ရန်ကုန်မြို့သစ် စီမံကိန်း၏ ပထမအဆင့်ကို အကောင်အထည်ဖော်မည့် တရုတ် ကုမ္ပဏီ၏ အဆိုပြုချက်ကို ယှဉ်ပြိုင်ရန် စိတ်ဝင်စားသည့် အိန္ဒိယ၊ စင်္ကာပူ၊ ပြင်သစ်နှင့် ထိုင်ဝမ် အခြေစိုက်ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၉ ခု ကို မြန်မာအစိုးရက “အဆိုပြုလွှာတောင်းဆိုချက်” (RFP) စာရွက်စာတမ်းများ ထုတ်ပေးခဲ့သည်။ ရန်ကုန်မြို့သစ် စီမံကိန်းသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးသည့် ခေတ်သစ်ပိုးလမ်းမ Belt and Road Initiative (BRI) ၏ တစိတ်တပိုင်း ဖြစ်သည်။
ဘေဂျင်းအခြေစိုက် China Communication Construction Co. , Ltd. (CCCC) မှ တင်သွင်းထားသော ကနဦး ဖွံ့ဖြိုးရေး အဆိုပြုချက်နှင့် ယှဉ်ပြိုင်မည့် အစီအစဉ်များကို တင်သွင်းရန် ကုမ္ပဏီ ၉ ခု က အရည်အချင်းပြည့်မီခဲ့သည်။ ထို့ပြင် ၎င်းတို့ကို မရှိမဖြစ် လိုအပ်သော အထောက်အကူပြု အခြေခံအဆောက်အဦးများ ဆောက်လုပ်ရမည့် အတိုင်းအတာ ကဲ့သို့သော အသေးစိတ်အချက်အလက်များ အပါအဝင် စက်မှုဇုန် အတွက် CCCC ၏ အဆိုပြုချက်ကို ရရှိခွင့်ပြုမည် ဖြစ်သည်။ လျှောက်ထားသူများက တင်ပြရမည့် စာရွက်စာတမ်းများနှင့် “Swiss Challenge” တင်ဒါ ခေါ်ယူခြင်း လုပ်ငန်းစဉ်အတွက် အချိန်ကာလ သတ်မှတ်ချက် တခုကိုလည်း ရရှိမည်ဖြစ်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ရန်ကုန်မြို့သစ်အား BRI ၏ အဓိက အစိတ်အပိုင်း တခုဖြစ်သော တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ၏ ဒေါက်တိုင်တခု အဖြစ် အမည်တပ်ခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ရန်ကုန်မြို့သစ်အား BRI ၏ အဓိက အစိတ်အပိုင်း တခုဖြစ်သော တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ၏ ဒေါက်တိုင်တခု အဖြစ် အမည်တပ်ခဲ့သည်။
ယခုနှစ် အစောပိုင်းက သူ၏ မြန်မာနိုင်ငံ ခရီးစဉ်မှ CMEC စီမံကိန်းများကို လက်တွေ့ အကောင်အထည်ဖော်ရန် မြန်မာအစိုးရအား ထပ်တလဲလဲ တောင်းဆိုခဲ့ပြီး ရလဒ်ကို ဦးတည်သည့် BRI ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရေး ၂ ဘက်လုံးကို တောင်းဆိုခဲ့သည်။ အထူးသဖြင့် CMEC ၏ ဒေါက်တိုင်များအဖြစ် သတ်မှတ်ထားသော စီမံကိန်းများအတွက် ဖြစ်သည်။
မြို့သစ် စီမံကိန်းအတွက် စက်မှုဇုန်တခုနှင့် ဆက်စပ်သည့် အခြေခံအဆောက်အဦးများ တည်ဆောက်ရန် စိတ်ဝင်စားကြောင်း တင်ပြသည့် ကုမ္ပဏီ ၁၆ ခု အနက် ၁၅ ခုကို RFP ဝယ်ရန် ဖိတ်ခေါ်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) က ပြောသည်။ နောက်ဆုံးရက် ဖြစ်သည့် နိုဝင်ဘာ ၆ ရက်နေ့ မတိုင်မီ ကုမ္ပဏီ ၉ ခု က RFP များ ဝယ်ယူခဲ့သည်။
ဂျာမန် အတိုင်ပင်ခံကုမ္ပဏီ တခုဖြစ်သည့် Roland Berger က ကြီးကြပ်သော Swiss Challenge တင်ဒါလုပ်ငန်းစဉ်အရ ပိုမို ကောင်းမွန်သော အချက်အလက်များ ကမ်းလှမ်းနိုင်ရေး အတွက် အခွင့်အရေး ရရှိစေရန် CCCC ၏ စီမံကိန်း အကောင် အထည်ဖော်ရေး အဆိုပြုလွှာများ၏ အသေးစိတ်ကို အရည်အချင်းပြည့်ဝသော ကုမ္ပဏီများ ရရှိနိုင်အောင် ပြုလုပ်ပေးထားသည်။ အကယ်၍ ကုမ္ပဏီတခုက ပိုမိုနည်းပါးသော ဈေးနှုန်းနှင့် ပိုမိုကောင်းမွန်သော စည်းကမ်းချက်များဖြင့် အောင်မြင်စွာ စိန်ခေါ် နိုင်ခဲ့ပါက CCCC ကို ၎င်း၏ ကုန်ကျစရိတ်များ ပြန်အမ်းပေးဆပ်ရန် လိုအပ်မည် ဖြစ်သည်။
