ကိုဗစ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကုန်ကားဂိတ်များ ရပ်နားထားသည်မှာ ၆၀ ရာခိုင်နှုန်းခန့် ရှိနေကြောင်း မြန်မာနိုင်ငံ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်း သိရသည်။
မြန်မာနိုင်ငံ အဝေးပြေး ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးအောင်မိုးက “ တချို့ ကားသမား တွေ က နားကြတယ်။ တချို့ကျတော့ ပိတ်လိုက်တာတွေရှိတယ်။ အစစ်မခံချင်ဘူး၊ ရောဂါ ကူးမှာ ကြောက်နေကြတာ ကြောင့် ၃၀ ရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းတော့ သွားနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ကိုဗစ်ကာလတွင် မြန်မာနိုင်ငံ အနှံ့အပြားသို့ ကုန်စည် သယ်ယူပို့ဆောင်နေသော ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များကို COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ခြင်းကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် အောက် တိုဘာလ ၄ ရက်မှ စတင်၍ လုပ်ဆောင်ခဲ့ပြီး အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း လုပ်ဆောင်ပေးလျက်ရှိသည်။
ထိုသို့ လုပ်ဆောင်ရာတွင် ဆေးစစ်ချက်မှာ ၇၂ နာရီကြာလျှင် တကြိမ်ပြန်လည် စစ်ဆေးရသောကြောင့် ၃ ရက်တခါ စစ်ဆေးရခြင်းက တချို့ ခရီးဝေး သယ်ယူပို့ဆောင်နေသော ယာဉ်လုပ်သားများအတွက် ကုန်ကျစရိတ်နှင့် ကျန်းမာရေး အခက်အခဲများ ရှိသဖြင့် တချို့ ကုန်ကားများက မထွက်ကြခြင်း ဖြစ်ကြောင်း ကုန်ကားပိုင်ရှင် ဦးမောင်မောင်က ပြောသည်။
“သွားလာတာရှိပေမယ့် ကားတွေက လျော့သွားတယ်။ ကားတွေ မထွက်တော့ ကုန်တင်ရတာ နည်းနည်း ခက်လာတာပေါ့ ကားသမားတွေကလည်း နှာခေါင်း အထိုးမခံ နိုင်ကြဘူးလေ။ ဥပမာ တချို့ ကား ၅ စီး ထွက်တဲ့သူက ၁ စီး၊ ၂စီးပဲ ထွက် တော့တယ်ပေါ့။ တချို့က ပိတ်ထားတယ်။ ”
၎င်းက “သွားလာတာရှိပေမယ့် ကားတွေက လျော့သွားတယ်။ ကားတွေ မထွက်တော့ ကုန်တင်ရတာ နည်းနည်း ခက်လာတာပေါ့ ကားသမားတွေကလည်း နှာခေါင်း အထိုးမခံ နိုင်ကြဘူးလေ။ ဥပမာ တချို့ ကား ၅ စီး ထွက်တဲ့သူက ၁ စီး၊ ၂စီးပဲ ထွက် တော့တယ်ပေါ့။ တချို့က ပိတ်ထားတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်”ဟု ရှင်းပြသည်။
ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ COVID-19 ရောဂါကင်းရှင်းကြောင်း Rapid Antigen Test Kit နှင့် ဆေးစစ်ခကို ယခင်က ၁ ကြိမ်လျှင် ကျပ် ၂ သောင်း ပေးရသည်မှ ယခု အချိန်တွင် ထက်ဝက်နှုန်းဖြစ်သည့် ကျပ် ၁ သောင်းသို့ လျှော့ချသတ်မှတ်ကြောင်းလည်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းအချက်က ကုန်စည် သယ်ယူပို့ဆောင်ရေး၏ စရိတ်ကို သက်သာသွားသော်လည်း သယ်ယူပို့ဆောင်ရေး လုပ်ကိုင်နေ သော လုပ်ငန်းရှင်များက ဆေးစစ်ခ လျှော့ခြင်းထက် များများစစ်ပြီး မြန်မြန် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ စီးဆင်းနိုင်ရန် မျှော်လင့်နေကြသည်။
