မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာစေရေး – ကမ္ဘောဇဘဏ်က ပညာရေးမှတဆင့် လူမှုဘဝတွေ တိုးတက်ပြောင်းလဲစေမယ့် အခွင့်အလမ်းတွေကို ဘယ်လို ပေးအပ်နေလဲ
ကမ္ဘောဇဘဏ်ကနေ ‘20 in 2020’ ဆိုတဲ့ အကြောင်းအရာပေါင်း (၂၀) ပါဝင်တဲ့ အခန်းဆက် အစီအစဉ်တစ်ခုကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်ကနေတဆင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇဘဏ်နဲ့ KBZPay တို့ ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို အကြောင်းအရာပေါင်း (၂၀) ရွေးချယ်ထုတ်နှုတ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျောင်းသား၊ ကျောင်းသူတွေကို သူတို့ သင်ကြားလိုတဲ့ ပညာရပ်တွေ သင်ကြားနိုင်အောင် ပံ့ပိုးပေးပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ထူးချွန်ထက်မြက်သူတွေ ပေါ်ထွက်လာအောင် ကြိုးပမ်းဆောင်ရွက်နေတဲ့အကြောင်း ပြောပြဖို့ ရွေးချယ်ထားပါတယ်။
ကမ္ဘောဇဘဏ်ရဲ့ Social Purpose and Impact Partnership ကော်မတီရဲ့ မဏ္ဍိုင်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာစေရေးဆိုတဲ့ အချက်အရ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆက်မပြတ် ပံ့ပိုးကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကမ္ဘောဇဘဏ်ရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဒေါ်နန်းလိုင်းခမ်းကတော့ “မြန်မာနိုင်ငံ နေရာဒေသ အသီးသီးက လူမှုရေး၊ စီးပွားရေးနောက်ခံ မတူကွဲပြားကြတဲ့ ပြည်ထောင်စုဖွားလူငယ်တွေအားလုံး ကိုယ့်ရဲ့ဘဝကို တိုးတက်ပြောင်းလဲစေမယ့် အခွင့်အလမ်းတွေ ပေးအပ်သွားဖို့ ကျွန်မတို့ အလေးထား ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာစေရေးဆိုတဲ့ အချက်ဟာလည်း ကျွန်မတို့ Social Purpose and Impact Partnership ကော်မတီ (SPIPC) ရဲ့ အဓိက ဦးစားပေး မဏ္ဍိုင် (၃) ရပ်ထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေ ပညာသင်ယူလေ့လာနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ပေးရင်း၊ လူမှုရပ်ဝန်း ပြောင်းလဲတိုးတက်စေမယ့် လမ်းကြောင်းတစ်ခုဖြစ်တဲ့ ပညာရေးအတွက် ပံ့ပိုးလှူဒါန်းပေးရင်း ကျွန်မတို့ တိုင်းပြည်ကြီး ဒီ့ထက် စည်ပင်ဖွံ့ဖြိုးစေဖို့၊ ဒေသခံပြည်သူတွေအတွက် ပိုကောင်းတဲ့ အနာဂတ်တစ်ခု ပုံဖော်နိုင်ဖို့ ရင်းနှီးမြုပ်နှံသွားပါဦးမယ်” လို့ ဆိုပါတယ်။
ပြည်တွင်းတက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း
ကမ္ဘောဇဘဏ်ကနေ ဆေးပညာနဲ့ အင်ဂျင်နီယာ စတဲ့ နယ်ပယ်တွေမှာ အဆင့်မြင့်ပညာရေးကို လေ့လာသင်ကြား နေကြတဲ့ ပြည်တွင်းတက္ကသိုလ်တွေက ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာသင်ထောက်ပံ့ကြေးတွေ ပေးအပ်ထားပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ကမ္ဘောဇဘဏ်ကနေ ကျောင်းသား၊ ကျောင်းသူ (၈၅) ဦးရဲ့ ကျောင်းစရိတ်နဲ့ နေ့စဉ် အသုံးစရိတ်တွေအတွက် စုစုပေါင်း မြန်မာကျပ်ငွေ (၉၃) သန်း ကူညီထောက်ပံ့ခဲ့ပါတယ်။
အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် မှ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆုများ
၂၀၁၈ ခုနှစ် ကတည်းက ကမ္ဘောဇဘဏ်ကနေ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်က ကျောင်းသား၊ ကျောင်းသူ အယောက် (၁၀၀) အတွက် စေတနာ၊ မေတ္တာအရင်းခံပြီး ပညာသင်ဆုတွေ ပေးအပ်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကမ္ဘောဇဘဏ်ကနေ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်က ကျောင်းသား၊ ကျောင်းသူ အယောက် (၉၀) အတွက် ပညာသင်ဆုထောက်ပံ့ကြေး ငွေကျပ် (၇၂) သန်း ပေးအပ်ခဲ့ပါတယ်။ အဲဒီပညာသင်ဆုက ရရှိတဲ့ ငွေကျပ် (၈၀၀,၀၀၀) နဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်းမှာ ကျောင်းလခ၊ အဆောင်ငှားရမ်းစရိတ်၊ ကျောင်းပြင်ပသင်တန်းနဲ့ စားသောက်စားရိတ်တွေအတွက် အသုံးပြုနိုင်ပါတယ်။ ပညာသင်ဆုရရှိသူတွေက သူတို့ရဲ့ တက္ကသိုလ်ပညာရေးမှာ ရလဒ်ကောင်းတွေ ရရှိမယ်ဆိုရင် ကမ္ဘောဇဘဏ်က ဘွဲ့ရတဲ့အထိ ပညာသင်ထောက်ပံ့ကြေး ဆက်လက် ပေးအပ်ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။
မကြာသေးမီက ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှု ပညာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး လက်ရှိ ကမ္ဘောဇဘဏ်မှာ အလုပ်ဝင်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုဇွဲသက်ပိုင်က “တစ်နယ်တစ်ကျေးကနေ ရန်ကုန်လို မြို့ကြီးပြကြီးမှာ ကျောင်းလာတက်ရတာကိုက အသေးဆုံး စိန်ခေါ်မှုတစ်ခုလို့ ဆိုရမှာပါပဲ။ ကမော္ဘဇဘဏ်ရဲ့ ပညာသင်ဆုက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အတော်လေးကို အထောက်အကူ ဖြစ်စေခဲ့ပြီး ငွေရေးကြေးရေးအတွက် စိတ်ပူနေဖို့ မလိုတဲ့အတွက် ကျောင်းစာတစ်ခုတည်းကိုပဲ အပြည့်အဝ အာရုံစိုက်နိုင်ခဲ့ပါတယ်။ ကျွန်တော် ရထားတဲ့ အခွင့်အရေးအပေါ်မှာ အကောင်းဆုံး ကြိုးစားခဲ့တဲ့ ရလဒ်ကတော့ ဘွဲ့တစ်ခုတင်မကဘဲ အခုလို ကကမ္ဘောဇဘဏ်ရဲ့ Corporate affairs ဌာနမှာ လုပ်ကိုင်ဖို့ ကြီးမားတဲ့ အလုပ်အကိုင် အခွင့်အလမ်းကြီးတစ်ခုကိုလည်း ရရှိခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
ပါရမီအင်စတီကျု့ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆုများနှင့် ပါရမီတက္ကသိုလ်အတွက် လှူဒါန်းမှု
၂၀၁၇ ခုနှစ်ကစပြီး မြန်မာနိုင်ငံ နေရာဒေသအသီးသီးက လူမှုရေး၊ စီးပွားရေးနောက်ခံ မတူကွဲပြားကြတဲ့ တိုင်းရင်းသား လူငယ်တွေ အပါအဝင် ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာသင်ဆုတွေ ပေးအပ်ဖို့ ပါရမီအင်စတီကျူ့နဲ့ ပါရမီဖောင်ဒေးရှင်းတို့ကို ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ကမ္ဘောဇဘဏ်ကနေ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ပါရမီ ခေါင်းဆောင်မှုရေးရာတန်းခွဲက ကျောင်းသား (၄) ဦးအတွက် စုစုပေါင်း ငွေကျပ်သန်း (၃၀) တန်ဖိုးရှိတဲ့ ရာနှုန်းပြည့် ပညာသင်ဆုတွေ ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ပညာသင်ဆု အစီအစဉ်နဲ့အတူ ကမ္ဘောဇဘဏ်ကနေ ပါရမီတက္ကသိုလ် ကျောင်းပရဝုဏ်သစ်အတွင်း နိုင်ငံတကာ အဆင့်မီ ခန်းမဆောင်တစ်ခု ဆောက်လုပ်နိုင်ဖို့အတွက် ငွေကျပ် (၁.