MIFER ၏ အဆိုအရ အရည်အချင်းပြည့်မီသော ကုမ္ပဏီ ၉ ခု မှာ ထိုင်ဝမ်မှ BES Engineering Corporation ၊ ပြင်သစ် ကုမ္ပဏီ ၃ ခု ဖြစ်သည့် BYMA Myanmar Limited၊ EDF HQ Singapore Pte. Ltd နှင့် SUEZ Group၊ အိန္ဒိယနိုင်ငံ မှ NTPC Limited ၊ စင်ကာပူနိုင်ငံမှ Nylect Technology (Myanmar) Ltd နှင့် ပြည်တွင်းကုမ္ပဏီ ၃ ခုဖြစ်သည့် Dragon Power Company Limited Myanmar၊၊ Myanmar National Brotherhood Consortium နှင့် Southern Metal Industry Co. , Ltd. တို့ ဖြစ်ကြသည်။
အဆိုပြုလွှာများ တင်သွင်းရန် နောက်ဆုံးအဖြစ် သတ်မှတ်သည့် ရက်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်ဖြစ်သည်။
အဆိုပါကုမ္ပဏီ ၉ ခုက ၎င်းတို့ ကိုယ်တိုင်ဖြစ်စေ၊ စီမံကိန်း၏ နည်းပညာနှင့် ဘဏ္ဍာရေး အတိုင်းအတာကို လွှမ်းခြုံမိရန် ဖွဲ့စည်းထားသည့် လုပ်ငန်းစုတခု၏ အစိတ်အပိုင်း အနေဖြင့်ဖြစ်စေ အဆိုပြုနိုင်သည်ဟု MIFER က ဆိုသည်။
အဆိုပြုလွှာများ တင်သွင်းရန် နောက်ဆုံးအဖြစ် သတ်မှတ်သည့် ရက်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်ဖြစ်သည်။
BYMA Myanmar Limited (BYMA) သည် Bouygues Construction ၏ လုပ်ငန်းခွဲ ဖြစ်သည့် Bouygues Batiment International နှင့် စင်ကာပူတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတခု ဖြစ်သော Yoma Strategic Holdings (YSH) တို့၏ ဖက်စပ် လုပ်ငန်းဖြစ်သည်။ YSH ကို စီမံခန့်ခွဲသူမှာ ရန်ကုန် မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်း အစိုးရက ဖွဲ့စည်းထားသည့် ရန်ကုန်မြို့သစ်တည်ဆောက်ရေး ကုမ္ပဏီ (NYDC) ၏ အမှုဆောင်အရာရှိချုပ် (CEO) လည်းဖြစ်သည့် အိမ်ခြံမြေလုပ်ငန်းရှင် ဦးသိမ်းဝေ ခေါ် Mr. Serge Pun ဖြစ်သည်။
Yoma Strategic Holdings ၏ ဆက်နွယ်သော ကုမ္ပဏီတခုအနေဖြင့် BYMA ၏ အနေအထားက အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခအတွက် စိုးရိမ်စရာများ ဖြစ်ပေါ်စေ ခဲံသည်။ ထိုစိုးရိမ်မှုများကို တုန့်ပြန်သည့်အနေဖြင့် ဦးသိမ်းဝေက YSH သည် အစုရှယ်ယာ အနည်းစုကိုသာ ပိုင်ဆိုင်ထားပြီး BYMA ကို YSH မှ စီမံခန့်ခွဲခြင်း မဟုတ်ဘဲ Bouygues က စီမံခန့်ခွဲခြင်းသာ ဖြစ်ကြောင်း ပြောသည်။
ဦးသိမ်းဝေက RFP စာရွက်စာတမ်းများ လက်ခံရန် စိတ်ဝင်စားမှုကို သူကိုယ်တိုင်နှင့် YSH သို့ BYMA က အကြောင်းကြားခြင်း မရှိကြောင်း ပြောသည်။ RFP စာရွက်စာတမ်းများကို လက်ခံရန် BYMA ၏ စိတ်ဝင်စားမှုသည် လေလံဆွဲရန် မဟုတ်ဘဲ စီမံကိန်းအတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ကို ပိုမိုနားလည်ရန် ဖြစ်သည်ဟုလည်း ထပ်ပြောသည်။