“ ၇၂ နာရီကို တခါ စစ်တယ်ဆိုတဲ့အတွက် ဒရိုင်ဘာတွေက သိပ်ပြီး မစစ်ချင်ကြဘူး။ သူတို့ကို စစ်ပြီးတော့ ၇၂ နာရီဆိုတော့ ၃ ရက်တခါ စစ်နေရတဲ့ အနေအထားမျိုး ဖြစ်တယ်။ အဝေးသွားတဲ့ သူတွေကျတော့ တလကို ၁၀ ကြိမ်လောက် စစ်ရတော့ ယာဉ်မောင်းတွေက သိပ်မစစ်ချင်ကြ ဘူး။ ”
ဦးအောင်မိုးက “ကုန်ကျစရိတ်တော့ သက်သာသွားတာပေါ့။ ဒါပေမယ့် ၇၂ နာရီကို တခါ စစ်တယ်ဆိုတဲ့အတွက် ဒရိုင်ဘာတွေက သိပ်ပြီး မစစ်ချင်ကြဘူး။ သူတို့ကို စစ်ပြီးတော့ ၇၂ နာရီဆိုတော့ ၃ ရက်တခါ စစ်နေရတဲ့ အနေအထားမျိုး ဖြစ်တယ်။ အဝေးသွားတဲ့ သူတွေကျတော့ တလကို ၁၀ ကြိမ်လောက် စစ်ရတော့ ယာဉ်မောင်းတွေက သိပ်မစစ်ချင်ကြ ဘူး။ ဆေးစစ်ဖို့ နေရာတွေကလည်း အခက်အခဲ တွေ ရှိနေတယ်”ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက “နေရာဒေသအနံှ့အပြားမှာ ဆေးစစ်တဲ့ နေရာ များများရှိဖို့ လိုတယ်။ ဥပမာ နယ်ဒေသတွေကို ရန်ကုန်မြို့က ကားအစီးရေ ၁၅၀၀ နဲ့ ၂၀၀၀ လောက် ထွက်နေတဲ့ အနေအထားမှာ စစ်တာက တနေ့ကို လူ ၅၀၀ လောက်ပဲ စစ်နိုင်တယ်။ ထွက်တာက တနေ့ကို လူ ၃၀၀၀ လောက်ထွက်တယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး ဖြစ်နေတာပေါ့နော်”ဟု လက်ရှိ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၏ အခြေအနေကို ရှင်းပြသည်။
ကုန်တင်ယာဉ်များ ဝင်/ထွက်မည့် နေရာအလိုက် ကိုဗစ်ရောဂါကင်းရှင်းကြောင်း ကျန်းမာရေး ဆေးစစ်မည့်နေရာများကို အစိုးရအနေနှင့် များများ စီစဉ် ထားပေးနိုင်လျှင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပို၍ မြန်ဆန်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
ရန်ကုန်တိုင်းအတွင်း၌ မင်းဓမ္မ MCC ခန်းမ ကိုဗစ်ရောဂါကင်းရှင်းကြောင်းကို စစ်ဆေးပေးနေပြီး လာမည့် ရက်ပိုင်းအတွင်း အမြန်လမ်းထိပ်တွင် စစ်ပေးနိုင်ရန် တိုင်းအစိုးရက ပြင်ဆင်လျက်ရှိကြောင်း အသင်းက သိရသည်။
ဦးအောင်မိုးက “ဒါကလည်း ရှိသမျှ လာသမျှကား အကုန်စစ်မယ်ဆိုရင် ကားပိတ်တာတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုနဲ့ ရင်ဆိုင်ရမယ့် အနေအထားရှိတယ်။ မနိုင်မနင်းနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တနေ့ကို လူ ငါးရာ နဲ့ ပိုပြီး မစစ်နိုင်ဘူး။ MCC နဲ့ နှစ်ခုပေါင်း မှ လူ ၁ ထောင်လောက်ပဲ စစ်နိုင်မှာ တကယ့်တကယ် သွားမယ့် အနေအထားက တရက်ကို ကားအစီး ၁၅၀၀ ဆိုရင် လူသုံးထောင်လောက် ဖြစ်နေတယ်” ဟု ထောက်ပြသည်။
ထိုအခြေအနေများကြောင့် လက်ရှိတွင် Supply နှင့် Demand မမျှတတော့ဘဲ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်း များတွင် အခက်အခဲများ ဆက်လက်ရှိနေမည်ဖြစ်ပြီး ကုန်စည်ပြတ်လပ်ခြင်းနှင့် ယခင်ထက် ဈေးအဆမတန် မြင့်တက်ခြင်း မဖြစ်နိုင်သော်လည်း အချိန်ကြန့်ကြာမှုများကြောင့် တချို့ကုန်စည်များတွင်တော့ ဈေးနှုန်း အနည်းငယ် တက်ခြင်း ရှိနိုင်ကြောင်း သိရသည်။
