တရုတ်နိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် လာမည့် ဒုတိယသက်တမ်းအတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာရန် ကြိုးစားခဲ့သည်။ ၎င်း၏ ရည်မှန်းချက်ကြီးမားသော ခေတ်သစ်ပိုးလမ်းမ Belt and Road Initiative (BRI) စီမံကိန်းများ အကောင်အထည်ဖော်ရေး အပါအဝင် ဖြစ်သည်။ တရုတ်နိုင်ငံ၏ နောက်လာမည့် ဖွံ့ဖြိုးတိုးတက်ရေး ၅ နှစ် အစီအစဉ်အရ မြန်မာနိုင်ငံ၏ ပို့ကုန်များအတွက် ၎င်း၏ ဈေးကွက်များကို ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်းလည်း ကတိ ပေးခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်း၏ “ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အသစ်များနှင့် တရုတ်-မြန်မာ ဆက်ဆံရေး ခေတ်ကာလသစ်” အမည်ရှိ ဆောင်းပါး တပုဒ်ကို မြန်မာအစိုးရပိုင်မီဒီယာများတွင် မကြာသေးမီက ဖော်ပြခဲ့သည်။ ထိုဆောင်းပါးတွင် သူက မြန်မာနိုင်ငံ၏ အောင်မြင်သော အထွေထွေရွေးကောက်ပွဲကို ချီးကျူးဂုဏ်ပြုခဲ့သည်။ မြန်မာနိုင်ငံတွင် လာမည့် ၅ နှစ်အတွက် အစိုးရသစ်ခု ဖွဲ့စည်းရန် ရှိနေသကဲ့သို့ပင် တရုတ်နိုင်ငံအနေဖြင့်လည်း စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို အကောင်အထည်ဖော်ရှိသည်ဟု သူက ဆိုသည်။
သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ် ရလဒ်များကို တက်တက်ကြွကြွ ဖော်ဆောင်ကာ ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းနှင့် မြန်မာဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ချိတ်ဆက်မှုကို တိုးမြှင့်၍ Belt and Road နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) အတူတကွတည်ဆောက်ရေးကို အဓိကထားပြီး နယ်ပယ်အသီးသီး လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်၍ နှစ်နိုင်ငံပြည်သူများ ဆောလျင်စွာ များပြားစွာ အကျိုး ခံစားရစေလိုပါသည်ဟု တရုတ်သံအမတ်ကြီးက ရေးသည်။
သမ္မတ ရှီကျင့်ဖျင်၏ ဇန်နဝါရီလက ခရီးစဉ်အတွင်း တရုတ်နှင့် မြန်မာနိုင်ငံတို့က CMEC ၏ ပင်မကျောရိုး စီမံကိန်းများနှင့် အတူ ရှေ့ဆက်သွားရန် သဘောတူခဲ့ကြသည်။ CMEC သည် သမ္မတ ရှီကျင့်ဖျင်၏ ကြီးကျယ်ခန်းနားသော အခြေခံ အဆောက်အဦး အစီအမံဖြစ်သော BRI ၏ အစိတ်အပိုင်း တခု ဖြစ်သည်။
ယခုအချိန်အထိ CMEC စီမံကိန်း တခုမျှ အမှန်တကယ် အကောင်အထည် မဖော်နိုင်သေးသော်လည်း CMEC ၏ အဓိကစီမံကိန်းများကို တည်ငြိမ်စွာ ဖော်ဆောင်လျှက်ရှိသည်ဟု တရုတ်သံအမတ်ကြီးက ရေးသည်။
ယခုအချိန်အထိ CMEC စီမံကိန်း တခုမျှ အမှန်တကယ် အကောင်အထည် မဖော်နိုင်သေးသော်လည်း CMEC ၏ အဓိကစီမံကိန်းများကို တည်ငြိမ်စွာ ဖော်ဆောင်လျှက်ရှိသည်ဟု တရုတ်သံအမတ်ကြီးက ရေးသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကို အမိအရဖမ်းဆုပ်၍ အခက်အခဲစိန်ခေါ်မှုများကို ကျော်ဖြတ်ကာ တရုတ်-မြန်မာဆက်ဆံရေးကို ခေတ်သစ်တွင် ပိုမိုကြီးမားသည့် တိုးတက်မှုများ ရရှိရန် တွန်းအားပေးကာ ၂ နိုင်ငံပြည်သူများ အတူလက်တွဲပြီး ပိုမိုသာယာချမ်းမြေ့သည့် အနာဂတ်သို့ လျှောက်လှမ်းသွားစေသည်ဟု သူက ဆိုသည်။