၄) ဘီလီယံကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပါဝင်လှူဒါန်းခဲ့ပါတယ်။ ဒီအဆင့်မြင့် ခန်းမဆောင်ကို ကျောင်းတွင်းလှုပ်ရှားမှုအမျိုးမျိုးအတွက် လိုအပ်သလို အသုံးပြုနိုင်ဖို့၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ယူလေ့လာရေးမှာ အရေးပါတဲ့ နေရာတစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ပြီး နောက်ဆုံးပေါ် ခေတ်မီစနစ်တွေ ထည့်သွင်းတည်ဆောက်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးမျိုးသော အခမ်းအနားများနဲ့ လှုပ်ရှားမှုမျိုးစုံ ကျင်းပဖို့ ပင်မ စုဝေးရာ နေရာတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
United World College of South East Asia မှ ကျောင်းသူ၊ ကျောင်းသားများအတွက် ပညာသင်ဆုများ
၂၀၁၇ ခုနှစ်ကစပြီး ကမ္ဘောဇဘဏ်အနေနဲ့ United World College of South East Asia ရဲ့ စင်ကာပူကျောင်းခွဲမှာ နှစ်နှစ်ကြာ International Baccalaureate ဒီပလိုမာ အစီအစဉ် တက်ရောက်မယ့် မြန်မာကျောင်းသူ၊ ကျောင်းသား တွေအတွက် စုစုပေါင်း ငွေကျပ် သိန်း (၄,၅၇၀) တန်ဖိုးရှိ ရာနှုန်းပြည့် ပညာသင်ဆုတွေ ပေးအပ်ခဲ့ပါတယ်။ နာမည်ဂုဏ်သတင်း ကြီးမားတဲ့ ဒီပလိုမာ အစီအစဉ်ရဲ့ ၂၀၁၉ – ၂၀၂၁ တန်းခွဲမှာ လက်ရှိ တက်ရောက်ပညာ သင်ကြားနေတဲ့ မြန်မာကျောင်းသားတစ်ဦးကို ပညာသင်ဆု ပေးအပ်ခဲ့ပြီး ၂၀၂၁ – ၂၀၂၃ တန်းခွဲမှာ တက်ရောက်ဖို့ စာရင်းပေးသွင်းကြမယ့် ကျောင်းသား၊ ကျောင်းသူတွေထဲက တစ်ဦးကိုလည်း ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
ကမ္ဘောဇဘဏ်အနေနဲ့ အခုလို ကျောင်းသား၊ ကျောင်းသူတွေအတွက် ပုံစံမျိုးစုံနဲ့ အဘက်ဘက်ကနေ ငွေကြေး ထောက်ပံ့မှုတွေ ပေးအပ်နေတဲ့အပြင် အလားအလာရှိတဲ့သူတွေကို အနာဂတ်ခေါင်းဆောင်တွေအဖြစ် ပုံသွင်းဖို့ အလုပ်သင် အစီအစဉ်တွေ၊ ထူးချွန်ထက်မြက်သူတွေ ထွက်ပေါ်လာစေမယ့် အခွင့်အလမ်းတွေ ပေးအပ်လျက် ရှိပါတယ်။
တကယ်လို့ မိတ်ဆွေက ပညာရေးအဖွဲ့အစည်း တစ်ခုခုကဖြစ်ပြီး ကမ္ဘောဇဘဏ်ရဲ့ နောက်လာမယ့် ပညာသင်ဆု အစီအစဉ်တွေမှာ ပူးပေါင်းပါဝင်လိုတယ်ဆိုရင် ကမ္ဘောဇဘဏ်ရဲ့ ဝက်ဘ်ဆိုက် www.kbzbank.com/en/social-purpose-impact-partnership-request-form ကနေ Social Purpose & Impact Partnership လျှောက်လွှာကို ဖြည့်ပြီး ပေးပို့နိုင်ပါတယ်။
(အယ်ဒီတာမှတ်ချက်။ ။ ဖော်ပြပါဆောင်းပါးသည် Sponsored ဆောင်းပါးဖြစ်သည်။)
You may also like these stories:
KBZ ဘဏ်မှ COVID-19 ရောဂါ ထိန်းချုပ်ရေးအတွက် ကျပ်သိန်း ၆ သောင်းကျော် လှူဒါန်းထား