စည်းမျဉ်း၊ စည်းကမ်းများအရ မူလ အဆိုပြုသူအနေဖြင့် CCCC သည် အနိုင်ရသော စိန်ခေါ်သူ၏ အဆိုပြုချက်ကို ကြေငြာပြီး နောက် ၄၅ ရက်အတွင်း အနိုင်ရသူ၏ အဆိုပြုချက်နှင့် ကိုက်ညီသော သို့မဟုတ် ပိုမိုကောင်းမွန်သော အဆိုပြုချက်ကို တင်ပြခွင့် ရရှိမည် ဖြစ်သည်။
သူ CEO အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း သူ၏ ထိန်းချုပ်မှုအောက်ရှိ ကုမ္ပဏီ များက NYDC နှင့် သက်ဆိုင်သည့် မည်သည့်လုပ်ငန်းကိုမဆို အဆိုပြု လေလံ တင်သွင်းခြင်းကို ထောက်ခံလိမ့်မည်မဟုတ်ကြောင်း သူက ပြောသည်။
စည်းမျဉ်း၊ စည်းကမ်းများအရ မူလ အဆိုပြုသူအနေဖြင့် CCCC သည် အနိုင်ရသော စိန်ခေါ်သူ၏ အဆိုပြုချက်ကို ကြေငြာပြီး နောက် ၄၅ ရက်အတွင်း အနိုင်ရသူ၏ အဆိုပြုချက်နှင့် ကိုက်ညီသော သို့မဟုတ် ပိုမိုကောင်းမွန်သော အဆိုပြုချက်ကို တင်ပြခွင့် ရရှိမည် ဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် NYDC က ရန်ကုန်မြို့သစ် စီမံကိန်း၏ ကနဦးအဆင့်ကို အကောင်အထည်ဖော်ရေး အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံ (ကျပ် ၁.၉၆ ထရီလီယံ) တန် အဆိုပြုချက် ရေးဆွဲရန် CCCC နှင့် မူဘောင် သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးခဲ့သည်။ စီမံကိန်း တခုလုံးသည် စင်ကာပူထက် ၂ ဆ ပို ကျယ်သော ဧရိယာတခု ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားသည်။
ရေလွှမ်းမိုးတတ်သည့် နေရာတွင် တည်ရှိခြင်း နှင့် နာမည်ပျက်နေသော CCCC ၏ ပါဝင်ပတ်သက်မှုတို့ကြောင့် စီမံကိန်းက အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ရသည်။ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော တရုတ်အစိုးရပိုင်ကုမ္ပဏီ ဖြစ်သည့် CCCC သည် ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ် မှသည် တန်ဇန်းနီးယားအထိ အာဖရိကနှင့် အာရှရှိ အနည်းဆုံးနိုင်ငံ ၁၀ ခု မှ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများအတွက် သဘောတူညီချက်များနှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှုများနှင့် အကျင့်ပျက်ခြစားမှုများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲခံနေရကြောင်း နိုင်ငံတကာမီဒီယာများ၏ အဆိုအရ သိရသည်။
ဇူလိုင်လတွင် မြန်မာနိုင်ငံက ၎င်း၏ဘတ်ဂျက်ကို ဒေါ်လာသန်း ၈၀၀ အထိ လျှော့ချရန်အတွက် စီမံကိန်းကို အပိုင်းများ ခွဲထုတ်ခဲ့သည်။ အခြားကုမ္ပဏီများလည်း ကန်ထရိုက်အဖြစ် ပါဝင် အဆိုပြုလာနိုင်ရေး အားပေးရန် စီမံကိန်း၏ အရွယ်အစားကို လျှော့ချခဲ့သည်။
(Nan Lwin ၏ Nine Firms Qualify to Challenge Chinese Proposal for Myanmar’s New Yangon City Project ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်မည်
ပြည်ပငွေလွှဲလုပ်ငန်း လုပ်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၅ခုကို စတင်ခွင်ပြု
RCEP ကုန်သွယ်ရေး သဘောတူစာချုပ်က မြန်မာအတွက် ဘာအဓိပ္ပါယ်လဲ