက်ရုံတရုံ၊ ဆိပ်ကမ်းငယ်တခု၊ သဘာဝဓါတ်ငွေ့ရည် ဆိပ်ကမ်းတခုနှင့် အခြားဆက်စပ်စီမံကိန်းများ ကဲ့သို့သော အထောက်အကူပြု အခြေခံအဆောက်အအုံများတည်ဆောက်ရန် စသည့် ကနဦးအဆင့်ကို လုပ်ကိုင်ရန် ITD ဦးဆောင်သည့် လုပ်ငန်းစု တခုကို ၂၀၁၅ ခုနှစ် သြဂုတ်လနှင့် ၂၀၁၆ ခုနှစ် မတ်လတွင် ခွင့်ပြုခဲ့သည်။
ထားဝယ် SEZ သည် တိုကျို၏ မဲခေါင်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေး သေနင်္ဂဗျူဟာဟ၏ အစိတ်အပိုင်းဖြစ်သော တောင်ပိုင်းစီးပွားရေး စင်္ကြံန်တွင်ပေါ်တွင် တည်ရှိနေသောကြောင့် ဂျပန်နိုင်ငံကလည်း စိတ်ဝင်စားသည်။ ထိုင်းနှင့် ဂျပန်နိုင်ငံများသည် လုပ်ငန်းတည်ထောင်ရေး သဘောတူညီချက်ကို မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးကြပြီး ထိုသဘောတူညီချက်အရ ဂျပန်နိုင်ငံသည် Dawei SEZ Development Company Limited (SPV) တွင် တတိယမြောက်ရှယ်ယာပိုင်ရှင်ဖြစ်လာသည်။
ထို Dawei SEZ Development Company Limited (SPV) ၏ အစုရှယ်ယာရှင်များမှာ ထိုင်းနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများ စီးပွာရေးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (NEDA)၊ မြန်မာနိုင်ငံမှ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနနှင့် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဘဏ် (JBIC) တို့ဖြစ်ပြီး ၎င်း၏ အဓိကတာဝန်မှာ SEZ ကို ကျယ်ပြန့်စွာ အကောင်အထည်ဖေါ်ရေး စီမံခန့်ခွဲရေး ကော်မတီသို့ အကြံပေးရန်နှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ရန်ဖြစ်သည်။ သို့သော် ထို ကုမ္ပဏီသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို စည်ရုံးခြင်း မရှိခဲ့ပေ။
လွန်ခဲ့သော နှစ်တွင်မူ မြန်မာအစိုးရနှင့် IDTတို့သည် ကနဦးအဆင့်တည်ဆောက်ရေးအတွက် နောက်ဆုံး ညှိနှိုင်းမှုများ ပြီးစီးခဲ့သည်။ သို့သော် ထ်ိုကုမ္ပဏီသည် စီမံကိန်းကို စတင်ရန် စိတ်ဝင်စားခြင်းမရှိပေ။ ကနဦး သဘောတူညီချက်အရ မြန်မာနှင့် ထိုင်းနိုင်ငံအစိုးရများသည် ကနဦး အဆင့်ကို ပထမ အကောင်အထည်ဖေါ်ရန် သဘောတူခဲ့ပြီးဖြစ်သည်။
![](https://burma.irrawaddy.com/wp-content/uploads/2020/09/IMG_8854-900x600-1.jpg)
သို့သော် လွန်ခဲ့သော အောက်တိုဘာလက ကျင်းပသည့် နှစ်နိုင်ငံ ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွင် အစိုးရနှစ်ရပ်တို့သည် စီမံကိန်း၏ ကနဦးအဆင့်နှင့် အဆင့်အားလုံးကို တပြိုင်နက်အကောင်အထည်ဖေါ်ရန် သဘောတူခဲ့သည်။ ထို့အပြင် ရေနက်ဆိပ်ကမ်းနှင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးအပါအဝင် စီမံကိန်းတခုလုံးကို အကောင်အထည်ဖေါ်ရေး တတိယ ကြားလူ ရင်းနှီးမြှုပ်နှံသူကိုလည်း ဖိတ်ခေါ်ရန်ကိုလည်း ဆုံးဖြတ်ခဲ့သည်။
ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) သည်လည်း NEDA ၏ မူလ မဟာစီမံချက်သည် ပြောင်းလဲနေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုအခြေအနေများနှင့် ကိုက်ညီခြင်း ရှိ မရှိကို အချက်အလက်ရှာဖွေ လေ့လာမှု ပြုလုပ်ခဲ့သည်။ ကော်မတီ၏ အဆိုအရ ဆိုပါက NEDA ၏ မူလစီမံကိန်းသည် အကြီးစားစက်မှုလုပ်ငန်းများကို အဓိကထားပြီး JICA ၏ လေ့လာမှုတွင် အသေးစားစက်မှုလုပ်ငန်းများကို အဓိကထားကြောင်း သိရသည်။ သို့သော်မြန်မာနိုင်ငံကမူ မည်သည့် တည်ဆောက်ရေးပုံစံကို ရွေးချယ်မည်ကို ဆုံးဖြတ်ရခြင်း မရှိသေးပေ။
“JICA က ထားဝယ် SEZ အတွက် တည်ဆောက်ရေးပုံစံကို တင်သွင်းလာကတည်းက ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ ကျနော်တို့ဆီကို သေချာပေါက်ရောက်လာမယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့တယ်။ ဂျပန် ရှယ်ယာရှင်တွေနဲ့ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ကျင်းပပေမယ့်လည်း သူတို့က ဒီစီမံကိန်းကို စိတ်ဝင်စားမှု မပြသကြဘူး” ဟု ဒေါက်တာ မြင့်စန်းပြောသည်။
“ဂျပန်ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်အောင် အစိုးရချင်း သဘောတူစာချုပ်ချုပ်ပါလို့တောင်ကျနော်တို့ကပြောတယ်။ ဒါပေမယ့် သူတို့မလုပ်ခဲ့ဘူး”
“ဂျပန်ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်အောင် အစိုးရချင်း သဘောတူစာချုပ်ချုပ်ပါလို့တောင်ကျနော်တို့ကပြောတယ်။ ဒါပေမယ့် သူတို့မလုပ်ခဲ့ဘူး”ဟုလည်း သူပြောသည်။
“ဂျပန်ရင်နှီးမြှုပ်နှံသူတွေရဲ့အမြင်မှာ ထားဝယ်စီမံကိန်းက အကျိုးအမြတ်ရဖို့ အကြာကြီး စောင့်ရမယ်လို့ထင်နေတာ။ အခြေခံအဆောက်အအုံကလည်း အားနည်းတယ်။ ဒါတွေက သူတို့ ရင်းနှီးမြှုပ်နှံဖို့ စိတ်မဝင်စားတဲ့ အဓိကအကြောင်းတွေဖြစ်မယ် ထင်တယ်” ဟုလည်း သူပြောသည်။
အခြေခံအဆောက်အအုံ အားနည်းခြင်း အထူးသဖြင့် လမ်းများနှင့် လျှပ်စစ်ဓါတ်အား ရရှိမှုတို့သည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် အဓိက စိန်ခေါ်မှုများဖြစ်သည်။ ထားဝယ် SEZ စီမံကိန်း၏ အစိတ်အပိုင်းတွင် ထားဝယ်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်မည့် နှစ်လမ်းသွားလမ်းဖေါက်လုပ်ရေးပါဝင်နေသည်။ ထိုစီမံကိန်းအတွက် ပြည်ထောင်စုလွှတ်တော်က NEDA ထံမှ ဘတ် ၄.၅ ဘီလျှံ (ကျပ် ၁၈၆.၂၆ ဘီလျှံ) အတိုးနိမ့်ချေးငွေကို လွန်ခဲ့သောနှစ် မတ်လက အတည်ပြုပေးခဲ့သည်။ ထိုလမ်းသည် ထီးခီးနယ်စပ်စခန်းမှ SEZ သို့ မေတ္တာမှ တဆင့်ဆက်သွယ်ပြီး SEZ တည်ဆောက်ရေးအတွက် လိုအပ်သောကုန်ကြမ်းများကို သယ်ယူပို့ဆောင်ရေးတွင် အထောက်အကူပြုစေရန်ဖြစ်သည်။
![](https://burma.irrawaddy.com/wp-content/uploads/2020/09/SEZ-2-copy-900x350-1.jpg)
တနင်္သာရီတိုင်းမှ ဒေသခံများ၏ ၁၆ ရာခိုင်နှုန်းကိုသာ နိုင်ငံ၏ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်က ပြောကြားခဲ့သည်။ လတ်တလောတွင် အစိုးရသည် ထားဝယ်အတွက် အမျိုးသားဓါတ်အားလိုင်းနှင့် ဆက်သွယ်ရန် ဓါတ်အားဖြန့်ချိရေးလိုင်းများကို တည်ဆောက်ရန် စီစဉ်နေသည်။
တဖက်တွင်လည်း တရုတ်အစိုးရသည် ထားဝယ် SEZ တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှာရန် ထိုစီမံကိန်းအတွက်လေ့လာမှု အစီရင်ခံစာများကို မြန်မာအစိုးရထံမှ တောင်းခံခဲ့ကြောင်း ထိုကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သည့် ရင်းမြစ်တခု၏ အဆိုအရ သိရသည်။ သို့သော် ထို လေ့လာမှုများကို တတိယကြားလူအားပြသခွင့်မရှိဟု အစိုးရက သဘောတူခဲ့သောကြောင့် အစိုးရက ထိုကိစ္စများကို တရုတ်အား အသိမပေးရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။