မီးဖိုချောင် စားသောက်ကုန်များဖြစ်သော ကြက်သွန်၊ အာလူး၊ ငရုတ်သီး၊ ဂေါ်ဘီ၊ ပန်းဂေါ်ဘီအစရှိသည့် ကုန်ဈေးနှူန်းများ ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်အထိ ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ခဲ့သော်လည်း အခု နောက်ပိုင်း ရက်များတွင် ဈေးတန်းသွားကာ ကုန်ကားများလည်း ဆင်းလာနေသည်ဟု ကုန်သည်များက ဆိုသည်။
သို့သော်ကုန်ကားခ ဈေးနှုန်းများအနေနှင့် တနေရာနှင့် တနေရာ မြန်မြန် သယ်ယူပို့ဆောင်လိုသော ကုန်စည်များ တင်ဆောင်သည့် အခြေအနေရှိခြင်း၊ ကုန်ကား အငှားရ ခက်ခြင်း တို့ကြောင့် ကားခ ဈေးနှုန်းအနေနှင့် ယခုအချိန်တွင် ဈေးတက်မှုများ ရှိနေသည်ဟု ဦးမောင်မောင်က ပြောသည်။
ဦးမောင်မောင် က “အခုကတော့ သယ်ယူပို့ဆောင်ရေးခက်တာ နေရာအနှံ့ပဲ ပထမ ရခိုင်မှာ ဖြစ်တော့ အစီး ၂၀၀ သွားနေတာကနေ ၅၀ လောက်ပဲ သွားနိုင်တယ်။ အခုတော့ ပုံမှန်လေးပဲရှိတယ်။ မန္တလေးတို့ ဘာတို့လည်း ပိတ်မိနေတာပေါ့။ အခု ထိုင်းဘက် ကရော၊ မူဆယ်ဘက်ကရော ပိတ်တယ်ဆိုရင် ကားလျှော့သွားတာပေါ့။ အဲဒါတွေ အခု ဆင်းမရဘူး” ဟု ပြောသည်။
ကျန်းမာရေးဝန်ကြီး ဌာန အနေနှင့် ကားအစီးရေ ၁ ထောင်ခန့်တွင် အစီးရေ ၃၀ ခန့်သာ ဆေးစစ်ပေးနိုင်ခြင်းကလည်း အဆင် မပြေကြောင်း၊ ဒုတိယ တချက်မှာ ယာဉ်လုပ်သားများ အနေနှင့် အမြဲတမ်းနှာခေါင်း အထိုးခံရခြင်းက နှာခေါင်းသွေးလျှံခြင်းများ ဖြစ်လာခြင်းတို့ကြောင့် အဆင်မပြေမှုများ ဖြစ်နေသည်ဟု ကုန်ကားပိုင်ရှင်များ ထံက သိရသည်။
You may also like these stories:
ကိုဗစ် အကန့်အသတ်များကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အခက်အခဲဖြစ်
ကိုဗစ်ကန့်သတ်ချက်ကြောင့် ကုန်စည် စီးဆင်းမှုနှေး၍ စားသောက်ကုန်အချို့ ဈေးတက်
ရန်ကုန်တိုင်း ဒေသကြီး (stay At home) ကာလအတွင်း ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးနှင့် ဖွင့်လှစ်ခွင့် ပြုထားသော လုပ်ငန်းများ စနစ်တကျ လည်ပတ် နိုင်ငံရေးတို့အတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးရာတွင် ကုန်စည်ပို့ဆောင်ရေး၌ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ထုတ်ပေးမည့် COVID-19 ကင်းရှင်းကြောင်း Certificate သက်တမ်းကာလအား ၇၂ နာရီသတ်မှတ်ခြင်း အစား ရန်ကုန် အဝင်နှင့် အထွက် ဂိတ်များတွင်သာ စစ်မည်ဟု ညွှန်ကြားထားကြောင်း အစည်းဝေးတွက် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွဲဖက် အတွင်းရေးမှူး ဦး အေးထွန်းက ပြောသည်။
လမ်းခုလတ်တွင် ထပ်မံ စစ်ဆေးခြင်း မပြုရေးတို့ကို ဆွေးနွေးခဲ့ကြသော်လည်း လက်ရှိတွင် Test Kits စစ်ခကို သာ ကျပ် ၁ သောင်းအထိ လျှော့ချကြောင်း ကြေညာထားသော်လည်း ဆေးစစ်ရမည့် ကန့်သတ်ချက်ကို ထုတ်ပြန်ထားခြင်း မရှိပေ။