အောက်တိုဘာလ နှောင်းပိုင်းတွင် တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းနှင့် ၂၀၃၅ ခုနှစ်အထိ ပါဝင်သည့် ရေရှည် မဟာဗျူဟာအတွက် အသေးစိတ် အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့သည်။ ထိုအစီအစဉ်၌ ၂၀၃၅ ခုနှစ်တွင် Real GDP per capita သည် အလယ်အလတ် ဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံ အဆင့်အတန်းအထိ ရောက်ရှိလာရေး၊ အလယ်အလတ်အဆင့် ဝင်ငွေရှိသည့် အုပ်စု သိသိသာသာ တိုးပွားလာရေး တို့ကို ဦးတည်၍ တရုတ်နိုင်ငံက ၎င်း၏ ဈေးကွက်ကို ဒေသတွင်းတွင် ဖွင့်လှစ်ပေးခြင်းကို မြင်တွေ့ရမည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ ပါဝင်သည်။
၅ နှစ် စီမံကိန်း၏ ရည်မှန်းချက်များ အောင်မြင်ရန် တရုတ်နိုင်ငံက ပြည်တွင်းဈေးကွက်ကို ဖွံ့ဖြိုးမှုပုံစံသစ် အဖြစ် အဓိက ဖန်တီးပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက် အပြန်အလှန်မြှင့်တင်မည် ဟု တရုတ်သံအမတ်ကြီးက ဆိုသည်။ အနာဂတ် ၁၀ နှစ်တွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၂၂ ထရီလီယံ (ကျပ်ငွေ ၂၉၀၀၀ ထရီလီယံခန့်) ကျော်ရန် မျှော်မှန်းထားသည် ဟုလည်း ပြောသည်။
” တရုတ်နိုင်ငံ၏ တံခါးဖွင့်မှုက ပိုမိုကြီးမားလာကာ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသည်လည်း ပိုမိုများပြားလာမည် ဖြစ်သည်” ဟု သံအမတ်ကြီး ချန်ဟိုင်းက ဆိုသည်။
သူက မြန်မာနိုင်ငံအတွက် “ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းအသစ်၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ တဆင့်တိုး ဈေးကွက်တံခါးဖွင့်ပြီး တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်မှု အကျိုးအမြတ်များကို မြန်မာနိုင်ငံနှင့်မျှဝေကာ မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ တင်ပို့မှုအတွက် အားအင်သစ် ထောက်ပံ့ပေးမည် ဖြစ်သည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။
သံအမတ်ကြီး ချန်ဟိုင်းက တရုတ်-မြန်မာစီးပွားရေးသည် အပြန်အလှန်ဖြည့်စွက်နိုင်မှု စွမ်းရည်မြင့်ပြီး အလားအလာ ကောင်းမွန်ကြောင်း ပြောကြားရင်း စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိကမဏ္ဍိုင်လုပ်ငန်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။
သံအမတ်ကြီး ချန်ဟိုင်းက တရုတ်-မြန်မာစီးပွားရေးသည် အပြန်အလှန်ဖြည့်စွက်နိုင်မှု စွမ်းရည်မြင့်ပြီး အလားအလာ ကောင်းမွန်ကြောင်း ပြောကြားရင်း စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိကမဏ္ဍိုင်လုပ်ငန်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံ၏ လူဦးရေက ၁.၄ ဘီလီယံကျော်ရှိပြီး အလယ်အလတ်အဆင့် ဝင်ငွေရှိသည့် အုပ်စုသည် လူဦးရေ သန်း ၄၀၀ ကျော် ရှိသဖြင့် မြန်မာနိုင်ငံ၏ ဆန်၊ ပဲပုပ်၊ သစ်သီး၊ ကော်ဖီစသည့် ထူးခြားချက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုအတွက် ကြီးမားသည့် စားသုံးသူဈေးကွက် ထောက်ပံ့ပေးကြောင်း သံအမတ်ကြီးက ရေးသည်။
၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီကြေငြာခဲ့သော NLD ၏ အချက် ၈ ချက်ပါ စီးပွားရေး အစီအစဉ်၏ တစိတ်တပိုင်း အနေဖြင့် NLD ပါတီက ခေတ်မီစိုက်ပျိုးရေးမှ တဆင့် တိုင်းပြည်၏ စီးပွားရေးကို တိုးတက်စေရန်နှင့် ဈေးကွက်တခုတည်းပေါ်တွင် မှီခိုခြင်းအစား အခြားနိုင်ငံများသို့ ဈေးကွက်များ ချဲ့ထွင်ရန် စီစဉ်ထားသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်နှင့် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာတွင် မတည်ငြိမ်သော၊ မျှတမှုမရှိသော မူဝါဒများကြောင့် လယ်သမားများနှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများ အပါအဝင် မြန်မာပို့ကုန်သမားများ မကြာခနဆိုသလို ဆုံးရှုံးမှုကို နှစ်ရှည်လများ ခံစားခဲ့ရသည်။