SEZ စီမံခန့်ခွဲရေးကော်မတီကမူ ကိုဗစ်-၁၉ အခြေအနေပြန်လည်ကောင်းမွန်သော အခါ အိန္ဒိယမှ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် စဉ်းစားနေသည်။
“လျှပ်စစ်ဓါတ်အားရရှိရေးနဲ့ နှစ်လမ်းသွားလမ်းကို အကောင်အထည်ဖေါ်နေပြီ။ ရေနက်ဆိပ်ကမ်းကို တည်ဆောက်ဖို့လိုလိမ့်မယ်။ အခုလောလောဆယ်တော့ ရေနက်ဆိပ်ကမ်းအတွက် ရင်းနှီးမြှုပ်နှံသူကို ကျနော်တို့ ရှာနေတယ်” ဟု ဒေါက်တာ မြင့်စန်းပြောသည်။
“ဒီစီမံကိန်းက အရမ်းကြီးတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံတည်းနဲ့ ဒီစီမံကိန်းကို တည်ဆောက်ဖို့ မတတ်နိုင်ဘူး။ ဒါဟာသေနင်္ဂဗျူဟာကျတဲ့ စီမံကိန်းဖြစ်ပြီး ပထဝီတည်နေရာအရလည်း အရေးပါတယ်။ ဘယ်သူမှ ရင်းနှီးမြှုပ်နှံခြင်းမပြုရင်တော့ တရုတ်နိုင်ငံလို အခြားနိုင်ငံတွေနဲ့ အစိုးရခြင်း သဘောတူညီချက်နဲ့ရင်းနှီမြှုပ်နှံဖို့ ပြောရမှာပဲ” ဟုလည်း သူပြောသည်။
“ဒေသခံတွေက ဒီစီမံကိန်းကို စောင်နေရတာ အရမ်းကြာပြီဆိုတော့ ကျနော်တို့ကလည်း စိတ်မရှည်တော့ဘူး။ ကျနော်တို့ စောင့်နေတာ နှစ်ပေါင်းများစွာကြာပြီ။ တည်ဆောက်ရေးကို ဆက်မစောင့်နိုင်တော့ဘူး”
“ဒေသခံတွေက ဒီစီမံကိန်းကို စောင်နေရတာ အရမ်းကြာပြီဆိုတော့ ကျနော်တို့ကလည်း စိတ်မရှည်တော့ဘူး။ ကျနော်တို့ စောင့်နေတာ နှစ်ပေါင်းများစွာကြာပြီ။ တည်ဆောက်ရေးကို ဆက်မစောင့်နိုင်တော့ဘူး”ဟုလည်း သူပြောသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီရန် ရည်ရွယ်ချက်ဖြင့် ထားဝယ် SEZ တွင် ရင်းနှီးမြှုပ်နှံရန် လေ့လာနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဂျပန်သံရုံးမှ ဖွံဖြိုးတိုးတက်ရေး ဌာနခွဲအကြီးအကဲနှင့် သံမှူးကြီး ကာဇုယုကီ တာကီမီ က ဧရာဝတီသတင်းဌာနသို့ပြောသည်။
“ကျနော်တို့က ထားဝယ် SEZ မှာရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားတယ်။ ဒါပေမယ့် အစိုးရချင်းသဘောတူညီချက်အသေးစိတ်တွေကို ဆွေးနွေးဖို့ဆိုတာ အချိန်လိုတယ်။ ဒါ့အပြင် ဖြစ်နိုင်ခြေရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအသေးစိတ်တွေကို ကျနော်တို့စဉ်းစားဖို့လိုတယ်” ဟု တာကီမီ ပြောသည်။
“မြန်မာနိုင်ငံက ကမ်းလှမ်းတာကို ကျနော်တို့က အရမ်းကို ကျေးဇူတင်တယ်။ ထားဝယ် SEZ မှာ ရင်းနှီးမြှုပ်နှံဖို့ ကျနော်တို့ ဘာလုပ်နိုင်မယ်ဆိုတာကို မြန်မာအစိုးရနဲက ဆက်လက်ဆွေးနွေးမယ်” ဟု သူပြောသည်။
( Nan Lwin ၏ Chinese Companies Flocking to Southern Myanmar’s Industrial Complex Megaproject ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရွှေလီမြို့ Lockdown ချလိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေ
မြန်မာ့စီးပွားရေး ထိုးကျနေသော်လည်း ပြန်ခေါင်းထောင်မည်ဟု ADB ဆို
ကမ္ဘောဒီးယားစီမံကိန်း တရုတ်လုပ်ငန်းကို အမေရိကန် ပိတ်ဆို့အရေးယူ