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံဘက်မှ တင်ပို့မှုသည် မတ်လမှ စတင်၍ COVID-19 ကန့်သတ်ချက်များကြောင့် သိသိသာသာ ကျဆင်းသွားခဲ့ရသည်။ ယာဉ်မောင်းလဲလှယ်ရသည့် လုပ်ထုံးလုပ်နည်းများအရ တနေ့လျှင် တရုတ်နိုင်ငံသို့ ကုန်တင်ကား အနည်းငယ်သာ ကုန်ပစ္စည်းများ ပို့ဆောင်ရန် ခွင့်ပြုထားသည်။
မကြာသေးမီက မြန်မာနိုင်ငံမှ ကုန်တင်ယာဉ် ၁၀၀ ခန့် နယ်စပ်ကို ဖြတ်ကျော် ခွင့်ပြုရမည့် လမ်းကြောင်းတခု ဖန်တီးရန် ၂ ဘက်စလုံးက သဘောတူညီခဲ့ကြသည်။
မကြာသေးမီက မြန်မာနိုင်ငံမှ ကုန်တင်ယာဉ် ၁၀၀ ခန့် နယ်စပ်ကို ဖြတ်ကျော် ခွင့်ပြုရမည့် လမ်းကြောင်းတခု ဖန်တီးရန် ၂ ဘက်စလုံးက သဘောတူညီခဲ့ကြသည်။
မူဆယ်မြို့မှ ကုန်သည်တဦး ဖြစ်သူ စိုင်းသိန်းဝင်းက နယ်စပ်ကုန်သွယ်ရေး မူဝါဒ တိုးတက်မှုတွေ ရှိကြောင်း တရုတ်က ဆိုသော်လည်း တရုတ်နိုင်ငံတွင် မကြာခဏ မူဝါဒ အပြောင်းအလဲ ဖြစ်ခြင်းများကြောင့် မြန်မာပို့ကုန် လုပ်ငန်းရှင်များ ထိခိုက်ခဲ့ရသည်ဟု ဧရာဝတီသို့ ပြောသည်။ မြန်မာအစိုးရအနေဖြင့် အဆိုပါ ပြဿနာကို ဖြေရှင်းရေး အတွက် အလေးပေးရန် လိုအပ်သည်ဟု သူကပြောသည်။
“တရုတ် နိုင်ငံဘက်ကို နှစ်စဉ် ပြည်ပပို့ကုန်ခွဲတမ်း အပါအဝင် တည်ငြိမ်တဲ့မူဝါဒနဲ့ စနစ် တခု ကျနော်တို့ လိုအပ်ပါတယ်” ဟု စိုင်းသိန်းဝင်းက ပြောသည်။
မူဆယ်မှ ဆန် လက်ကား စင်တာ၏ ဒုဥက္ကဌ ဦးမင်းသိန်းက ပြောင်းနှင့် သကြားအပါအဝင် မြန်မာနိုင်ငံမှ ပို့ကုန်များအပေါ် တရုတ်နိုင်ငံက ကန့်သတ်မှု ကြီးမားစွာ ပြုလုပ်ထားကြောင်း ဧရာဝတီသို့ ပြောသည်။ သို့သော် မြန်မာနိုင်ငံ ဘက်တွင်မူ တရုတ် ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် ကန့်သတ်ချက် များစွာ မရှိပါ။
“မမျှတတဲ့ ကုန်သွယ်ရေး ပတ်ဝန်းကျင် တိုးတက် ကောင်းမွန်လာဖို့ မြန်မာအစိုးရက တရုတ်နိုင်ငံနဲ့ ညှိနှိုင်းနေပါတယ်။ လက်တွေ့ မြေပြင်အခြေအနေတွေ တိုးတက်လာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်”
“မမျှတတဲ့ ကုန်သွယ်ရေး ပတ်ဝန်းကျင် တိုးတက် ကောင်းမွန်လာဖို့ မြန်မာအစိုးရက တရုတ်နိုင်ငံနဲ့ ညှိနှိုင်းနေပါတယ်။ လက်တွေ့ မြေပြင်အခြေအနေတွေ တိုးတက်လာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု သူကပြောသည်။
စာလုံးရေ ၂၀၀၀ နီးပါး ပါဝင်သည့် ဆောင်းပါးတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက “တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနှင့် အပြန်အလှန် အကျိုးအမြတ်နှင့် အရေးကြီးဂရုပြုမှုနှင့် သက်ဆိုင်သည့်ကိစ္စရပ်များတွင် အ ပြန်အလှန် ထောက်ခံအားပေးသွားလိုကြောင်း” ရေးသားထားသည်။
“မြန်မာနိုင်ငံ၏ ဆန္ဒကို လေးစားသည့် အခြေခံပေါ်တွင် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး ဆက်လက် တွန်းအားပေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားလိုပါသည်” ဟု လည်း သူက ပြောသည်။
(Nan Lwin ၏ China Vows to Deepen Economic Cooperation, Open Markets to Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရန်ကုန်မြို့သစ်စီမံကိန်း တရုတ်အဆိုပြုချက်ကို အခြားကုမ္ပဏီ ၉ ခုက စိန်ခေါ်မည်
RCEP ကုန်သွယ်ရေး သဘောတူစာချုပ်က မြန်မာအတွက် ဘာအဓိပ္ပါယ်လဲ
NLD အစိုးရသစ်က မြန်မာ့စီးပွားရေး အားကောင်းအောင် လုပ်နိုင်မလား
စားနပ်ရိက္ခာဟာ ဝမ်းဝရုံ အသက်မွေးရုံ သက်သက် မဟုတ်ဘူး